Saturday, June 25, 2016

ဘင်္ဂလားသို့ပြန်၍

ဘင်္ဂလားသို့ပြန်၍
============
အိုက်ဇောတွင် (၆) လလောက်နီပြီး ဘင်္ဂလားဒေခ်ျရောက် ရခိုင်ကျောင်းသားများနှင့်အဆက်အသွယ်ပြုလုပ်ရန် ကိုရန်နိုင်နှင့်အကျွန်ုပ် အတူတူ ခရီးထွက်ခွာပါသည်။ ဆီးဆာမှတဆင့် အာကုတ္တလာ၊ အာကုတ္တလာမှ တဆင့်ဘောင်းကူသို့ ခရီးဆက်သည်။ ဘောင်းကူတွင် ALP ဥက္ကဌခိုင်ရဲခိုင်ဟိနီ၍ ဥက္ကဌခိုင်ရဲခိုင်နှင့် လားတွိဖြစ်လိုက်ပါသည်။ လားတွိစဉ်က ကိုရန်နိုင်ဇာနီရာသို့လားနီ၍မသိ အကျွန်ုပ်တယောက်တည်း လားတွိဖြစ်ပါသည်။ ဥက္ကဌမှာ ဘော်ဒီကတ်ရဲဖော်တယောက်နှင့်အတူနီသည်။ ဘော်ဒီကတ်ရဲဖော်၏နာမည်ကိုကား မမှတ်မိလိုက်ပါယာ။ ဘော်ဒီကတ်ရဲဖော်က ဥက္ကဌခိုင်ရဲခိုင်အား အကျွန်ုပ်က အလေးမပြုသဖြင့် ကောင်းကောင်းစိတ်ဆိုးသည်ဟုဆိုသည်။ အေကောင် ငါရို့ဥက္ကဌကို မလေးမခန့်လုပ်တေဟုပြောကြောင်း နောက်မှ ကိုရန်နိုင်ပြောပြ၍သိရသည်။ ဘောင်းကူတွင် တရက်နှစ်ရက် နယ်စပ်ချောင်းကိုဖြတ်ရန် အချိန်ကိုစောင့်ရသည်။ လမ်းပြလုပ်ပီးသူကို ငွေပီးရသည်။ ထိုဖက်ကမ်း ဒေဖက်ကမ်းအချက်ပြပြီး အစောင့်ယှင်းသောအခါ ချောင်းကိုဖြတ်ရသည်။ သို့သော် အကျွန်ုပ်ရို့ ချောင်းကိုဖြတ်ပြီးသည်နှင့် BDR အစောင့်ရဲနှင့်တိုး၍ ချက်ချင်းအဖမ်းခံရသည်။ အကျွန်ုပ်ရို့က အိန္ဒိယဖက်မှ လာသည်ကိုမပြော။ မြန်မာပြည်ကျေကျာင်းသားများဖြစ်ကြောင်း၊ စားဝတ်နီရီးအခက်အခဲကြောင့် လွန်ခသော သုံးရက်အယင်က အန္ဒိယဖက်ကမ်းဟိ ရခိုင်သားများပါးက အငွေအလှူလားကောက်ကြောင်း လိမ်ပြောပါသည်။
အသူလမ်းပြရေလဲမီးသောအခါ ဘာ့စ်ကားထက်တွင် အ၀တ်ဖြူဖြူ ၀ထုပ်ဆောင်း၍ မုတ်ဆိတ်နှင့် စိတ်သဘောကောင်းသော ၀ါကြီးတယောက်နှင့် အသိဖြစ်၍ အကျွန်ုပ်ရို့အား သနားသဖြင့် သူကလိုက်ပြကြောင်းဖြေလိုက်သည်။ အမှန်မှာ မောလဗီ ဗလီဆရာတယောက်အား ပုံဖော်ခြင်းဖြစ်သည်။ လူကိုမြင်ကေမှတ်မိဖို့လားမီးသောအခါ အတိအကျမှတ်မိရေဟု လုံးဝအာမခံပီးလိုက်သည်။ ဇာနီရာက ကူးရေလဲပြောသောအခါ အကျွန်ုပ်နှင့် ကိုရန်နိုင်က အကြံထုတ်၍ BDR ရဲသားအား နယ်စပ်ချောင်းနားသို့မျှားခေါ်လားပြီး ချောင်းနားရောက်လျှင် BDR ရဲသားအား ကန်ကျောက်၍ ထွက်ပြီးကတ်ဖို့ အကြံရသည်။ သို့ဖြင့် BDR ရဲအား ချောင်းကမ်းနားသို့ မျှားခေါ်လားသည်။ ချောင်းနားသို့ရောက်ခါ ကိုရန်နိုင်က မကန်ကျောက်ဝန့်။ ချောင်းကိုဖြတ်ပြီးသောအခါ အကျွန်ုပ်က ဖင်လီးနီလျှင် သီနတ်နှင့်အပစ်ခံရဖို့စွာ ကြောက်၍ဖြစ်သည်။ တနီရာအရောက်တွင် ယုတ္တိဟိသောတနီရာအား အေနီရာက ကူးကြောင်း အတိအကျပြောလိုက်သည်။ မောလဗီအိမ်ကို မြင်ကေမှတ်မိဖို့လား မီးသောအခါ မှတ်မိတောင်ကလာဟု ရဲရဲဝန့်ဝန့် အာမခံလိုက်သည်။ သို့ဖြင့် ရပ်ကွက်တိုင်း အိမ်တိုင်းကိုခေါ်လားပြီး မော်လဗီအိမ်ကို လိုက်ရှာခိုင်းသည်။ ထိုအိမ်ဖြစ်နိုးနိုး ဒေအိမ်ဖြစ်နိုးနိုးဖြင့် အကျွန်ုပ်ရို့အား (၂) နာရီလောက် လိုက်ရှာခိုင်းသည်။ ငါရို့ရောက်ချိန်က မှောင်နီယာ။ အိမ်ကို ကောင်းကောင်းမမှတ်မိယာဟု အကြောင်းပြလိုက်သည်။ မတွိသောအခါ စခန်းသို့ ခေါ်ယူလားသည်။ ပဇောင်ပိုင်ယှောင် ရှာတွိဖို့လဲ။ မော်လဗီကား အဂယင့်က မဟုတ်။ (ဆက်ရန်)

ဇင်မဘောက်မှသည်

ဇင်မဘောက်မှသည်
============
အိုက်ဇော၌ အကျွန်ုပ်လှည့်ပတ်ပြီးနီပါသည်။ ကိုမောင်ငါရို့အိမ်တွင် တခဏနီပြီး ကိုလော်မာရို့အိမ်တွင် လားနီပါသည်။ ထိုအချိန်က ကိုလော်မာအစ်မမှာ အပျိုကြီး၊ အကျွန်ုပ်ထက် အသက်လေးငါးနှစ်ကြီးသည်။ အနီအထိုင် ယဉ်ကျေးသိမ်မွိသည်။ အပ်ခြုပ်သည်။ ကိုလော်မာက ကျောင်းဆရာလုပ်သည်။ မြန်မာပြည်မှ မီဇိုးလူမျိုးများဖြစ်သည်။ နောက် မီဇူးကျောင်းဆရာတယောက်အိမ်၌နီသည်။ သူ၏မယားမှာ မဏိပူရ ကသဲလူမျိုးဖြစ်သည်။ သူက မြန်မာကျောင်းသားလှုပ်လျှားမှု အခြီနီမဟန်မှန်းသိ၍ အကျွန်ုပ်အား ပြည်ထဲသို့ ပြန်ဝင်လားရန် တိုက်တွန်းသည်။ ထို့ကြောင့် သူ့အိမ်တွင် နီမပျော်၍ ဇင်မဘောက်စခန်းသို့လားနီသည်။
ဇင်မဘောက်မှာ အိုက်ဇောမြို့၏အရှိမြောက်ဖက် သုံးမိုင်ခန့်အကွာ ကျွန်းရွာချေတရွာဖြစ်သည်။ အိုက်ဇောမှာ ဇင်မဘောက်သို့ ဘာ့စ်ကားဟိသည်။ သို့သော် များသောအားဖြင့် အကျွနင်္ုပ်ရို့က ခြီကျင်လမ်းလျှောက်လားတတ်သည်။ ဇင်မဘောက်၌ အတူနီသည့်မြန်မာကျောင်းသားများမှာ ကိုထွေး (ယခု) အိန္ဒိယ၊ ကိုထွန်းထွန်း (ယခု) မြန်မာ။၊ ကိုဇော်ဌေး (ယခု) ၾသစေတ်းလ်၊ ကိုမိုး (ကေနဒါ)(ကွယ်လွန်)၊ ကိုမြင့်အေး (နော်ဝေး)၊ ဆန်နီ၊ မိုးချုပ် (ယခု) VOA သတင်းထောက်။၊ ငွေတိုး၊ ကိုနိုင် (ယခု)(မြန်မာ)၊ ဒေါက်တာဇော်ဝင်းအောင် (ယခု) အမေရိက၊ မသင်းသင်းအောင် (ယခု)(မြန်မာ) မဇျှိမသတင်းစာအယ်တီတာချုပ် လီယာဉ်ပြန်ပီးဆွဲသမား ကိုစိုးမြင့်ဇနီး၊ ကိုဗလ (ယခု) အိန္ဒိယ၊ ကိုသန်းလင်း (ရခိုင်)(ကျောက်တော်)(ကွယ်လွန်)၊ ကိုဝင်းထွန်း (ကျဆုံး)၊ ဦးညွန့်လှ (ကနေဒါ)၊ ဒေါ်မော်လီ (ကနေဒါ)၊ ကိုလတ် (ယခု) ၾသစေတ်းလ်၊ ကိုဝင်းအောင် (ယခု) ၾသစေတ်းလ်၊ ကိုမင်းမင်း (မြန်မာ)၊ ကိုဇင်နိုင် (မြန်မာ)၊ ကိုမောင်ဖုန်း (အိုက်ဇော)၊ ကိုထွန်းရီ၊ (မြန်မာ)၊ ကိုသန်းထွန်း (တီးတိန်)၊ ကိုသားကြီး (ယခု) ၾသစေထ်းလ်။ ကိုလှထွန်းဖြစ်သည်။
စားဝတ်နီရီးအတွက် ကျောင်းသားများက မြီတူး၊ လမ်းဖောက်၊ ခြည်ချလုပ်ကတ်ရသည်။ အကျွန်ုပ်ရို့က ရက္ကန်းမခတ်တတ်သဖြင့် မြန်မာပြည်က ရက္ကန်းသမားများအတွက် ခြည်ချပီးပါသည်။ ရက္ကန်းသများများအတွက် အကျိုးဟိရေပိုင် အကျွန်ုပ်ရို့အတွက်လည်း တွက်ခြေကိုက်သည်။ တခါတခါ မြီလားတူးရပါသည်။ တရက်နိမြီလားတူးရသောအိမ်မှာ နွားသတ်ရုံဖြစ်နီသည်။ နွားထီးတကောင်ကို သတ်သည်။ အကျွန်ုပ်လည်း အတွိအကြုံဖြစ် တွိဖူးမြင်ဖူးသည်ဟိအောင် မြီတူးသည်ကိုရပ်၍ ဤအတိုင်းထိုင်ကြည့်နီပါသည်။ နွားမှာ အသတ်ခံရမည်ကိုသိ၍ လူကဲ့သို့ မျက်ရည်ကျသည်။ မိမိမှာ ဂြိုဟိယင့်သားနှင့် ပြန်၍မခုခံ ဤအတိုင်းရာအသတ်ခံလားသည်။ ဂြိုနှင့်တချက်ခတ်လိုက်လျှင် ဂွင်ချင်း အသက်ထွက်လားမည်မှာ အမှန်။ တိရိစ္ဆာန်ဖြစ်ယင့်သားနှင့် လူထက်ပင်လျှင် သူတော်ကောင်းစိတ်ဟိသည်။ ထို့ကြောင့် ဟိန္ဒူလူမျိုးများက နွားသားစားခြင်းကို ယှောင်ကြည်ခြင်းဖြစ်မည်။ မသတ်အပ်၊ မစားအပ်သောအသက်ဖြစ်၍ မသတ်မစားခြင်းဖြစ်မည်။ အကျွန်ုပ်ရို့ကား ဗုဒ္ဓဘာသာဆိုသော်လည်း တွိမယှောင်အကုန်သတ်၊ တွိမယှောင် အကုန်စားသည်။ လူဖြစ်သော်လည်း တိရိစ္ဆာန်နှင့် ထူးမခြားနားဖြစ်သည်။
ဇင်မဘောက်၌နီစဉ်အတွင်းထူးခြားသည်မှာ ၁၉၉၀ ခု World Cup ကမ္ဘာ့ဖလားပွဲဖြစ်သည်။ ဂျာမဏီက မာရဒိုနာဦးဆောင်သော လက်ဟိချန်ပီယံ အာဂျင်တီးနားကို နောက်ဆုံးဖိုင်နယ်တွင် ၁ ဂိုး ၀ ဖြင့် အနိုင်ရလိုက်သော အီတလီနိုင်ငံ၌ကျင့်ပသောပွဲဖြစ်သည်။ ထိုအချိန်ကတည်းကပင် မီဇူရမ် ကျွန်းရွာချေတရွာ၌ပင် ကမ္ဘာ့ဖလားပွဲကို Live ကြည့်ရှုနိုင်ပြီးဖြစ်သည်။ ကိုမိုး၊ မောင်ဖုန်းနှင့်ရင်းနှီးသော မီဇူးဝါကြီးမလင်မယားအိမ်တအိမ်ဟိသည်။ မက်မန်းသီးများစွာသီး၍ မက်မန်းသီးဝစွာစားခရသည်။ မိုးဦးကျ ၀ါးတုတ်ထွက်သဖြင့် ချောင်းကိုလား၍ ၀ါးတုတ်လားခူးပါသည်။ ချောင်းကိုရောက်ပြီးမှ မိမိရို့နီရာ ဇင်မဘောက်ရွာကို လှမ်းကြည့်သောအခါ မယုံကြည်နိုင်စရာ မိုးရိပ်ခဲများမှာ ရွာအောက်တောင်ခါးပန်းမှ ပတ်လားနီသည်ကိုမြင်ပြီးမှ မိမိရို့နီသည်မှာ မိုးထက်မြင့်ကြောင်းသဖောပေါက်သည်။ ထို့ကြောင့် တခါတခါ အိမ်ကမယားသည်ကိုလည်း နင်ရို့တိမှာ ဇာဖြစ် ကောင်းခင်ဘုံကိုရောက်ဖို့ကျည်း ဆုတောင်းနီကတ်စွာလဲ။ ကိုယ်ရို့ ကောင်းခင်ဘုံအထက်မှာ ရောက်နီစွာ အခုထက်ထိမသိကတ်လားဟု နတ်၍သွန်း၍ ပြောမိပါသည်။ တခါတွင် အကျွန်ုပ်ရို့ကျောင်းသားများတဖက် ဇင်မဘောက်ရွာသားများတဖက် ဘော်လုံးကျောက်ဖြစ်ပါသည်။ အကျွန်ုပ်ရို့ကျောင်းသားများ (၇) ဂိုး ဂိုးမဟိ အပြတ် ယှုံးသည်။
အကျွန်ုပ် ဇင်မဘောက်စခန်းတွင်နီခိုက် ဒေါက်တာမန်းမြင့်ဆိုင်က မဏိပူစခန်းမှ လာ၍ သင်တန်းပို့ချပါသည်။ ထိုအချိန်တွင် ယခုနယ်သလန်ရောက် ကိုချိုဇံမှာ မဏိပူ Camp တွင် ဟိသည်။ မှတ်မိနီမိသည်မှာ သင်တန်းတွင် ဒေါက်တာဇော်ဝင်းအောင်နှင့်အကျွန်ုပ် Fighting ချရခြင်းဖြစ်သည်။ ဒေါက်တာဇော်ဝင်းအောင်က တချက်ဆောင့်ကန်လိုက်သည်နှင့် မိမိမှာ တချက်တည်းနှင့် ထိုင်လဲကျလားပါသည်။ သင်းသင်းအောင်ကား မိမ္မသားဆိုသော်ငြားလည်း ယောက်ျားများနှင့်တန်းတူ အလွန်သတ္တိကောင်းသော အမျိုးသမီးဖြစ်ပြီး ဒေါင်ကျကျပြားကျကျခံနိုင်ရည်ဟိသည်။ တော်လှန်ရီးလုပ်ချင်သော အမျိုးသမီးများ စံနမူနာယူထိုက်သည်။ လက်နက်ကိုင်တော်လှန်ရီးအတွက် စိတ်အထက်သန်ဆုံးမှာ ကိုဝင်းထွန်းနှင့် ကိုမြင့်အေးဖြစ်သည်။ ကိုဗလကား နာမည်နှင့်လူနှင့်တခြားစီ အကျွန်ုပ်ကဲ့သို့ ပိန်ပိန်ညှောင်ညှောင်ဖြစ်သည်။ နိုင်ငံရီးအတွေးအခေါ်တောက်ပြောင်သည်။ အကျွန်ုပ်ကြားသိခရသည်မှာ အရေးအခင်းတွင်း မောင်မောင်ကျော်နှင့်အတူ ရှိထွက်တိုက်ပွဲဝင်ခသော ရဲရဲတောက်သူရဲကောင်း ယုယုမော်သည်လည်း ကျင်ဖိုင်းသို့ရောက်လာခကြောင်းကြားသိခရသည်။ ပြန်ထဲသို့ ပြန်ဝင်လားသည်ကိုကား ကောင်းကောင်းစိတ်မကောင်းဖြစ်မိသည်။ ဒူးမထောက်လက်မမြှောက်သူများထဲတွင် အစ်မကြီးဒေါ်မော်လီလည်း ပါဝင်သည်။ ကိုထွေး၊ ကိုထွန်းထွန်း၊ ကိုဇော်ဌေးမှာ မုံရွာဇာတိဖြစ်သည်။ ကိုမိုးကား ကရင်ခရစ်ယာန်ဘာသာဝင်ဖြစ်ပြီး ဘွင်းဘွင်းသမားဖြစ်သည်။ အကျွန်ုပ် အိနိံ္ဒယသို့ ဒုတိယတခေါက်ကူးဖြတ်စဉ် ကိုသန်းမောင်နှင့်အတူ ထရိပူရ ဘောင်းကူးရွာ၌သောင်တင်နီစဉ် ကိုမိုးကိုယ်တိုင်ဆင်းလာပြီး အကျွန်ုပ်ရို့အား ကယ်ထုတ်ခသူဖြစ်သည်။ ယခု ကနေဒါရောက်ပြီးမှ မမျှော်လင့်ဘဲ ကွယ်လွန်လားခပြီးဖြစ်သည်။ ကိုဝင်းထွန်းကား ဘင်္ဂလားနယ်စပ်တွင် လက်နက်ကိုင်တော်လှန်ရီးအတွက် ကွင်းဆင်းစဉ် လုပ်ကြံခြင်းခံလိုက်ရသည်။ အကျွန်ုပ် Aizawl သို့ ပထမတခေါက်ရောက်စဉ် ကိုဝင်းထွန်းအိမ်ထောင်မကျသိမ့်ပါ။ မခေါမီးတူမအား ချဉ်းကပ်နီတုန်းကာလဖြစ်သည်။ ဒုတိယအကြိမ်ရောက်လာသောအခါတွင်ကား အိမ်ထောင်ကျ၍ ဒေလီသို့ရောက်နီပြီးဖြစ်သည်။ န၀ဒရပ်ကွက်တွင် ဦးညွန့်လှ ဒေါ်မော်လီ၊ ကိုဝင်းထွန်းရို့မိသားစု အကျွန်ုပ်ရို့ တရပ်ကွက်တည်းအတူနီခသည်။ မှတ်မိရရ ကိုဝင်းထွန်းက အကျွန်ုပ်အား ဘောင်းဘီတလုံး ၀ယ်ခြုပ်ပီးသည်။ သူက လက်နက်ကိုင်တော်လှန်ရီး ကောင်းကောင်းစိတ်ထက်သန်သည်။ အကျွန်ုပ်က အခြီနီမကောင်း မဆင်းရန်ပြောသည်ကို သူက ပိတ်ဆို့ထားသည်ဟု ထင်သည်။ နောက်ပိုင်း နယ်စပ်သို့ဆင်း၍ လက်တွိကွင်းဆင်းခိုက် လုပ်ကြံခံလိုက်ရသည်။ မည်သည့်အဖွဲ့ဖြစ်သည်ကိုကား အတိအကျမသိ။ အတိအကျမသိဘဲလည်း ချမရွီးချင်ပါ။ နောက် လက်နက်ကိုင်အလုပ်ချင်ဆုံးမှာ ယခုနော်ဝေးရောက် ကိုမြင့်အေးဖြစ်သည်။ အကျွန်ုပ်ဒေလီသို့တက်လာသောအခါ နယ်စပ်၌အခြီနီမကောင်းသည်ကိုကား သတိပီးခပါသည်။ ကျောင်းသားအများစုမှာ အိုက်ဇော၌ ရပ်တည်လျှက် ကျန်ခသည်။ များသောအားဖြင့် ဒေလီသို့တက်သည်ကို ဖောက်ပြန်သူအဖြစ် အစွပ်အစွဲခံရမည်ကို မလိုလားသောကြောင့်ဖြစ်သည်။ အကျွန်ုပ်ကား နယ်စပ်အနီအထားနှင့် ရည်ရှည်ရပ်တည်ရီးကို သဖောပေါက်သဖြင့် ဝေဖန်ကဲ့ရဲ့ခြင်းကိုလွန်ဆန်၍ ကိုသန်းမောင်နှင့်အတူ ဒေလီသို့တက်ပါလာလတ်သည်။ ဓါတ်ပုံထဲက အကျွန်ုပ်ရှိက င်္အကျီအဖြူ အပြာနှင့် ထိုင်နီသူမှာ ကိုယ်တော်သန်းလင်းဖြစ်သည်။ ကိုယ်တော်သန်းလင်းမှာ ကျောက်တော်ဇာတိဖြစ်ပြီး ဘုန်းကြီးဝတ်နှင့်ထွက်လာခြင်းဖြစ်သည်။ ကိုရန်နိုင်နှင့် ကီးမကိုက်သည်များဟိသည်။ ဒေလီသို့တက်လာ၍ နှစ်အင်တန်နီပြီးမှ ဒေလီ၏အပူဒါဏ်ကို မခံနိုင်၍ ပြည်ထဲသို့ ပြန်ဝင်လားသည်။ အချုပ်ခံရပြီး အချုပ်တွင်းနှိပ်စက်ခံရမှုကြောင့် စိတ်လွတ်လားပြီး လမ်းဘေး၌ပင် သီကျလားသည်ဟုသိရသည်။ နီရာကိုကား အတိအကျမသိ။ ကိုလတ်ကား ကရားတေးသမား။ သူ့ဇနီးကား ဒေလီ၌ကွယ်လွန်လားသည်။ ယခု သြစတျေးကို ရောက်နီပြီးဖြစ်သည်။ ကိုဇင်နိုင်ကား နောက်ပိုင်း ABSDF တွင်ဝင်လုပ်သည်။ ယခု ပြည်ထဲဖြစ်သည်။ ကိုဇော်ဌေး၊ ကိုမောင်ငါ၊ ကိုသားကြီး၊ ကိုဝင်းအောင် ယခု သြစတျေးလျသို့ ရောက်နီပြီးဖြစ်သည်။ မိုးချုပ်က VOA တွင် ယခုသတင်းထောက်အဖြစ်လုပ်ကိုင်လျှက်ဟိသည်။ VOA သို့ မပြောင်းခင် RFA ၌ ၀င်လုပ်ခသည်။ ကိုနိုင်မှာ ဗိုလ်ရာဇာရို့ကိစ္စမတိုင်ခင်ကတည်းက Grewal ၏လက်ချက်ဖြင့် မြန်မာစစ်သား (၁၂) ယောက်နှင့်အတူ ဒေလီမှ မြန်မာပြည်သို့ ဖမ်းပို့ခံလိုက်ရသည်။
ကိုရန်နိုင်ကိစ္စအနည်းငယ်ပြောပါမည်။ ကိုရန်နိုင်ကား ရခိုင်ကျောင်းသားအဖွဲ့တိုးတက်ဖို့အတွက် ဖြစ်ချင်စိတ်ကောင်းကောင်းပြင်းပြသူဖြစ်သည်။ ၁၉၉၀ နှစ်က အကျွန်ုပ် Aizawl စရောက်တည်းက ဒေလီသို့လွှတ်ခသည်။ အကျွန်ုပ်ကား ကိုရန်နိုင်စကားကိုနားမထောင်ဘဲ ဘင်္ဂလားသို့တခေါက်ပြန်ဆင်းပြီး မိမိနှင့်တရပ်ကွက်တည်းဖြစ်သူ စံသာအောင်ရို့အား ယုံကြည်မိသဖြင့် ခွီးပြီးဝက်ပြီးပြန်တက်လာခရသည်။ အကယ်၍ အကျွန်ုပ်ရာ ကိုရန်နိုင်စကားကိုလက်ခံပြီး ၁၉၉၀ ခုနှစ်ကတည်းက ဒေလီသို့တက်လာခဖို့ဆိုကေ ရခိုင်ကျောင်းသားအဖွဲ့အစည်း၏အနီအထားမှာ အခုပိုင် အခြီနီဆိုးဝါးဖို့အကြောင်းမဟိပါ။ ဗိုလ်ရာဇာရို့ဆင်းလာပြီး မြန်မာဖက်ခွက်စစ်တပ်က ထိုးစစ်ဆင်သဖြင့် ထွက်ပြီးလာရသောဒုက္ခသည်များကိစ္စ UN ရောက်နိုင်ဖို့ ကိုရန်နိုင်ကပင် မိမိအိပ်စိုက် ငွေများစွာကျခံပီးပါသည်။ နယ်စပ်သို့သူကိုယ်တိုင်ဆင်း၍ မှတ်တမ်းတင်ဓါတ်ပုံများစုဆောင်းပီးသည်။ စိုးဝင်း (ဆွီဒန်)၊ ဘအောင် (ဆွီဒန်)။ လှစော (အမေရိက) ရို့အား ဒေလီသို့ အကျွန်ုပ်မတိုင်ခင် ပို့တင်ပီးခသူမှာ ကိုရန်နိုင်ဖြစ်သည်။ အန္ဒမာန်ကိစ္စ၌ အသီစောလားခရသည်မှာ ကောင်းကောင်းဝမ်းနည်းဖို့ကောင်းသည်။ သို့သော် သူရို့လုပ်ကြံခံလိုက်ရသည်ကိုကား တယောက်ချေကလည်း မြင်လိုက်ရသည်မဟုတ်။ သီနတ်သံကိုကြား၍ စိတ်အထင်ဖြင့် ယမ်းတုတ်ကတ်စွာရာဖြစ်သည်။ အကျွန်ုပ်ယုံကြည်သည်မှာ Grewal ရို့က မြန်မာစစ်တပ်အားလွှဲပြောင်းပီးလိုက်သည်ဖြစ်မည်။ အသတ်ခံကောင်းခံရလျှင် မြန်မာပြည်ရောက်ပြီး တနီရာ၌ သတ်ဖြတ်လိုက်သည်ဖြစ်မည်။ အကယ်၍ သတ်ဖြတ်ခသည်ဟိသော် သတ်ဖြတ်ခသော လူသတ်တရားခံများကိုဖော်ထုတ်၍ လူသတ်မှုဖြင့် တရားစွဲကတ်ရဖို့ဖြစ်တေ။ မကြာခင်က Facebook ထက်တွင် Byala Thukha ပို့တင်လိုက်သောသတင်းအရ ယခင်ထောက်လှမ်းရေးဟောင်းတယောက်ပြောပြ၍ ဗိုလ်ရာဇာလည်း ပြည်ထောင်ထဲတွင် အသက်ရှင်လျှက်ဟိသိမ့်ကြောင်းသတင်းရသည်။ ဤသတင်း ကောင်းကောင်းယုတ္တိဟိသည်။ ဤသတင်းကို ရခိုင်သားများပေါ့ပေါ့တန်တန်မနီသင့်။ အပူတပြင်းစုံစမ်းသင့်သည်။ ကိုရန်နိုင်နှင့် ကိုစောထွန်းလည်း အသက်ရှက်လျှက်ဟိကောင်းဟိနိုင်သည်။ ဗိုလ်ခင်ညွှန့်ကိုဖြုတ်ချပြီးနောက် အဖြုတ်ခံရသော ထောက်လှန်ရေးဟောင်းများကိုချဉ်းကပ်လျှင် သတင်းအတိအကျ အသေးစိတ်ရနိုင်စရာအကြောင်းဟိသည်။ ပြည်ထဲကလူများရာ ဆောင်ရွက်နိုင်သောကိစ္စဖြစ်၍ ပြည်ထဲဟိ မျိုးချစ်ပြည်ချစ်များ အိပ်ငိုက်မနီသင့်ပါယာ။ ယခုအချိန်လောက်ဆိုလျှင် Grewal ၏ဓါတ်ပုံလည်း Internet ထက်ရောက်သင့်စွာကြာယာ။ ဇာဖြစ်မတက်လာသိမ့်စွာလဲ။ Grewal ကို နောက်ယောင်ခံမလိုက်ပဲ ဇာဖြစ်အေအတိုင်းလွှတ်ထားကတ်စွာလဲ။ သွီးအီးလားခလို့ မိလားခကတ်စွာလား။ ရခိုင်သွီးက ကောက်ရိုးမီးလား။ မီးခွန်းပေါင်းမြောက်များစွာတက်လာသည်။ ဇတ်လိုက်တိက ဇတ်ကြည့်နီကတ်တေခါ ပရိဿတ်က အိုးမပူပဲ ခွက်ပူယှောင်ဖြစ်နီရေ။
ဇင်မဘောက်စခန်းတွင်နီပြီးမှ အကျွန်ုပ် ကိုရန်နိုင်ရို့အိမ်တွင်လားနီပါသည်။ ထိုအချိန်က ကိုရန်နိုင်နှင့် ကိုဇားယာမှာ တအိမ်တည်း တတူနီသည်။ Bara Bazar လမ်းမအထက်ဖက်ခြမ်း Top Resturant နှင့်ကပ်လျှက် ကိုရန်နိုင်ရို့ ရေဒီယို ပြုပျင်ဆိုင်ဟိသည်။ အတက်အဆင်းလှီကားထစ်တခုရာ ခြားသည်။ ကိုဇားယာမှာ မြန်မာပြည်က မီဇူလူမျိုးဖြစ်သည်။ ကိုရန်နိုင်ရို့အိမ်တွင်နီစဉ် ဒေါက်တာဇော်ဝင်အောင်၊ သင်းသင်းအောင်ရို့ ဒေလီသို့လားခိုက်ကြုံသဖြင့် ကိုရန်နိုင်က အကျွန်ုပ်အား ဒေလီသို့ လိုက်ပါလားစီချင်သည်။ အကျွန်ုပ်က မားပါရာကို လားချင်သောဆန္ဒ၊ ဘင်္ဂလားသို့ပြန်၍ ရခိုင်ကျောင်းသားများနှင့် အဆက်အသွယ်လုပ်ချင်သည့်ဆန္ဒဟိသည်ဖြစ်၍ မားပါရာသို့ ခရီးတခေါက်ထွက်ဖြစ်လိုက်သည်။ အကျွန်ုပ်မီဇူရမ်သို့ရောက်လားချိန်တွင် ကိုမြတ်သူနှင့် ကိုကျော်သန်းမှာ ဒေလီသို့ ရောက်နှင့်ပြီးဖြစ်သည်။
မားပါရာသည် မီဇူရမ် ဘင်္ဂလားနယ်စပ် သက်ရွာချေတရွာဖြစ်သည်။ ကျောင်းထိုင်ဆရာတော်မှာ ရခိုင့်တော်လှန်ရီးရဲဖော်ဟောင်းတဦးဖြစ်သည်။ မီဇူရမ်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်ခသော MNF အဖွဲ့၏လက်ဟိဥက္ကဌဇိုးရမ်းထန်းငါနှင့် လုပ်ဖော်ကိုင်ဖက်ဖြစ်သည်။ သူ့အား ဆံရှည်ကိုယ်တော်အဖြစ်လူသိကြောင်းပြောပြပါသည်။ သူ၏သားသိန်းအောင်သည်လည်း အကျွန်ုပ်အယင် ဇင်မဘောက်စခန်း၌ လာနီခကြောင်း ကျောင်းသားများပြောပြ၍ သိရသည်။
အကျွန်ုပ်တယောက်တည်း ခရီးလားပါသည်။ ဘာ့စ်ကားရောက်သည့် နောက်ဆုံးမြို့ကိုရောက်၍ ထိုမှတဆင့် မားပါရာသို့ (၁၀) မိုင်လောက် ခြီကျင်လျှောက်ရသည်။ ခြီကျင်လျှောက်ရသည်မှာ မြီပြန့်မဟုတ် တောင်ကြောလမ်းအတိုင်း ခြီကျင်လျှောက်ရခြင်းဖြစ်သည်။ ဖြတ်လမ်းသိလျှင် ပိုနီးသည်ဟုဆိုသော်လည်း အကျွန်ုပ်ကား ဖြတ်လမ်းမသိသဖြင့် ကားလမ်းအတိုင်းလျှောက်သည်။ လမ်းတွင် လမ်းပျင်နီသော ဒုံးကလားများနှင့် အိန္ဒိယရဲသားတချို့ကို တွိရသည်။ အကျွန်ုပ်ကား အဆင်းဖြစ်၍ ယင်းလောက်ထိ အစစ်အဆီးမဟိ။ နယ်စပ်ကတက်လာလျှင် ပိုစစ်သည်ဟုသိရသည်။ ရဲသားများကို ခပ်တည်တည်ဖြင့် နှုတ်ဆက်ပြီး မားပါရာသို့ တယောက်တည်းပေါက်ချပါလတ်သည်။
ဆရာတော်မှာ အသက်အရွယ်ကြီးရင့်ပြီးဖြစ်သော်လည်း အနည်းငယ်သတိလွတ်တတ်သည်မှအပ နိုင်ငံရီးအတွေးအခေါ်အမြော်အမြင်ဟိသည်။ BBC သတင်းများကိုလည်း မလွတ်တန်းနားထောင်သည်။ အကျွန်ုပ်ရို့ကား တော်လှန်ရီးလုပ်နီပါသည်ဆိုသော်လည်း BBC နားမထောင်ဖြစ်။ အကျွန်ုပ် ဒေလီသို့ရောက်ပြီးနောက်ပိုင်း ဆရာတော်ကြီးကိုယ်တိုင် အိုက်ဇောသို့လာရောက်၍ ထိုစဉ်က MNF ပြန်လည်၍ အောင်ပွဲခံပြီး ဇိုးရမ်းထန်းငါ မီဇူရမ်ဝန်ကြီးချုပ်ဖြစ်စဉ် ဆရာတော်ကိုယ်တိုင်လားတွိကြောင်းကြားသိရသည်။ ဆရာတော်အား Aizawl တွင်ကျန်ခသော ကျောင်းသားများ၊ NLD အဖွဲ့ဝင်များက ကိုးကွယ်ထားသည်။ ယခုအချိန်တွင် ပျံလွန်တော်မူပြီးဖြစ်မည်။ မည်သည့်နီရာ၌ပျံလွန်တော်မူသည်ကိုကား မကြားသိလိုက်ပါယာ။ ဆရာတော်ကျောင်းထိုင်ရာ မားပါရာတွင် ရခိုင်ပြည်မှလူကြီးတယောက်လည်း သက်အမျိုးသမီးတဦးနှင့် အိမ်ထောင်ကျလျှက်ဟိသည်။ သူက MNF ပါတီဝင်အဖြစ် သစ္စာဟိစွာရပ်တည်သည်။ အကျွန်ုပ် ဒုတိယအကြိမ်မြောက် Aizawl သို့ လားရောက်သည့်အချိန်တွင် Aizawl ၌ သူ၏မိသားစုကို တွိခရသည်။ သားအကြီးသူမှာ ဆယ်တန်းဖြေထားကြောင်းပြောသည်။
အကျွန်ုပ် မားပါရာ၌ တပါတ်လောက်နီပြီး အများမကြာ ကိုရန်နိုင်က စိတ်မချသဖြင့် ပေါက်ချပါလတ်သည်။ အပြန်တွင် ကိုရန်နိုင်နှင့် နှစ်ယောက်တတူပြန်သည်။ လမ်းမြို့တမြို့တွင် ခေတ္တနားစဉ် လူမိုက်ဆန်ဆန်လူတယောက်က ပြဿနာရှာသည်။ အကျွန်ုပ်ရို့က Aizawl ကလာကြောင်း ပြောပြသော်လည်းလက်မခံ။ မနည်းဖျောင်းဖျပြောဆိုရသည်။ စိတ်ထဲမှာ နောက်တခေါက် ၀င်ရယာလားမသိ အောင့်မိမိသည်။ နောက်တခေါက်ဝင်ကေက သက်သာဖို့မဟုတ် ထောင်ကျကောင်းကျနိုင်သည်။ နောက်ပိုင်း လူမိုက်က စိတ်ကောင်းဝင်ပြီး ပြန်လွှတ်လိုက်သည်။ သို့ဖြင့် ကိုရန်နိုင်နှင့် အကျွန်ုပ်နှစ်ယောက် အဖမ်းမဆီးမဟိ Aizawl သို့ ပြန်ရောက်လာလတ်သည်။
မီဇူရမ်၌နီရသည်မှာ ကောင်းကောင်းပျော်ဖို့ကောင်းသည်။ ရာသီဥတုကောင်းမွန်သောကြောင့်ဖြစ်သည်။ အစားအသောက်လည်းပေါသည်။ မီဇူးဝက်သားဆိုလျှင် အိမ်၌အထူးမွီးစပ်ထားသည်ဖြစ်၍ မုံညင်းဟင်းနှင့်ရောပြုတ်လျှင် ဆွီမျိုးမိလောက်အောင်ကောင်းသည်။ မီဇူးဟင်းရည်မှာ မုံညင်းကို ဆားအနည်းငယ်ခပ်လျှက် ရီလုံပြုတ်ထားခြင်းဖြစ်သည်။ အစတွင် သောက်၍ လုံးဝအရသာမတွိ။ နောက်ပိုင်း တဖြည်းဖြည်း သဘာဝအရသာကိုပင် တမ်းတမ်းစွဲဖြစ်လာသည်။ ၄င်း မီဇူးဟင်းရည်ကြိုက်လားပြီးဆိုလျှင် ဟင်းချိုမှုန့်အရသာကို လှည့်မကြည့်ချင်လိုက်ယာ။ မြန်မာပြည်က လူများမှာကား အသိဥာဏ်ခေါင်းပါး၍ ယခုထက်ထိ ဟင်းချိုမှုန့်ကို စားသုံးလျှက်ဟိသည်။ သို့ဖြင့် အသက် (၄၀) မကျော် မရဏနှင့် ဈာန်ကြွလားသည်က များသည်။ သတိရ၍ သတင်းမီးသောအခါ အကျွန်ုပ်နှင့်ကျောင်းနီဖက်သူငယ်ချင်း တယောက်ချေလည်း အသက်ရှင်လျှက် မဟိလိုက်ပါယာ။ တယောက်နှစ်ယောက်ရာ ကျန်ပြီးဖြစ်သည်။ အန်ဒရိန်းခပ်ထားသော ရခိုင်တောအရက်သောက်သည်ထက် ဟင်းချိုမှုန့်စားသုံးသောကြောင့်ဖြစ်သည်။
မီဇူရမ်၌ကောင်းမွန်သည်မှာ မီဇူအသံလွှင့်လှိုင်းကို (၂၄) နာရီ အသံလွှင့်ခွင့်ရသည်။ မီဇူး (TV) (24) နာရီရသည်။ လျပ်စစ်မီး (၂၄) နာရီရသည်။ မီဇူဘာသာစကားကိုလည်း တက္ကသိုလ်တန်းအထိ သင်ကြားခွင့်ရသည်။ အသေးစားစီးပွားရီးနှင့် အိုးအိမ်စီမံကိန်း နှစ်ရှည်ချီးငွေများ အစိုးရပါးက လုံလုံလောက်လောက်ရဟိသည်။ ဆီးတက္ကသိုလ်၊ အင်ဂျင်နီယာလိုင်းများအတွက် ပြည်နယ် Quota နှင့် ပြည်နယ်ထောက်ပံ့ကြေး Scholarship ဟိသည်။ မြို့တွင်း အုပ်ချုပ်ရီးယန္တရားပိုင်းတွင်လည်း အားလုံးမီဇူလူမျိုးများဖြစ်သည်။ မြန်မာပြည်မှာကဲ့သို့ ဖက်ခွက်စစ်တပ်က နီရာတက ဗိုလ်ကျ၍မရ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတိုင်းအတာတခုအထိ အပြည့်အ၀ရဟိသော ပြည်နယ်တခုဖြစ်သည်။ မီဇူးလူမျိုးများ မီဇူရမ်ပြည်နယ်၏လမ်းပန်းဆက်သွယ်ရီးကို ခက်ခက်ခဲခဲတည်ဆောက်ထားကတ်သည်။ မီဇူရမ်ပြည်နယ်၏အခက်အခဲနှင့်နှိုင်းစာလျှင် ရခိုင်ပြည်၏လမ်းပန်းဆက်သွယ်မှုအခက်အခဲမှာ ဟာသဖြစ်လားသည်။ မီဇူးလူမျိုးများ၏ဇွဲလုံ့လနှင့် စည်းလုံးညီညွတ်မှုကို အာရီယံနွယ်ကဆင်းသက်လာသည်ဟုဆိုသော ရက္ခိတရခိုင်သားများ ခြီဖျားတောင်လိုက်မှီဖို့မထင်။
အကျွန်ုပ် Aizawl သို့ ဒုတိယအကြိမ်ရောက်ခစဉ်ဟုထင်သည် ကိုဗလ၏သူငယ်ချင်း မြန်မာပြည်ကမီဇူးအမျိုးသမီးတဦး (နာမည်မမှတ်မိ) က အဆက်အသွယ်လုပ်ပီး၍ ကိုဗလနှင့် ကျွန်တော်နှစ်ယောက် မီဇူရမ်းတော်လှန်ရီးခေါင်းဆောင်ကြီး MNF ဥက္ကဌ ဇိုးရမ်းထန်းငါနှင့် သူ၏အိမ်တွင် လူချင်းလားတွိဖြစ်လိုက်ပါသည်။ ယင်းအချိန်က Mizoram ၌ Congress ပါတီ အနိုင်ရလျှက်ဟိပြီး MNF မှာ အတိုက်အခံအဖြစ် ရပ်တည်လျှက်ဟိသည်။ မီဇူရမ်တွင်နီထိုင်စဉ်ကာလအတွင်း အကျွန်ုပ်လည်း မီဇူတော်လှန်ရီးခေါင်းဆောင်ကြီး ဇိုးရမ်းထန်းငါကိုအားကျ၍ မိမိကိုယ်ကိုမိမိ ဇိုးမှတ်ငိုင်ယာဟု နာမည်ခံယူလိုက်သည်။ အစ်မမစမ်းပွီးက ၄င်းနာမည်ပီးပါသည်။ အဓိပ္ပါယ်မှာ မီဇူးလူမျိုးများအားချစ်သောသူဟူ၍ အဓိပ္ပါယ်ရသည်။
မီဇူရမ်ပြည်နယ်နှင့်ပါတ်သက်၍ထူးခြားသည်မှာ မီဇူရမ်ပြည်နယ် သမိုင်းသုတေသနဌာနက အင်္ဂလိပ်လက်ထက်က ထုတ်ပြီးသား ယှားပါးစာအုပ်များကို ပြန်လည်ထုတ်ဝီခြင်းဖြစ်သည်။ အတွင်းရေးမှုးဦးခင်မောင် နယ်စပ်၌ ရခိုင်ဒုက္ခသည်များကိစ္စဆောင်ရွက်ပြီး တက်လာသောအခါ လက်ထဲ၌ မီဇူရမ်ပြည်နယ် သမိုင်းသုတေသနဌာနက ထုတ်ဝီသော စာအုပ်အင်ထန်များများပါလာလတ်သည်။ မှတ်မှတ်ရရစာအုပ်မှာ "The Wild Races of Chittagong Hill Tract" ဖြစ်သည်။ ၄င်းစာအုပ်တွင် စစ်တကောင်းတောင်တန်းနယ် လူမျိုးများအားလုံးတွင် ကိုယ်ပိုင်စာအက္ခရာဟိသည့်လူမျိုးမှာ ဤလူမျိုးတမျိုးတည်းသာဟိကြောင်း။ မိမိကိုယ်ကိုမိမိ (မရမာ) ဟုခေါ်ကြောင်းဖော်ပြထားသည်။ ထို့ကြောင့် ရခိုင်ပြည်မှ သမိုင်းသုတေသီများ ဒီမိုကရေလမ်းကြောင်းပွင့်လာလျှင် မီဇူရမ်ပြည်နယ် ပညာရီးဌာနနှင့်အဆက်အသွယ်လုပ်ပြီးလျှင် ပညာရီးဆိုင်ရာ သမိုင်းသုတေသနဆိုင်ရာ သုတေသနလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သင့်သည်။ ထိုစာအုပ်တွင် ထူးခြားသည်မှာ ရခိုင်လူမျိုးတဦး မီဇူရွာသူကြီးအိမ်တွင်နီသည်။ စာရွီးသူက ရာဇ၀တ်မှုကြောင့်ထွက်ပြီးလာသည်ဟု ယူဆသည်။ တရက်နိ မီဇူးရွာသားများ (ရခိုင်သားအပါအ၀င်) ဆီးဆာဖက် ဘင်္ဂလီကုလားရွာသို့လား၍ ဓမြတိုက်သည့်အကြောင်းမှာလည်း စိတ်ဝင်စားစရာကောင်းသည်။
အကျွန်ုပ် ထိုင်းမှပြန်ရောက်ပြီး ရက္ကန်း Project ဖြင့် မီဇူရမ်သို့ တတိယတခေါက်လားသည့်အခါ ရက္ကန်းခတ်နီသော အထွန်းချေရို့ညီအစ်ကိုနှစ်ယောက်၊ နောက်တယောက်၊ သိန်းထွန်း၊ နောက်တယေက် စုစုပေါင်း ရခိုင်သား ငါးယောက်ဟိသည်။ အထွန်းချေ၏အစ်ကိုမှာ ကျောက်တော်မှ အိုက်ဇောသို့အလုပ်လာလုပ်သူ ရခိုင်သားအစ်ကိုကြီးတယောက်၏သမီးနှင့်အိမ်ထောင်ကျလျှက်ဟိသည်။ အစ်ကိုကြီး၏ညီဖြစ်သူမှာ မြို့နယ်လ၀ကမှုးဖြစ်ပြီး အကျွန်ုပ်ရို့နှင့် တရပ်ကွက်တည်းဖြစ်သဖြင့် ကောင်းကောင်းသိသည်။ တရက်နိ (၉) ချက်တီးလောက်တွင် အထွန်းချေ၏အစ်ကိုက အကျွန်ုပ်ရို့နီရာအိမ်သို့ သူ့သူငယ်ချင်းများနှင့်ပေါက်ချပါလတ်ပြီး (နန္ဒရာသီး) ခွဲစားကတ်သည်။ ညည့်တချက်တီး နှစ်ချက်တီးလောက်တွင် အစ်ကိုသီဆုံးလားပြီဖြစ်ကြောင်း တန်းခါးလာခေါက်သည်။ အသက်လျှူလီပြွန်ပိတ်၍ ရုတ်တရက်သီဆုံးလားခြင်းဖြစ်သည်။ ညည့်သန်းခေါင်တွင် Taxi များလည်း လိုက်ရှာမရ။ ဆီးရုံပို့ဖို့ အချိန်မရလိုက်ပဲ ချက်ချင်းအသက်ကပ်ပါလားသည်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားကို တော်လှန်ရီးလုပ်ခါမကြုံရ၊ ရက္ကန်းခတ်ခါမှ ကြုံရသည်။ မယားသည်မှာ ကိုယ်ဝန်အရင့်မာဖြင့်ကျန်ခပြီး အချေမှာ ယခုဆိုလျှင် အသက်နှစ်ဆယ်ကျောက်လောက်ပြီးဖြစ်မည်။ မီဇူရွာသူရွာသားများ လူကြီးလူငယ်အားလုံး အလွန်အားကိုးရသည်။ အလောင်းမြီကျအောင်ထိ အစစအရာရာ ကူညီပီးကတ်သည်။ နာရီးကိစ္စပြီး၍ ရက်များမကြာ ရက္ကန်းစင်ထောင်သည်မှ ပွဲဦးထွက် အထည် (၅) ထည်ထွက်သည်။ ကိုအထွန်းချေအား ရောင်းခိုင်းရာ အံစာထိုး၍ အားလုံးတက်တက်ပြောင်သည်။ ကန္တုကန္တာနမိတ်မကောင်းသည်ဖြစ်၍ အကျွန်ုပ်လည်း စိတ်ပျက်ပျက်နှင့် ရက္ကန်း Project ကို တပ်ခေါက်ပြီး ဒေလီသို့ပြန်တက်ပါလတ်ရသည်။ (ဆက်ရန်)

မီဇူရမ်သို့

မီဇူရမ်သို့
=====
သက်ဘုန်းတော်ကြီးကျောင်းတွင် နှစ်ရက် သုံးရက်နားပါသည်။ လမ်းစရိတ်အတွက် အကူအညီတောင်းခံရသည်။ ဆရာတော်မှာ ရခိုင်ပြည်က စာတတ်ပီတတ်ရဟန်းတပါးဖြစ်သည်။ သက်ထုံးစဉ်အရာ တစုံတဦးသီလျှင် သီသူပိုင်ဆိုင်သည့် နွားကိုသော်လည်းကောင်း ဘုန်းကြီးကျောင်းသို့ ပီးလှူတတ်သည်။ ကုန်ခသည့်နှစ်မိုးဦးကျက ကာလ၀မ်းရောဂါလိုက်၍ လူပေါင်း (၄၀) ကျော်သီဆုံးကြောင်းဆရာတော်က ပြောပြ၍သိရသည်။ လှူဒါန်းထားသောအလှုများကိုပြ၍ မသုံးဆောင်အပ်သောအလှူဟူ၍ ပြောပြပါသည်။ ဆရာတော် မီဇူရမ်ပြည်နယ်က ခရစ်ယာန်ပြည်နယ်ဖြစ်လို့ ဘုန်းကြီးဝတ်နှင့်မသင့်တော်ပါ။ ရွာသားများပါးက လူအ၀တ်တစုံလောက် တောင်းခံပီးပါဟုပြောသော်လည်း ဆရာတော်မှာ ကူညီလိုစိတ်မဟိ။ မောင်သျှင်ဝတ်နှင့်ဆိုကေကား ကိစ္စမဟိ။ အခု ရဟန်းရဟန်းခံ၍လာသဖြင့် လူဝတ်ချွတ်မပီးချင်။ ထို့ကြောင့် ဘုန်းကြီးဝတ်နှင့်ပင်လျှင် အကျွန်ုပ် မီဇူရမ်သို့ ခရီးဆက်ရပါသည်။
အကျွန်ုပ်ရို့စီးသော ဘာ့စ်ကားတွင် သက်လူမျိုး လေးငါးခြောက်ယောက်ပါသည်။ သူရို့လည်း Aizawl သို့လားမည်ဆိုသဖြင့် Aizawl ရောက်လျှင် သက်ဝန်ကြီးအိမ်သို့လိုက်ပို့ပီးပါဆို၍ သက်ဝန်ကြီးအိမ်သို့ လိုက်ပို့ပီးပါသည်။ သက်ဝန်ကြီးနှင့်တွိသောအခါ အကျွန်ုပ်က မြန်မာပြည်မှ ကျောင်းသားဖြစ်ကြောင်း၊ Aizawl တွင် ကျောင်းသားစခန်းဟိကြောင်း၊ ကျောင်းသားစခန်းသို့ ပို့ပီးပါဟု အကူအညီတောင်းသည်။ အမှန်မှာ ကျောင်းသားစခန်းကား Aizawl ၌ဟိသည်မဟုတ်။ Aizawl နှင့် မိုင် (၁၆၀) ခန့်ဝီးသော နယ်စပ်မြို့တမြို့ဖြစ်သော ကျင်ဖိုင်း၌ ဖွင့်လှစ်ထားခြင်းဖြစ်သည်။ သို့သော် သက်ဝန်ကြီးကား အကျွန်ုပ်အား ကျောင်းသားစခန်းသို့ မပို့ပီး။ အချုပ်ခန်းသို့ တန်းပို့လိုက်သည်။ အချုပ်ခန်းသို့ရောက်နီသော်လည်း အကျွန်ုပ်ကား အဖမ်းခံရမှန်းမသိ။ အချုပ်ခန်းမှန်းမသိ။ ကျောင်းသားစခန်းသို့လိုက်ပို့ပီးမည့်ကားကို စောင့်နီသည်။ နောက် အင်တန်လောက်ကြာမှ ရဲစခန်းမှုးကလာလတ်ပြီး ပဇာကြောင့် အဖမ်းခံရသနည်းမီးသည်။ အကျွန်ုပ်ကလည်း အဖမ်းခံရသည်မဟုတ်။ ကျောင်းသားစခန်းသို့လိုက်ပို့ပီးမည့်ကားစောင့်နီသည်ဟု ပြောလိုက်သည်။ ယင်းခါမှ မဟုတ်။ မင်းအဖမ်းခံရရေ။ အေနီရာက အချုပ်ရဲစခန်း ယှင်းပြပြီးမှ အကျွန်ုပ်လည်း အဖမ်းခံလိုက်ရပြီးဖြစ်ကြောင်း သိနားလည်လိုက်သည်။ ၄င်းညတွင် အကျွန်ုပ်အား အချုပ်ခန်းသို့သွင်းချုပ်လိုက်ပြီး အချုပ်သားများနှင့်အတူ ရောအိပ်ရပါသည်။
နောက် တရက်နှစ်ရက်လောက်ကြာလျှင် အကျွန်ုပ်အား Aizawl ရဲထောက်လှမ်းရေးမှ လာစစ်ပါသည်။ ဘာသာပြန်လုပ်ပီးသူမှာ အစ်မမစမ်းပွီးဖြစ်သည်။ အန္ဒမန်ကျွန်း၌အသတ်ခံလိုက်ရသူ ကိုရန်နိုင်နှင့် ရင်းနှီးသူဖြစ်သည်။ အကျွန်ုပ်လက်ထဲ၌ ခရစ်ယာန်ဓမ္မသစ်ကျမ်းစာအုပ်နှင့် မြိုတောင်ခရီးလားစဉ်က အတိုကောက်ရွီးမှတ်ထားသော မှတ်တမ်းစာရွက်များပါသည်။ ယင်းမှတ်တမ်းတွင် နိရက်အတိအကျပါသည်။ Aizawl ရဲထောက်လှမ်းရေးများက သိမ်းယူထားလိုက်သည်။
Aizawl အချုပ်ခန်းထဲတွင် တလခွဲလောက် အချုပ်ခံရသည်။ အကျွန်ုပ်အဖမ်းခံရသည့်အချိန်မှာ ဆောင်းခါသားဖြစ်သဖြင့် ကောင်းကောင်းချမ်းသည်။ သင်္ကန်းပါးပါးတထည်ဖြင့် မလုံလောက်။ အချုပ်ခန်းထဲတွင်ဟိသော ပုဆိုးမှာလည်း ဘောက်သာဆိုး ခြီသုတ်ဟပ်ထက်ဆိုးသည်။ ဇာမျှနှစ်ကတည်းက မဖွတ်မလျှော်ပဲထားသည်မသိ။ အစိုနံသည်ကား ကောင်းကောင်းဆိုးသည်။ သို့သော် ချမ်းအားကြီးလာသောအခါ မတတ်နိုင် နှာခေါင်းပိတ်ပြီးဆွဲချုံလိုက်ရသည်။ စိတ်ထဲတွင်ကား အော့ချင်အန်ချင်စိတ်ပေါက်သည်။ အချုပ်ခန်းထမင်းမှာလည်း အာလူးတလုံးနှစ်လုံး ပဲဟင်းရည်ကြဲကြဲ မ၀ရေစာစားရသည်။ ကြာလာလျှင် စိတ်ဓါတ်ကျသည်က တကြောင်း၊ အစားပျက်သည်က တကြောင်း၊ ရာသီဥတုဆိုးသည်က တကြောင်း လူက ချက်ချင်းပိန်ကျလားသည်။
အကျွန်ုပ်အားထားသည့် အချုပ်ခန်းထဲတွင် အကျွန်ုပ်အယင် အချုပ်သား လေးယောက်ဟိသည်။ သို့သော် သူရို့ကား တရက်နှစ်ရက်လောက်ကြာလျှင် ပြန်ထွက်လားသည်က များသည်။ တပါတ်နှစ်ပါတ်လောက်ကြာလျှင် အကျွန်ုပ်အယင် ရောက်နှင့်ပြီးဖြစ်သော အချုပ်သားများအားလုံး ပြန်ထွက်လားကတ်ပြီး အကျွန်ုပ်မှာ တလမကြာ အချုပ်ခန်းထဲတွင် သက်တမ်းအရင့်ဆုံးဖြစ်လာသည်။ များသောအားဖြင့် အချုပ်သားများအား အိမ်မှထမင်းလာပို့ကတ်သည်။ ထမင်းဟင်းနှင့်အတူ ငုံဆီးဗူးတဗူးလည်းပါလာတတ်သည်။ ၄င်း ငုံဆီးဗူးအား ၀ိုင်းပတ်လည်၍ တယောက်တလှည့် လက်ဆင့်ကမ်း ပီးငုံလေ့ဟိသည်။ အကျွန်ုပ်အား ကျော်ကျော်လားသည်။ အကျွန်ုပ်စိတ်ထဲမှာ ဟင်းရည်ဟုထင်သည်။ အေသူရို့တိ ငါ့ကိုကျမပီး ကျော်ကျော်လားကတ်တေ စိတ်ထဲမှာ ကသိကအောက်ခံရသည်။ တရက်နိ အကျွန်ုပ်၏မျက်နှာ အမူအယာပျက်နီ၍လားမသိ တယောက်က ၄င်း တွီးဗူး ငုံဆီးဗူးကို ပီးငုံခိုင်းသည်။ အကျွန်ုပ်လည်း ဟင်းရည်ထင်၍သောက်ချလိုက်သည်။ မခံရခက်လိုက်သည်မှာ မပြောကဲ့။ ပြန်ထုတ်၍လည်းမရ၊ မျိုချ၍လည်းမရ လိုင်ခြောင်းဝမှာ ဆို့နီသည်။ အနံ့ဆိုးလိုက်သည်ကားလည်း တမျိုး။
အဆိုးဆုံးအချိန်ကား တရားယုံးသို့ ယုံးချိန်းလားရသောအချိန်ဖြစ်သည်။ မိမိအလှည့်မရောက်ခင် ယာယီအချုပ်ခန်းထဲ၌ ထောင်သားများနှင့်အတူနီရသည်။ ထောင်သားများမှာ များသောအားဖြင့် ရာဇ၀တ်အပြစ်သားများဖြစ်၍ လူ့အသိစိတ်မဲ့ကင်း မိုက်မဲသူများဖြစ်သည်။ တိရိစ္ဆာန်နှင့် ထူးမခြားနားဖြစ်သည်။ အကျွန်ုပ်အမှုမှာလည်း ထောက်လှန်းရေးဟု စွပ်စွဲခံထားရသဖြင့် အမှုကြီးဖြစ်နီသည်။ လူကလည်း ခေါင်းတုံးတုံးနှင့် သင်္ကန်းဝတ်နှင့်ဖြစ်နီ၍ နဖူးကို ခြီတင်လျှက် ခြိမ်းခြောက်လိုက် ကန်ကျောက်လိုက် အမျိုးမျိုးနှိပ်စက်ခြင်းခံရသည်။ ယုံးချိန်းလားတိုင်း ငရဲကျရေပိုင်ခံစားရသည်။ သုံးခေါက် ယုံးချိန်းလားပြီး မြန်မာပြည်သို့ပြန်ပို့ရန် အမိန့်ချလိုက်သည်။
အကျွန်ုပ်အား ပြန်ပို့သည့်ကားမှာ မြန်မာလုံထိမ်းရဲများသုံးသော အချုပ်ကားအတိုင်း သံထူပြားကာလျှက် သံချောင်းစိုက်ထားသော လီဝင်ပေါက်ဖွင့်ထားသော ကားမျိုးဖြစ်သည်။ အကျွန်ုပ်နှင့်အတူ မြန်မာပြည်သို့ပြန်ပို့ခြင်းခံရသော ချင်းလူငယ် သစ်ခိုးသမား (၆) ယောက်ပါသည်။ အကျွန်ုပ်ကား ကျမ္မာရီးအခြီနီမကောင်းသဖြင့် ကားလှူးတိုင်း ကားဆောင့်တိုင် ခေါင်းမူးလာသည်။ ချင်းလူငယ်များကို တဖက် အတူထိုင်ခိုင်းပြီး အကျွန်ုပ်တယောက်တည်းတဖက် ထိုင်ခုံထက်၌ ၀မ်းလျားမှောက်၍လိုက်ရသည်။ လမ်းခုလပ်မြို့ချေတမြို့တွင် တညအိပ်ရသည်။ လမ်းပျက်နီ၍ဟု သိရသည်။ ၄င်း အချုပ်ခန်းအိမ်သာမှာလည်း ပိတ်ပြီးလောက်တက်နီသဖြင့် အနံ့ဆိုးလိုက်သည်ကား အလှိုင်းလှိုင်း အလှိုင်းလှိုင်းတက်သည်။ ခေါင်းမူးသည်က တကြောင်း၊ အနံ့ဆိုးသည်က တကြောင်း သီချင်စိတ်ပေါက်သည်။ နောက်နိမိုးထ ကျင်ဖိုင်းသို့ အချုပ်ကားဖြင့်ဆက်ပို့သည်။ မြန်မာရဲလက်ထဲသို့ကားမအပ်၊ နယ်စပ်ကားလမ်းမတွင် ချထားပီးခသည်။ ချင်းလူငယ်များထဲက နှစ်ယောက် ကျောင်းသားစခန်းအားသိသည်ဆို၍ လိုက်ပို့ပီးသည်။ (၄၅) မိနိခန့်လမ်းလျှောက်ပြီးမှ ကျောင်းသားစခန်းသို့ရောက်သည်။ ကျောင်းသားစခန်းသို့ရောက်သောအခါ စခန်းတွင်းတွင် လူများများစားစာမဟိ။ လေးငါးခြောက်ယောက်လောက်ရာဟိသည်။ မြန်မာတယောက်အား ထောက်လှမ်းရေးစွပ်စွဲပြီး လူသတ်မှုဖြစ်ထားသဖြင့် ကျောင်းသားအားလုံးအပြင်သို့ထုတ်လိုက်ကြောင်း နောက်မှ ကြားသိရသည်။ မြန်မာကျောင်းသားအားလုံးမှာလည်း Aizawl သို့ ထွက်လားခကတ်ပြီးဖြစ်သည်။ စခန်းတွင်းတယောက်က ကျင်ဖိုင်းတွင် ကိုစိန်ဝင်းဟုခေါ်သော မြန်မာကျောင်းသားများအား ကူညီပီးသူတဦးဟိကြောင်း လမ်းညွှန်ပီးလိုက်သည်။ အကျွန်ုပ်ရောက်လားသည်မှာ လမ်းညွှန်ပီးလိုက်သော ကိုစိန်ဝင်းမဟုတ်ပဲ ရက္ကန်းခတ်နီသော ကိုစိန်ဝင်းလင်မယားအိမ်သို့ရောက်လားသည်။ လင်မယားကား မြန်မာပြည်မှလာရောက်ပြီး ဆင်းဆင်းရဲရဲရက္ကန်းခတ်စားနီသူများဖြစ်သည်။ ယင်းတွင် တညအိပ်ပြီး နောက်နိ Aizawl သို့ ကုန်တင်ကားဖြင့် လမ်းကြုံစီး၍ လိုက်ပါလာရသည်။ လမ်းစရိတ်ကို သူရို့ပါးက မရမကခြစ်ကုတ်၍ တောင်းယူခရသည်။ သူရို့လက်ထဲမှာလည်း တပြားတချပ်မဟိ။ သူများပါးက ချီးငှားပီးလိုက်သည်။ လမ်းစရိတ်ကားလုံလုံလောက်လောက်မဟုတ်၊ လက်ထဲမှာ အေလောက်ရာပါရေဟု တောင်းပန်ပြီးလိုက်ပါလာရသည်။
အကျွန်ုပ်ရို့ စီး၍လိုက်ပါလာသောကားမှာ ကုန်တင်ကားဖြစ်သည်။ ခေါင်မိုးမပါ။ ဆန်အိပ်များ၊ ဘောက်သာအိပ်များထက်က တက်စီး၍ လိုက်ပါလာရသည်။ ခေါင်မိုးထက်၌တက်စီးသူ စုစုပေါင်းဆယ်ယောက်လောက်ဟိမည်။ အကျွန်ုပ်နံပါးတွင် ချင်းလူငယ်တယောက်လည်းပါသည်။ စကားတခွန်းနှစ်ခွန်းပြောဖြစ်သည်။ များများစားစားမပြောဖြစ်။ မြန်မာပြည်မှလာသည်ကို လူများများသိ၍လည်းမကောင်း။ အတတ်နိုင်ဆုံးစကားတခွန်းမပြောဘဲ လိုက်ပါလာလတ်သည်။
ကျင်ဖိုင်းမြို့အထွက် ချောင်းကြီးတချောင်းဖြတ်ရသည်။ မြစ်နီးပါးကြီးသည်။ အထက်က ခေါင်မိုးမပါသဖြင့် ချောင်းသို့အဆင်းလမ်းတလျှောက် အောက်ကကားများကို အတိုင်းသားလှမ်းမြင်နီရသည်။ ချောင်းဆင်းလမ်းမှာ ၀က်အူရစ်ကိုထောင်ထားသည့်အတိုင်းဖြစ်သည်။ တောင်အောက်ဖက်သို့ ရောက်သည့်အခါတွင်လည်း အထက်က ကားများကို လှမ်းမြင်ရသည်။ ချောင်းသို့ရောက်၍ တောင်ထက်က ကားများကိုမြင်မှ တောင်ထိပ်မှာ ကောင်းခင်လောက်မြင့်ကြောင်း သဖောပေါက်သည်။
လက်ထဲဟိသမျှငွေကို ကားခပီးလိုက်ပြီးဖြစ်သဖြင့် ထမင်းတနပ်အငတ်ခံရန်ဆုံးဖြတ်လိုက်သည်။ ချင်းလူငယ်မှာ အကျွန်ုပ်ထမင်းမစားဘဲနီသည်ကိုသိသဖြင့် ထမင်းဝယ်ကျွေးပါသည်။ ယင်းအချိန်တွင် အကျွန်ုပ်မှာ လူအ၀တ်နှင့်ဖြစ်သည်။ သစ်ခွတ်သမားလူငယ်များက အကျွန်ုပ်အား ဘောင်းဖီတလုံး င်္အကျီတလုံးပီးနှင့်ထားခသည်။ လူကလည်းကတုံး ပိန်ချုံးပြီး အ၀တ်အစားမှာလည်း စုတ်ပြတ်သတ်နီသဖြင့် ဈီးရောင်းသော မီဇူမိမ္မချေများက အကျွန်ုပ်အားကြည့်ပြီး ကောင်းကောင်းရယ်ကတ်ပါသည်။ အကျွန်ုပ်လည်း ရှက်ရှက်ဖြင့် ပြုံးရယ်နီလိုက်သည်။
အကျွန်ုပ်သတင်းရသည်မှာ မြန်မာကျောင်းသားများ Top Hotel ၌ အလုပ်လုပ်နီကတ်သည်။ Aizawl ရောက်လျှင် Top Hotel သို့ စုံစမ်း၍လားမည်။ တည လမ်းဘေး၌အိပ်မည်။ ကိုယ့်အတွေးနှင့် ကိုယ့်အစီအစဉ်နှင့်ဖြစ်သည်။ အမှန်မှာ ကျောင်းသားများက Top Hotel ၌ အလုပ်လုပ်နီသည်မဟုတ်၊ Top Resturant နာမည်ဖြင့် Bara Bazar ၌ လဖက်ရည်ဆိုင်ဖွင့်ထားခြင်းဖြစ်သည်။ Aizawl သို့ရောက်ချိန်တွင် မှောင်နီပြီးဖြစ်သည်။ Aizawl မြို့ကား တောင်ထိပ်အစွန်ဖျားတွင် မီးထိန်ထိန်လင်းလျှက် သီတင်းကျွတ် ၀ါကျွတ်ပွဲကဲ့သို့ အလွန်လှပသည်။ တညက ဇာပင်ဖြစ်ဖြစ် လမ်းဘေးမှာ ထိုးအိပ်ဖို့ဆုံးဖြတ်ထားသည်။ အကျွန်ုပ်နှင့်အတူ ကားစီးလာသောချင်းလူငယ်မှာ ကုန်သည်ဖြစ်သဖြင့် အထုပ်အပိုးများစွာပါသည်။ အကျွန်ုပ်လည်း အထုပ်အပိုးများကို ကူသယ်ပီးသည်။ သူက အကျွန်ုပ်အား မည်သည့်နီရာတွင် တည်းမည်နည်းဟု မီးသည်။ အကျွန်ုပ်က ခပ်တည်တည်ဖြင့် Top Hotel ၌ တည်းမည်ဟု ပြန်ဖြေလိုက်သည်။ သို့သော် လူငယ်က သဘောကောင်းသူဖြစ်သဖြင့် မြန်မာစကားဖြင့် မထူးပါဘူးဗျာ၊ ညကလည်းမှောင်နေပြီ ကျွန်ုပ်အိမ်မှာဘဲ ညအိပ်လိုက်ပါ၊ အိမ်အောက်မှာ ရက္ကန်းခတ်တဲ့ဗမာလူတွေရှိတယ်။ သူတို့ ဗမာကျောင်းသားတွေနေတဲ့နေရာသိတယ်။ မနက်ကျရင် သူတို့ကို လိုက်ပို့ခိုင်းရင်ရတယ်ဟုပြောသဖြင့် အကျွန်ုပ်လည်း ၀မ်းသာအားရ သူ၏ဖိတ်ခေါ်ချက်ကို လက်ခံလိုက်သည်။ လမ်းဘေးမှာအိပ်ဖို့မလိုလိုက်ယာဟုသိလိုက်ပြီး ချင်းလူငယ်အား စိတ်ထဲတွင်ကြိတ်၍ ကျေးဇူးတင်နီမိသည်။ ညစာထမင်းလည်း ၀က်သားနှင့် ကောင်းကောင်းစားရသည်။ ကောင်းကောင်းမွန်မွန်အိပ်ရသည်။ နောက်နိမိုးလင်းလျှင် ရက္ကန်းခတ်နီသော မြန်မာလူငယ်များက ကျောင်းသားများဟိရာအိမ်သို့လိုက်ပို့ပီးသည်။ အိမ်မှာ Top Resturant တည်ဟိရာ Bara Bazar လမ်းမကြီးအောက် လှီကားထစ်ဘေးနားတွင်ဖြစ်သည်။ Top Resturant ကို ကိုမောင်ငါက ဦးစီးဖွင့်လှစ်ထားခြင်းဖြစ်ပြီး အိမ်ကိုလည်း သူကပင် ငှားရမ်းထားခြင်းဖြစ်သည်။ ကိုမောင်ငါနှင့်အတူ ကျောင်းသား လေးငါးယောက်နီသည်။ အကျွန်ုပ်မှတ်မိသလောက် မိုးချုပ် (ယခု) VOA သတင်းထောက်၊ သူက အသက်အငယ်ဆုံး၊ ကိုဇော်ဌေး (ယခု) သြစတေးလျ။ ကိုဆန်နီ၊ ကိုပေတိုး၊ ဘူးလာအမိ မခေါ်မီး၊ ကိုမောင်ငါ၊ ကိုမြင့်အေး (ယခု) နော်ဝေး၊ ကိုဝင်းထွန်း (ကျဆုံး)။ ကျန်လူများကိုကား အတိအကျမမှတ်မိ။ နောက်တနိတွင် အကျွန်ုပ်ပြန်ရောက်လာသည်ကို ကြားသိရဖြင့် အစ်မမစမ်းပွီး ၀မ်းသာအားရလာတွိပါသည်။ အစ်မမစမ်းပွီး၏ပြောပြချက်အရ ရဲစခန်းအား နယ်စပ်သို့မပို့ရန်တောင်းပန်ထားသည့်ကြားက ပို့ဖြစ်အောင်ပို့လိုက်သည်ဟု မကြေမနပ်ဖြင့် ပြန်ပြောပြပါသည်။ ရောက်စပေါက်စ အချုပ်ကထွက်ခါစ အပြင်လည်းကောင်းကောင်းမထွက်ဝန့်သဖြင့် ချင်းလူငယ်အိမ်သို့ အလည်မလားဖြစ်လိုက်ပါယာ။ စိတ်ထဲတွင်ကား အမြဲတမ်းသတိရနီပါသည်။ ကနိအချိန်၌ပြန်တွိလျှင်လည်း မှတ်မိမည်မဟုတ်တော့ပါ။ မိမိ၏ကျေးဇူးကန်းသောအဖြစ်ကို တွေးမိတိုင်း စိတ်မကောင်းဖြစ်မိ နောင်တရနီမိသည်။
ဇင်မဘောက်သို့ (ဆက်ရန်)

အာကုတ္တလာ (Agartala) သို့

အာကုတ္တလာ (Agartala) သို့
==================
Agartala တွင် မရမာဘုန်းကြီးကျောင်းတကျောင်းဟိသည်။ ဆရာတော်မှာ မြိုလူမျိုးဟုသိရသည်။ ရခိုင်ပြည် မြန်မာပြည်တွင် စာသင်ဖူးသဖြင့် ရခိုင်စကားကို ရခိုင်သားနှင့်မခြားပြောတတ်သည်။ မဏိပူရပြည်နယ် မိုးရေးတွင်လည်း ကျောင်းထိုင်ကြောင်းသိရသည်။ ဆရာတော်က အဖြစ်မှန်ကို မီးပါသည်။ အကျွန်ုပ်ရို့က ကြောက်၍ အဖြစ်မှန်ကိုမပြောဘဲ နှုတ်ပိတ်ထားလိုက်သည်။ အာကုတ္တလာမြို့သည် ထရိပူရ (မြုံ) လူမျိုးများ၏မြို့တော်ဆိုသော်လည်း မြုံလူမျိုးတဦးတယောက်မျှ မတွိရပါပျာယ်။ အားလုံး ကုလားများက ၀ါးမျိုထားပြီးဖြစ်သည်။ မြန်မာပြည် မော်လမြိုင်မြို့နှင့် အလားသဏ္ဍန်တူသည်။ မွန်ပြည်နယ်၏မြို့တော် မော်လမြိုင်တွင်လည်း မွန်လူမျိုးများမဟိတော့ဘဲ မူဆလင်ကုလားများက ကြီးစိုးထားသည်။ အကယ်၍ မြန်မာစစ်အစိုးရကလည်း ဦးနှောက်သေးသိမ်စွာဖြင့် ဒေသခံမွန်လူမျိုးများအား အာဏာလွှဲပြောင်းမပီးဘဲ ဆက်လက်ဖိနှိပ်နီဦးမည်ဆိုလျှင် မော်လမြိုင်မြို့သည်လည်း အများမကြာကျဆုံးရပေတော့မည်။ မော်လမြိုင်ကျဆုံးပြီးလျှင် ရန်ကုန်မြို့သည်ကား မည်မျှတာရှည်ရပ်တည်နိုင်မည်နည်း။ ရွှေတိဂုံဘုရားလည်း မျက်ခုံးမွှီးလှုပ်လျှက်ဟိသည်။
အာကုတ္တလာမှတဆင့် အကျွန်ုပ်ရို့ ထရိပူရရခိုင်လူမျိုးများဟိရာ မြို့ချေတမြို့သို့ ခရီးထွက်ခွာပါသည်။ ယင်းမြို့တွင် သက်လူမျိုးနှင့် ထရိပူရရခိုင်လူမျိုးအများအပြားတွိရသည်။ ဘုန်းကြီးကျောင်းမှာ အုပ်တိုက်အဆောက်အဦးဖြစ်ပြီး သာသာဝင်းဝင်းဟိသည်။ ၄င်းဘုန်းကြီးကျောင်းမှတဆင့် ရခိုင်ပြည်မှ ဘုန်းတော်ကြီးတပါးဖြစ်သော ဦးဝိရိယဟိရာ သက်ရွာသို့ခရီးဆက်ပါသည်။ သက်ရွာမှာ ဘင်္ဂလားဒေခ်ျမှထွက်ပြီးလာကတ်သော သက်လူမျိုးများအား ရွာထူထောင်ပီးထားခြင်းဖြစ်သည်။ ရွာဆိုသော်လည်း လူနီအိမ်များကို စီတန်းဆောက်ထားသည်မဟုတ် တောင်ကုန်းတောင်ကုန်းလိုက် ပြန့်ကြင်းတည်ထားခြင်းဖြစ်သည်။ တောင်ကုန်းတကုန်းနှင့်တကုန်းအကြား တအိမ်နှင့်တအိမ်ကြားတွင် လယ်ကွက်များဟိပြီး အလွန်သာယာသည်။
ဆရာတော်ဦးဝိရိယမှာ အသက် (၇၀) ခန့်ဟိပြီးဖြစ်သော်လည်း နာမည်နှင့်လိုက်အောင် သန်သန်မာမာ ဖြတ်ဖြတ်လတ်လတ်ဖြစ်သည်။ လားနိုင်လာနိုင်ဟိသည်။ ဆရာတော်ကား ရှိမှီနောက်မှီလည်းဖြစ်သည်။
ဗိုလ်ကြီးကြာလှအောင်ရို့တော်လှန်ရီးလုပ်စဉ်ကာလ ဘူးသီးတောင်ဖက်တွင်ဖြစ်သည်။ ဗိုလ်ကြီးကြာလှအောင်၏တပ်စိပ်တစိပ်က မြန်မာဖက်ခွက်စစ်တပ်အား အနိုင်ရလိုက်သည်။ ထိုသတင်းကို ကုလားများကြားသိသောအခါ ဂိုးချေရို့ရခိုင်နှင့်ငါရို့ကုလားဆိုစွာ ညီအစ်ကို မိတ်ဆွီတိရာမနား။ ရခိုင်တပ်အောင်ပွဲအတွက် ရခိုင်တပ်စိပ်အား ထမင်းခေါ်ဖိတ်ကျွေးပါသည်။ တပ်စိပ်တစိပ်လုံး တအိမ်ထဲတွင်စားဖို့နီရာမကန်။ တအိမ်တယောက်ကျစီခွဲ၍ ကျွေးပါသည်။ ငတုံးရခိုင်သားတိလည်း ကုလားကိုယုံပြီး ထမင်းဝမ်းတင်းအောင်စားသည်။ ကုလားများလည်း တအိမ်လူသုံးယောက် ကြိုးအဆင်သင့်ဖြင့် ထိုင်စောင့်နီသည်။ ရခိုင်သား ထမင်းစား၍၀မ်းတင်းသောအခါ ကုလားများက သီနပ်ကိုလု၍ လူကိုကြိုးချိုင်ထားလိုက်သည်။ တပ်စိပ်တစိပ်လုံးကို တယောက်ချင်းစီ ပက်ခုံးတွင်ဝါးထိုးကြိုးချိုင်လျှက် ကျားထိုးသတ်ပစ်လိုက်ကတ်သည်။ တပ်စိပ်ခေါင်းဆောင်ကပြောသည်မှာ ရခိုင်သားသတ္တိအကျမခံကဲ့။ ကုလားတိအနားကပ်လာကေ ဘောကိုကျောက်သတ်ဟုပြောသည်။ သို့သော် ကျောက်၍ကားမမှီ။ လီကိုရာထိသည်။ သို့ဖြင့် ဗိုလ်ကြီးကြာလှအောင်၏တပ်စိပ်တစိပ်လုံး ကုလားပါးမှာ ကျားထိုးအသတ်ခံလိုက်ရကြောင်း ဆရာတော်ဦးဝိရိယပြောပြ၍ သိခရပါသည်။ (ဆက်ရန်)
အကျွန်ုပ်ရို့ ၄င်းသက်ရွာ၌နီထိုင်စဉ် အခြားသက်ရွာတရွာ၌ ရဟန်းခံပွဲနှင့်ကြုံသည်။ ဆရာတော်က ရဟန်းခံချင်ရေလားဟုမီး၍ နှစ်ယောက်စလုံးမှာ မောင်သျှင်များဖြစ်နီသဖြင့် ရဟန်းဝင်ခံရန် သဖောတူလိုက်သည်။ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း သိမ်သမုဒ်ထားသောနီရာတွင် ကမ္မာဝါစာဖတ်၍ ရဟန်းခံပီးပါသည်။ အကျွန်ုပ်ရို့နှစ်ယောက် ရဟန်း (၁) ပါး စုစုပေါင်းသုံးပါးဖြစ်သည်။ အကျွန်ုပ်စိတ်ထဲမှာ ရာသက်ပန်ဘုန်းကြီးဝတ်ချင်စိတ်မဟိသည်ဖြစ်၍ ယင်းလောက်ထိ လေးလေးနက်နက်မဟိပါ။
အကျွန်ုပ်ရို့ရဟန်းခံပြီးသည်နှင့်အများမကြာ သက်တော်လှန်ရီးစစ်ဦးစီးချုပ် ကန္တကောက်ဆရာတော် အကျွန်ုပ်ရို့နီထိုင်ရာသက်ရွာသို့ ရောက်ဟိလာသည်။ ဆရာတော်ဆိုသော်လည်း လူဝတ်လှဲပြီးဖြစ်သည်။ သိက္ခာမချသိမ့်သဖြင့် ဘန္တေ (ဆရာတော်) ဟူ၍ လူအများက ခေါ်လျှက်ပင်ဟိသည်။ မယားပီးစပ်သော်လည်း မယားမယူဘဲနီသည်။ သီလမပျက်အောင် ညစာထမင်းလည်းမစား။ အလွန်ကြည်ညိုဖွယ်ကောင်းသော တော်လှန်ရီးခေါင်းဆောင်ကောင်းတယောက်ဖြစ်သည်။ ဆရာတော်မှာ ဟာရဘင်းရွာဇာတိဟု သိရသည်။ ရခိုင်လူမျိုးဖြစ်နီ၍ အကျွန်ုပ်ရို့အတွက် ဂုဏ်ယူစရာဖြစ်သည်။ ဘင်္ဂလားဒေခ်ျ၌ ချိတ်ခါဆီးနာ အာဏာရပြီးနောက် သက်တော်လှန်ရီးခေါင်းဆောင်များနှင့် ငြိမ်းချမ်းရီးစာချုပ်ချုပ်ပြီးနောက် ဆရာတော်လည်း သက်ခေါင်းဆောင်များနှင့်အတူ ပြည်ထဲသို့ပြန်ဝင်လားသည်။ အကျွန်ုပ်ရို့နှင့်တွိဆုံသည့်အချိန်၌ပင် ဆရာတော်မှာ အသက် (၆၅) နှစ် ကျော်လွန်နီပြီးဖြစ်၍ ယခုအချိန်၌ အသက်ရှင်လျှက်ဟိလိမ့်မည်မထင်တော့ပါ။ ဆရာတော်တွင် ဘော်ဒီကတ် (၁) ယောက်နှင့် သက်ခေါင်းဆောင် (၂) ယောက်ပါသည်။ စုစုပေါင်း (၄) ယောက်ဖြစ်သည်။ မီဇူရမ်နယ်စပ်ဖက်သို့ ခရီးလားခြင်းဖြစ်သည်။ အကျွန်ုပ်လည်း မီဇူရမ်သို့ ခရီးလားလိုသည်ဖြစ်၍ ဆရာတော်ရို့ဂျစ်ကားနှင့် လမ်းကြုံလိုက်ပါလတ်သည်။ လမ်းတွင်မိုးရွာထားသဖြင့် သစ်တပင်မှာ ပြိုလဲလျှက် ကားလမ်းမအား ကန့်လန့်ဖြတ်ထားသည်။ သစ်ပင်ကိုခွတ်ဖြတ်ပြီးမှ ခရီးဆက်၍ရသည်။ သစ်ပင်မှာ ခြိတ်ပင်ဖြစ်နီ၍ သွီးမတည့်လျှင် ခြိတ်ပေါက်တတ်သဖြင့် ဆရာတော်က အနားသို့မကပ်ရန် သတိပီးသည်။ ဆရာတော်ရို့ကား Aizawl ကိုမဖြတ်၊ နယ်စပ်လမ်းအတိုင်းလားမည်ဖြစ်သဖြင့် အကျွန်ုပ်အား မီဇူရမ်အ၀င် သက်ရွာတရွာတွင် ချထားပီးခသည်။ ၄င်းသက်ရွာမှ ကားစီးလျှင် Aizawl သို့ တိုက်ရိုက်ရောက်သည်။ (ဆက်ရန်)

အိန္ဒိယသို့.

အိန္ဒိယသို့.
=======
အကျွန်ုပ်နှင့်အတူ အိန္ဒိယသို့ခရီးလားသူမှာ ရမလပဗိုလ်မှုးဟောင်းတဦးဖြစ်သည်။ နာမည်းရင်းကိုကား အကျွန်ုပ်မသိ။ ဗိုလ်မှုးဟူ၍သာခေါ်သည်။ မောင်သျှင်ဝတ်လျှက်ဖြစ်သည်။ ဗိုလ်မှုးအားမောင်သျှင်ဝတ်ပီးသူမှာ ဖလောင်းချိတ်ကျောင်းကြီးကျောင်းဆရာတော်ကြီးကိုယ်တိုင်ဖြစ်သည်။ ဗိုလ်မှုးမှာ ၀၀တုတ်တုတ် မျက်နှာလေးပြားကျ လက်တွိသမား အလုပ်သမားဖြစ်သည်။ သို့သော် စကားပြောလျှင်ကား ဖြေးဖြေးညှင်းညှင်းပြောတတ်သည်။
ပထမဦးစွာစစ်တကောင်းမြို့သို့လား၍ စစ်တကောင်းမှတဆင့် ဖလံထောင် ရင်ကွာမြို့သို့ ထွက်ခွာသည်။ ရင်ကွာဘုန်းကြီးကျောင်း၌တည်းခိုသည်။ နှစ်ယောက်စလုံးမှာ မောင်သျှင်ဝတ်နှင့်ဖြစ်၍ လားရလာရ တည်းရခိုရလွယ်ကူသည်။ ရင်ကွာမှာ နယ်စပ်မြို့တမြို့ဖြစ်သည်။ တဖက်ကမ်းတွင် အိန္ဒိယနိုင်ငံ ထရိပူရပြည်နယ် ဘောင်းကူမြို့ဟိသည်။ အကျွန်ုပ်ရို့ရောက်လားချိန်သည် နွီခါသားဖြစ်သည်။ နယ်စပ်ချောင်းကား ယင်းလောက်ထိမကြီးပါ။ အေဖက်ကမ်းက လက်ခဲပစ်လျှင် ထိုဖက်ကမ်းသို့ရောက်သည်။ ဘုန်းကြီးကျောင်းမှာ ကားလမ်း၏တောင်ဖက်ခြမ်းတွင်တည်ဟိပြီး ချောင်းမှာ မြောက်ဖက်ခြမ်းတွင်တည်ဟိသည်။ ဘုန်းကြီးကျောင်းမှ လှမ်းကြည့်လျှင် နယ်စပ်ချောင်းကို လှမ်းမြင်ရသည်။ ဘုန်းကြီးကျောင်းမှာ ကားလမ်းမနှင့် ကပ်လျှက်တည်ဟိပြီး ကားလမ်းမကျော်လျှင် လယ်ကွင်းများဟိသည်။ ပြီးလျှင် နယ်စပ်ချောင်းဟိသည်။ အကျွန်ုပ်ရို့က ညတွင်ဘုန်းကြီးကျောင်းကတဆင့် ကားလမ်းမကိုကျော်၍ လယ်ကွင်းပြင်ကိုဖြတ်ပြီး နယ်စပ်ချောင်းကိုကူးဖြတ်ချင်သည်။ သို့သော် ဆရာတော်ကြီးနှင့် ရွာသားများက သဘောမတူ။ (၂၄) နာရီ ကင်းစောင့်ချထားသောကြောင့်ဖြစ်သည်။ အကယ်၍ မိလားပါက ဆရာတော်ကြီးအပါအ၀င် ရွာသားများအားလုံး ဒုက္ခရောက်မည်။ (ဆက်ရန်)
စကားစပ်၍ပြောရလျှင် ရင်ကွာတွင် မရမာအိမ်ခြီအင်တန်များများဟိသည်။ နယ်စပ်ချောင်းနားတလျှောက် ရပ်ကွက်ကြီးများဟိသည်။ အကျွန်ုပ်ရို့မရောက်ခင် ငါးနှစ်အယင်လောက်က မြီပြန့်မှ အခြီချရန်ရောက်ဟိလာသော ကုလားများက ဒေသခံမရမာများအား လူမျိုးရေးအဓိကရုဏ်းဖန်တီးပြီး မောင်းထုတ်လိုက်ကတ်သည်ဟုဆိုသည်။ ပြီးလျှင် မရမာလူမျိုးများပိုင်ဆိုင်သော လယ်မြီများကို အပိုင်သိမ်းယူထားလိုက်သည်။ အိန္ဒိယသို့ထွက်ပြီးလာသော မရမာလူမျိုး (၃၀၀၀) ကျော်အား အိန္ဒိယအစိုးရမှ ဘောင်းကူမြို့တွင် ဒုက္ခသည်စခန်းတည်ဆောက်၍ ကြည့်ရှုစောင့်မထားသည်။ အခြားတဖက်တွင် ပညာတတ်မရမာအမျိုးသမီးများအား သိမ်းပိုက်ထားပြီး မူဆလင်ဇတ်သွင်းထားသည် သာဓကမြောက်များစွာဟိသည်ဟုဆိုသည်။ ထိုသို့ပြုလုပ်ရန် ကုလားဗလီများက ငွေကြီးထောက်ပံကူညီသည်ဟုဆိုသည်။ တနည်းပြောရလျှင် လူမျိုးရေးဝါးမျိုခြင်း (သို့မဟုတ်) တည့်တည့်ပြောရလျှင် (လိင်) နှင့် သာသနာပြုခြင်းဖြစ်သည်။
အကျွန်ုပ်ရို့လည်း ရောက်တုန်းရောက်ခိုက် နယ်စပ်ဖြတ်ကျော်ရန် အခြီနီကို လေ့လာစောင့်ဆိုင်းယင်း ဗဟုသုတအဖြစ် ဖလံထောင်၏မြို့တော်ဖြစ်သော ခါကစရီမြို့သို့ အလည်တခေါက်လားဖြစ်လိုက်ပါသည်။ ခါကစရီတွင် မရမာအိမ်ခြီများများ ရပ်ကွက်များများဟိပါသိမ့်သည်။ သို့သော် မြို့၏သုံးပုံ နှစ်ပုံကိုကား ကုလားများသိမ်းပိုက်ထားပြီးဖြစ်သည်။ အကျွန်ုပ်ရို့တည်းခိုသော ဘုန်းကြီးကျောင်းထိုင်ဆရာတော်မှာ ရဟန်းပျိုတပါးဖြစ်ပြီး ရခိုင်ပြည် မြန်မာပြည်တွင် စာသင်ဖူးကာ အတွေးအခေါ်အမြော်အမြင်ဟိသော ပညာတတ်ရဟန်းတပါးလည်းဖြစ်သည်။ ဖလံသားစကားမှာ ရမ်းဗြဲလီသံပါသည်။ ဗိုလ်မင်းထောင်နှင့် ဖလံထောင်အကြားတွင် သက်ထောင်တခုလုံးကြားခံထားသဖြင့် ဖလံထောင်သည် ဗိုလ်မင်းထောင်နှင့်နှိုင်းစာလျှင် မြီပြန့်ဒေသ ရခိုင်သားများနှင့်ဆက်စပ်မှုပိုနည်းသည်။
ရင်ကွာ၌ အကျွန်ုပ်ရို့တည်းခိုသောကျောင်းတွင် မောင်သျှင်ချေတပါးဟိသည်။ သူက ဘောင်းကူးဒုက္ခသည်စခန်းသို့လားနီကျဖြစ်၍ ကူးဖြတ်ရသည့်နီရာနှင့်အချိန်ကို ကောင်းစွာသိသည်။ ကူးဖြတ်ရသည့်နီရမှာ မြို့၏အရှိမြောက်ဖက် ဒုက္ခသည်စခန်း၏တဖက်ကမ်းဖြစ်သည်။ ဘုန်းကြီးကျောင်းမှ နှစ်မိုင်လောက်ဝီးသည်။ ထိုနီရာသို့မရောက်ခင် ဘင်္ဂလားနယ်ခြားစောင့် BDR စခန်းတခုကိုလည်းဖြတ်ရသည်။ BDR စခန်းအလွန် မရမာရွာတရွာဟိသည်။ အကျွန်ုပ်ရို့အားမီးလျှင် ၄င်းမရမာရွာသို့ ပရိတ်ဟောလားသည်ဟု အကြောင်းပြဖြေသည်။ ၄င်း BDR စခန်းကိုကျော်လွန်ပြီး တောလမ်းဖက်ရောက်သောအခါ ကင်း Post တခုဟိသည်။ ကင်းစောင့်စစ်သား၏ထမင်းစားချိန်ကို အလိုက်ချောင်းရသည်။ ပထမတခေါက် အဆင်မပြေ။ တရက်နှစ်ရက်နားပြီး ဒုတိယတခေါက်ကြိုးစားသည်။ အဆင်မပြေ။ တတိယအခေါက်တွင် အဆင်ပြေသည်။ ကင်းစောင့်စစ်သားမဟိခိုက် ချောင်းကိုပြီးဆင်းရသည်။ နွီခါသားဖြင်သဖြင့် ချောင်းရီမှာ ခါးလောက်ရာနက်သည်။ ရီချိုချောင်းဖြစ်သည်။ ထိုဖက်ကမ်းကူးသည်နှင့် ဒုက္ခသည်စခန်းသို့တန်းရောက်သည်။ ဒုက္ခသည်စခန်းတွင် ဘုန်းကြီးကျောင်းတခုဟိသည်။ ကျောင်းဆိုသော်လည်း သီးသန့်ကျောင်းမဟုတ်၊ ဒုက္ခသည်လိုင်းတန်းနှင့်တွဲလျှက် ဘုန်းကြီးကျောင်းခန်းဖွင့်ထားခြင်းဖြစ်သည်။ သက်ကယ်မိုး ၀ါးခင်းအခန်းသာလျှင်ဖြစ်သည်။
ဒုက္ခသည်စခန်းမှ ဒုက္ခသည်များအား ကြည့်မြင်ရသည်မှာ ကောင်းကောင်းစိတ်ပျက်ဖို့ကောင်းသည်။ အိန္ဒိယအစိုးရကထောက်ပံ့သော မ၀ရေစာဖြင့် ဒုက္ခသည်များမှာ အဟာရချို့တဲ့ ကျမ္မာရီးချို့တဲ့လျှက် အရိုးပေါ်အရီကပ်လျှက်ဟိသည်။ အကျွန်ုပ်ရို့အား လမ်းပြလိုက်ပို့သောမောင်သျှင်ချေက င်္သချိုင်းကုန်းကို လိုက်ပြပါသည်။ တောင်သုံးလုံးအပြည့်၊ မြှုပ်ဖို့နီရာတောင် မကျန်လိုက်ပျာယ်။ ဤပြဿနာအား ကမ္ဘာကလည်း မသိ။ တယောက်ချေလည်း မသိ။ မီးခဲပြာဖုံးဘ၀ဖြင့် အတိဒုက္ခရောက်လျှက်ဟိသည်။ ဘင်္ဂလားဒေခ်ျတွင် ချိတ်ခါဆီးနာ အာဏာရလာသောအခါ မရမာဒုက္ခသည်များပြန်လက်ခံသည်။ သို့သော် သူရို့ပိုင်လယ်မြီများကိုကားပြန်မရ။ ဒုက္ခသည်စခန်းတွင် တရက်နှစ်ရက်နီပြီး ထရိပူရပြည်နယ်မြို့တော် Agatala သို့ ခရီးဆက်ပါသည်။ (ဆက်ရန်)

စကားစပ်၍ပြောရလျှင် ရင်ကွာတွင် မရမာအိမ်ခြီအင်တန်များများဟိသည်။ နယ်စပ်ချောင်းနားတလျှောက် ရပ်ကွက်ကြီးများဟိသည်။ အကျွန်ုပ်ရို့မရောက်ခင်
ငါးနှစ်အယင်လောက်က မြီပြန့်မှ အခြီချရန်ရောက်ဟိလာသော ကုလားများက ဒေသခံမရမာများအား လူမျိုးရေးအဓိကရုဏ်းဖန်တီးပြီး
မောင်းထုတ်လိုက်ကတ်သည်ဟုဆိုသည်။ ပြီးလျှင် မရမာလူမျိုးများပိုင်ဆိုင်သော လယ်မြီများကို အပိုင်သိမ်းယူထားလိုက်သည်။ အိန္ဒိယသို့ထွက်ပြီးလာသော
မရမာလူမျိုး (၃၀၀၀) ကျော်အား အိန္ဒိယအစိုးရမှ ဘောင်းကူမြို့တွင် ဒုက္ခသည်စခန်းတည်ဆောက်၍ ကြည့်ရှုစောင့်မထားသည်။ အခြားတဖက်တွင်
ပညာတတ်မရမာအမျိုးသမီးများအား သိမ်းပိုက်ထားပြီး မူဆလင်ဇတ်သွင်းထားသည် သာဓကမြောက်များစွာဟိသည်ဟုဆိုသည်။ ထိုသို့ပြုလုပ်ရန် ကုလားဗလီများက
ငွေကြီးထောက်ပံကူညီသည်ဟုဆိုသည်။ တနည်းပြောရလျှင် လူမျိုးရေးဝါးမျိုခြင်း (သို့မဟုတ်) တည့်တည့်ပြောရလျှင် (လိင်) နှင့် သာသနာပြုခြင်းဖြစ်သည်။
အကျွန်ုပ်ရို့လည်း ရောက်တုန်းရောက်ခိုက် နယ်စပ်ဖြတ်ကျော်ရန် အခြီနီကို လေ့လာစောင့်ဆိုင်းယင်း ဗဟုသုတအဖြစ် ဖလံထောင်၏မြို့တော်ဖြစ်သော
ခါကစရီမြို့သို့ အလည်တခေါက်လားဖြစ်လိုက်ပါသည်။ ခါကစရီတွင် မရမာအိမ်ခြီများများ ရပ်ကွက်များများဟိပါသိမ့်သည်။ သို့သော် မြို့၏သုံးပုံ နှစ်ပုံကိုကား
ကုလားများသိမ်းပိုက်ထားပြီးဖြစ်သည်။ အကျွန်ုပ်ရို့တည်းခိုသော ဘုန်းကြီးကျောင်းထိုင်ဆရာတော်မှာ ရဟန်းပျိုတပါးဖြစ်ပြီး ရခိုင်ပြည် မြန်မာပြည်တွင် စာသင်ဖူးကာ
အတွေးအခေါ်အမြော်အမြင်ဟိသော ပညာတတ်ရဟန်းတပါးလည်းဖြစ်သည်။ ဖလံသားစကားမှာ ရမ်းဗြဲလီသံပါသည်။ ဗိုလ်မင်းထောင်နှင့် ဖလံထောင်အကြားတွင်
သက်ထောင်တခုလုံးကြားခံထားသဖြင့် ဖလံထောင်သည် ဗိုလ်မင်းထောင်နှင့်နှိုင်းစာလျှင် မြီပြန့်ဒေသ ရခိုင်သားများနှင့်ဆက်စပ်မှုပိုနည်းသည်။
ရင်ကွာ၌ အကျွန်ုပ်ရို့တည်းခိုသောကျောင်းတွင် မောင်သျှင်ချေတပါးဟိသည်။ သူက ဘောင်းကူးဒုက္ခသည်စခန်းသို့လားနီကျဖြစ်၍ ကူးဖြတ်ရသည့်နီရာနှင့်အချိန်ကို
ကောင်းစွာသိသည်။ ကူးဖြတ်ရသည့်နီရမှာ မြို့၏အရှိမြောက်ဖက် ဒုက္ခသည်စခန်း၏တဖက်ကမ်းဖြစ်သည်။ ဘုန်းကြီးကျောင်းမှ နှစ်မိုင်လောက်ဝီးသည်။
ထိုနီရာသို့မရောက်ခင် ဘင်္ဂလားနယ်ခြားစောင့် BDR စခန်းတခုကိုလည်းဖြတ်ရသည်။ BDR စခန်းအလွန် မရမာရွာတရွာဟိသည်။ အကျွန်ုပ်ရို့အားမီးလျှင်
၎င်းမရမာရွာသို့ ပရိတ်ဟောလားသည်ဟု အကြောင်းပြဖြေသည်။ ၄င်း BDR စခန်းကိုကျော်လွန်ပြီး တောလမ်းဖက်ရောက်သောအခါ ကင်း Post တခုဟိသည်။
ကင်းစောင့်စစ်သား၏ထမင်းစားချိန်ကို အလိုက်ချောင်းရသည်။ ပထမတခေါက် အဆင်မပြေ။ တရက်နှစ်ရက်နားပြီး ဒုတိယတခေါက်ကြိုးစားသည်။ အဆင်မပြေ။
တတိယအခေါက်တွင် အဆင်ပြေသည်။ ကင်းစောင့်စစ်သားမဟိခိုက် ချောင်းကိုပြီးဆင်းရသည်။ နွီခါသားဖြင်သဖြင့် ချောင်းရီမှာ ခါးလောက်ရာနက်သည်။
ရီချိုချောင်းဖြစ်သည်။ ထိုဖက်ကမ်းကူးသည်နှင့် ဒုက္ခသည်စခန်းသို့တန်းရောက်သည်။ ဒုက္ခသည်စခန်းတွင် ဘုန်းကြီးကျောင်းတခုဟိသည်။ ကျောင်းဆိုသော်လည်း
သီးသန့်ကျောင်းမဟုတ်၊ ဒုက္ခသည်လိုင်းတန်းနှင့်တွဲလျှက် ဘုန်းကြီးကျောင်းခန်းဖွင့်ထားခြင်းဖြစ်သည်။ သက်ကယ်မိုး ၀ါးခင်းအခန်းသာလျှင်ဖြစ်သည်။
ဒုက္ခသည်စခန်းမှ ဒုက္ခသည်များအား ကြည့်မြင်ရသည်မှာ ကောင်းကောင်းစိတ်ပျက်ဖို့ကောင်းသည်။ အိန္ဒိယအစိုးရကထောက်ပံ့သော မ၀ရေစာဖြင့် ဒုက္ခသည်များမှာ
အဟာရချို့တဲ့ ကျမ္မာရီးချို့တဲ့လျှက် အရိုးပေါ်အရီကပ်လျှက်ဟိသည်။ အကျွန်ုပ်ရို့အား လမ်းပြလိုက်ပို့သောမောင်သျှင်ချေက င်္သချိုင်းကုန်းကို လိုက်ပြပါသည်။
တောင်သုံးလုံးအပြည့်၊ မြှုပ်ဖို့နီရာတောင် မကျန်လိုက်ပျာယ်။ ဤပြဿနာအား ကမ္ဘာကလည်း မသိ။ တယောက်ချေလည်း မသိ။ မီးခဲပြာဖုံးဘ၀ဖြင့်
အတိဒုက္ခရောက်လျှက်ဟိသည်။ ဘင်္ဂလားဒေခ်ျတွင် ချိတ်ခါဆီးနာ အာဏာရလာသောအခါ မရမာဒုက္ခသည်များပြန်လက်ခံသည်။ သို့သော်
သူရို့ပိုင်လယ်မြီများကိုကားပြန်မရ။ ဒုက္ခသည်စခန်းတွင် တရက်နှစ်ရက်နီပြီး ထရိပူရပြည်နယ်မြို့တော် Agatala သို့ ခရီးဆက်ပါသည်။ (ဆက်ရန်)

Monday, January 4, 2016

မြိုတောင်ခရီး

မြိုတောင်ခရီး
=======

အိန္ဒိယဖက်သို့ကူးရန်ကိစ္စသည် လွယ်ကူသောကိစ္စမဟုတ်။ ဘာသာစကားလည်း အခက်အခဲဟိသည်။ ငွေကြီးအားဖြင့်လည်း အခက်အခဲဟိသည်။ နယ်စပ်ကိုလည်းဖြတ်ကျော်ရဦးမည်။ လူအ၀တ်နှင့်ကူးလျှင် လားရလာရ တည်းခိုရ အခက်အခဲပေါင်းများစွာဟိသည်။ ထို့ကြောင့် မောင်သျှင်ဝတ်ဖြင့်ကူးရန် ဆုံးဖြတ်လိုက်သည်။ အကျွန်ုပ်အား မောင်သျှင်ဝတ်ပီးသူမှာ မာလဖုံဆရာတော်သီလ၀ံသဖြစ်သည်။ မာလဖုံဆရာတော်မှာ ရခိုင်ပြည်မှ ကိုယ်တော်ချေတပါးဖြစ်ပြီး ကောင်းကောင်းမျိုးချစ်စိတ်ပြင်းပြသော ဆရာတော်တပါးလည်းဖြစ်သည်။ အိန္ဒိယသို့မကူးခင် မြိုတောင်သို့တခေါက်ရောက်ဖူးချင်သည့်ဆန္ဒဟိသဖြင့် မြိုတောင်သို့တခေါက် ခရီးလားဖြစ်လိုက်ပါသည်။ ၁၉၈၉ ခု နွီခါသားဖြစ်သည်။ အကျွန်ုပ်နှင့်အတူ ကောက်ကဒွန်းသားတယောက် ကျောက်တန်းလမားဖက်က ရခိုင်သားတယောက် စုစုပေါင်းသုံးယောက်ဖြစ်သည်။ ကျောက်တန်းလမားဖက်ကလူမှာ မြိုစကားအနည်းငယ်တတ်သဖြင့် စကားပြန်အဖြစ်လိုက်ပို့ကူညီခြင်းဖြစ်သည်။ ကောက်ကဒွန်းသားလူုမှာ သူလည်းလားရောက်ဖူးချင်သဖြင့် အဖော်ခေါ်ယူလားဖြင်းဖြစ်သည်။ ကောက်ကဒွန်းသားဆိုသဖြင့် လူမျိုးခြားမဟုတ်။ ကောက်ကဒွန်းထောင်သားကို ဆိုလိုခြင်းဖြစ်သည်။ ကောက်ကဒွန်းသားစကားပြောလျှင် လီသံအနည်းငယ်ကွဲသည်ဟုဆိုသည်။ ရခိုင်ဘုရင်မင်းများလက်ထက်က တည်ထောင်ခသော ထောင်များထဲတွင် ကောက်ကဒွန်းထောင်လည်း အပါအ၀င်ဖြစ်သည်။ ကောက်ကဒွန်းထောင်ကား ဗိုလ်မင်းထောင်အပိုင်လား၊ ဖလံထောင်ထဲမှာလား အကျွန်ုပ်အတိအကျမသိ။ ဇလံထောင်ဖက်အပိုင်းဖြစ်မည်ဟု ခန့်မှန်းရသည်။

အကျွန်ုပ်ရို့ မြိုတောင်ခရီးစတင်ထွက်ခွာသည့်ရွာအား အတိအကျမမှတ်မိပါ။ တချောင်းတည်းကို အကြိမ် (၄၄) ကြိမ်ဖြတ်ကျော်ပြီး ညဇာသား မှောင်ခါနီးတွင် လောင်ချာကိုင်း နားပေါက်ကျယ်သက်ရွာသို့ရောက်သည်ကို စမှတ်မိသည်။ ထိုရွာတွင် ရခိုင်သားတယောက်ကို တွိရသည်။ ခြီထောက်တွင် သက်တန့်လိုက်၍ ဖူးရောင်လျှက်ဟိသည်။ အနာမှာ သက်သာလားပြီးဖြစ်သော်လည်း ကောင်းကောင်းလမ်းလျှောက်၍ မရသိမ့် ဒုတ်ထောက်လျှက် လျှောက်နီရသည်။ သက်ရွာသူကြီးက သနားသဖြင့် ပြုစုစောင့်မထားသည်။ အနာမကျက်တကျက်ဖြင့် နွားကျောင်းဆိတ်ကျောင်းအကူလုပ်ပီးသည်။ ၄င်းနားပေါက်ကျယ်သက်ရွာတွင် အကျွန်ုပ်ရို့ တညအိပ်သည်။ နောက်နိတွင် ၄င်းလောင်ချာကိုင်းသက်ရွာနှင့် ကောင်းကောင်းမ၀ီးသော ပထမဆုံးမြိုရွာသို့ ခရီးစတင်သည်။ ၄င်းမြိုရွာသည် မြီပြန့်မြိုရွာဖြစ်သည်။ သက်ရခိုင်ရွာများနှင့်နီးစပ်သဖြင့် ရွာသားများအားလုံး အ၀တ်အစားဝတ်သည်။ သို့သော် ထူးခြားသည်မှာ အကျွန်ုပ်ရို့ရွာသို့ရောက်ပြီးအများမကြာ အသက် (၁၉) နှစ်ခန့် လူရွယ်တဦးအကျွန်ုပ်ရို့အား လာတွိသည်။ အ၀တ်အစားမပါ လင်းကဲတုံးလုံးဖြစ်သည်။ ပဇာကြောင့် အ၀တ်မ၀တ်လဲဟုမီးသော် အ၀တ်ဝတ်လျှင်ယားသဖြင့် မ၀တ်ခြင်းဖြစ်သည်ဟုဆိုသည်။ မှတ်မှတ်ရရပြောပြသည်မှာ ဆရာမမြရာဇာလင်းရို့ လောင်ချာကိုင်းစခန်းတွင်နီထိုင်စဉ်ကာလ ဤရွာသို့လည်ပတ်စဉ် ဤလူရွယ်ကပင် လားတွိသည်ဟုဆိုသည်။ ရွာသူကြီးအိမ်ထက် ပါတီလူကြီးများရှိတွင် လူရွယ်က လင်းကဲတုံးလုံးပေါက်ချလာသဖြင့် ဆရာမမြရာဇာလင်းက အရှက်မွှမ်ပြီး ဆရာ အကျွန်မျက်နှာ ဇာနားမှာ ထားရဖို့လဲမသိယာဟုဆိုကြောင်း ပြောပြ၍သိရသည်။

၎င်းရွာတွင် မိုးထထမင်းစားသည်။ ပြီးနောက် နောက်တရွာသို့ ခရီးထွက်ခွာသည်။ ယင်းလင်းကဲတုံးလုံးလူရွယ်ကပင်လျှင် လမ်းပြလိုက်ပီးပါသည်။ ဒုတိယရွာမှာ တောင်ပေါ်ရွာဖြစ်သည်။ နာရီဝက် တနာရီခန့်တောင်တက်ပြီးနောက် ဒုတိယမြောက်ရွာသို့ရောက်သည်။ ရွာထိပ်တွက် မြိုမချေသုံးယောက်ဆန်ဖွတ်နီသည်။ လင်းကဲတုံးလုံးလူရွယ်ကိုမြင်သဖြင့် ပါးစကိုလက်ဝါးအုပ်၍ ရှက်ရှက်ဖြင့် ကြိတ်ရယ်ကတ်ပါသည်။ လူရွယ်ကား ရိုးနီပြီးဖြစ်သဖြင့် မျက်နှာအမူရာပျက်သည်ကိုပင် မတွိရ။ ၄င်းရွာမှ ဆက်လားရာ ညဇာသားတတိယမြောက် မြိုရွာသို့ရောက်သည်။ ၄င်းရွာတွင် ဘင်္ဂလီကုလားလူမျိုးတယောက် ၀ါးခွတ်လျှက်တွိရသည်။ တယောက်တည်းကား လားရဲမည်မဟုတ် တခြားအဖော်အပေါင်းလည်းပါမည်ဟု ခန့်မှန်းရသည်။ ရွာသူကြီးအိမ်တွင်တညအိပ်သည်။ နွီခါသားဖြစ်သော်လည်း ညဇာသားတွင်ချမ်းသဖြင့် မီးလှုံရသည်။ ရွာသူကြီး၏သမီးမှာ အသက် (၁၉) နှစ်ခန့်အရွယ် အသားညိုညို ၀၀တုတ်တုတ် သန်သန်မာမာဖြစ်သည်။ အပေါ်ပိုင်းင်္အကျီမ၀တ်၊ သဘာဝအတိုင်းဖြစ်သည်။ အိမ်ထောင်ကျပြီးဖြစ်မည်ဟု ခန့်မှန်းရသည်။ ရင်လုံးထွားထွားကြီး လှတုံးပတုံးဖြစ်သည်။ သို့သော် လင်ယောက်ျားကိုကားမမြင်။ အပျိုမလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ထိုရွာတွင် တညအိမ်ပြီး နောက်နိမိုးလင်း တခြားတရွာသို့ ခရီးဆက်သည်။ ၄င်းရွာမှာ တောင်အလွန်မြင့်သည်။ နီပူတောက်တောက် တမွန်းတည့်တောင်တက်ရသည်။ ချွေးတဖြောက်ဖြောက်ကျသည်။ နိခြင်းနှစ်ချက်တီးကျော်လောက်မှာ ရွာသို့ရောက်သည်။ လမ်းခရီးတွင် နားတွင်ကြက်မောက်ပန်းအနီပန်လျှက် ယောင်ထုံးလျှက် မြိုလူပျိုများကိုလည်း တွိရသည်။ မြိုတောင်ခရီးလမ်းတလျှောက်တွင် ကြားစီကြားစပ် မြုံရွာများလည်းဟိသည်။ မြုံမများမှာ မြိုလူမျိုးများနှင့်မတူ ထပိန်ရှည်ရှည်ဒူးဆစ်လောက်ဝတ်သည်။ အပေါ်ပိုင်းင်္အကျီလည်းဝတ်သည်။ မြိုမများမှာ အပေါ်ပိုင်းင်္အကျီမ၀တ်။ ထပိန်လည်း တထွာလောက် ပေါင်ရင်းအထိရာ ၀တ်သည်။ မြုံလူမျိုးများမှာ ခရစ်ယာန်ဘာသာကိုးကွယ်သည်ဟုဆိုသည်။ အကျွန်ုပ်ရို့ကား မြုံရွာများ၌မတည်း မြိုရွာများ၌သာ တည်းခိုသည်။ ဆက်ပြောရလျှင် ၄င်းတောင်ပေါ်မြိုရွာသို့ နိခြင်း (၂) ချက်တီးလောက်တွင်ရောက်သည်။ အိမ်တအိမ်တွင် ခေတ္တနားပြီး နိခြင်းထမင်းချက်စားသည်။ အာဂန္ဓုများရောက်သဖြင့် အိမ်သားက အထူးကြပ်တိုက်တားသော ၀က်သားဟင်းဖြင့် အကျွန်ုပ်ရို့အားချက်ကျွေးသည်။ နွီခါသား တောင်ယာရိပ်သိမ်းပြီးခါစဖြစ်သဖြင့် အစားရိက္ခာပေါသည်။ တောင်ယာထမင်းကား ကောက်ညှင်းပေါင်းစားရသကဲ့သို့ အသားလွတ် လက်ခကျည်းစားသော်လည်း ကောင်းကောင်းစား၍ကောင်းပါသည်။ ၄င်းရွာတွင် နိခြင်းထမင်းစားပြီးနောက် နောက်တရွာမှာ တောင်အောက်ရွာဖြစ်သဖြင့် တောင်ဆင်းရပါသည်။ ညဇာသား မိုးမချုပ်ခင်ရွာသို့ရောက်သည်။ ရွာသည် တောင်ကျိုင်ကြားတွင်ဟိသည်။ နီကောင်းကောင်းမထိုး။ ခြီမျက်စိသာသာ မြောင်ချောင်းကိုဖြတ်ပြီး ရွာသို့ရောက်သည်။ ထိုရွာတွင် ညအိပ်ညစာစားသည်။ တရီးအိပ်၍ တရီးနိုးသောအခါ အကျွန်ုပ်၏၀မ်း ဖူးရောင်လာသည်။ ၀မ်းကြင့်ပြီး ၀မ်းဒရဟောလားသည်။ တောင်မြင့်ရွာ၌် နီပူတောက်တောက် နိခြင်းထမင်းကို ၀က်သားကြပ်တိုက်နှင့် စားခရသောကြောင့်ဖြစ်သည်။

အစပိုင်းတွင် တောလားထိုင်ပါသည်။ နောက်ပိုင် မနိုင်၍ အိမ်သားများကိုပြောပြီး အိမ်တန်းပျင်းက ယိုချရသည်။ ၀မ်းလားသည်မှာ သံစည်ပုံးဖြင့် ရီကိုသွန်ချသည့်အလား တဟူးဟူးဆင်းသည်။ ဤပြဿနာကို အကျွန်ုပ်ရို့ တင်ကြို၍ မစဉ်းစားမိခ။ ယူလာခသည့်ဆီးဝါးများမှာလည်း ပါရာစီတာမော့ ဆီးပြားများရာဖြစ်သည်။ အကျွန်ုပ်စိတ်ထဲတွင် လားယာဟု အဆုံးချလိုက်မိသည်။

ကံကောင်းသည်မှာ အကျွန်ုပ်နှင့်အတူပါလာသော ကောက်ကဒွန်းသားမှာ ဆီးအကြောင်းအနည်းငယ်နားလည်သည်။ သစ်ကြုံးပင်၏အခေါက်ကို အရည်ကြိုသောက်လျှင်ကောင်းသည်ဆို၍ သစ်ကြုံးပင်အခေါက်ကိုလှီး၍ အရည်ကြိုသောက်ရာ အခွက်တည်းနှင့်ချက်ချင်းပျောက်သည်။ သစ်ခေါက်ကိုကြိုလိုက်သည်နှင့် အရောင်မှာ အဖန်ရည်ကျက်ကျက်ကဲ့သို့ အနီနက်နက်အရောင်ထွက်သည်။ သစ်ကြုံးပင်မှာ သစ်ပင်ကြီးမျိုးဖြစ်၍ အရွက်မှာ ဧကရာဇ်ပင် တမာပင်များကဲ့သို့ အရွက်ချွန်းချွန်းဖြစ်သည်။ မြိုစကားဖြင့် ဖာပိုင်ခေါ်ရေလဲမီးကြည့်သောအခါ မောင်ပြန်ပင်ဟုခေါ်ကြောင်းပြောသည်။ အကျွန်ုပ်၏အသက်ကို ကယ်သောအပင်ဖြစ်၍ “သစ်ကြုံး” “မောင်ပြန်” နာမည်ကို အခုထက်ထိ မှတ်မိနီပါသိမ့်သည်။ တောထဲ၌ တော်လှန်ရီးလုပ်နီသော တော်လှန်ရီးရဲဖော်များလည်း ဤသို့ မမျှော်လင့်ဘဲ အခက်ကြုံနိုင်သဖြင့် ဤအပိုဒ် မမိကျန်ရအောင် တကူးတကအတွက်ဖော်၍ ဖော်ပြလိုက်ရခြင်းဖြစ်သည်။

မြိုတောင်ခရီးတွင် ရွာပေါင်းနှစ်ဆယ်ခန့် ခရီးလားခပါသည်။ ရွာစဉ်များကိုကား အစဉ်သင့် မမှတ်မိလိုက်ပါယာ။ ထူးခြားသည့် မှတ်မိသည့် ရွာစဉ်များကို ချရွီးပါမည်။ မစီစဉ်မကျနိုင်ပါ။ တခြားတရွာတွင်ဖြစ်သည်။ မိသားတစု ရွာနှင့်အ၀ီး သီးသန့်နီပါသည်။ တောင်ယာခင်းလည်းဖြစ်နိုင်သည်။ အမိသည်မှာ တနှစ်သားအချေကိုပိုးလျှက် နီမကောင်းဖျားသည်ဟုပြော၍ ဆီးပါရေလား တောင်းပါသည်။ ငှက်ဖျားဖြစ်မည်ဟုခန့်မှန်းရသည်။ သို့သော် အကျွန်ုပ်ရို့လက်ထဲ၌ ငှက်ဖျားဆီးပါမလာ။ ပါလာသော ပါရာစီတာမော့ သုံးလေးပြားခန့်ကို ချပီးလိုက်သည်။ နောက်နိမိုးလင်း အဖျားသက်သာယင့်လားမီးသောအခါ သက်သာရေဟုပြောသည်။ အဖိုးသည်မှာ ဗုဒ္ဓဘာသာမြိုလူကြီးဖြစ်သည်။ အကျွန်ုပ်ကား ဘုန်းကြီးဝတ်နှင့်ဖြစ်၍ အကျွန်ုပ်အား မြီးချေနာမည်ပီးပါဆို၍ “အောင်သာဖြူ” ဟု ရခိုင်နာမည်ပီးလိုက်သည်။

စကားဆက်၍ပြောရလျှင် ထိုစဉ်က မြိုရွာများမှာ နှစ်ခြမ်းကွဲလျှက်ဟိသည်။ တခြမ်းက ဗုဒ္ဓဘာသာ မိရိုးဖလာနတ်ကိုးကွယ်သူများဖြစ်ပြီး နောက်တခြမ်းမှာ (မေလေး မေလုံး) ဂိုဏ်းဖြစ်သည်။ (မေလေး မေလုံး) ဂိုဏ်းမှာ အသစ်ပေါ်သော ဂိုဏ်းဖြစ်သည်။ ဗုဒ္ဓဘာသာ မိရိုးဖလာကိုးကွယ်သူများက နှစ်သစ်ကူးတွင် နွားသတ်လေ့ဟိသည်။ နွားဈီးက ခေါင်ခိုက်လာသဖြင့် မတတ်နိုင်၍ (မေလေး မေလုံး) ဂိုဏ်းသားများက ဘာသာသစ်ထွင်ခြင်းဖြစ်သည်ဟုဆိုသည်။ (မေလေး မေလုံး) ဇာပိုင်လဲ မီးကြည့်သောအခါ (မေလေး မေလုံး) မှာ ညီအစ်ကိုဖြစ်ကြောင်း။ မေလေးမှာ ပိန်ပန်ပါးပါးဖြစ်ပြီး တာဝတိံသာနတ်ပြည်၌ ဥပုသ်စောင့်ပြီး ပြန်လာသည်။ ဥပုသ်စောင့်ခသောနီရာမှာ ကောင်းကောင်းချမ်းအီးသဖြင့် သံချောင်းတောင် ကွေးကောက်သည်ဟုဆိုသည်။

(မေလေး မေလုံး) ရွာများကို မ၀င်မိဖို့ သတိပီးပြောဆိုကတ်ပါသည်။ (မေလေး မေလုံး) ဂိုဏ်းသားများက တောင်ယာခွတ်သည်ကိုလည်း တားမြစ်သည်။ ၀ါးခွတ်စားသည်ဟုဆိုသည်။ နောက်ပိုင်း တောင်ယာမလုပ်သဖြင့် အစားရိက္ခာအခက်အခဲကြုံရသည်ဟုပြောပါသည်။ ယခုအချိန်ထိ (မေလေး မေလုံး) ဂိုဏ်း ဟိသိမ့်ရေလားဆိုသည်ကို အတိအကျမသိပါ။ ရွာတရွာတွင် (မေလေး မေလုံး) ဂိုဏ်းသားများနှင့် ဗုဒ္ဓဘာသာရွာသားများ တခြမ်းစီခွဲ၍ တရွာတည်းအတူနီကတ်ပါသည်။ (မေလေး မေလုံး) ဂိုဏ်းသားများက စာလည်းထွင်ထားသည်။ အဂ်လိပ်အက္ခရာလည်းမဟုတ်ပါ။ ကိုယ်ပိုင်အက္ခရာဖြင့် တီထွင်ထားခြင်းဖြစ်သည်။ (မေလေး မေလုံး) ဂိုဏ်းသားများ၏အိမ်ဝင်ဝတွင် စာတမ်းချိတ်ဆွဲထားသည်။ မြိုဘာသာစကားဖြင့် ဘုရားဝတ်ပြု ရွတ်ဖတ်သံများကိုလည်း ကိုယ်တိုင်ကြားခရသည်။ အဓိပ္ပါယ် ဇာလဲဆိုသည်ကိုကား မမီးဖြစ်ခပါ။ စကားစပ်မိ၍ပြောရလျှင် ရွာတရွာတွင် တောင်ယာခွတ်ထားသည့်သစ်ပင်ကြီးတပင်မှာ လူလေးငါးယောက်ဖက် ဆင်တထိုင်စာကြီးသည်။ တောင်ယာမီးတိုက်ထားသဖြင့် တခြမ်း မဲတူးပြီး မီးလောင်ထားသည်။ ၄င်းသစ်ပင်ကိုကြည့်ပြီး နှမြိုးစိတ်ဖြင့် ငိုချင်စိတ်တောင်ပေါက်သည်။ (မေလေး မေလုံး) ဂိုဏ်းသားများက သစ်တောများပြုန်းတီးခြင်း (သို့မဟုတ်) အတည်တကျရွာထောင်လိုခြင်းကြောင့်လည်းကောင်း တောင်ယာခွတ်သည်ကို တားမြစ်ခြင်းဖြစ်နိုင်သည်။

နောက်တခု ထူးခြားသည်မှာ နောင်ရိုးကိုဖြတ်ကျော်ခြင်းဖြစ်သည်။ နောင်ရိုးမှာ မြိုတောင်တွင် အမြင့်ဆုံးတောင်ဖြစ်သည်။ နောင်ရိုးကိုဖြတ်ကျော်သောအခါ ချောက်ကမ်းပါး၌ ခြီတဖ၀ါးစာ ကျောက်ထရံကို လက်ဝါးနှစ်ဖက်ဖြင့်တွယ်ကပ်ပြီး ဖြတ်ရသည်။ အောက်တွင် အလျှူတရာနက်သောချောက်ဟိသည်။ အောက်သို့ မကြည့်မိဖို့ သတိပီးပါသည်။ ကျောက်ထရံကို လက်ဝါးကပ်လျှက် ခြီတဖ၀ါးချင်း ဘယ်မှညာသို့ ရွှိပြီး ပေ (၅၀) ခန့် ဖြတ်ရသည်။ အထုပ်အပိုးဖြင့်မဖြတ်ဝန့်သဖြင့် အထုပ်အပိုးများကို ရွာသားများကိုသယ်ခိုင်းသည်။ အောက်ကို ငုံ့မကြည့်ကဲ့ဆိုလျှင် ကြည့်ချင်စိတ်က ပိုဖြစ်လာသည်။ လက်ဝါးနှစ်ဖက်ကို ကျောက်ထရံ၌ကပ်လျှက် ခေတ္တရပ်ပြီး ချောက်အောက်ဖက်သို့ တချက်စောင်းကြည့်မိသည်။ သို့သော် အသဲယားလာသဖြင့် ချက်ချင်းမျက်နှာလွှဲလိုက်ရသည်။ ရွာသားများမှာ အထုပ်အပိုးများဖြင့် တမိနိတောင်မကြာဖြတ်ကျော်ပြီးလားသည်။ အကျွန်ုပ်ကား ငါးမိနိခန့်ကြာသည်။ ၄င်းချောက်ကမ်းပါးကို မဖြတ်ဘဲ တောင်ကြောင်းအတိုင်းကျော်ဖြတ်လျှင် တမွန်းတည့်စာခရီး ပိုကြာသည်ဟုဆိုသည်။

ချောက်ကမ်းပါးကိုဖြတ်ပြီးသည်နှင့်ချက်ချင်း ၀ါးလှီကားဖြင့် ချောက်အောက်သို့ဆင်းရသည်။ ၀ါးလှီကားမှာလည်း (၉၀ံ) မတ်စောက်သဖြင့် အသဲယား၍ ကြောက်ဖို့ကောင်းသည်။ ၀ါးလှီကားဖြင့်ဆင်းလိုက် ခြီကျင်လျှောက်လိုက် သုံးလေးခါဆင်းပြီးခါမှ ချောက်ကမ်းပါးအောက်သို့ရောက်သည်။ ၄င်းနောင်ရိုး ချောက်ကမ်းပါးကိုဖြတ်ကျော်ပြီး ရွာနှစ်ရွာသုံးရွာခန့်ဆက်လားပြီးမှ အကျွန်ုပ်ရို့နောက်ကြောင်းပြန်လှည့်ရန်ဆုံးဖြတ်လိုက်သည်။ ဆက်လားမည်ဆိုသော် နောက်ထပ် မြိုရွာအများကြီးကျန်သိမ့်ရေဟု ပြောသည်။ အပြန်ခရီးတွင်လည်း လာစဉ်က ဆင်းခရသော လှီကားထစ်များကို ပြန်တက်ရသည်။ လာစဉ်ကဖြတ်ခရသော ချောက်ကမ်းပါးကို ပြန်ဖြတ်ရသည်။ အပြန်ခရီးတွင် အကျွန်ုပ်ရို့နှင့်အတူ မြိုမချေ သုံးယောက်လောက်ပါသည်။ ပယိုင့်တောင်းကိုယ်စီနှင့်ဖြစ်သည်။ သူရို့ကား လားနီကျဖြတ်နီကျဖြစ်၍ ထူးခြားမှုတစုံတရာမဟိ။ အီးအီးသက်သာဖြတ်ကျော်လားကတ်ပါသည်။

နောက်ရိုးကိုနောက်တခေါက်ပြန်ဖြတ်ပြီး နောက်ရွာတရွာတွင် တညအိပ်သည်။ ကောက်သိမ်းပြီးစဖြစ်သဖြင့် ရွာသားများ ၀ိုင်းဖွဲ့အရက်သောက်လျှက် ပျော်ပါးလျှက်ဟိသည်။ အကျွန်ုပ်ရို့ညအိပ်သောအိမ်တွင် (၁၈) နှစ် (၁၆) နှစ် (၁၄) နှစ်အရွယ် သမီးသုံးယောက်ဟိသည်။ အားလုံးသူမှာ အသားဖြူဖြူဝင်းဝင်းဖြစ်သည်။ အပေါ်ပိုင်းင်္အကျီဝတ်မထား။ သဘာဝအတိုင်းဖြစ်သည်။ လှအားကြီး၍ စိတ်ကိုမနည်းထိမ်းထားရသည်။ အကြီးဆုံးသမီးမှာ အိမ်ထောင်ကျပြီးသားဖြစ်မည်ဟု ခန့်မှန်းရသည်။

အပြန်တွင် အကျွန်ုပ်ရို့ ကျောက်တန်းလမားဖက်ကဆင်းပါသည်။ လမားချောင်းကိုဖြတ်ရသည်။ ရီမှာ ဒူးလောက်နက်သည်။ ချောင်းတလျှောက်တွင် ၀ါးဖောင်များနှင့် ယာယီတဲများကို အများအပြားတွိခရသည်။ ချောင်းဖျားပိုင်းမြီပြန့်မြိုရွာတရွာတွင် တညအိပ်သည်။ ၄င်းမြိုရွာထဲတွင် ရခိုင်သားအိမ်တအိမ်တွိရသည်။ သမီးသည်မှာ အပျိုပေါက်ချေဖြစ်နီပြီးဖြစ်သည်။ အမိသည်ကိုကား မမြင်ခရ။ အစ်ကိုအေးမောင်အသတ်ခံရသည်မှာ ဤချောင်းဖျားဒေသဖြစ်မည်ဟု ခန့်မှန်းရသည်။

အချုပ်ဆိုရလျှင် မြိုလူမျိုးများသည် လူမျိုးကြီးများဖြစ်သည်။ ဆရာထွန်းရွှေခိုင်၏ဆောင်းပါးတပုဒ်တွင် မြိုလူမျိုးများမှာ ထိုင်း လာအို ကမ္ဘောဒီးယားဖက်တွင်လည်း ပြန့်ကြဲလျှက်ဟိကြောင်းဖတ်ဖူးသည်။ နောက် Discovery တွင် ထိုင်းစကားပြောတတ်သော မြိုလူမျိုးများကို မြင်တွိဖူးသည်။ မြိုလူမျိုးများသုံးသော ညှင်းပုလီမှာ ၀ါးပုလီများကို အတိုအရှည်စီတန်း၍ပြုလုပ်ထားသော ဒူရိယာတမျိုးဖြစ်သည်။ ထိုထိုင်းစကားပြောတတ်သော လူမျိုးစုမှာလည်း မြိုလူမျိုးများကဲ့သို့ ညှင်းပုလီဒူရိယာပြုလုပ်ပုံချင်းတူညီသည်။ ဆရာထွန်းရွှေခိုင်၏ဆောင်းပါးကိုထောက်၍လည်းကောင်း မြိုလူမျိုးများတီးမှုတ်သည့် ညှင်းပုလီကိုထောက်၍လည်းကောင်း ထိုထိုင်းစကားပြောတတ်သောမျိုးနွယ်စုမှာ မြိုလူမျိုးများဖြစ်နိုင်ကြောင်းခန့်မှန်းရပါသည်။ ဆက်လက်၍ သုတေသနပြုဖော်ထုတ်သင့်သည်။

Saturday, January 2, 2016

ဟာရဘင်းသို့

ဟာရဘင်းသို့
==========

ကျွန်တော်နှင့် ခိုင်မြတ်ကျော် (ယခု နရိဉ္စရာသတင်း အယ်ဒီတာချုပ်) ရွာတော်ပရဟိတဆရာတော် ဦးဝါယမိန္ဒရောက်နီသည်ဟုသတင်းကြား၍ ဖလောင်းချိတ်ျေကျာင်းကြီးကျောင်းသို့လားတွိဖြစ်ပါသည်။ သို့သော် ဆရာတော်မှာ ရွာတော်ပရဟိတဆရာတော်မဟုတ်ပဲ ဟာရဘင်းပရဟိတဆရာတော် ဦးရာဇိန္ဒဖြစ်နီပါသည်။ လူမှားပြီးရောက်လားသော်လည်း (၈၈) အရေးအခင်းနှင့်ထွက်ပြီးပါလတ်သော ကျောင်းသားများဖြစ်၍ ဆရာတော်က အကျွန်ုပ်ရို့နှစ်ယောက်အား သူ၏ဘုန်းတော်ကြီးကျောင်းတွင်နီထိုင်ရန်ခေါ်ယူလားပါသည်။ ၁၉၈၉ ခု နှောင်းပိုင်းလောက်ဖြစ်မည်ဟု ခန့်မှန်းရပါသည်။ ဟာရဘင်းရွာသည် ဗိုလ်ချင်းပြန်ရို့ အနောက်ဘင်္ဂလားသို့ ထွက်ပြီးတိမ်းယှောင်လာစဉ်က တည်ခသောရွာဖြစ်ပါသည်။ ဗိုလ်ရာဇာစစ်ကြောင်းနှင့်အတူလိုက်ပါလာသော ဗိုလ်မှုးကြီးကြာဖြူအောင်လည်း ဤရွာတွင် အပျိုကြီးမငွေစိန်နှင့်အိမ်ထောင်ကျပါသည်။ မငွေစိန်နှင့် နားဖောက်ပီးသူမှာ ကိုအောင်ကျော်သိန်း (မင်းပြား) ဖြစ်သည်။ ယခု ပြည်ထဲသို့ ပြန်ဝင်လားပြီးဖြစ်သည်။ ဆီးချိုရောဂါဖြင့်ကွယ်လွန်ချိန်မှာလည်း ဤရွာ၌ပင် ကွယ်လွန်လားပါသည်။ ဆရာတော်၏ကျောင်းတွင် ယခင် AIO အတွင်းရေးမှုးဟောင်း မောင်သျှင်ကြီးစိန်လှမောင်လည်း နီထိုင်လျှက်ဟိသည်။ မောင်သျှင်ကြီးသည် ဗကပမှ အမျိုးသားရေးလိုင်းသို့ ဦးစွာပထမ ကူးပြောင်းလာသော အတွေးအခေါ်အမြောအမြင်ဟိသော ခေါင်းဆောင်တဦးဖြစ်သည်။ အကျွန်ုပ်ရို့ရောက်လားချိန်၌ပင် အသက် (၇၀) ကျော်နီပြီးဖြစ်သည်။ မောင်သျှင်ကြီး ဟာရဘင်းပရဟိတကျောင်း၌ဟိစဉ်ပင်လျှင် ထောင်တည်မော်ကွန်းကို မောင်သျှင်ကြီးကျော်မြသာလက်ထဲသို့ မူပွားတစောင်ပီးထားနိုင်ခပါသည်။ မောင်သျှင်ကြီးလက်ထဲ၌ ရမ်းဗြဲတောင်ကျောင်းဆရာတော်ရွီးသော ရခိုင်ရာဇ၀င်သစ်ကျမ်း ဒုတိယတွဲလည်းဟိသည်။ ဗိုလ်ချင်းပြန်တော်လှန်ရေး အင်တန်များများအသေးစိတ်ပါသည်။ ဗိုလ်ချင်းပြန်တော်လှန်ရေးအကျဉ်းချုပ်ကို အကျွန်ုပ်က လက်ရွီးဖြင့်ကောက်နှုတ်၍ အိန္ဒိယသို့လားသောအခါ ကော်ပီကူးယူလားပါသည်။ နောင်အခါ ရခိုင်တော်လှန်ရေးနိဒါန်းခေါင်းစဉ်တပ်လျှက် ရခိုင်ကျောင်းသားများကွန်ကရက် (ASC)  (အိန္ဒိယ) နာမည်ဖြင့် Type ရိုက်ပြီး ဖြန့်ဝီခပါသည်။ အိန္ဒိယခရီးစဉ်အကြောင်းကို နောက်မှ ဆက်ရွီးပါမည်။ ယခုလောလောဆယ်တွင် ဟာရဘင်းအကြောင်းအနည်းငယ် ဆက်ရွီးပါဦးမည်။

ဟာရဘင်းပရဟိတကျောင်းမှာ ဟာရဘင်းရွာ၏တောင်ဖက်ခြမ်းတွင်ဟိသည်။ ရွာနှင့်ဘုန်းကြီးကျောင်းအကြား ချောင်းချေတခုဟိသည်။ ချောင်းဆိုသော်လည်း ယင်းလောက်မကြီးပါ၊ မြောင်သာသာရာဟိသည်။ ရီချိုချောင်းဖြစ်သဖြင့် ရွာသားများအတွက် ရီချိုး အ၀တ်ဖွတ် ကောင်းကောင်းအသုံးကျသည်။ ချောင်းတလျှောက် ကြခတ်ဝါးပင်များစိုက်ပျိုးထားသဖြင့် အရိပ်မြိုင်ပြီး စိမ်းလမ်းစိုပြေဟိသည်။ ၄င်းချောင်းကိုကျော်၍ ကိုက်တရာလောက်တောင်မ၀ီး တမိနစ်ခန့်လမ်းလျှောက်လားလျှင် ဘုန်းကြီးကျောင်းသို့ရောက်သည်။ ဘုန်းကြီးကျောင်းမှာ ရွာဖက်မြောက်ဖက်သို့မျက်နှာမူလျှက် ပရဟိတကျောင်းဆောင်မှာ ဘုန်းကြီးကျောင်းနှင့်ရှိဆိုင် ရွာကိုနောက်ခိုင်းလျှက် မြီထိုင်သံဖြူမိုး ပေတရာခန့် ရှည်လျားလျားအဆောက်အဦးဖြစ်သည်။ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းဆောင်အကြားတွင် ကွင်းပြင်ကျယ်ဟိသည်။ ၄င်းကွင်းပြင်တွင် မိုးထစောစောကျောင်းဖွင့်တိုင်း ရခိုင်နိုင်ငံတော်တေးခြင်းကို ဆိုသည်။ ရခိုင်နိုင်ငံတော်တေးခြင်းအဖြစ် "ရက္ခပူရိ" တေးခြင်းကို သတ်မှတ်ထားသည်။ ကျောင်သူကျောင်းသား (၇၀) ကျော်ခန့်ဟိသည်။ စစ်တကောင်းတောင်တန်းနယ်အ၀ှမ်းမှ ဆင်းရဲသူဆင်းရဲသား ကျောင်းအိပ်ကျောင်းစားအချေသူငယ် (၂၀) ကျော်ခန့်ဟိသည်။ ကျောင်းသားအများစုမှာ ရွာကလာတက်သည်က များသည်။ ပရဟိတကျောင်းမှာ (World Vision) အကူအညီဖြင့်ဆောင်လုပ်ထားသောကျောင်းဖြစ်သည်။ မြန်မာပြည်တွင် ယခုအချိန်၌ (World Vision) ရောက်လျှက်ဟိသည် မဟိသည်ကိုကား အတိအကျမသိ။

 ဗကဗမှ ထွက်လာသူ ဆီးမှုးသိန်းထွန်းအောင်ရို့သားအဖလည်း ရွာ၌နီသည်။ ကိုသိန်းထွန်းအောင်မှာ ပရဟိတကျောင်း၌ ကျမ္မာရီးမှုးအဖြစ်အလုပ်ရ၍ လစ၀င်ငွေရသည်။ ရမလပဥက္ကဌအဖိုးမောင်စိန်ညွန်၏သားလည်း ပရဟိတကျောင်း၌နီသည်။ ဘင်္ဂလားဆယ်တန်းအောင်ဖို့ကြိုးစားသော်လည်း မအောင်နိုင်ဖြစ်နီသည်။ ဘင်္ဂလီဘာသာစကား၌ အားနည်းသောကြောင့်ဖြစ်သည်။ ပရဟိတကျောင်းတွင် စေတနာပေါက်ဆရာအဖြစ် အချေများအား စာသင်ပီးသည်။ ယခုနောက်ပိုင်း လုံးဝသတင်းမကြားလီပျာယ်။ အဆက်အသွယ်အားလုံးပြတ်တောက်လားသည်။ နောက် ဆံဖြူမောင်ချစ်လည်း ရွာ၌နီသည်။ ကိုမောင်ချစ်မှာ အရေးအခင်းကြောင့် စစ်တွေမှထွက်ပြီးလာသူဖြစ်ပြီး ရွာ၌ဆွီမျိုးများဟိသဖြင့် ဆွီမျိုးများအိမ်၌နီသည်။ ရခိုင့်တော်လှန်ရီးအဖွဲ့အစည်းများကို အယုံအကြည်မဟိသဖြင့် တော်လှန်ရီး နိုင်ငံရီးနှင့် ကင်းကင်းယှင်းယှင်းနီသည်။ နောက်ပိုင်း ဒက္ကသို့လားရောက်၍ ဆီးဆိုးပန်းရိုက်လုပ်ကိုင်သည်။ အစပိုင်း စီးပွားရီးလုံးဝ အဆင်မပြေ။ ယခု အိမ်ထောင်ကျလျှက် စီးပွားရီးလည်းတည်ငြိမ်လားပြီးဖြစ်ကြောင်းကြားသိရသည်။ နောက်တယောက်မှာ (AIO) ရဲဖော်ဟောင်း ကိုစောထွန်း အိန္ဒိယနိုင်ငံ အန္ဒမန်ကျွန်း၌ ဗိုလ်ရာဇာရို့နှင့်အတူ လုပ်ကြံသတ်ဖြတ်ခြင်းခံရသူဖြစ်သည်။  ကိုစောထွန်းလည်း ဟာရဘင်းရွာထဲ၌နီသည်။ ကိုစောထွန်းမှာ မြောက်ဦးမြို့ မြက်ရိပ်ကျွန်းတဖက်ကမ်း ပန်းမြောင်းဇာတိဖြစ်သည်။

ဟာရဘင်းရွာသည် အယင် အိမ်ခေါင်ပေါ် တထောင်ကျော်ဟိသော ရွာကြီးတရွာဖြစ်သည်။ နောက်ပိုင်း ကုလားလူဦးရွီများလာသဖြင့် ရခိုင်ပြည်ဖက်သို့ ပြောင်းရွှိလားခကတ်သဖြင့် ယခုအခါ အိမ်ခြီ (၂၀၀) ခန့်ရာ ကျန်လိုက်ပြီးဖြစ်သည်။ သို့သော် ဘုန်းကြီးကျောင်းကား ခြောက်ကျောင်း။ ပရဟိကျောင်းနှင့် လက်ဝဲဖက်ကပ်ရပ် တခြားတောင်ကုန်းတခုတွင် ဘုန်းကြီးကျောင်းတကျောင်းဟိသည်။ ညာဖက်တွင် တောင်ကြက်ဦးကျောင်းဟိသည်။ ယင်းနောက် ရွာကျောင်းတကျေင်းနှင့် မရမာကြီးလူမျိုးများကိုးကွယ်သော တောကျောင်းတကျောင်း။ တောကျောင်းတွင် ကျောက်ဖြူက ကိုတော်ချေတပါးကျောင်းထိုင်သည်။ တောင်ကြက်ဦးကျောင်းတွင် အကျွန်ုပ်ရို့နှင့် ရန်ကုန်ကတည်းကသိသော ဆရာတော်တပါးကျောင်းထိုင်သည်။ တောင်ကြက်ဥကျောင်းကိုကား လယ်ကွင်းများပတ်ပတ်လည်ဝိုင်းထားသည်။

ဟာရဘင်းရွာ၌ထူးခြားသည်မှာ အကျွန်ုပ်ရို့ဟိစဉ် ရခိုင်မရမာ သင်္ဃကောင်စီအစည်းအဝေးကျင့်ပခြင်းဖြစ်သည်။ မရမာဆိုသည်မှာ မရမာကြီးလူမျိုးမဟုတ်ပါ။ ဗိုလ်မင်းထောင်မှ ရခိုင်များက ရခိုင်မခံ မိမိကိုယ်ကို မရာမာလူမျိုးဟုခံယူကတ်ပါသည်။ ဤ မရမာဝေါဟာရမှာ အလွန်အငြင်းပွားရသော ဝေါဟာရဖြစ်သည်။ မြီပြန့်ရခိုင်များက မိမိကိုယ်မိမိ ရခိုင်ခံယူကတ်သည်။ ဗိုလ်မင်းထောင်ဗိုလ်မင်းများက သူရို့သည် မင်းရာဇာကြီးသိမ်းယူခသော ပဲခူးနန္ဒဘုရင်၏သားတော်အနွယ်အဆက်ဟု ခံယူကတ်သည်။ စကားပြောလျှင်ကား ရခိုင်စကားပြောပါသည်။ သူရို့၏အဆို မှားသည်ဟု ပြော၍မရ။ ဆရာကြီးဦးစံသာအောင်မကွယ်လွန်ခင်နောက်ဆုံးထုတ်ခသော ရခိုင့်တန်ဆောင်မဂ္ဂဇင်းအမှတ် (၁ရ) လား (၁၈) လား အတိအကျမမှတ်မိ။ ယင်းမဂ္ဂဇင်းပါ ဆရာကြီးကိုယ်တိုင် အင်္ဂလိပ်ဘာသာဖြင့်ရွီးသားသောဆောင်းပါးတွင်လည်း ထိုသို့ဆိုထားပါသည်။ ဤသမိုင်းဟာကွက်ကို ရခိုင်သမိုင်းသုတေသီကြီးများများစားစား သုတေသနပြုဆောင်းပါးရွီးသားသည်များကို မတွိရ။ ဆရာကြီးစံသာအောင်၏ဆောင်းပါးမှာရာ အရိပ်အမြွက်ဖော်ပြထားသည်။ သို့သော် မည်သည့်ကျမ်းကို ကိုးကားသည် မည်သည်ကို အထောက်အထားပြုသည်ဟူ၍ကား ဖော်ပြမထား။ သို့သော် မရမာလူမျိုးများကား သူရို့၏သမိုင်းကိုချဲ့ကား၍ သူရို့သည် နန္ဒဘုရင်၏သားနှင့် ရခိုင်ဘုရင့်သမီးတော်၏အဆက်အနွယ်များဟု လုပ်ကြံဇတ်လမ်းဖန်တီးထားသည်ကိုလည်း မရမာဘုန်းတော်ကြီးတပါး ရွီးသားသော ရွာတော်ထုတ် မဂ္ဂဇင်းတအုပ်တွင် အင်္ဂလိပ်ဘာသာဖြင့် ဖတ်ခရပါသည်။ ယုတ္တိယုတ္တာကားမဟိ။ အထောက်အထားအကိုးအကားလည်းမဟိ။ စိတ်ကူးယဉ်ပါးစရာဇ၀င်အား လက်ကမြင်းထားခြင်းဖြစ်သည်။ စစ်ယှုံးဘုရင်၏သားတော်နှင့် စစ်နိုင်ဘုရင်၏သမီးတော်ကို ထိမ်းမြားပီသည်ဆိုခြင်းမှာ ယုတ္တိကင်းမဲ့လှသည်။ အကျွန်ုပ် အိန္ဒိယသို့မလားမှီ ရွာတော်၌ ကိုယ်ယင်ဝတ်ဖြင့် တ၀ါဆိုစဉ် ကိုယ်တော်ဝါယမိန္ဒပြောသည်မှာကား သူရို့ဟုတ်ချင်ဟုတ်မည် ငါရို့ကားမဟုတ်ဟုဆိုသည်။

ဇတ်လမ်းကိုပြန်ဆက်ရသော် ရခိုင်မရမာ သင်္ဃကောင်စီအစည်းအဝေးတွင် အကျွနင်္ုပ်ရို့ သုံးရက်လုံးလုံးဇတ်ကရပါသည်။ ဇတ်လိုက်မင်းသမီးမှာ မန္တလေးဇာတိ ဗမာအမျိုးသမီးတဦးဖြစ်သည်။ ဘင်္ဂလီကုလားတယောက်နှင့်ခိုးရွာလိုက်လာပြီး သူ့ယောက်ျးဇာတိ ဘင်္ဂလားတွင် နှစ်ပေါင်းနှစ်ဆယ်ကျော်ခန့် အခြီချ၍ သားကြီးမယားကြီးရခါပြီးမှ သူ့လင်သည်က နောက်မယားယူလားသဖြင့် မခံမရပ်နိုင်ဖြစ်ပြီး အိမ်ထောင်ကွဲကာ ဟာရဘင်းတွင် ရောက်ဟိနီထိုင်သူဖြစ်သည်။ သူမ၏ပြောပြချအရ သူနှင့်မယူခင် သူ့ယောက်ျားက ရခိုင်ခံပြီးလိမ်ခိုယူလာခြင်းဖြစ်ကြောင်း ဘင်္ဂလားသို့ရောက်ပြီးမှရာ ကုလားဖြစ်ကြောင်းသိရကြောင်း အကျွန်ုပ်ရို့အား ရင်ဖွင့်ပြောဆိုပါသည်။ ဗိုလ်မှုးကြာဖြူအောင်၏ဇနီးမယားလောင်း အပျိုကြီးမငွေစိန်ရို့မိသားစုက သနားသဖြင့် သူရို့အိမ်တင်၍ ကြည့်ရှုစောင့်မထားပါသည်။

ဇတ်ကရာတွင် ကိုမြတ်ကျော်က ဇတ်ညွှန်းရွီး၍ အကျွန်ုပ်က လူသတ်ဘရ၀ါအခန်းက သရုပ်ဆောင်ရပါသည်။ ရယ်ရသည်မှာ ကျွန်ုပ်ကား ဇတ်တိုက်သောအခါ ကောင်းကောင်းနားမဆောင် မင်းသားမင်းသမီးလွမ်းချိန်မရောက်ခင် မင်းသမီးအား ကားစင်ထက်၌ အကျွနင်္ုပ်က လိုင်ဖင်းဖြတ်လိုက်ခြင်းဖြစ်သည်။ အကျွန်ုပ်လိုင်ဖင်းဖြတ်လိုက်သော်လည်း မင်းသမီးကားမသီ အူဆို့ပါအောင်ရယ်ရပါသည်။ အကျွန်ုပ်လည်း ဇာလုပ်၍ ဇာကိုင်ရမှန်းမသိ။ ကြောင်တိကြောင်တောင်နှင့် ပရိသတ်ပါးမှာ အဆဲကျသည်။ ဇတ်ညွှန်းဆရာ ကိုမြတ်ကျော်လည်း ကောင်းကောင်းမာန်ပါပါသည်။ အကျွန်ုပ်ကား ကိုယ့်အပြစ်နှင့်ကိုယ် ငြိမ်ခံနီလိုက်ရသည်။ ဇတ်လိုက်လုပ်သူမှာ ဟာရဘင်းရွာဇာတိ ပရဟိတကျောင်း၌ ကျောင်းဆရာလုပ်နီသူ အရပ်ရှည်ရှည် အရုပ်ဖြောင့်ဖြောင့် ကိုကာလာဖြစ်သည်။ ယခုလည်း ယင်းပရဟိတကျောင်း၌ ကျောင်းဆရာလုပ်၍ ဟိသည်မဟိသည်ကိုကား သတင်းမကြားမိပါပျာယ်။

ဘုန်းကြီးကျောင်းတွင် ရခိုင်ပြည်မှ ကိုယ်တော်ချေတပါးလည်းဟိပါသည်။ အသံကောင်းသည်။ ဇတ်ကရာတွင် ရခိုင်တေးခြင်းဖြင့်နောက်ခံရခိုင်တေးခြင်းများ ဆိုပီးပါသည်။ တီးဝိုင်းအား အခင်ကြီးစောရာဇာ (မင်းပြား) က ဦးစီးဆောင်ရွက်ပီးပါသည်။ စစ်တကောင်းတောင်တန်းနယ်၌ ဒုတိယအိမ်ထောင်ကျလျှက်ဟိသည်။ Facebook စာမျှက်နှာတွင် ဆောင်းပါးများရွီးသားသည်များကိုလည်း မကြာမကြာတွိမြင်ရသည်။ အကျွန်ုပ်ကား ဦးမြ၀ါဒုံးယိမ်းကို ဦးဆောင်ပါသည်။ ကိုအောင်ကျော်သိန်းက ဟာသနှင့် ရထားပန်းယိုင် ယိမ်းအကများကို ဦးစီးသည်။ ကိုသိန်းထွန်းအောင်ကား ငပျင်းထွေ၊ ရမလပဥက္ကဌ အဖိုးမောင်စိန်ညွန်၏သားကား မယ်ဒလိန်ဖြင့် ရခိုင်တေးခြင်းအဆိုတော်၊ မောင်တောက အစ်မတယောက်လည်း ရခိုင်ရိုးရာအက စေတနာဖြင့်လာသင်ပြပီးပါသည်။  မြစ်နားရွာ၌အိမ်ထောင်ကျနီသူ ကိုကျော်မင်းက ခေတ်ပေါ်ရခိုင်တေးခြင်းများဖြင့် ဖြေဖျော်ပါသည်။ ဘင်္ဂလား၌ ရခိုင်ရိုးရာဇတ်ကခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်၍ ရွာသူရွာသားများ အလွန်ကြိုက်နှစ်သက်ကတ်ပါသည်။

ဟာရဘင်း၌နီစဉ် ရခိုင်ဝေါဟာရ လေးလုံးကို သတိထားမိပါသည်.။ (၁) ပတ္တမြား (၂) တောအူ (၃) မျှ (၄) ကိုဘင် ယှားပါးရခိုင်ဝေါဟာရလေးလုံးဖြစ်သည်။ (ပိုးမီးစုန်း) ကို မြန်မာများက (ပိုးစုန်းကြူး) ဟုခေါ်သည်ကို ရခိုင်သားဥချေပေါက်ချေက အစသိသည်။ စကားစပ်မိ၍ ကျွန်သက် နှစ် (၂၂၉) လား (၂၃၀) လား အတိအကျမမှတ်မိလိုက်ပါယာ။ မင်းနီမြို့တော် မြောက်ဦးရွှီမြို့သားတိ လဒမှိုင်နိမှာထုတ်တေ ကဗျာစာအုပ်တအုပ်မှာ (ပိုးစုန်းကြူး) ဟု အရှက်အသရေကင်းမဲ့စွာ ခိုးချထားသည်ကို ဖတ်လိုက်ရပါသည်။ ထို့ကြောင့် (ပိုးမီးစုန်း) (ပတ္တမြား) ယှားပါးရခိုင်ဝေါဟာရနှစ်လုံးကို ဖော်ထုတ်ချင်၍ နောက်ဆုံးအပိုဒ်ကို ဖြည့်စွက်ရွီးသားလိုက်ရပါသည်။

တရက်နိညဇာသား ပိုးမီးစုန်းထွက်ပါသည်။ ထိုအခါ အကျွန်ုပ်က ရခိုင်အခေါ်ကို သိချင်၍ ဟာရဘင်းရွာသား ပရဟိတကျောင်း၌နီထိုင်သူ ညအိပ်ကျောင်းသားများအားကြီးကြပ်သူ ကိုအထွန်းချေအား ကောက်ကာငင်ကာ ဗြုန်းခနန်း ကောက်မီးလိုက်ပါသည်။ အစ်ကိုအစ်ကို အေအကောင်ကို အစ်ကိုရို့မှာ ဇာခေါ်ရေလဲ။ ထိုအခါ ကိုအထွန်းချေက (ပတ္တမြား) ဟုခေါ်ကြောင်းပြောပါသည်။ နောက်အသုံးတခုမှာ (မျှ) အသုံးဖြစ်ပါသည်။ အချေခါ သင်္ချာတွက်သောအခါ အဖြေမှာ မည်မျှဖြစ်သနည်း မီးခွန်း။ (မျှ) အသုံးကို မြန်မာစာတွင်ရာတွိရသည်။ မြန်မာစကားတွင် လုံးဝမတွိရ။ ဟာရဘင်းရွာကိုရောက်မှ (မျှ) အသုံးကို အခုထက်ထိ ရခိုင်သားများ ပြောဆိုသုံးနှုံးလျှက်ဟိကြောင်းသိရပါသည်။ ဈီးပြုသောအခါ ဈီးဝယ်သောအခါ (မျှလောက်လဲ) ဟု ဈီးမီးပြောဆိုသည်ကို ကြားသိခရပါသည်။ အကျွန်ုပ်ရို့ ဟာရ်ဘင်းဘုန်းတော်ကြီးကျောင်း၌ တနှစ်လောက်နီဖြစ်ပါသည်။ နွီခါသားရောက်၍ (ဝေါ) ငှက်မြည်သောအခါ အကျွန်ုပ်က ကိုအထွန်းချေအား အေငှက်ကို ဂိုးချေရို့မှာ ဇာငှက်ခေါ်ရေလဲ မီးလိုက်ပါသည်။ ကိုအထွန်းချေက (တောအူ) ခေါ်ကြောင်းပြောပြပါသည်။ (ဝေါ) ငှက်ဟုခေါ်သည်ကို အမတ်ကြီးဦးသာနိုးက အကျွန်ုပ်ရို့ဒေလီ၌နီစဉ်ပြောပြဖူးပါသည်။

နောက်အသုံးတခုမှာ (ကိုဘင်) ဟူသော အသုံးဖြစ်သည်။ (ကိုဘင်) ကို ကြီးသူက ငယ်သူကိုခေါ်သောအခါတွင်လည်းကောင်း ငယ်သူက ကြီးသူကိုခေါ်သောအခါတွင်လည်းကောင်း ယဉ်ကျေးသမှုသုံးပါသည်။ ရခိုင်ဝေါဟာရစစ်စစ်ဖြစ်ပြီး ပြည်မရခိုင်ပြည်တွင် ဤအသုံးကို လုံးဝမတွိရပါ။

(တောအူ) အသုံးနှင့်ပတ်သက်၍ ၂၀၀၆ ခုနှစ်လောက်က အကျွန်ုပ် ထိုင်းသို့ ရခိုင်ကျောင်းသားပေါင်းစည်းရီးညီလာခံသို့တက်ရောက်စဉ် ရနောင်းသို့ အလုပ်ကိစ္စဖြင့်လားရောက်လည်ပတ်ဖြစ်ပါသည်။ အကျွန်ုပ်တည်းခိုသောအိမ်မှာ ထားဝယ်လူမျိုးအိမ်ဖြစ်ပါသည်။ အိမ်သျှင်မက ထားဝယ်လူမျိုးဖြစ်ပြီး လင်ယောက်ျားမှာ ရခိုင်လူမျိုးဖြစ်သည်။ ထားဝယ်လူမျိုးစကားပြောသည်ကို အကျွနင်္ုပ်လုံးဝနားမလည်ပါ။ သို့သော် လင်ယောက်ျားကပြောသည်မှာ ထားဝယ်လူမျိုးများနှင့် သုံးလေးလခန့်အတူနီလျှင် အားလုံးနားလည်လားပါရေအစ်ကိုဟု ပြောပြပါသည်။ သူ၏မယားသည်အား ထမင်းစားစဉ် (ဥသြ) ကို အမတို့ ထားဝယ်မှာ ဘယ်လိုခေါ်သလဲဟု မြန်မာစကားဖြင့် မီးဖြစ်ပါသည်။ သူမက (တောယူ) ခေါ်ကြောင်းပြောသည်။ ပြီးလျှင် မြန်မာလို (ပင်စိမ်း) ကို ထားဝယ်ပိုင် ဇာပိုင်ခေါ်ရေလဲ မီးဖြစ်ပါသည်။ (နှုံး) ခေါ်ကြောင်းပြောပါသည်။ ဤ (တောအူ)(တောယူ) (နှုံး) ယှားပါးဝေါဟာရများတိုက်တိုက်ဆိုင်ဆိုင် တူညီနီသည်ကိုထောက်၍ ရခိုင်နှင့်ထားဝယ်မှာ လူမျိုးအတူတူဖြစ်ကြောင်း ကောက်ချက်ချ၍ ရပါသည်။ ဟာရဘင်း၌ဟိစဉ် မောင်သျှင်ကြီးစိန်လှမောင်က ရမ်းဗြဲတောင်ကျောင်းဆရာတော် ရွီးသားပြုစုသော ရခိုင်ရာဇ၀င်သစ်ကျမ်းကို ပီးဖတ်ခိုင်းပါသည်။ ၄င်းရခိုင်ရာဇ၀င်သစ်ကျမ်းတွင် ထားဝယ်လူမျိုးများမှာ ထရိပူရက ရခိုင်သားများဖြစ်ကြောင်းဖော်ပြထားပါသည်။ ရခိုင်ဘုရင်မင်းလက်ထက် အိန္ဒိယဒေသ မငြိမ်သက်မှုများကြောင်း ထရိပူရက ရခိုင်သားများရခိုင်ပြည်မဖက်သို့ ခိုဝင်လာကြောင်း၊ ရခိုင်ဘုရင်က ယခု ရခိုင်ဘင်္ဂလားနယ်စပ် ယခု ဘဂ်လားဖက် အုန်းကျွန်းတွင် နီရာချပီးကြောင်း နောက်ပိုင်း အုန်းကျွန်းတွင်မနီလို၍ ထားဝယ်ဖက်သို့ လှီလောင်းကြီးများဖြင့် ပြောင်းရွိလားကြောင်းဖော်ပြထားပါသည်။ ယခု အကျွန်ုပ်လက်ထဲ၌ ရခိုင်ရာဇ၀င်သစ်ကျမ်းမဟိပါ။ လက်ထဲ၌ဟိသူများ စာမျက်နှာလှန်ဖတ်ကြည့်ပါ။ ဇာရခိုင်ဘုရင်လက်ထက်ကလဲဆိုစွာကို အတိအကျ နာမည်နှင့်တကွ ပြောပြနိုင်ပါလိမ့်မည်။ ကျေးဇူးတင်ဟိပါသည်။ တစုံတခု အတွိအကြုံ ဗဟုသုတ ရဟိလိမ့်မည်ဟု မျှော်လင့်ပါသည်။ (ဟာရဘင်းသို့) အခန်းကို ဤမှာတွင် အဆုံးသတ်အပ်ပါသည်။ လိုအပ်သည်များ ကျကျန်ခသည်များ မှားယွင်းသည်များဟိက ထောက်ပြပီးကတ်ပါ။ ပြန်လည်၍ ပြုပျင်ဖော်ပြပီးလားပါမည်။

 (သာလှဦး) (December 29, 2015) (ဗုဒ္ဓူးနိ)

သပွတ်အူ

သပွတ်အူ
=====

အမှန်မှာ ပထမအစီအစဉ်အရ အကျွန်ုပ်ကား တော်လှန်ရီးလုပ်ရန်မဟုတ်။ ရန်ကုန်၌ တော်လှန်ရီးအတွက် UG လုပ်ပီးရန်ဖြစ်သည်။ အရေးအခင်းနောက်ပိုင်း စစ်တပ်က အာဏာသိမ်းသောအခါ ရခိုင်ကျောင်းသားအများအပြား ဘင်္ဂလားဖက်သို့ ထွက်ပြီးတိမ်းယှောင်လားကြောင်း အကျွန်ုပ်ရို့ သတင်းကြားသိရသည်။ ထို့ကြောင့် ရန်ကုန်တွင်ဟိသော အကျွန်ုပ်ရို့ရခိုင်ကျောင်းသားအုပ်စုက ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားများနှင့်အဆက်အသွယ်လုပ်မည်လား ဘင်္ဂလားရောက် ရခိုင်ကျောင်းသားများနှင့်အဆက်အသွယ်လုပ်မည်လား ဆုံးဖြတ်ရသည်။ ဘင်္ဂလားရောက် ရခိုင်ကျောင်းသားများနှင့်အဆက်အသွယ်လုပ်ရန် ဆုံးဖြတ်လိုက်ကတ်သည်။ အစီအစဉ်အရ ဘင်္ဂလားရောက်ကျောင်းသားများနှင့်အဆက်အသွယ်လုပ်ရန် အကျွန်ုပ်အား ပွဲဦးထွက်စေလွှတ်လိုက်သည်။ လီယာဉ်စရိတ်အား ကိုလှမြင့်က ကျခံပီးသည်။ စစ်တွေတွင် (၁) ညအိပ်ပြီး နောက်နိမိုးထစောစောတွင် သဲချောင်းကုလားရွာမှ စတင်ထွက်ခွာသည်။ ဘုတ်မှာ စစ်တွေမှာ ဘင်္ဂလားသို့ နွားမှောင်ခိုရောင်းသော စက်တပ်ဘုတ်ဖြစ်သည်။ နွားအကောင် (၁၀) ကောင်ခန့်ပါသည်။ ဘင်္ဂလီကုလား (၆) ယောက်လောက်ပါသည်။ ယင်းအထဲတွင် ရခိုင်သား အကျွန်ုပ်တယောက်တည်း။ မိုးချုပ်ခါနီး တက္ကနားသို့ရောက်သည်။ ချက်ချင်းကမ်းမကပ်သိမ့်ဘဲ ဘင်္ဂလားဖက်ကမ်း နတ်မြစ်ထဲတွင် ကျောက်ချရပ်နားထားသည်။ ဘုတ်ကား ခေါင်မိုးလည်းမပါ။ လီကောင်းကောင်းတိုက်သဖြင့် ထမင်းချက်၍မရ ညဇာထမင်းဖောက်ဆပ်စားရသည်။ ည (၉) ချက်တီးခန့်တွင် ရွာသို့ကပ်ပြီး တက္ကနားမြို့သို့ ခရီးဆက်သည်။ တည်းခိုခန်းတွင်တည်းသည်။ ညဇာထမင်းဖောက်ဆပ်စားခရသဖြင့် တညလုံးဝမ်းလားသည်။ မှတ်မှတ်ရရ ဘင်္ဂလားသို့စရောက်သောနိသည် ၁၉၈၈ ခု အောက်တိုဘာလ (၁၀) ရက်နိဖြစ်သည်။

အကျွန်ုပ်၏မူလအစီအစဉ်မှာ ဘင်္ဂလားရောက်ကျောင်းသားများနှင့်အဆက်အသွယ်လုပ်ပြီး ပြည်ထဲသို့ပြန်ဝင်လာကာ ပြည်တွင်းပြည်ပကျောင်းသားလှုပ်လျှားမှုအား ပြည်တွင်းမှ ထောက်ပံ့ပီးရန်ဖြစ်သည်။ သို့သော် ဘင်္ဂလားရောက်ကျောင်းသားများကား ညှိနှိုင်းမရ ဘွဲ့ရကျောင်းသားများအားလက်မခံ ပါယ်ထုတ်လိုက်သည်။ ထိုအချိန်က အကျွန်ုပ်လည်း ဘွဲ့ရခါစကျောင်းသားဖြစ်၍ ပါယ်ထုတ်ခြင်းခံရသည်။ မင်းကိုနိုင် မိုးသီးဇွန်စသော ကျောင်းသားအရေးအခင်းအား ဦးဆောင်ခသောကျောင်းသားခေါင်းဆောင်များမှာ ဘွဲ့ရကျောင်းသားများဖြစ်သည်ကို အသိဥာဏ်မိုက်မဲသော ရခိုင်ကျောင်းသားခေါင်းဆောင်များက သဖောပေါက်နားမလည်။ ကျောင်းသားဥက္ကဌဆန်နီ (တောင်ကုတ်) ဖြစ်သည်။ ကယုချောင်းဘုန်းတော်ကြီးကျောင်း၌ သုံးရက်လုံးလုံးအကြိတ်အနယ်ဆွေးနွေးပါသော်လည်း ပြေလည်မှုမရ ကျောင်းသားဥက္ကဌ၏ကန့်ကွက်မှုကြောင့် ကျောင်းသားစည်းလုံးညီညွတ်ရီး ပြိုကွဲပျက်စီးလားရသည်။ ထိုအချိန်က ပြည်ပရောက်ရခိုင်ကျောင်းသားအဖွဲ့အစည်း၏အတွင်းရေးမှုးမှာ ယခု နယ်သလန်ရောက် ကိုသိန်းအောင်ကျော်ဖြစ်သည်။ သူက သဖောထား ပျော့ပျောင်းသည်။ ကျောင်းသားပေါင်းစည်းရီးကိုလိုလားသည်။ သို့သော် ဥက္ကဌက ကန့်ကွက်သဖြင့် အရာမရောက် ခရီးမပေါက်။ တယောက်မကောင်း တသောင်းပျက်စကားအတိုင်း ကျောင်းသားညီညွတ်ရီး ဖရိုဖရဲ ပြိုကွဲပျက်စီးလားပြီးနောက် တချို့ကျောင်းသားများမှာ ပင်ပန်းဒါဏ်ကိုမခံနိုင်၍ စောစောစီးစီးလက်မြှောက်ဒူးထောက်လားခသည်။ ဒူးထောက်လက်မြှောက်လားခသူများမှာ အကျွန်ုပ်အား ကောင်းကောင်းသိသည်။ ထို့ကြောင့် အကျွန်ုပ်၏ပြည်ထဲသို့ပြန်ဝင်မည့် မူလအစီအစဉ်ကို လုံခြုံရီးကြောင့် ဖျက်သိမ်းလိုက်ရသည်။

အကျွန်ုပ်ရန်ကုန်သို့ပြန်မရောက်လာဘဲ အဆက်အသွယ်ပြတ်တောက်လားသဖြင့် ရန်ကုန်တွင်ကျန်ခသော ကိုမြတ်ကျော်၊ ကိုချိုဇံ၊ ကိုလှကြည် သုံးယောက်လုံး ဘင်္ဂလားသို့ ဆင်းပါလာလတ်သည်။ ထို့ကြောင့် ဘင်္ဂလားသို့ရောက်နီပြီးဖြစ်သော ဦးသန့်အရေးအခင်းကျောင်းသားဟောင်းများဖြစ်သော ဦးအောင်ရွှေ (ကျောက်ဖြူ) ကိုစိုးနိုင် (မာန်အောင်)။ ရွှေဒေါင်ဗိုလ် (ရမ်းဗြဲ) စသော ကျောင်းသားဟောင်းများနှင့်ပူးပေါင်းပြီး ပြည်သူ့ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ရခိုင်ပြည်) အား ဖွဲ့စည်းလိုက်သည်။ ဥက္ကဌအဖြစ် ဦးအောင်ရွှေအား တင်မြှောက်ပြီး အတွင်းရေးမှုးအဖြစ် ကိုမြတ်ကျော်ကဆောင်ရွက်သည်။ ပြည်ထဲတွင် UG လုပ်ရန် ကိုချိုဇံနှင့် ကိုလှကြည်အား ပြည်ထဲသို့ ပြန်လွှတ်လိုက်သည်။ ပြည်သူ့ကျောင်းသားတပ်ဦး ဖွဲ့စည်းစဉ်ကတည်းက ဦးကျော်ခိုင် (ရခိုင်ပြည်) ယခု Facebook ထက်၌ မကြာမကြာ စာများရွီးသားနီသူလည်း ပါဝင်သည်။

NUFA စခန်း ၀ါးခတ်ချောင်း၌စခန်းထိုင်သော Pure ရခိုင်ကျောင်းသားအဖွဲ့ခေါင်းတောင် ကိုဆန်နီလည်း အများမကြာ လက်မြှောက်ဒူးထောက်လားသည်။ နောက် ကိုအောင်သောင်းရွှေ (မာန်အောင်) ဥပဒေနောက်ဆုံး၌ကျောင်းသားက ဥက္ကဌအဖြစ်ဆောင်ရွက်သည်။ သူလည်းအများမကြာ လက်မြှောက်ဒူးထောက်လားသည်။ နောက် ကိုသန်းဌေး (ကျောက်ဖြူ) က ဦးဆောင်သည်။ ကျောင်းသားနှစ်ဖွဲ့ကွဲနီစဉ်တွင် ရခိုင်ပြည်သီးခြားလွတ်လပ်ရီးအတွက် တိုက်ပွဲဝင်နီသော NUFA က တပ်ဦးထဲမှ ဆွဲနှုတ်၍ ခိုင်ဆန်းအောင်၊ စံသာအောင်၊ ကိုပြည်သိမ်းရို့အား ABSDF (Arakan) ထူထောင်ပီးသည်။ နောက် ကျောင်းသားသုံးဖွဲ့ (မြစ်နားရွာလား ကယုချောင်းလားနီရာအတိအကျ မမှတ်မိ) ဘုရားရင်ပြင်ပေါ်၌ ၁၉၈၉ ခု နှောင်းပိုင်းတွင် တပေါင်းတစည်းတည်းရပ်တည်ရန် ဆုံးဖြတ်လိုက်သည်။ ABSDF (Arakan) နာမည်ဖြင့် ယာယီရပ်တည်ရန်ဆုံးဖြတ်သည်။ ဥက္ကဌအဖြစ် ကိုသန်းဌေးကဆောင်ရွက်သည်။ အကျွန်ုပ်ကား NUFA စခန်းတွင်းတွင် မနီလို အပြင်ကရပ်တည်မည် အဖွဲ့ဝင်အဖြစ်အသိအမှတ်ပြုပါဆို၍ ဥက္ကဌကိုသန်းဌေးကလည်း သဖောတူသဖြင့် အပြင်ကရပ်တည်သည်။ အဖွဲ့ဝင်မဟုတ်ပဲ အပြင်၌ရပ်တည်သောကျောင်းသားများထဲတွင် ကိုညီချေ (မင်းပြား) လည်းပါဝင်သည်။ နောက် ကျောက်ဖြူက ကျောင်းသား လေးငါးခြောက်ယောက်ဟိသည်။ နောက်ပိုင်း ကိုသန်းဌေးအား ဆီးဝါးသုံးစွဲသည်ဟူ၍ စံသာအောင် ခိုင်ဆန်းအောင်ရို့အုပ်စုက ကိုသန်းဌေးအား ထုတ်ပါယ်လိုက်သည်။ ခိုင်ဆန်းအောင်ဥက္ကဌဖြစ်လာသည်။ အကျွန်ုပ်အားလည်း စခန်းတွင်မနီသဖြင့် အဖွဲ့ဝင်အဖြစ်မှ ထုတ်ပါယ်လိုက်သည်။

အတိအကျမမှတ်မိပါ။ အကျွနင်္ုပ်ရို့ဟာရဘင်းသို့ မလားခင်လား လားပြီးမှလား အတိအကျမမှတ်မိလိုက်ပါယာ။ ကျောင်းသားဆယ်ငါးယောက်ခန့် မြစ်နားရွာ သံဖြူကျောင်းတွင် စုပေါင်းနီထိုင်ကတ်ပါသည်။ မြစ်နားရွာတွင် ဘုန်းကြီးကျောင်းနှစ်ကျောင်းဟိပါသည်။ တကျောင်းက ရွာကျောင်းဖြစ်ပြီး မြစ်နားရွာဆရာတော် ကျောင်းထိုင်ပါသည်။ အကျွန်ုပ်ရို့နီသော သံဖြူကျောင်းမှာ ရွာနှင့် အင်တန်ဝီးပါသည်။ ကားလမ်းတဖက် ခြီကျင်လမ်းလျှောက်လျှင် မိနိ (၂၀) နာရီဝက်လောက် လမ်းလျှောက်ရပါသည်။ မှတ်မိသလောက် ကိုမြတ်ကျော်၊ အကျွန်ုပ်၊ ကိုသန်းထွန်း (မင်းပြား) သိန်းမင်း (အောင်သာထွန်း) (ပေါက်တော)(ကွယ်လွန်) စုစုပေါင် ဆယ့်ငါးယောက်လောက်ဖြစ်သည်။ စားစရာငတ်ပြတ်၍ မိုးဦးကျဖားမြည်သဖြင့် ဖားသတ်ရန်ဆုံးဖြတ်လိုက်ကတ်သည်။  ဘုန်းကြီးကျောင်းတောင်ကုန်းပါတ်ဝန်းကျင် ကုလားလယ်ကွက်များသို့ဆင်း၍ ဖားလားကောက်သည်။ ကုလားများ ဓါတ်တောင့်ထိုးသဖြင့် အယင်ကောက်ပြီး အယင်တက်ပြီးလာရသည်။ ဖားတခရင်းလောက်ရသည်။ အကျွန်ုပ်ရို့နီသောကျောင်းဆောင်မှာ ဆရာတော်နီသောကျောင်းနှင့် သီးခြားအဆောင်ဖြစ်သည်။ ၄င်းကျောင်းဆောင်အောက်တွင် ဖားများကို မီးဖုတ်သည်။ ထိုအထဲတွင် ကိုသန်းထွန်း (မင်းပြား) မှာ ဟာသအလွန်ပြောတတ်သူဖြစ်သည်။ ပျော်ပျော်ရွှင်ရွှင်နီတတ်သည်။ သူက ဟာသလုပ်လို၍ ဖားများကို မသီမရှင်သတ်ပြီး မီးဖုတ်သည်။ ဖားများထွက်ပြီးလျှင် ပြန်ကောက်လိုက် ပြန်ထည့်လိုက် ဟာသပြောလိုက်လုပ်သည်။ ကိုမြတ်ကျော်က ကိုသန်းထွန်း မလုပ်ကဲ့၊ ကျွန်တော်လက်တွိ ရွာကို ကျားတောင်လာရေ လက်တွိကြုံဖူးရေ ပြောကေလည်းနားမထောင်။ ဆက်လုပ်သည်။ မကြာခင် ဖားဖုတ်ပြီး၍ အိုးထဲထည့်၍ ကျောင်းထက်တက်သည်နှင့် မုန်းတိုင်းချက်ချင်းတိုက်ပြီး ကျောင်းဆောင်သံဖြူမိုးတခုလုံး ပွင့်ပါလားသည်။ အခေါင်မိုးပွင့်လားသဖြင့် မိုးကျောက်ခဲများ အကျွန်ုပ်ရို့ခေါင်းထက်သို့ အတိုင်းသားကျသည်။ အကျွန်ုပ်လည်း ကောင်းကောင်းကြောက်၍ ကျောာင်းအောက်သို့ဆင်းပြီးဖို့ ကြိုးစားသည်။ ထိုအချိန်တွင် လီကောင်းကောင်းပြင်းသဖြင့် အကျွန်ုလည်း လီသတ်၍ လဲကျခါနီးနီးဖြစ်လားသည်။ သတိပြန်ဝင်၍ ကျောင်းတိုင်ကိုဖက်တွင်ထားလိုက်သည်။ ကံကောင်း၍ သီဖီးက လွတ်သည်။ မုန်းတိုင်းအား ကောင်းကောင်းပြင်းသဖြင့် ဘုန်းကြီးကျောင်းက သစ်ပင်အားလုံး အမြစ်ကျွတ်ပြီး ပြိုလဲကုန်သည်။ အကယ်၍ ကြောက်စိတ်မွှမ်ပြီ်းထွက်ပြီးသည်ဟိသော် အပင်ပိ၍သီမည်မှာ အမှန်ဖြစ်သည်။ နောက်နိမိုးလင်းလျှင် နီရာအနှံ့ သစ်ပင်များပြိုလဲလျှက်ဟိသည်။ သစ်ကိုင်းကျိုးများ ဒေါင့်တိုင်းကြောင်းတိုင်း ဗြန်းစိကာရ ကြင်းလျှက်ဟိသည်။ ကျောင်းဆောင်ခေါင်မိုး ပုန်းဖီပုန်းလျား သံဖြူမိုး ကျောင်းနှင့် သုံးဖာလုံလောက်အကွာ လယ်ကွင်းပြင်တွင် လက်လံလေးလံလောက် နစ်မြုတ်လျှက်တွိရသည်။ ဘုန်းကြီးကျောင်းတွင် စုတ်ဖွာပင်း လေးငါးပင်ဟိပါသည်။ စုတ်ဖွားပင်အားလုံး အမြစ်ကျွတ်၍ လဲကျကုန်သည်။ စုတ်ဖွားသီးအားလုံးကြွီကျပြီး နီရာအနှံ့ ပြန့်ကြင်းလျှက်ဟိသည်။ စုတ်ဖွားသီးကောက်၍ ၀မ်းတင်းအောင်စားရသည်။ တချို့က တိုက်ဆိုင်မှုဟု ယူဆသည်။ ရွာကို ကျားတောင်ရောက်တေဆိုသော ကိုမြတ်ကျော၏သတိပီးသောစကားကိုကောက်၍ တိုက်ဆိုင်မှုအယူကို အကျွန်ုပ်လုံးဝလက်ခံ၍ မရပါ။

ဇတ်လမ်းကို ပြန်ဆက်ရသော် ယင်းအချိန်ကာလ၌ Internet ပေါင်းကူးနှင့် Email များမပေါ်သိမ့်သဖြင့် ပြည်တွင်းပြည်ပကျောင်းသားများ အဆက်အသွယ်ပြုလုပ်ရန် ကောင်းကောင်းခက်ခဲပါသည်။ ပြည်ထဲသို့ ပြန်လွှတ်လိုက်သော ကိုချိုဖံ၊ ကိုလှကြည်ရို့နှင့်လည်း လုံးဝအဆက်အသွယ်ပြတ်တောက်လားသည်။ နောက်ပိုင်း ကိုချိုဇံ အိန္ဒိယ မဏိပူရ လေခွန်းစခန်းသို့ ရောက်ဟိလာကြောင်းသတင်းကြားသိရသည်။ သို့ဖြင့် အိန္ဒိယရောက်ကျောင်းသားများနှင့် အဆက်အသွယ်ရရန် အိန္ဒိယခရီးစဉ်ကို အကောင်အထည်ဖော်ရပါတော့သည်။

ဟာရဘင်းဘုန်းကြီးကျောင်း၌ဟိစဉ် မောင်သျှင်ကြီးစိန်လှမောင်က မြိုတောင်တွင် စာသင်ကျောင်းတကျောင်းဆောက်ပီးချင်သော ဆန္ဒဟိသည်။ မြိုရွာသူကြီးနှင့်အဆက်အသွယ်ဟိ၍ ရွာသားများက အစားရိက္ခာထောက်ပံ့ပီးမည်။ စာသင်ပီးရန် ကျောင်းဆရာချေတယောက်လိုအပ်သည်။ အကျွန်ုပ်လည်း ယင်းမြိုတောင်သို့လားရောက်၍ ကျောင်းဆရာလုပ်ချင်သော ဆန္ဒဟိသည်။ သို့သော် အန္ဒိယခရီးစဉ်ကို ပထမဦးစားပီးဖြစ်လားသည်။ သို့သော် မြိုတောင်သို့တခေါက်ရောက်ဖူးချင်သောဆန္ဒဟိသဖြင့် အိန္ဒိယဖက်သို့မကူးခင် မြိုတောင်တခေါက် ခရီးလားဖြစ်လိုက်သည်။ မြိုတောင်ခရီးအကြောင်းမရွီးခင် ရခိုင်ကျောင်းသားများ၏သပွတ်အူဇတ်လမ်းကို ဤမှာတွင် ခေတ္တအဆုံးသတ်ပါမည်။

မြိုတောင်ခရီး (ဆက်ရန်)

Thursday, October 29, 2015

တာဝန်အရဖြစ်လို့ ခွင့်လွှတ်ပါအစ်ကို

တာဝန်အရဖြစ်လို့ ခွင့်လွှတ်ပါအစ်ကို
======================

ကျွန်တော်ရို့စခန်းချရေနီရာက မရိုးရွာနှင့် တမိုင်လောက်ရာဝီးပါသည်။ အရှိမြောက်ဖက် မရိုးချောင်း အနောက်ဖက်ကမ်းတွင်ဖြစ်ပါသည်။ မရိုးရွာမှာ စစ်တကောင်းတောင်တန်းနယ် အပိုင်ဖြစ်ပါသည်။ ရခိုင်ဘုရင်များလက်ထက် တည်ထောင်ပီးခသော ရွာထောင်များထဲတွင် မရိုးထောင်လည်း တခုအပါအ၀င်ဖြစ်ပါသည်။ လည်းကောင်းအပြင် ကောက်ကဒွန်းထောင်၊ မွန်ထောင်၊ သက်ပြည်ကျထောင်စသည်ဖြင့် ထောင်ပေါင်းများစွာ ပါဝင်ပါသည်။ ထောင်တည်မော်ကွန်းတွင် ဇာဘုရင်လက်ထက် ဇာခုနှစ် မည်သည်ထောင်က လူများကိုနှုတ်၍ မည်သည့်ထောင်ကို မည်သည့်နိတွင် တည်ထောင်သည်စသဖြင့် အတိအကျပါပါသည်။ လည်းကောင်းထောင်တည်မော်ကွန်းသည် ရခိုင်မဂ္ဂဇင်းစာအုပ်ပါ ဆောင်းပါးဟောင်းတပုဒ်ဖြစ်ပါသည်။ အလွန်စိတ်ဝင်စားစရာလည်းဖြစ်ပါသည်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (AIO) အတွင်းရေးမှုးဟောင်း ကိုယ်ယင်ကြီးစိန်လှမောင်က အရေးကြီးမှန်းသိလို့ လက်ရွီးမူကူးပြီး အကျွန်ုပ်ရို့အားပီးဖတ်ခိုင်းပါသည်။ နိစွဲရက်စွဲ အတိအကျပါသဖြင့် စစ်တကောင်းတောင်တန်းရခိုင်သမိုင်းအတွက် အလွန်အရေးပါသော ဆောင်းပါးတပုဒ်ဖြစ်ပါသည်။ ကိုယ်ယင်ကြီးမပျံလွန်ခင် ယင်းဆောင်းပါးကို ကိုယ်ယင်ကြီး (ကျော်မြသာ) ပါးသို့ မူပွားတကော်ပီပွားနိုင်ခပါသည်။ ကိုယ်ယင်ကြီးက အင်္ဂလိပ်ဘာသာပြန်ပါသည်။ သို့သော် လည်းကောင်းဆောင်းပါးကို တေတ္တာထဲတွင်သိမ်းထားပြီး ဖြန့်ဝီးခြင်းလုံးဝမပြုလုပ်ပါ။ ကိုကျော်ဟန် AASYC ဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်နီစဉ်အတွင် ဘင်္ဂလားဖက်သို့ရောက်ဖြစ်၍ ဆောင်းပါးတကော်ပီရဟိနိုင်ဖို့ တောင်းကြည့်ခိုင်းပါသည်။ သို့သော် တောင်းမရဟု သိရပါသည်။ ကြည့်ရသည်မှာ ယင်းဆောင်းပါးကို လူများလိုချင်နီမှ သူ့အား အလေးထားအရေးတယူလုပ်မည်။ ယင်းဆောင်းပါးအားဖြန့်ဝီပီးလိုက်လျှင် လူများမှာ လိုချင်သည်ကို ရလားပြီးဖြစ်သည့်အတွက် သူ့အားအရေးတယူလုပ်လိမ့်မည်မဟုတ် တွေးကြောက်နီပုံရပါသည်။ ကိုယ်ယင်ကြီးကျော်မြသာလည်း ပြည်ထဲကို ပြန်ဝင်လားပြီးဖြစ်ပါသည်။ အခုအချိန်ထိ ယင်းဆောင်းပါးကို တယောက်လက်ထဲကိုလည်း ဖြန့်ဝီမပီးခပါ။ တေတ္တာထဲတွင် သော့ခတ်သိမ်းထားလျှက် ပြည်ထဲပြန်ဝင်လားပါသည်။ သို့သော် လည်းကောင်းဆောင်းပါးမှာ ရခိုင်မဂ္ဂဇင်းစာအုပ်ပါ ဆောင်းပါးဟောင်းတပုဒ်ဖြစ်သည့်အတွက် ဆရာကြီးမောင်ဗသိန်းစသော သက်တန်းရင့်စာပီသမိုင်းပညာသျှင်များ မည်သည့်မဂ္ဂဇင်း မည်သည့်အမှတ်တွင် မည်သည်သူက ရွီးသောဆောင်းပါးဖြစ်ကြောင်း အတိအကျပြောပြကောင်း ပြောပြနိုင်ပါသည်။ လည်းကောင်း ထောင်တည်မော်ကွန်းဆောင်းပါးကို ပြည်တွင်းဟိ စာပီသမိုင်းပညာသျှင်များ အယင်ဆုံးပြန်လည် ဖော်ထုတ်သင့်ပါသည်။ ဤသည်မှာ ၀တ္ထုပါအကြောင်းအရာနှင့် ယင်းလောက်ထိဆက်စပ်မှုမဟိပါ။ သို့သော် ၀တ္ထုမှာ မရိုးရွာနောက်ခံဖွဲ့ဝတ္ထုဖြစ်သဖြင့် ထောင်တည်မော်ကွန်းနှင့်ပါတ်သက်၍ အနည်းငယ် ဖော်ပြရခြင်းဖြစ်ပါသည်။ ဆက်ပြောရလျှင် ထောင်တည်မော်ကွန်းကို တောင်းမရ၍ ကိုယင်ကြီးကျော်မြသာအား အမြင်ကပ်ကပ်နှင့် ထောင်တည်မော်ကွန်းသူရဲကဗျာအား ရွီးဖြစ်လိုက်ခြင်းဖြစ်ပါသည်။ ထောင်တည်မော်ကွန်းသူရဲကဗျာအား မဖတ်ဖူးသူများဟိက ဤ၀တ္ထု၏နောက်ဆုံးပိုင်းတွင် ဖော်ပြပီးလားပါမည်။ မရိုးရွာ၏တောင်ဖက်တွင် ကြောင်သီရွာဟိပါသည်။ အိမ်ခြီခြောက်ဆောင်လောက်ရာကျန်လိုက်ပြီးဖြစ်သည်။ 1990 ခုနှစ်တွင် ရခိုင်ပြည်က ကုလားများထွက်ပြီးလာကြသောအခါ တရွာလုံးကျွတ် ၀ါကြီးမ မင်းကျွန်မ အချေသူငယ်ပါမကျန် ရွာလုံးကျွတ် ကုလားပါးမှာ မုဒိမ်းကျင့်ခြင်းခံရသော ရွာဖြစ်ပါသည်။ ဖလောင်းချိတ်က ကိုသန်းအေးရို့ဦးဆောင်သောအဖွဲ့ကလားရောက်၍ ကယ်ဆယ်ရေးပစ္စည်းလားပို့ပီးခီကတ်ပါသည်။ အကျွန်ုပ်ကား လူကိုယ်တိုင် မရောက်ဖူးပါ။

အကျွန်ုပ်ရို့စခန်းတွင် လူယင်းလောက်မများပါ။ လူ ဆယ်ယောက်သာသာလောက်ရာဟိပါသည်။ နာမည်တပ်ပြောရလျှင် သိန်းမင်း (အောင်သာထွန်း) (ပေါက်တောဇာတိ) ဘင်္ဂလားတွင်အိမ်ထောင်ကျလျှက် အချေနှစ်ယောက်ရပြီး မနာမကျန်းဖြစ်ကာ သီကျလားခပြီးဖြစ်သည်။ အလွန်သတ္တိကောင်းသူဖြစ်သည်။ စိုင်းခမောက် (စစ်တွေဇာတိ) ယခုထိုင်း ကရင်နော်ဖိုးဒုက္ခသည်စခန်းတွင် ရောက်ဟိခိုလှုံလျှက်ဟိသည်။ ထွန်းစံ (စစ်တွေဇာတိ) ယခု ဘင်္ဂလားဒေခ်ျတွင်အိမ်ထောင်ကျလျှက်ဟိသည်။ သူ၏အိမ်ထောင်ဖက်မှာ ယခင် ဗကဗကို စွန့်ခွာလျှက် ၀ါးခတ်ချောင်း၌အတည်ကျ နီထိုင်သူ ရခိုင်အမျိုးသမီးတဦးဖြစ်သည်။ ညီအစ်မနှစ်ယောက်နှင့် သမီးနှစ်ယောက်ဟိသည်။ လင်ယောက်ျားဖြစ်သူ ကိုအေးမောင်မှာ မြိုတောင်ဖက်သို့လားရောက်၍ ကောင်းရောင်းကောင်းဝယ်လုပ်စားစဉ် ဓမြတိုက်သတ်ဖြတ်ခြင်းကိုခံရသည်ဟု ကြားသိရပါသည်။ မည်သည့်အရပ်ဒေသတွင် အသတ်ခံရသည်ကို အတိအကျမသိရပါ။ အလောင်းလည်း ပြန်မရပါ။ အိမ်ပြန်မလာစွာကြာမှ သီပျာယ်ဟုယူဆပြီး အဆုံးချလိုက်ခြင်းဖြစ်သည်။ အကျွန်ုပ်ရို့ စခန်းချနီထိုင်ခသော ၀ါးခတ်ချောင်းစခန်းနှင့် (၅) မိနိလောက်တောင် မလားရပါ။ ဒိုင်းနက်ရွာအနောက်ဖက်တွင် အိမ်ဆောက်လျှက်နီကတ်ပါသည်။ စကားစပ်၍ပြောရလျှင် အကျွန်ုပ်ရို့ ၀ါးခတ်ချောင်းတွင်နီစဉ် အလောင်းစားလုပ်၍ သင်္ချိုင်းကုန်းကသော်လည်းကောင်း လားရဲမည်လား တစုံတခုလားယူရဲမည်လား စသည်ဖြင့် စပ်ကြေးလုပ်လျှင် အသက်သီဆုံးတတ်ကြောင်းပါးစပုံပြင်ဟိသည် မယုံတ၀က် ယုံတ၀က်ဖြင့် အငြင်းအခုန်ဖြစ်ကတ်ပါသည်။ ယုံကြည်သူဖက်က ခရာတေးသိန်းမောင် ရွှေယင်ကျော်ဆရာကြီး အကျင့်စာရိတ္တကောင်းမွန်သူ။ ကျောက်တန်းလမားရခိုင်ရွာတွင် စာသင်ကျောင်းဆောက်လျှက် ဒေသခံများအကျိုးစီးပွားအတွက် တစုံတခု ကောင်းကျိုးပြုနီသူဖြစ်သည်။ နောက်တယောက်က ကိုမောင်ကျော်ယိုင် (မြောက်ဦး) အကျွန်ုပ်နှင့်ကျောင်းနီဖက် အသက်တနှစ် နှစ်နှစ်ခန့်ကြီးသူဖြစ်သည်။ လောင်ချာကိုင်းစခန်းတွင် ဆီးထိုးမှား၍ ပေါင်နှစ်ဖက်စလုံးတွင် အနာကြီးဖြစ်လျှက် လမ်းမလျှောက်နိုင် ဖောင်ဖြင့်ချလျှက် အသက်ရှင်ကျန်ရစ်သူဖြစ်သည်။ လောင်ချာကိုင်းစခန်းမှာ မရိုးစခန်း၏မြောက်ဖက် တောနက်ထဲတွင်ဟိသည်။ မည်သည်လောက်ဝီးရေလဲဆိုကေ မိုးထက်စောစော (၆) ချက်တီးက လမားသို့ ဈီးပြုလားလျှင် ညဇာသား မိုးချုပ် (၈) ချက်တီး (၉) ချက်တီးလောက်မှ စခန်းသို့ပြန်ရောက်သည်။ လောင်ချာကိုင်းနှင့် မရိုးရွာမှာ မရိုးချောင်းကြောင်းတလျှောက်တွင် တည်ဟိသည်။ မရိုးရွာမှာ ရခိုင်ရွာဖြစ်သော်လည်း လောင်ချာကိုင်းမှာ နားပေါက်ကျယ်သက်ရွာဖြစ်သည်။ အကျွန်ုပ် လောင်ချာကိုင်းစခန်း၌မနီဖူးပါ။ ဆရာမမြရာဇာလင်းရို့နီဖူးပါသည်။ သို့သော် အကျွန်ုပ် အိန္ဒိယသို့မလားမှီ ဗဟုသုတအတွိအကြုံဖြစ် မြိုတောင်သို့ခရီးလားသောအခါ လောင်ချာကိုင်းရွာသို့ရောက်ဖူးခပါသည်။ အကျွန်ုပ်ရို့ မြိုတောင်ခရီးထွက်ချိန်မှာ နွီခါသားဖြစ်၍ ချောင်းရီများများစားစားမဟိပါ။ ဒူးလောက်ရာဟိပါသည်။ မှတ်မှတ်ရရ ရွီတွက်ထားသည်မှာ မရိုးရွာက လောင်ချာကိုင်းတရောက် လမ်းတလျှောက်တွင် ၄င်းမရိုးချောင်းတချောင်းတည်းကို (၄၄) ကြိမ်တိတိဖြတ်ရပါသည်။ ယင်းလောက်ထိ ခရီးဝီးပါသည်။ ကြမ်းလည်းကြမ်းပါသည်။ လောင်ချာကိုင်းစခန်းတွင် စိုင်းခမောက်လည်း နီထိုင်ဖူးပါသည်။ စိုင်းခမောက်ဟု ခေါ်ရခြင်းမှာ စိုင်းထီးဆိုင်တေးခြင်းမျာကို အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ပိုင်ပိုင်နိုင်နိုင်တီးခတ်နိုင်သဖြင့် စိုင်းခမောက်ဟု နာမည်တွင်ခြင်းဖြစ်သည်။ ရခိုင်ရဟန်းပျိုများသမဂ္ဂဥက္ကဌ ကိုယ်တော်သီဟက နာမည်ပီးသည်ဟု ဆိုပါသည်။ ကိုယ်တော်ဟီဟမှာ မြောက်ဦးမြို့၏လေးမြို့ချောင်းတဖက်ကမ်း ပန်းမြောင်းဇာတိဖြစ်သည်။ စိုင်းခမောက်၏ပြောပြချက်အရ တရက်နိ သူရို့ စခန်းအတွက် ဆန်ရိက္ခာလားဝယ်အပြီးအပြန်တွင် ဆင်နှင့်ပက်ပင်းတိုး၍ ဆင်နင်းဖို့လိုက်သဖြင့် အသက်လု၍ ထွက်ပြီးလာခရသည်ဟုဆိုပါသည်။ သစ်ပင်ထက်တက်ပြီး၍ အသက်ချမ်းသာရသည်ဟုဆိုပါသည်။ ဆင်ပြန်လားအပြီး ဆန်အိပ်များကို လားကြည့်ရာ မလေးသျှားဒယွားဖြင့်ထုပ်ထားသော ဆန်ထုပ်များမှာ အားလုံးထွတ်ထွတ်ကြီအောင် နင်းပစ်ခသည်ဟုဆိုပါသည်။ ၄င်းဆင်များမှာ ACP ၏လက်ချက်ကြောင့် အငြိုးအတေးကြီးစွာဖြစ်နီသော ဆင်များဖြစ်ပါသည်။ တော်လှန်ရေးတွင် စားစရမဟိသောအခါ ဆင်စွယ်ကိုရာလားမြင်ပါသည်။ ဆင်ကိုသတ်၍ ဆင်စွယ်ကိုယူ။ ဆင်ကောင်ကို အေအတိုင်းပစ်ထားခ။ ဆင်များက ရခိုင်သားတော်လှန်ရေးသမားများဆိုလျှင် အသီရရ အရှင်ရရကိုက်စားချင်သူများဖြစ်ပါသည်။ ACP ဆိုသည်မှာ ဗိုလ်ရာဇာခေါင်းဆောင်သော NUPA အမျိုးသားညီညွတ်ရေးတပ်ဦး ရခိုင်တပ်မတော် AA မှ လက်နက် (၃၀၀) ခိုးယူပြီး အာဏာသိမ်းလားသောပါတီဖြစ်သည်။ ခေါင်းဆောင်မှာ ဦးသိန်းဖေဖြစ်သည်။ ဒုတိယခေါင်းဆောင်မှာ မင်းပြားသိန်းအဖွဲ့ထဲတွင်ပါဝင်သူ ထွန်းအောင်ကျော်ဖြစ်သည်။ တလောက ANP ပါတီတွင် ဒေါက်တာအေးမောင်ကို တရားစွဲသော ထောင်ထွက်ဆရာကြီးနှင့် တပါတီတည်းဖြစ်သည်။ တတိယခေါင်းဆောင်မှာ တိုက်စိုးဖြစ်ပါသည်။ တိုက်စိုးမှာ ၄င်းလက်နက် (၃၀၀) အား မောင်းတုန်းဖြုတ်၍ မောင်တောသို့ လက်နက်ချအလင်းဝင်ရောက်လားသူဖြစ်သည်။ အခုအသက်ရှင်လျှက်ဟိသိမ့်ရေလား သီကျလားခယာလားဆိုသည်ကိုမူကား အတိအကျမသိပါ။ ဂင်တိုတိုနှင့်လူစောက်ဆိုးဖြစ်ပါသည်။ အကျွန်ုပ်နှင့်ကား (၈၈) အရေးအခင်းဖြစ်ပြီး ၀ါးခတ်ချောင်းစခန်းတွင် တွိဖူးပါသည်။ အစ်ကိုကြီးအခုကာလမှာ ထိုပါတီ ဒေပါတီကွဲနီလို့မဖြစ်။ မြန်မာစစ်အစိုးရကို ပေါင်းတိုက်မှာရဖို့။ ဗကပနှင့်လည်း မဟာမိတ်ဖွဲ့လို့ တိုက်ကတ်ရပါဖို့ဆိုခါ သူက ဗကပစွာ နံပါတ်တစ်ရန်သူလတ်။ ယေခါ အကျွန်ုပ်ကလည်း ယေကေ ဂိုးကိုကြီးရို့လည်း ဗမာစစ်တပ်လူရာမနားလို့ပြောမိမှားခီမှာ အကျွန်ုပ်ကို သတ်ဖို့တကဲကဲလုပ်ပါသည်။ ယင်းခါကပင် အကျွန်ုပ်လည်း အေလူတိကို အမြင်ကပ်လို့ ၀ါးခတ်ချောင်းစခန်းမှာ မနီဘဲ အပြင်မှာနီပါသည်။

ဆက်ပြောရခန့်ဆိုလျှင် မရိုးစခန်းပြောင်းပြီးမှ ၀ါးခတ်ချောင်းစခန်းတွင် အကျွန်ုပ်ရို့ဆက်၍ စခန်းချပါသည်။ လောင်းကြေးလုပ် စပ်တန်းလုပ်လျှင် အသက်သီဆုံးတတ်သည် မယုံတ၀က်ယုံတ၀က် အငြင်းပွားရာ ကျွန်ုပ်က မယုံသည့်ဖက်က ပါပါသည်။ သို့သော် လုပ်ဝန့်သောသတ္တိကားမဟိ။ သီကျလားပြီးဖြစ်သော သိန်းမင်း (အောင်သာထွန်း) ကရာ ယင်းပိုင်ဆိုငါလားမည်ဟုဆိုလျှက် ကိုအေးမောင်ရို့အိမ်သို့လား၍ မှန်အိမ်ကို သက်သီပစ္စည်းအဖြစ်လားယူခီပါသည်။ ယင်းအချိန် ညဇာသား (၈) ချက်တီးခွဲခန့်ဟိပြီး အချိန်လည်းမှောင်နီပြီးဖြစ်သည်။ ကိုအေးမောင်အိမ်သျှင်မနှင့် အစ်မထမင်းစားပြီးစ မှန်အိမ်ကို စကားတခွန်းမပြောမဆိုဘဲ စခန်းသို့ယူလာခပါသည်။ လမ်းတွင် ဖီးဥပါတ်တစုံတရာမဖြစ်ပါ။ ထိုအခါမှ ဆရာကြီးသိန်းမောင်နှင့် ဆရာမောင်ကျော်ယိုင် သက္ကာယဒိဌိအစွဲပြုတ်ပါသည်။ နောက်ပိုင်း သိန်းမင်းအား မင်းမှန်အိမ်လားယူခီစွာမကြောက်လားမီးကြည့်ရာ ကြောက်ကကြောက်တေနန်းရာ။ ယေလည်း အဂယင့်ဟုတ်မဟုတ်ကို သိချင်လို့ စမ်းကြည်ရေမနားယေဟု ပြောပါသည်။ ဧရာမသတ္တိခဲမဟုတ်ပါ။ ခေါင်းဆောင်မှုမကောင်းခါ ရဲဖော်ကောင်းလူငယ်ချေတိအားလုံးဘ၀ပျက် အရွယ်မလွန်မသီသင့်ဘဲ သီကျလားခရပါသည်။

ဇတ်လမ်းကိုပြန်ဆက်ရသော် "တာဝန်အရဖြစ်လို့ ခွင့်လွှတ်ပါအစ်ကို" ဆိုသည်မှာ ၀တ္ထုဇတ်လမ်းနာမည်ဖြစ်ပါသည်။ မရိုးရွာတွင် ကထိန်ပွဲလား သျှင်ပြုပွဲလားမမှတ်မိလိုက်ပါယာ။ အကျွန်ုပ်ရို့ကျောင်းသားများက ဇတ်ကရမည်ဖြစ်သောကြောင့် တာဝန်အရဖြစ်လို့ ခွင့်လွှတ်ပါအစ်ကိုဇတ်ညွှန်းကို အကျွန်ုပ်က ဇတ်ကွက်ချထားခြင်းဖြစ်ပါသည်။ ဇတ်လမ်းအကျဉ်းမှာ ညီအစ်ကိုနှစ်ဦး အစ်ကိုက ဆိုးသွန်းသူ။ ဆယ်တန်းတနှစ်ကျ။ ညီနှင့်အတူစာမီးပွဲဖြေရာ နှစ်ယောက်စလုံးအောင်မြင်။ အစ်ကိုက အာဏာရဗိုလ်လုပ်ချင်သူဖြစ်၍ ဗိုလ်သင်တန်းဖြေရာ အောင်မြင်၍ ဗိုလ်လောင်းသင်တန်းတက်ရောက်။ ညီဖြစ်သူက အစ်ကိုဖြစ်သူ ဗိုလ်သင်တန်းတက်သည်ကို မနှစ်မြို့။ ညီဖြစ်သူ ဒုတိယတန်းနှစ်တွင် (၈၈၈၈) အရေးအခင်းဖြစ်၍ ဘင်္ဂလားဒေခ်ျဖက်သို့ ထွက်ပြီးလာ။ အကျွန်ုပ်ရို့နှင့်အတူ မရိုးကျောင်းသားစခန်းတွင် အတူနီထိုင်။ အစ်ကိုဖြစ်သူက ဗိုလ်အဖြစ်နှင့် ရခိုင်စစ်မျက်မှာသို့ ရှိတန်းတာဝန်ကျ။ ရခိုင်ကျောင်းသားစခန်းကိုတက်သိမ်း။ ကျောင်းသားတဦးကျဆုံး။ သုံးဦးဒါဏ်ရာရ။ ကျောင်းသားများ အသက်လု၍ထွက်ပြီးရ။ ညီဖြစ်သူက စခန်းအတွက် ရိက္ခာဝယ်၍အပြန် ဒါဏ်ရာရနှင့် သီဆုံးကျောင်းသားများကို တွိရ၍ ဒေါသဖြစ် မကြေနပ်ချက်ဖြင့် တန်ပြန်ကလေ့စားချေ။ အစ်ကိုဖြစ်သူက ကျောင်းသားစခန်းကို တိုက်ခိုက်အောင်မြင်လိုက်သဖြင့် ရွာတွင် အရက်သောက်ပြီးအောင်ပွဲခံ။ ညီဖြစ်သူက လားချောင်းသောအခါ အစ်ကိုမျက်နှာကို အထင်းသားတွိမြင်ရ။ အစ်ကိုမျက်နှာကို မြင်ရသောအခါ ချိန်ရွယ်ထားသော သေနပ်ကို အောက်ချပြီး မပစ်ဝန့်ဘဲ ချီတုံချီချဖြစ်နီ။ နောက်ဆုံး စိတ်တင်းပြီး "တာဝန်အရဖြစ်လို့ ခွင့်လွှတ်ပါအစ်ကို" ဆိုပြီး စိတ်ထဲက ရည်မှတ်လျှက် အစ်ကို၏ရင်ညွှန့်တည့်တည့်သို့ သေနပ်ပစ်ထည့်လိုက်သော ဇတ်လမ်းအကျဉ်းဖြစ်ပါသည်။ ဇတ်လမ်းကို ညီဖြစ်သူအဖြစ်ဇတ်ကရသူမှာ စိုင်းခမောက်ဖြစ်ပါသည်။ အစ်ကိုအဖြစ် သရုပ်ဆောင်ရသူက ALP က ကိုမျိုးချစ်ဖြစ်ပါသည်။ ကိုပြည်သိမ်း (ကိုထွန်းထွန်း)(မြောက်ဦး) ကားဆွဲကုလားကာချ တာဝန်ယူရသည်။ နီပူကြဲကြဲဇတ်တိုက်သောအခါ အကျွန်ုပ်က ပုလီမှုတ် ကိုယ်ပြည်သိမ်းက ကားဆွဲရသည်။ ကုလားကာမဟိ။ လက်ဟန်ခြီဟန်ဖြင့် ကားဆွဲချရသည်။ အကျွန်ုပ်က ပုလီမှုတ်၍ ကိုပြည်သိမ်းက ကားမဆွဲလျှင် အကျွန်ုပ်က မာန်ပါသဖြင့် ပြန်တွက်ကြည့်လျှင် ကောင်းကောင်းရယ်ရပါသည်။

မရိုးစခန်းတွင် သိန်းမင်း (အောင်သာထွန်း)၊ စိုင်းခမောက် (စစ်တွေ)၊ ကိုပြည်သိမ်း (ထွန်းထွန်း)(မြောက်ဦး)၊ ကိုဇာဏီ (စစ်တွေ)၊ ကိုထွန်းစံ (စစ်တွေ)၊ ကိုရန်အောင် (ရသေ့တောင်)၊ ကိုမြတ်ကျော် (စေတီပြင်) (ယခု နရဉ္စရာသတင်းထောက်)၊ ကိုစံသာအောင် (မြောက်ဦး) (ယခု အမေရိက)၊ ကိုမျိုးချစ် (ALP)၊ ခိုင်မုန်တိုင်း (စစ်တွေ)၊ သန်းမြင့် (ပေါက်တော)၊ လှအောင်သိန်း (စစ်သားလူထွက်)၊ ကိုဝင်းသိန်း (မင်းပြား)၊ အကျွန်ုပ်အပါအားလုံးဆယ်ယောက်ကျော်ကျော်လောက်ရာဟိပါသည်။ များများစားမစားမဟိပါ။ ကျောင်းသူလူငယ်တချို့ အပြင်တွင်နီထိုင်၍ ကျောင်းသားစခန်းကို ကူညီထောက်ပံ့မှုများပြုလုပ်ကတ်ပါသည်။ ထိုအထဲတွင် ခရာတေးသိန်းမောင်၊ နခေါင်းချောင်း၌အိမ်ထောင်ကျနီသူ ကိုသန်းမြင့်၊ ဆရာမမြရာဇာလင်း၏မွီးစားသမီးနှင့်အိမ်ထောင်ကျနီသူ ကိုစံကျော်ရို့လည်းပါဝင်ပါသည်။ ကိုသန်းမြင့်နှင့် ကိုစံကျော်မှာ ဖလောင်းချိတ်တွင် ပန်းထိမ်လုပ်လျှက် ရပ်တည်ပါသည်။ ကိုဖိုးလှ၏ညီကား ဖလောင်းချိတ်တွင် အိမ်ထောင်ကျလျှက် အပြင်ပ၌ရပ်တည်ပါသည်။ ကျောင်းသားများကို အဓိကထောက်ပံ့သူတဦးမှာ ပန်းထိမ်ဆရာ ကိုမောင်အေးချမ်းဖြစ်ပါသည်။ (၈၈) သျှစ်မတိုင်ခင်ကတည်းက တော်လှန်ရေးကိစ္စနှင့် ရခိုင်ပြည်ကထွက်ပြီးလာရသူတဦးဖြစ်သည်။ ကိုစံသာအောင်၊ ကိုပြည်သိမ်းရို့နှင့် ပိုရင်းနှီးသည်။ တရက်နိ ခရာတေးသိန်းမောင် စခန်းထဲသို့အလည်ရောက်ပါသည်။ အကျွန်ုပ်ရို့စခန်းတွင် သေနပ်ဆို၍ AIO ရဲဘော်ကြီးကိုသန်းရွှေ လုပ်ပီးထားသော လုပ်သေနပ် ယမ်းထောင်းတလက်ရာ ဟိပါသည်။ ယင်းချင့်ကို ကျည်ထိုးမောင်းတင်ထားသည်ကို မသိပဲ ကိုသိန်းမောင်က မောင်းခလုတ်ကို လက်ကုတ်လိုက်ရာ ကံကောင်းထောက်မ၍ ပြောင်းဝက ထောင်လျှက်သားဖြစ်နီသဖြင့် ခေါင်မိုးဝါးလုံးထွတ်ထွတ်ကြီလားသည်။ အကျွန်ုပ်ရို့ကား သီကြီအနာတရမဖြစ်လိုက်။ သေနပ်ကျည်ဆံပေါက်ထွက်လားပြီးခါမှာ ကိုသိန်းမောင်မှာ ကိုယ့်အပြစ်နှင့်ကိုယ် မျက်စိပြူးမျက်ဆံပြူးဖြစ်နီပါသည်။ သေနတ်ကိုင်ဆောင်သူတာဝန်ခံ၏ပေါ့ဆမှုကြောင့်လည်းဖြစ်ပါသည်။

မရိုးရွာ၌ကထိန်ပွဲလုပ်သောအခါ အကျွန်ုပ်ရို့က ဦးမြ၀ါဒုံးယိမ်း၊ ရခိုင်ရိုးရာ ငပျင်းထွေဟာသဖြင့် ကပြဖြေဖျော်ပါသည်။ ငပျင်းထွေအဖြစ်သရုပ်ဆောင်သူမှာ ကိုဇာဏီ (စစ်တွေ) ဖြစ်ပြီး မယားသည်အဖြစ်သရုပ်ဆောင်သူမှာ ကိုမျိုးချစ် (ALP) ဖြစ်ပါသည်။ သရုပ်ဆောင်က အသက်ဝင်သဖြင့် ပရိတ်သတ်အားလုံး အူဆို့ပါအောင်ရယ်ကတ်ရပါသည်။ အူဆို့ပါအောင်ရယ်ပြီး များမကြာ ငိုပွဲနှင့်ကြုံပါသည်။ ဘင်္ဂလားဒေခ်ျတွင် အခုပိုင် ရိုးရာပျော်ပွဲရွှင်ပွဲနည်းပါးပါသည်။ တခြားရွာကျောင်းက ကိုယ်တော်တပါးလည်း ပျော်လွန်း၍ လူထွက်ပြီး ပွဲကို ဓါတ်ပုံရိုက်ပါသည်။ အကျွန်ုပ်ရို့ကျောင်းသားများကလည်း မြန်မာအစိုးရကို ဓါတ်ပုံပို့ဖို့ရိုက်သည်ဟု အထင်မှားပြီးဖမ်းပါသည်။ ကိုမျိုးချစ်က လက်ပြန်ကြိုးချိုင်၍ စခန်းဖက်သို့ ခေါ်ယူလားပါသည်။ အကျွန်ုပ်ရို့ကလည်း အစ်ကို ဖမ်းကဖမ်းယူလား ယေကေလည်း သတ်ကမသတ်လီကဲ့ မှာလိုက်ပါသည်။ ကိုမျိုးချစ်မှာ ကချင်ပြန်ဖြစ်ပြီး ကချင်၌စစ်သူရဲကောင်းဆုတံဆိပ်ရဟိထားသူဖြစ်သည်ကတကြောင်း ကောင်းကောင်းလက်ယင်ပါသည်။ စခန်းထိမရောက် လမ်းတွင် ခါးပတ်ဖြုတ်ပြီး ယူထည့်လိုက်သည်။ ထိုပြသနာဖြစ်ပြီးမကြာ မိုးလည်း ချက်ချင်းကောက်ရွာပါသည်။ အကျွန်ုပ်ရို့ အားကြိုးမာန်တက် ပျင်ဆင်ထားသော "တာဝန်အရဖြစ်လို့ ခွင့်လွှတ်ပါအစ်ကို" ဇတ်လမ်းကို ကဖို့တောင်မရလိုက် ပွဲပျက်လားရပါသည်။ ဘုန်းကြီးလူထွက်ကို ဖမ်းလားရေသတင်း ဘင်္ဂလားရဲတိသတင်းကြား၍လိုက်ရှာရာ ဘုန်းကြီးလူထွက်ကို နောက်ကုန်းတွင် ခါးပတ်ရှာအစင်းစင်းနှင့် တွိရပါသည်။ အကျွန်ုပ်နှင့် ကိုပြည်သိမ်းနှစ်ယောက် တက်စားအဖမ်းခံရပါသည်။ ရွာသားများကောင်းမှု မရမက ငွေကောက်ခံပြီး ဘင်္ဂလားရဲအား ငွေတထောင်ကျော်လဘ်ထိုးပြီးမှ အဖမ်းလွတ်ပါသည်။ ကောင်းမကြာ ကိုမျိုးချစ်ဦးဆောင်သော ALP အုပ်စု အိန္ဒိယဖက်သို့ လက်နက်လားပို့ပါသည်။ လမ်းတွင် ဘင်္ဂလား (BDR) နယ်စောင့်ရဲများက ပရိယာယ်သုံးပြီး ထမင်းစားခေါ်ဖိတ်ပါသည်။ ကိုကျော်သန်း (ခိုင်ကြီး) ယခုကနေဒါက အတန်တန်မယုံဖို့ပြောသော်လည်းလက်မခံ။ ခေါင်းဆောင်အမိန့်နာခံရမည်အာဏာသုံးသဖြင့် အားလုံးလက်နက် အသိမ်းခံရ လူလည်းအဖမ်းကျ လက်နက် တဆယ်ကျော် အလကားဆုံးလားရပါသည်။ ကုလားများညာဏ်ကို ရခိုင်သား ခြီဖျားတောင်လိုက်မမှီပါ။ မှားလားပါရေဆိုခါက လက်ထဲမှာ (ဗျ) ကျန်လားခယာ။ အေဇတ်လမ်းကား မပြီးပါသိမ့်။ အေဇတ်လမ်း၏နောက်ဆက်တွဲဖြစ်သော ALP အတွင်းရေးမှုးခိုင်မျိုးမင်း ဒေလီ၌ နဖူးကို ပေါက်ဆိန်ဖြင့်အပေါက်ခံရသော ဇတ်လမ်းဟိပါသိမ့်သည်။ ဖတ်ချင်လျှင် ဆက်လက်စောင့်မျှော်ပါ။ ပထမအခန်းအဖြစ် "တာဝန်အရဖြစ်လို့ ခွင့်လွှတ်ပါဇတ်လမ်း" ကို ဤတွင် နိတ္ထိတံအဆုံးသတ်ပါသည်။ လိုအပ်သည် ကျကျန်ခသည်များဟိက ဇတ်လမ်းတွင်ကိုယ်တိုင်ကိုယ်တွိပါဝင်ခသူများ ထပ်မံဖြည့်စွက် တင်ပြနိုင်ပါကြောင်း။

(ရခိုင်ပေါင်းကူး သာလှဦး)
အောက်တိုဘာလ (၂၅) တလင်္ဂုနီနိ၊ ၂၀၁၅။

Saturday, September 5, 2015

မိုးလင်းရာဇာစစ်ကြောင်း

မိုးလင်းရာဇာစစ်ကြောင်း
=============

“တော်လှန်ရေးဆိုစွာ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုး နယ်ချဲ့လက်အောက်ကလွတ်မြောက်ဖို့အတွက် လက်နက်ကိုင်တိုက်ပွဲဝင်စွာဖြစ်တေ။ တနည်းအားဖြင့် ကယ်တင်ဖို့ဖြစ်တေ။ မတရားစိုးမိုးဗိုလ်ကျ၊ အနိုင်ကျင့်ညှင်းပန်း၊ သိမ်းယူအမြတ်ထုတ်၊ အကျင့်ယုတ်ကို ဖယ်ထုတ်စွာဖြစ်တေ။ ငါရို့တိစွာ ရီခြားမြီခြားတိုင်းတပါးမှာလာရောက်ပြီးကေ ဒုက္ခဆင်းရဲခံတော်လှန်နီကတ်တေ။ ရခိုင်ပြည်တော်လှန်ရေးစွာ ရခိုင်ပြည်မှာဟိသင့်ရေ မှန်ရေ။ ယေကေလည်း နီရာဒေသပယောဂကြောင့်။ ရည်မှန်းချက်ကိုနားလည်ကတ်ရဖို့။ ခံယူချက်မြဲရဖို့။ လက်ဟိနိုင်ငံရေးအနီအထားနှင့် မြန်မာလူမျိုးရေးဝါဒီများကိုသုတ်သင်ရာမှာ တဦးချင်းတယောက်ချင်းတဖွဲ့ချင်းထက် ဘတူအဖိနှိပ်ခံလူမျိုးများနှင့် ပူးပေါင်းလက်တွဲတိုက်ခိုက်စွာက ပိုကောင်းရေ”

“အစားဆင်းရဲ၊ အ၀တ်လျှို့တဲ့၊ နီရာထိုင်ခင်းပုံမှန်မဟိစွာ တော်လှန်ရေးသမားတယောက်အတွက် မပြောပလောက်တေဒုက္ခအဖြစ် ခံယူနိုင်ရဖို့။ တမျိုးသားလုံးလွတ်မြောက်ချင်ကေ ကိုယ့်တိုင်းပြည်ကိုကယ်တင်ချင်ကေ ဇွဲမာန်သတ္တိဟိရဖို့။ ကိုယ်ကျိုးစွန့်ရဖို့။ ယေမှရာ တော်လှန်ရေးသမားကောင်းပီသဖို့”

၁၉၇၃-ခုနှစ် ဇန္န၀ါရီလ (၇) ရက်နိ ၀မ်းခစခန်း၌ စာရွီးသူအပါအ၀င်ရဲဖော်ခုနှစ်ဦး လူသစ်အဖြစ်စတင်ရောက်သောနိ။ ညစာထမင်းစားနီတုန်း နုတ်ဆက်စကားဖြစ်သည်။ နှဖူးက ချွေးတပြစ်ပြစ်စီးနီသည်။ မျက်နှာပြင်နှင့်တကိုယ်လုံးမှာ မီးသွီးများပယ်ကျံနီသည်။ ၀မ်းသာမှုများက မျက်နှာထက်တွင် ပေါ်နီသည်။

ထမင်းစားပွဲမှာ စားစရာငပိရည်၊ တို့စရာသဖန်းသီးအပြင် ဇာလည်းမဟိ။ ငပိရည်နှင့်ရခိုင်သား။ ရခိုင်သားနှင့်ငပိရည်။ အရိုးခံအမှန်ပြောရကေ အော့အံမိသည်။ တော်လှန်ရေးအတွက် အသက်ပီးဖို့ ဆုံးဖြတ်ထားပြီးမှ အစားအသောက်ဇီဇာကြောင်နီလို့မဖြစ်။ တော်လှန်ရေးအတွက်မီးသွီးဖုတ်နီသော ဥက္ကဌကြီးခိုင်မိုးလင်း၏စိတ်ဓါတ်ကို ကြည်ညိုသည်။ မိမိကိုယ်ကို နှစ်သိမ့်ရသည်။ ယင်းပိုင်နှင့် တော်လှန်ရေး၏ပထမညည့်ကို ကုန်လွန်စီခသည်။

နောက်တနိနီထွက်ချိန် (၉) ချက်တီးခန့်။ ကော်မူးရာ ၀မ်းခစခန်း၏အမှောင်ကို ထိုးဖောက်ထွက်လာသောရောင်ခြည်များက သွယ်တန်းလျှက်ဟိသည်။ ကျီးငှက်များ ထိုပင်ဒေပင် တပင်ထက်တပင် ပျံသန်းဆူညံနီကတ်သည်။

စာရွီးသူနှင့်ရဲဖော်များသည် နီဆာလှုံယင်း ဖြစ်ကြောင်းကုန်စင် ပြောဆိုနီကတ်သည်။ ညီချေရို့ ဒေကိုလာကတ်ဟု ဥက္ကဌကြီးကလှမ်းခေါ်လိုက်သဖြင့် အကျွန်ရို့ သွက်သွက်ချေရောက်လားသည်။ မင်းက ဘုန်းကြီးလူထွက်ဆိုကေ အစားအသောက် ဆင်းရဲဒါဏ်ချက်ချင်း ခံနိုင်ချင်မှခံနိုင်ဖို့။ ကျင့်သားရကေ စိတ်ဓါတ်ခိုင်လာဖို့ ခံနိုင်ရည်ဟိလာဖို့သေချာရေ။

“ငါ့နာမည် ခိုင်မိုးလင်း”

“မိုးလင်းကေ နီမထွက်လား”

“ထွက်ပါရေ ဥက္ကဌကြီး”

“နီထွက်ကေ နီရောင်မမြင်လား”

“မြင်ပါရေ”

“နီရောင်မြင်ကေ အမှောင်မပျောက်လား”

“ပျောက်ပါရေ”

“ရခိုင်ပြည်ကို မြန်မာတိအုပ်ချုပ်နီရေ။ မကောင်းဆိုးရွားတည်းဟူသော အမှောင်ထုဖုံးလွှမ်းထားရေ။ အမှောင်ထုကွယ်ပျောက်ဖို့ နီထွက်ဖို့လို့ရေ။ မိုးလင်းလို့နီထွက်ကေ အမှောင်ပျောက်တေ။။ အေနိအေရက်ကစပြီးကေ နီရောင်လို့ မင်းရို့ကိုမင်းရို့မှတ်ထား” ဟု စာရွီးသူနှင့်အဖွဲ့အား နာမည်ကင်ပွန်းတပ်ပီးပါသည်။

ဥက္ကဌကြီးခိုင်မိုးလင်းသည် အလွန်ရိုးဖြောင့်၏။ အရပ်မှာ (၅) ပေ (၁၁) လက်မ။ အသက်အရွယ်အားဖြင့် ငယ်ပင်ငယ်သော်လည်း မိန်းမမလိုက်။ ရွှေမမက်ငွေမမက်။ တပည့္မမြီး။ လက်အောက်ငယ်သားများကိုဆက်ဆံရာတွင် တန်းတူရည်တူဆက်ဆံသည်။ ခန့်ငြားလှပသည့် ဥပဓိရုပ်ဟိသည်။ မည်သည့်အလုပ်မဆို ပြတ်သားတိကျသည်။ ယုံကြည်ချက်နှင့်အတူ ကာယဥာဏစွမ်းအားဖြင့် မှန်မှန်ကန်ကန်ဆောင်ရွက်သည်။ တိုင်းပြည်နှင့်လူမျိုးအပေါ်သစ္စာဟိသကဲ့သို့ အောက်လက်ငယ်သားများကိုလည်း ငဲ့ညှာသည်။ ထူးကဲပြောင်မြောက်အောင် ဆုံးမပီးနိုင်သည်။

ကော်မူးရာစုဆောင်းရေးအဖြစ် လူအင်အား (၅၀) ဟိသည်နှင့် မဟာမိတ်ကရင်စခန်း၌ အခြီခံစစ်သင်တန်းပီးသည်။ ယုန်းလုပ်ငန်း၊ လက်နှိပ်စက်သင်တန်း၊ မိုင်းသင်တန်း၊ လက်နက်ကြီးသင်တန်း၊ ဆက်သွယ်ရေးသင်တန်းနှင့် သူနာပြုသင်တန်းစသည်များကိုသင်ကြားရာ သင့်တော်ရေပိုင်မွမ်းမံပီးသည်။

(၁၉၇၄) ခုနှစ်တွင် ရဲဖော်သစ်များအဆက်မပြတ်ရောက်လာ၍ အင်အားကောင်းလာသဖြင့် သင်တန်းကို ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထစသည်ဖြင့်သတ်မှတ်၍ ကရင်တပ်မတော်၌ တက်ရောက်သင်ကြားစီသည်။ (၁၉၇၄) ခုနှစ်မှာပင် မြ၀တီ၊ သင်္ကန်းညီနောင်၊ မဲပလဲစခန်းများကို မဟာမိတ်တပ်များနှင့်ပူးတွဲ၍ စစ်ဆင်ရေးပြုလုပ်သည်။ ရခိုင်တပ်မတော်မှာ အင်အားရာကျော်လာသည်နှင့်အမျှ အောင်လံထူ၊ အလေးပြုသစ္စာဆိုရသည်။ စစ်အင်အားကိုလည်း ပိုမိုလှုပ်လျှားသည်။ အယင် ရိုင်ဖယ်သေနတ်မှ ခေတ်မှီမောင်း ပြန်သေနပ်များကို တပ်ဆင်ပီးသည်။ ရိက္ခာများကိုလည်း ကရင်မဟာမိတ်တပ်ရင်းမှ လိုလေသေးမဟိထုတ်ပီးသည်။ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်ကို စစ်ကြောင်းကြီးလေးကြောင်းဖြင့် မဟာမိတ် (KNU) တပ်မတော်နှင့်အတူ ကရင်ပြည်ဒေသတလျှောက် ထိုးစစ်ဆင်တိုက်ခိုက်သည်။

စစ်ကြောင်းလားရာဒေသတလျှောက် ရိုးသား၍သနားဖို့ကောင်းသော ကရင်ပြည်သူများအား စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးအဆင့်မြင့်မားလာစီရန် ပီးသင့်သည့်အကာအကွယ်ကိုပီး၊ မသိနားမလည်သည်များကို သင်ကြားပိုချပြုလုပ်ရသည်။ တရွာဝင်တရွာထွက် တိုက်ယင်းခိုက်ယင်း၊ လှည့်ယင်းလည်ယင်း၊ စည်းရုံးယင်း ကရင်ပြည်တွင် ရခိုင်စစ်သည်များကို ကရင်ပြည်သူများက ယုံကြည်အားထားလာသည်။ တမျိုးတည်းတဆွီတည်းပမာ ချစ်ခင်ရင်းနှီးလာသည်။ ရခိုင်စစ်တပ်များ ကရင်ကျွန်းရွာများရောက်သည်နှင့် ဆန်ဖွတ်ထင်းခွဲ၊ မောင်းထောင်းအလုပ်ဝင်လုပ်သည်။ လုပ်အားပီးသည်။ သို့ဖြင့် ကရင်ပြည်တွင် ရခိုင်ရဲဖော်များအတွက် အစားအသောက်မယှား။ ပီးကမ်းချင်သူများသည်။ လက်ကမ်းကြိုဆိုသည်။ သားနှင့်အမိ၊ မောင်နှင့်နှမ၊ တမိတည်းသားပမာ ချစ်ခင်သည်။

ကရင်ပြည်တွင် မဟာမိတ် (KNU) နှင့် စစ်ဆင်ရေး ဒေသတလျှောက် မြို့သိမ်းတိုက်ပွဲ၊ ရင်ဆိုင်တိုက်ပွဲ၊ ပြောက်ကျားတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲ၊ မရွီမတွက်နိုင်အောင်တိုက်ခရသည်။ မိုးလင်းရာဇာစစ်ကြောင်းမှ ရခိုင်ပြည်လွတ်လပ်ရေးတပ်မတော်၏ ရဲဖော် (၃၁) ဦး အသက်ပီးခရသည်။ ကရင်ရခိုင် ချစ်ကြည်ရေးမဏ္ဍိုင်ကို သွီးခင်း၍စိုက်ထူခသည်။ ကရင်နှင့်ရခိုင်သမိုင်းတွင်ကား မှတ်တိုင်အဖြစ် ထင်ရှားပြီးဖြစ်သည်။

၁၉၇၆-ခုနှစ် ဇွန်လ (၅) ရက် သော်လဲထားစခန်း

ရဲဘော်ရို့ ငါရို့ရခိုင်တပ်မတော်ရေ မဟာမိတ်နယ်မြီ ဒေသခံများနှင့်ပူးပေါင်း၍ ရန်သူမြန်မာလူမျိုးရေးဝါဒီတိကို သုတ်သင်လာစွာ (၂) နှစ်ကျော် (၃) နှစ်ထဲရောက်ပျာ။ ရဲဘော်ရို့အသိ။ စစ်ရေးနိုင်ငံရေး၊ တိုက်ခိုက်ရေး နီရာတိုင်းမှာ အောင်ပွဲခံနီတုန်း။ နောက်ထပ်လည်း ဆက်အောင်ခန့်သိမ့်။ ဦးတည်ချက်၊ ရည်မှန်းချက်ကျန်သိမ့်ရေ။ ယင်းရည်မှန်းချက်မှာ ရခိုင်ပြည် ရခိုင်လူမျိုးလွတ်မြောက်ရေးနှင့် ရခိုင့်အချုပ်အချာအာဏာ ရခိုင်ပြည်သူ့လက်ဝယ် ပြန်ရောက်ရေးဖြစ်တေ။ ငါရို့ရခိုင်တပ်မတော်မှာ လုံးလုံးတာဝန်ဟိရေ။ ယင်းကြောင်း (၁၉၇၆) ခုနှစ် ဇွန်လ (၂၀) ရက်နိကို ရခိုင်ပြည်သို့ပြန်ဖို့နိအဖြစ် သတ်မှတ်တေ။ ရဲဖော်အားလုံး လက်ခုတ်လက်ဝါးတီးထောက်ခံသည်။

ဆက်လက်ပြီးပြောချင်စွာက ငါရို့ရဲဘော်ရို့အားလုံး မိုင်ထောင်ပေါင်းများစွာကို ကျော်ဖြတ်ရဖို့။ ဆင်းရဲ၊ ပင်ပန်း၊ ငတ်ပြတ်ခြင်းနှင့် ရင်ဆိုင်ရဖို့။ ရန်သူနှင့်လည်း တိုက်ပွဲတိအများကြီးတိုက်ရဖို့။ ဇာပိုင်ပင်အခက်ခဲဟိဟိ သတ္တိမွီးကတ်ရဖို့၊ ဇွဲဟိရဖို့။ ခံနိုင်ရည်ဟိရဖို့။


အေအကျပ်အတည်း၊ အခက်အခဲ၊ ပင်ပန်းဆင်းရဲကို မျိုးချစ်စိတ်၊ တိုင်းပြည်ကိုကယ်တင်လိုစိတ်နှင့် ကျော်ဖြတ်ရဖို့။ အခက်အခဲတိကို ခံနိုင်ရည်မဟိသူ၊ ခံနိုင်ရည်မဟိလို့ ယူဆသူ၊ တွေဝေနီလူတိ အခုကပင်ထွက်ကျန်လိုက်ကတ်။ ရန်သူဘားမှာ လုံးဝဒူးမထောက်၊ လက်မမြှောက်ရ။ ရခိုင်လက်နက် ရခိုင်လက်ထဲမှာဟိရဖို့။ စိတ်ပျက်သူ၊ စိတ်ဓါတ်ကျလူတိ လက်နက်ကိုအပ်။ ထွက်စာတင်။ စားစရိတ်လမ်းစရိတ် (၅၀၀၀) ထုတ်ပီးလိုက်မည်။ အားလုံးသဘောပေါက် နားလည်ကတ်ယင့်လား။

“ဟုတ်ပါရေ”

“စိတ်ပျက်တေလူဟိလာ”

“မဟိပါ”

“ရခိုင်ပြည်ကိုချီတက်ကတ်ဖို့မဟုတ်လား”

“ချီတက်ပါဖို့”

“စစ်ကြောင်းသတ်မှတ်မည်။ နားထောင်”

“စစ်ကြောင်းနာမည် - မိုးလင်းရာဇာစစ်ကြောင်း”

“မိုးလင်းရာဇာစစ်ကြောင်း”

“မိုးလင်းရာဇာစစ်ကြောင်း”

ဝန်းကျင်တခုလုံးကို ရခိုင်လွတ်ပြည်လွတ်မြောက်ရေးပါတီ၊ မိုးလင်းရာဇာစစ်ကြောင်းအသံက လွှမ်းမိုးလားသည်။ ရဲဖော်အားလုံး ရဲစိတ်ရဲမာန် ဇာတိမာန်ဖြင့် ၀မ်းမြောက်ကတ်ရသည်။

သီမင်းနှင့်မိုးလင်းရာဇာစစ်ကြောင်း

အခါသမယမှာ အမှောင်အားကောင်းချိန် လမိုက်ညဖြစ်သဖြင့် စက္ကြာဝဠာတခွင်လုံး ကြည်လင်ခြင်းမဟိ။ ငွေစင်ကြယ်ချေတိ တိမ်တိုက်များနောက်ကွယ်မှ ပုန်းလျှို့ဝှက်လျှို့ဂေါင်းပြူလျှက်ဟိ၏။ အကာလ၀န်းကျင် အလင်းဟူ၍မဟိ၊ အမှောင်ပကတိ ကြီးစိုးလျှက်ဟိ၏။ ၀န်းကျင်တခုလုံး ငြိမ်ဆိတ်လျှက်။ အတွေးများဖြင့်အိပ်မပျော်။ သိလာရသည်က နက်ဖန်ခါ။ ပြန်ရဖို့ယာထော - ရင်ထဲကအသိ။

ရင်းနှီးမှု၊ ခင်မင်မှု၊ ချစ်ခင်မှု၊ တွယ်တာမှုသံယောဇဉ်များဖြင့် ညည့်ဦးပိုင်းနှုတ်ဆက်ခရသည့် ရဲဖော်ရဲဖက်၊ သီဖော်သီဖက်၊ သူငယ်ချင်းများ၊ ကရင်ပြည်သူများ၊ အထူးသဖြင့် ရင်ထဲမှာ နှိုးဆွခံစား၊ သံယောဇဉ်ပွားမိသည့်အမိုး၊ နော်ဖလဲထူး၊ ဖထီးစောကျော်၊ ဒေးမူးနော်ချိုအေး။

မလွှဲသာ၊ ခွဲခွာရမည့်အသိတရား။ စီးကျသည့်မျက်ရည်။ ပူလောင်သည့်နှလုံးသား။ မျက်နှာကိုလက်အုပ်ပြီးငိုသံများက စာရွီးသူ၏နှလုံးသားကို ဒါးပါးပါးနှင့်လှီးဖြတ်လိုက်တေပိုင် ခံစားရပါရေ။

“မငိုပါကဲ့ - ဒေးမူ။ အမိုးဖထီး - မငိုပါကဲ့”

“အမိုး၊ ဖထီး၊ ဒေးမူ၊ မျက်ရည်ကျစွာကိုမြင်ကေ မချိအောင်ခံစားရရေ။ ကုသိုလ်ကံထောက်မလို့ သီကံမရောက် သက်မပျောက်ကေ ဒေးမူရို့ပါးကို အရောက်ပြန်လာခပါမေ”

ပြောရာပြောရသည် ရင်ထဲမှာ ထိမ်းမနိုင်ခဲမရ။ ကျလာသည့်မျက်ရည်။ အုံပုန်းလူမသိ။ စစ်သားကြီးက မျက်ရည်သုတ်လို့ တပ်ရင်းထဲပြန်လာလတ်ရသည်။ ဆိတ်ငြိမ်သောအမှောင်က တစထက်တစလွှမ်းမိုးလာကာ ပုရစ်သံ၊ ပုဇဉ်းသံ၊ တောတိရိစ္ဆာန်သံပင်မကြားရ။ အပ်ကျစွာကိုပင် ကြားဖို့ထင်သည်။

အိပ်မရလီ စိတ်ကဂယောက်ဂယက်ဖြစ်လီ။ အတွေးသံသရာ ၀ဲချာလည်လျှက် ညည့်ဦးယံ တမှေးချေလည်းအိပ်မပျော်။ မိုးစင်စင်လင်းလတ်သည်။ တပ်မှူးတပ်ဗိုလ်များအမိန့်အတိုင်း ကိုယ့်အထုပ်ကိုယ်ထမ်း။ ကိုယ့်လက်နက်ကိုယ်ကိုင်။ လားရဖို့ခရီးစဉ်အတိုင်း စီစဉ်ကတ်ရသည်။

(၁၉၇၆) ခု ဇွန်လ (၂၀) ရက်။

ဒေတသက်မိလို့ရလီဖို့မဟုတ်။ ကရင်ပြည်နယ်သော်လဲထာစခန်းမှ ထိုင်းနိုင်ငံဖက်သို့ စက်ဘုတ်ဖြင့် မိုးလင်းရာဇာစစ်ကြောင်းကူးသည်။

အတိတ်သည် အရိပ်ကဲ့သို့ စိတ်အယဉ်ဝယ် နစ်မျောချင်တိုင်းနှစ်မျောနီလိမ့်မည်။ အငြိုးကြီးရေ ဇွန်လမိုးကလည်း မညှာမတာ တဂြိုင်ဂြိုင်းရွာသည်။ အေပိုင်ပင်လည်း အငြိုးကြီးပါလား မိုးမင်းကြီး။ စိတ်ထဲရင်ထဲမှာ ကိုယ့်တိုင်းကိုယ့်ပြည်ပြန်ရဖို့စွာတောင် ၀မ်းမသာ။ တခုခုကျန်ခရေပိုင် ဟာလာဟင်းလင်းကြီး။ ဆောင်းညည့်အိမ်မက်လည်းမဟုတ်။ ကျန်လိုက်ခဖိ ကရင်ပြည်။ လွမ်းကျန်ခဖိ ဒေးမူ။ ခွင့်လွှတ်ကတ်ပါ၊။ နှစ်သိမ့်ပါရစီ။

ထိုင်းနိုင်ငံမှ မြန်နိုင်ငံသျှမ်းပြည်ဟိရာသို့တည့်တည့် ခြီကျင်တမျိုး၊ ကားစီး၍တဖုံ၊ ဗိုလ်မှူးကြီးခွန်လုံဖစခန်းသို့ ဦးတည်းထွက်ခွာသည်။ မိုးစုန်းစုန်းချုပ်မှ မိုးလင်းရာဇာစစ်ကြောင်းရောက်သည်။ နှစ်ရက်နားပြီးနောက် နိမရွီးညည့်မယှောင် တော၊ ချောင်း၊ မြောင်၊ မြစ်၊ ပြား၊ ပြင်၊ ခြုံ၊ ဂျောက်၊ တောင်စောက်တောင်မြင့်၊ တောင်စွယ်တောတန်း အကွေ့အကောက်ဝင်္ကဘာပေါင်းသောင်းခြောင်ထောင်ကိုကျော်ဖြတ်ယင်း သျှမ်းပြည်တောင်ပိုင်း၊ မေအိုးရွာနား၊ ပအို့ဖြူခွန်စံသိန်းစခန်းသို့ရောက်သည်။

မေအိုးရွာပအိုးစခန်းတွင် မိုးလင်းရာဇာစစ်ကြောင်း (၅) ရက်မျှ အနားယူသည်။ ယင်းစခန်းမှ သံလွင်ပအိုးစခန်းသို့ ချီတက်သည်။ သံလွင်မြစ်ကိုစက်ဘုတ်ဖြင့်ကူးရသည်မှာ တွေးကြည့်လျှင်အသဲယားသည်။ ခရီးကပန်း၊ လမ်းကကြမ်းး။ သမင်တောက်သံ၊ ဂျီဟောက်သံ။ တောဘယံမှာ၊ တောင်ဘယံမှာ။

တိုင်းပြည်နှင့်လူမျိုးအကျိုးအတွက် တာဝန်ကျီကတ်ရမည်။ တပ်မှူးတပ်ဗိုလ်များအမိန့် နာခံရမည်။ ဇွဲသတ္တိ၊ လုံ့လ၀ိရိယဟိကတ်ရမည်။ ဗူးကိုမွိရာ သစ်ကိုဂေါင်းအုံးဆိုစွာ တော်လှန်ရေးသမားအတွက် ပြဿနာမဟုတ်။

ရန်သူကိုအထင်သေးလို့မဖြစ်။ စစ်ကြောင်းကို တပ်စုတပ်စိတ်ဖြန့်၍ ခရီးနှင်ရသည်။ ဟိုပုန်းမြို့နယ် ဆီဆိုင်မြို့နယ်သို့ရောက်သောခါ ရဲဘော်နှစ်ယောက်ပျောက်နီသည်။ ခိုင်ကျော်ဇံဟိန်းနှင့် ခိုင်သံမဏိနှစ်ယောက် သီသည်ရှင်သည်မသိရ။ သူရို့နှစ်ယောက်ရောက်မလာနိုင်၍ စိတ်မကောင်းဘဲ သျှမ်းပြည်တောင်ပိုင်းမှ အလယ်ပိုင်းသို့ ဆက်လက်ချီတက်ကတ်ရသည်။

အထူးသဖြင့် လေးကျား-မိုင်းကိုင် ကားလမ်းကိုဖြတ်ပြီးမှ သျှမ်းပြည်အလယ်ပိုင်းသို့ ရောက်မည်ဟုသိရသည်။ ဒေသခံနှင့်မဟာမိတ်များပြောပြချက်အရ သီမင်းတမန်ကားလမ်းအဖြစ် နာမည်ကြီးသည်။ တော်လှန်ရေးသမားများကို ဒုက္ခအပီးဆုံးကားလမ်းဟုဆိုသည်။

မိုးလင်းရာဇာစစ်ကြောင်း၏ခံယူချက်က ကွေ့ယှောင်လို့ရကေကွေ့ယှောင်။ တွိကေရင်ဆိုင်။ နောက်ဆုတ်ဖို့လုံးဝမဟိ။ လျှို့ဝှက်ချက်ကို အသီထိန်းသိမ်းရမည်မှာ တပ်မှူးတပ်ဗိုလ် အားလုံးနားလည်ပြီးသောအလုပ်။ မိုးကြိန်းကြိန်းရွာသည်။ လီပြင်းတိုက်သည်။ နိနှင့်ညဥ့်၊ ညဥ့်နှင့်နိ၊ မိုးရွာလီထ၊ အချမ်းအပူမဟိ။ ရန်သူလှုပ်လျှားမှုအနီအထားကို သုံးသပ်ရသည်။ ရန်သူ၏ငိုက်ကွက်ကိုရှာရသည်။ ရန်သူပျော့ကွက်ကိုစီးရသည်။ ရန်သူတိ ကတုတ်ထဲမှာ အအိပ်ကြူးနီပုံရသည်။ ဖင်ထဲကြွက်ဝင်လို့တောင်နိုးဖို့မဟုတ်။ သီမင်းတမန်ကားလမ်း ဖြတ်ကူးရာတွင် သေနပ်တချိန်းလည်းမဖောက်ခရလို့ စိတ်ထဲမှာ အခဲမကြီ။ သျှမ်းပြည်အလယ်ပိုင်း မိုးဟိန်းစခန်းကို ကောင်းကောင်းမွန်မွန်ရောက်သည်။

သျှမ်းပြည်အလယ်ပိုင်းမှ မြောက်ပိုင်းသို့ချီတက်ရာတွင် မြန်မာစစ်တပ်ကို တိမ်းယှောင်ရရေပိုင် ကွန်မျူနစ်ပါတီကိုလည်း လမ်းလွှဲခရသည်။ ငါးခူလည်းစူး ငါးကြေးလည်းစူး ကွန်မျူနစ်တိက ၀င်ရောက်ခြီယှုပ်သည်။ သျှမ်းပြည်မြောက်ပိုင်း ကချင်တပ်မဟာ (၄) ဗိုလ်မှူးကြီး ဇော်ဘန်စခန်းကိုအရောက် အခက်အခဲမြောက်များစွာဖြင့် ချီတက်ခရသည်။

ကချင်တပ်မဟာ (၄) တွင် ရက်ပေါင်း (၃၀) ခန့်အနားယူပြီးသည်။ ရဲဘော်အားလုံး တက်ကြွတုန်းဖြစ်သည်။ အီးခြင်းပူခြင်း၊ ငတ်ခြင်းမွတ်ခြင်းကို ဂရုမစိုက်။ ရခိုင်ပြည်သို့ မိုးလင်းရာဇာစစ်ကြောင်းရောက်ရေးသည်ရာ ပဓာန။

ဆက်လက်ပြီးထွက်ခွာရာ သိန္နီမြို့နယ်အတွင်း ရန်သူစစ်ကြောင်းနောက်မှလိုက်သည်။ ရန်သူစစ်ကြောင်းကို နားလှည့်ပါးလှည့် ယှောင်ကွင်းနိုင်ခသည်။ ရန်သူ၏စစ်ဆင်မှု အဆုံးသတ်ပြန်လည်ဆုတ်ခွာလားပြီးမှသာလျှင် မိမိဦးတည်ရာ ကချင်ပြည်ဖက်သို့ ချီတက်ခရသည်။

ရွှေလီမြစ်အနား ရွှေပလောင်ရွာဝန်းကျင်၌စခန်းချပြီး ခေတ္တထမင်းစားသည်။ ဒေသခံကချင်တပ်မှ ရန်သူမြန်မာစစ်တပ်အမှတ်မှား၍ မဆင်မခြင်ပစ်ခတ်ခြင်းကြောင့် မိုးလင်းရာဇာစစ်ကြောင်းမှ ဆီးတပ်ကြပ်တဦးကျဆုံးသည်။ စစ်ကြောင်းရဲဘော်အားလုံး စိတ်မကောင်း။ ဒေါသလည်းဖြစ်သည်။ ခြီမုန်းပစ်ရန်လည်း အဆင်သင့်ဟိသည်။ ပစ်ခတ်ထွက်ပြီးလားသော ကချင်တပ်မှာလည်း မြီလျှိုးမိုးပျံပျောက်လားခသည်။ ကျဆုံးလားသော ဆီးတပ်ကြပ်ကြီးအလောင်းကိုကြည့်၍ နှမြောသည်။ ၀မ်းနည်းပက်လက်ဖြစ်ရသည်။ စိတ်မကောင်းစွာဖြင့် သွီးသောက်ရဲဖော်အားသင်းဂြိုဟ်ပြီး ရွှေလီမြစ်ကိုဖြတ်၍ ကချင်တပ်မဟာ (၃) ဌာနချုပ်သို့ရောက်သည်။

ကချင်တပ်မဟာ (၃) ဌာနချုပ်တွင် ဗမာပြည်ကွန်မျုနစ်ပါတီတပ်ရင်း (၁၉၂) မှ တပ်ဖွဲ့တဖွဲ့သည် ရခိုင်တပ်နှင့် စိစပ်ဆွေးနွေးလိုကြောင်း အကြောင်းကြားလာသည်။ ဥက္ကဌကြီးခိုင်မိုးလင်းမှ တဦးတည်းမဆုံဖြတ်ဘဲ တပ်မှူးတပ်ဗိုလ်မှုး တာဝန်ခံများနှင့်အတိုင်ပင်ပြုပြီး ခရီးလားနီဆိုက် မဆွေးနွေးသင့်ကြောင်းတင်ပြသဖြင့် အစီအစဉ်ကိုပယ်ဖျက်လိုက်သည်။ ကချင်တပ်မဟာ (၃) မှ ကချင်တပ်မဟာ (၂) သို့ခရီးဆက်သည်။

ကချင်တပ်မဟာ (၂) နှင့် ရခိုင်ရဲဘော်များ

မိုးလင်းရာဇာစစ်ကြောင်း နိမအားညမအား ကရင်ပြည်မှ သျှမ်းပြည်တောင်ပိုင်းမြောက်ပိုင်း၊ အလယ်ပိုင်းကို တောလမ်းခရီးသတ်သတ် နိရက်ဆက်ဆက်ဖြတ်ကျော်လာသည်မှာ ကချင်ပြည်နယ် တပ်မဟာ (၄) (၃) (၂) အထိဆက်တိုက်ဖြစ်သည်။ ရဲဖော်များမှာလည်း ခရီးပမ်းလျှက်ဟိသည်။ စိတ်ဓါတ်ရေးရာခိုင်တုန်းဖြစ်သော်လည်း ကာလဒေသပယောဂတည်းဟူသော ၀ိရောဓိကိုမှီ၍ ကချင်တပ်မဟာ (၂) တွင် အနားယူရန် ဥက္ကဌကြီးခိုင်မိုးလင်းစီစဉ်သည်။

အိမ်သျှင် ကချင်တပ်မဟာ (၂) မှလည်း ရခိုင်တပ်အား အပိုအလိုမဟိပြုစုသည်။ တာဝန်ယူ ဒိုင်ခံကျွေးသည်။ ရခိုင်တပ်မတော်ကို ကြိုက်သလောက်နီဖို့ စီစဉ်ပီးသည်။ အစားအသောက်၊ အနီအထိုင်၊ အ၀တ်အစား၊ ဆီးဝါးမကျန်ကူညီသည်။ အထူးသဖြင့် ကချင်ရဲမေများက အနီးကပ်ပြုစုသည်။ လိုသည်ထက်ပို၍ အခွင့်အလမ်းပီးသည်ဟုဆိုနိုင်သည်။ ရခိုင်ရဲဖော်များပင်ပမ်းခသမျှ အညောင်းပြေရသည်။ ကချင်တပ်မဟာ (၂) က ဧည့်ဝတ်ကျီပါသည်။ သို့သော် တိုင်းပြည်နှင့်လူမျိုးအတွက်ဆိုရေအသိစိတ်က နှလုံးသားလှုံ့ဆော်မှုကို အရည်ပျော်စီသည်။

ကချင်တပ်မဟာတွင် (၃) လ ခန့်အနားယူပြီး မိုးလင်းရာဇာစစ်ကြာင်းခရီးဆက်သည်။ တတောဝင် တပြန်သန်း၊ ရက်ချင်းနိချင်း ချင်းတွင်းမြစ်နှဖူးသို့ရောက်သည်။ ချင်းတွင်းမြစ်ဝန်းကျင်တလျှောက်သည် တောရိုင်းသတ္တ၀ါ ကျားဆင်တောင်နွား၊ ကြံ့ရိုင်းအစဟိသည်များ ကျက်စားရာဖြစ်သည်။ တဖက်ကရန်သူကို သတိထားနီရရေပိုင် တောကောင်များ၏အန္တရာယ်ကိုလည်း ထည့်တွက်ရသည်။

ကံကောင်းထောက်မ၍လားမသိ လီသျှူးလူများ တောဆင်လိုက်၍ ထွက်ပြီးလာကတ်သည်။ သူရို့မှာ လောင်းပါသဖြင့် သူရို့နှင့်အတူ တနီကုန်ကူးခတ်ရသည်။ မြစ်ဆိပ်တွင် စခန်းချအိပ်ရန်စီစဉ်နီဆိုက် ဟိမ၀န္တာတောင်မှတောရိုင်းဆင်များ အုပ်စုလိုက်ဆင်းလာသဖြင့် တောဆင်ရိုင်းများနှင့် တိုက်ပွဲဖြစ်ရသည်။ အာရုဏ်ကျင်းသည့်တိုင် ဇာသူလည်းမအိပ်ဝံ့။

မိုးလင်းသောအခါ ခရီးပြန်ဆက်ရသည်။ ပထမတွင် ချောင်း၊ မြောင်များကိုဖြတ်ရသည်။ ထိုနောက် ရပ်စောက်တောင်များကိုတက်ရသည်။ တောင်ကမ်းပါးများကို ပတ်ရသည်။ အထက်မှအောက်သို့ငုံကြည့်လိုက်လျှင် အသဲယားသည်။ ဤတောင်တန်းတလျှောက် အတက်သတ်သတ် တောင်ပေါင်းများစွာတက်ရသည်။ အအီးဒါဏ်က သွီးမဟိပျာလားထင်ရသည်။ တောင်ထိပ်ရောက်မှ ဟိမ၀န္တာ စာရမတီတောင်တန်းဖြစ်ကြောင်း သိသည်။

စာရာမတီတောင်တန်းမှ အန္တာရာယ်

စာရာမတီတောင် ဟိမ၀န္တာတောင် နာဂတောင်တန်းကို အချေခါ ကျောင်းသားဘ၀တွင် သင်ဖူးပါသည်။ ဤတောင်တန်းကြီးများသို့ တကြိမ်တခေါက် ရောက်ဖူးလိမ္မည်ဟုမထင်မိခ။ အိမ်မက်တောင်မမက်ဖူး။ လူ့ဘ၀ကားဆန်းကြယ်ပါ၏။ ကမ္ဘာကြီးအကျဉ်းချေဟု စကားအဖြစ်ပြောဖူးသည်။ ပြောမယုံ၊ ကြုံမှသိဆိုသည်အတိုင်း စာရာမတီတောင်ထိပ်ကို ရောက်နီပါပျာကား။ လှိုင်းကြီးလှီအောက်၊ တောင်ကြီးဖ၀ါးအောက်။ ကိုယ်တွိလက်တွိဖြစ်သည်။

စာရာမတီတောင်ထိပ်မှ အောက်သို့ကြည့်လိုက်လျှင် တောင်ကြောတောင်စွယ် ဂျိုင့်ဝှမ်းအသွယ်သွယ်ရို့၌ ဖြူဖွေးသောမြုံဆိုင်းများ ပြီးလွင့်နီသည်ကိုမြင်ရသည်။ နှင်းခဲများက မိုးရွာသည်သို့ တဖြောက်ဖြောက်ကျသည်။ ပင်ယံဗောင်းဖျားမှ ငှက်မြည်သံ၊ ဒေါင်းတွန်သံ၊ တောဆင်အူသံ၊ ကျားဟိန်းသံများက စိတ်ဂယောင်ချောက်ချားဖြစ်စီသည်။

အထူးသဖြင့် မသထီအသည်းယားမိသည်မှာ ကြွတ်ပြောက်၊ ကြွတ်ကျား၊ အမွှီးစုတ်ဖွားခူကောင်၊ ပိုးတုံးကောင်၊ ဘောက်ဖတ်၊ ပိုးမျိုးစုံ၊ ဇာနီရာ ဇာဒေသကလာ၍ သွီးလာစုပ်သည်ကိုမသိ။ သွီးစုပ်ပြီးဖူးဖူးရောင်မှ သိသည်။ ခြီထောက်မှာ။ အတွင်းပေါင်မှာ။ နောက်ကုန်း၊ လက်၊ ဂုတ်ဆစ်၊ လိုင်ဖင်း၊ မျက်နှာ၊ တကိုယ်လုံးတွယ်ကပ်သွီးစုပ်ထားသည်။ ယား၍လက်နှင့်ပွတ်လိုက်မှ အတုံးလိုက်အကောင်လိုက် အောက်သို့ကျသည်။ ကြွတ် (သို့မဟုတ်) ခြင်၊ ယင်၊ မှက် တခုခုဖြစ်နီသည်။

စာရာမတီတောင်၌ လားယင်းလာယင်း အတက်အဆင်းအအနိမ့်အမြင့် အကွေ့အကောက်များကိုကျော်ယင်း တောရိုင်းတိရိစ္ဆာန်များကိုယှောင်ယင်းတိမ်းယင်း သွီးစုပ်ဖုတ်ကောင်များကိုဖယ်ယင်း ရက်သတ္တတပါတ်ကြာသည်။ ညည့်ရောက်တိုင်း မအိပ်ဝံ့။ တောကောင်များကလည်းပေါ။ ခုခံသင့်သည်ကိုခုခံ။ တိုက်ခိုက်သင့်သည်ကိုတိုက်ခိုက်။ မောင်းထုတ်သင့်သည်ကို မောင်းထုတ်ရသည်။

စာရာမတီတောင်ထိပ်မှ ပတ်ကွိုင်တောင်တန်းသို့ မြီပုံကွန်ပက်ကိုထောက်လျှက် စစ်ကြောင်းဦးတည်မောင်းရသည်။ လမ်းတလျှောက် မှတ်မိသရိကိုတွေးမိသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံဂေါင်းဆောင် မော်စီတုန်းကြီးသည် လီသျှစ်တောင်ကို ရိက္ခာအပြည့်အစုံဖြင့်ကျော်ဖြတ်၍ သမိုင်းတွင်အထင်ကရပြုခသည်။ ကမ္ဘာ့အကျော်အမော်လည်းဖြစ်ခသည်။ အခု မိမိရို့လားနီသောခရီးသည်လည်း မိုင်ပေါင်းများစွာဟိနီပျာ။ ဖြောင့်သောလမ်းမဟုတ်။ အကွေ့အပတ်များသည်။ အတက်အဆင်း၊ အနိမ့်အမြင့်၊ ချောင်းအလီလီ၊ မြောင်အလီလီကျော်ဖြတ်၍ ရက်မှလကျူး၊ လမှနှစ်ကူးဖို့ပျာ။ လီသျှစ်တောင်ခရီးထက်ပင် ရှည်ဖို့ကြမ်းဖို့ထင်ပါသည်။

စာရာမတီတောင်ထိပ်မှ ပတ်ကွိုင်တောင်တန်းသို့ စစ်ကြောင်းတခုလုံးချီတက်ရာ (၇) ရက်ခန့်ကြာသည်။ လူရှည်တောင်၊ ပတ်ကွိုင်တောင်များဖြစ်သည်။ မြီပုံကိုထောက်ကြည့်လျှင် စစ်ကိုင်းတိုင်း ခန္တီးမြို့အထက်ပိုင်းဟု ခန့်မှန်းရသည်။ ယင်းပတ်ဝန်းကျင်အနားတ၀ိုက်တလျှောက် ရွာငယ်တဲငယ်များကိုတွိရသည်။ လူနီသည့်ဒေသဖြစ်ကြောင်းသိ၍ ရဲဖော်များအားလုံး သတိဝိရိယမလွတ်စီရန် တပ်မှူးတပ်ဗိုလ်များက အသိပီးသည်။ ခန္တာကိုယ်တွင် အ၀တ်မ၀တ်သော နာဂရွာများဖြစ်သည်ကို ရွာရောက်မှသိသည်။

မိုးလင်းရာဇာစစ်ကြောင်းနှင့် နာဂတောင်မင်း

နာဂများကိုင်ဆောင်သော လက်နက်များမှာ လှံချွန်ဆူးချွန် ဓားချွန်ဒုတ်ချွန်များဖြစ်သည်။ ခန္ဓာကိုယ်တွင် အ၀တ်ဝတ်လေ့မဟိ။ ရွာ၏အကြီးအကဲကို တောင်မင်းဟုခေါ်သည်။ တောင်မင်းဝတ်ရုံမှာ တိရိစ္ဆာန်များ၏မဒုန်းကဲ့သို့ ရှည်လျှားသောအ၀တ်ပုံစံ တောကောင်များ၏အမွှီးအမျှင်သားရီများဖြင့် ပြုလုပ်ထားဟန်တူသည်။ လမ်းလားသောအခါ တပည့်တယောက်နှစ်ယောက်က ထမ်းရသည်။ ထိုင်သောအခါ ခန္ဓာကိုယ်အောက်ပိုင်းကိုပတ်ထားသည်။

စစ်ကြောင်းအစာရီစာပြတ်လတ်မှုကြောင့် တောင်မင်းအား ကချင်မှပါလာသော နာဂကြိုက်သည့် ဘိန်းကိုကျွေး၍ ရိက္ခာတောင်းစားရသည်။ ၄င်းရို့မှာ ဟိသည့်ရိက္ခာကိုထုတ်ပီးသည်။ တဖက်နှင့်တဖက် ခြီဟန်လက်ဟန်ပြ၍ပြောဆိုရသည်မှာ ရယ်စရာဖြစ်သည်။ ပြိန်းဥမြောက်ဥ၊ ပြောင်းဖူး၊ သူရို့စားသော အစားအစာဟူသမျှကို ကျွေးသည်။

လူသားစားသည်။ မိမိနှင့်တရွာတည်းနီထိုင်သူများကို မစား။ တခြားရွာမှလူများကို စားသည်။ စာရွီးသူနှင့်စစ်ကြောင်းကို အမဲသားအလား ထင်ပုံရသည်။ သတ်စားရန် အမျိုးမျိုးကြိုးစားသည်။ ၄င်းရို့၏လက်နက်ဖြင့် မယှဉ်နိုင်ကြောင်း တောကောင်များကိုပစ်ပြမှ ယုံသည်။ တကိုယ်လုံးမှာ အ၀တ်အစားမဟိသော်လည်း တဦးနှင့်တဦး ဟောဟောယမ်းယမ်း၊ စော်ကားမော်ကားမဟိ။ အိမ်ခြံများဟိသည်။ အိပ်လျှင် မီးဖွာများဘေးတွင်အိပ်သည်။ ပုဆိုးဟူ၍ မည်မည်ရရမဟိ၊။ တောင်နွားသားရီများကို ချမ်းလျှင်ချုံသည်။ ထူးဆန်းသည်မှာ ဆွီမျိုးသားချင်း တဦးဦးသီလျှင်မြီမမြှုပ်။ မိမိအိမ်ခြံထဲတွင်စင်ဆောက်၍ ၄င်းစင်ထက်တွင် တင်ထားသည်။ ညည့်အခါတွင် တောင်နွားကျားသတ္တ၀ါများ မကြာမကြာလာရောက်ကြောင်းသိရသည်။ စာရွီးသူကိုယ်တိုင်နားချိန်တွင်ပင် ကျားသတ္တ၀ါများ လာချောင်းခြင်းခံရသည်။

အ၀တ်အစားမဲ့လေးရွာမြောက် (ထွိ) ရွာမည်သော နာဂရွာတွင် မိုးလင်းရာဇာစစ်ကြောင်း (၂) ရက်အနားယူစဉ် ထူးဆန်းအံ့ဖွယ်ဖြစ်ရပ်တခုကြုံသည်။ ပြောမယုံ ကြုံဖူးမှသိ။ ပုံပြင်လည်းမဟုတ်၊ လက်တွိဖြစ်ပါသည်။

ရွာသားများနှင့် နတ်ဆရာဟုထင်မှတ်ရသောလူတဦးက နာဂပျိုအမျိုးသမီးတဦး၊ နာဂယောင်္ကျားတဦးကို ၀ိုင်းဝန်းခေါ်ဆောင်လာသည်။ နတ်ဆရာမှာ ဓါးတလက်ကိုင်ထားသည်။ နတ်ဆရာက လူပျိုနှင့်အပျိုနှစ်ဦးအား (၇) ခေါက် တိတိလှည့်ပတ်လျှက် ပါးစမှရွတ်ဆိုသည်မှာ ဆုတောင်းခြင်းဖြစ်နိုင်သည်။ ပြီးနောက် ပထမဆုံး လူပျို၏လိုင်ဖင်းကို ဓားနှင့်လှီးသည်။ သွီးစက်များပန်းထွက်လာသည်။ အော်သံကျွီးသံများလည်းမဟိ။ ရွာသူရွာသားလူအုပ်များက လက်ခုပ်လက်ဝါးတီးသည်။ ထို့နောက် လိုင်ပင်းလှီးထားသော သီဆုံးပြီးလူငယ်အလောင်းကို တောင်ယာအနှံ့ ခွန်အားဟိသူနှစ်ဦးယူဆောင်၍ သွီးစက်ချသည်။ သွီးစက်တစက်မကျန်သောအခါ လူငယ်၏ဂေါင်းကိုဖြတ်လျှက် နှီးဖြင့်ပြုလုပ်ထားသော ခရင်းတောင်း၌ထည့်၍ ရွာအ၀င်သစ်ပင်ကြီးထက်တင်ပြီး သစ်ကိုင်းမှာ ချိတ်ဆွဲထားလိုက်သည်။ ဂေါင်းမပါသော ကိုယ်ခန္ဓာကိုယ်ကို လက်ဝါးကပ်တိုင်၌ ချိုင်နှောင်ထားသည်။ ထို့အတူ နာဂအမျိုးသမီးကိုလည်း သွီးပယ်ကျံနီသောဓားဖြင့် (၇) နှစ်ခေါက်တိတိ ပါးစမှ တပြစ်ပြစ်ရွတ်ယင်း နောက်ဆံစုကိုကိုင်၍ လိုင်ဖင်းကိုဓားဖြင့်ဖြတ်လိုက်သည်။ မြင်ရသည်မှာ အသဲယားသည်။ သီဆုံးလားသောနာဂမိမ္မပျိုအား နာဂလူငယ်ကဲ့သို့ တောင်ယာထဲ၌ သွီးစက်ချသည်။ သွီးစဲသည်နှင့် လိုင်ဖင်းကိုဖြတ်ချ၍ နာဂလူငယ်ကဲ့သို့ ဂေါင်းကိုသစ်ပင်ကြီးထက်တွင်၎င်း၊ ကိုယ်ခန္ဓာကို လက်ဝါးကပ်တိုင်တွင်၎င်း ချိုင်နှောင်ထားလိုက်သည်။

ယင်းကဲ့သို့ပြုလုပ်သည်မှာ တောင်ယာနတ်ကို ပူဇော်ပသခြင်းဖြစ်ကြောင်း၊ တောင်ယာနတ်ကို ပူဇော်ပသမှ အသီးအနှံပွားများကြောင်းသိရသည်။ အ၀တ်မဲ့နာဂရွာ (၁၀) ရွာ၊ သစ်ခက်စည်းရွာ (၁၀) ရွာ၊ ပျိုင်ချပ်ဝတ် (၉) ရွာ ခရစ်ယာန်ဘာသာဝင်များကမူ အ၀တ်စည်းသည်။ တချို့နာဂများမှာ မြန်မာစကားကောင်းကောင်းနားလည်ပြီး ဆက်ဆံရေးအဆင်ပြေသည်။ ဖော်ရွယ်ကူညီသည်။

ရက်ပေါင်း (၄၀) ကျော်မျှ နာဂရွာများကိုဖြတ်၍ ခရီးနှင်ပြီးနောက် အိန္ဒိယနိုင်ငံ မီဇူလူမျိုးသမ္မတတဦးကိုလည်း အထူးအဆန်းတွိရသည်။ မီဇူသမ္မတကြီးနောက်တွင် မီဇူလူပျို (၃၀၀) ခန့်ဟိ၍ ၄င်းရို့နှင့် မိတ်ဆွီဖွဲ့ရသည်။ မီဇူလူမျိုးများ၏အာဂန္ဓုအဖြစ် (၇) ရက်ခန့်နားပြီးနောက် မေလ (၂၄) ရက်နိ ချင်းပြည်နယ်ဖက်သို့ ခရီးထွက်သည်။ ပြည်ချစ်ပါတီဦးနုတပ်မှ ခွဲထွက်လာသော ၀ီလျံဂေါင်းဆောင်သည့် ချင်းအမျိုးသားအင်အား (၁၃) ဦးပါဝင်သည်။ ၄င်းရို့မှာ ထိုင်းနိုင်ငံမှ လိုက်လာခြင်းဖြစ်သည်။

ချင်းအမျိုးသားအဖွဲ့နှင့် ရခိုင်တပ်မတော်

ပြည်ချစ်ပါတီ (၀န်ကြီးချုပ်ဟောင်းဦးနုအဖွဲ့) မှ ခွဲထွက်လာသော ချင်းအမျိုးသားကို ၀ီလျံဆိုသူက ဦးဆောင်သည်။ ၀ီလျံချင်းတပ်ဖွဲ့မှာမူ ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးအဆင့်ဟိသူများ၍ ထမင်းချက်ရဲဘော်အဆင့်မဟိ။ တဦးနှင့်တဦးလည်း စည်းလုံးညီညွတ်မှုမဟိ။ မကြာမကြာ ရန်သူ့ထံထွက်ပြီး သစ္စာဖောက်လားသဖြင့် (၆) ဦးလောက်ကျန်သည်။

ချင်းအမျိုးသားဝီလျံအဖွဲ့ သစ္စာဖောက်ထွက်ပြီးလားခြင်းသည် မိုးလင်းရာဇာစစ်ကြောင်းအတွက်သော်၎င်း၊ ၀ီလျံအတွက်သော်၎င်း စိုးရိမ်မကင်းဖြစ်ရသည်။ ရန်သူစစ်ကြောင်းကို သတင်းပီးပို့ခြင်းနှင့်တူသည်။ မိုးလင်းရာဇာစစ်ကြောင်းလမ်းခရီးအတွက် မဟာပြဿနာကြီးဖြစ်သည်။ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲကြီးကိုဖြစ်စီမည့် သီမင်းအန္တရာယ်ဖြစ်သည်။ ကြုံလည်းကြုံရသည်။

ချင်းအမျိုးသားဂေါင်းဆောင်ဝီလျံက ဥက္ကဌကြီးခိုင်မိုးလင်းကို အားမငယ်ရန် အကွေ့အကောက်ယှောင်ပုံယှောင်နည်း၊ လမ်းခရီးကိုသူသိကြောင်း။ ဥက္ကဌကြီးနှင့်တကွ ရဲဘော်အားလုံး ဘေးမသီရန်မခရန် ၀န်ခံချက်ပီးသည်။ ချင်းအမျိုးသားပင်ဖြစ်သော်လည်း စကားပြောကျွမ်းသည်။ နားဝင်ချိုအောင်ပြောတတ်သည်။ ချင်းအမျိုးသားဝီလျံ၏တင်ပြချက်ကို ဥက္ကဌကြီးခိုင်မိုးလင်း အလွန်ယုံကြည်အားကိုးသည်။ ချင်းပြည်မှဖြတ်သန်းပြီး ရခိုင်ပြည်သို့ချီတက်ရန် ဆုံးဖြတ်ထားပုံရသည်။ စစ်ကြောင်းကို ချင်းပြည်သို့ချီတက်စီသည်။

ချင်းရွာချင်းလူမျိုးများထံမှ ရန်သူ့အနီအထားကို စုံစမ်းသည်။ တရွာဝင်တရွာထွက် ခရီးဆက်သည်။ အမည်မသိရွာတရွာသို့ ၀င်လိုက်သည်နှင့် ရွာသားများအခြီပျက်အနီပျက် ကြောက်ရွံ့နီသည်ကို အကဲခတ်မိသည်။ ကြောက်စိတ်မွှမ်နီသောရွာသားများကို တခုလည်းမီးလို့မရ။ ချင်းဘာသာဖြင့် ၀ီလျံအဖွဲ့ကမီးသည်။ မျက်စိပျက်မျက်နှာပျက် သွီးဆုတ်သည်ကလွဲ၍ အဖြေမရ။ ဥက္ကဌကြီးခိုင်မိုးလင်းသည် ရွာသားများ၏အရိပ်အခြည်ကို အကဲခတ်မိပုံရသည်။ ရခိုင်ကွန်မန်ဒိုတပ်ဖွဲ့အား သတိဝိရိယဖြင့်လားရန်မှာသည်။ အားလုံးကိုသတိထားရန်ပြောသည်။

ယင်းရွာအနား နန်းတလေးချောင်းကိုမရောက်ခင် ရှိပြီးပွိုင့်အား စတင်ထွက်ခွာစီသည်။ မိနစ် (၂၀) ခန့်အကြာတွင် တောငှက်များလန့်ဖြတ်ပျံသံ၊ ချဥ့်အော်သံများကြားရသည်။ ရှိတွင်လားနီသောရဲဖော်များကို ရပ်ဆိုင်းထားရန် အချက်ပြလိုက်သည်။ စာရွီးသူက စစ်ကြောင်းတခုလုံးကို လက်ကာပြသည်။ လမ်း၏၀ဲယာတဖက်တချက်တွင် ကတုတ်ကျင်းများ၌ ရန်သူတချို့အိပ်ငိုက်နီသည်။ အရက်ယစ်နီ၍လားမပြောတတ်။ (၅) ကိုက်လောက်ရာဝီးသည်။ မမြင်။

တပ်စိတ်မှူးထွန်းခိုင်ကို လက်ညှိုးထိုးပြယင်း လက်ဦးမှုယူလိုက်သည်။ “ဝေါ-ဒေါင်း-ဘုန်း-ဂျိန်း” ဟူသောပေါက်ကွဲသံများနှင့်အတူ မြီပြင်သို့လှဲချလိုက်သည်။ သူ့ဖက်ကိုယ့်ဖက်ပစ်ခတ်သံများ လက်နက်ကြီး၊ လက်နက်ငယ်အသံများဆူညံပြီး တောတန်းတလျှောက် ကြောက်ကောင်းထမန်းမြည်ဟိန်းလားသည်။ အိန္ဒိယနယ်စပ်ဖက်သို့ အတင်းတိုက်ဖောက်ထွက်ခရသည်။ အိန္ဒိယနယ်စပ်၌ တပ်များကို ပြန်လည်စုစည်းစီးစစ်သောအခါ တပ်ခွဲမှူးဗိုလ်ကြီးကျော်ဟန်တယောက် ပျောက်ခြင်းမလှပျောက်နီသည်။ သီသည်ရှင်သည် ရန်သူဖမ်းမိသည်မသိရ။ တပ်ခွဲမှူးဗိုလ်ကြီးကျော်ဟန်တဦးရာကျန်သဖြင့် စိတ်မကောင်းကေလည်း ခရီးဆက်လက်ထွက်ခွာခရသည်။

အိန္ဒိယနယ်စပ် ကသည်းမဏိပူရပြည်နယ်သို့ ချီတက်ရသည်။ အိန္ဒိယနယ်ထဲသို့ရောက်လားသဖြင့် အိန္ဒိယနယ်စောင့်စစ်သားများကို ကျော်ဖြတ်ခွင့်တောင်းသည်။ အိန္ဒိယစစ်တပ်ဂေါင်းဆောင်များနှင့်ဆွေးနွေးပြီး အပြန်တွင်ဝင်တိုက်သဖြင့် မိုးလင်းရာဇာစစ်ကြောင်းမှ အန္ဒိယတပ်ဖွဲ့ကိုခုခံရသည်။ ရခိုင်တပ်ဖွဲ့အနီဖြင့် အိန္ဒိယစစ်တပ်ကိုလုံးဝမတိုက်လို။ အိန္ဒိယစစ်တပ်မှ လေးကြိမ်တိုင်တိုင် ၀င်ရောက်တိုက်ခိုက်သည်။ ခုခံတိုက်ခိုက်ယင်း ချင်းတောင်တန်းကို ပြန်လည်ဆုတ်ခွာရသည်။

ချင်းတောင်တန်းမှ ရခိုင်ပြည်သို့ ဒုတိယအကြိမ်ချီတက်

ရခိုင်ကွန်မန်ဒိုတပ်ဖွဲ့နှင့် စစ်ကြောင်းတပ်မှူးတပ်ဗိုလ်ရို့သည် ချင်းဝီလျံ၏ချင်းပြည်မှ ဖြတ်သန်းလားရေးအဆိုကို အထူးဝေဖန်စဉ်းစားသည်။ ဥက္ကဌခိုင်မိုးလင်းထံ မီဇူအမျိုးသမီး၏သတင်းပီးပို့ချက်ကို တင်ပြရန်စီစဉ်သည်။ ဥက္ကဌကြီးခိုင်မိုးလင်းက ချင်းဝီလျံကို အလွန်အကျွံယုံကြည်သည်။ ၀ီလျံပြောသမျှ အလေးထားသည်။

မြန်မာစကားကိုပြောတတ်သော မီဇူအမျိုးသမီး၏သတင်းပီးချက်မှာ အစ်ကိုရို့ အရှိမှာ ရွာတရွာဟိရေ။ ယင်းရွာထဲမှာ မြန်မာစစ်သားအများကြီး၊ စစ်ကားအစီး (၄၀) တွိခရေ။ မီဇူပြည်နယ်စပ်အတိုင်း ရောက်အောင်လားပါ။ မီဇူပြည်ဆုံးကေ ရခိုင်လူမျိုးတိနီရေ ထရိပူရပြည်ကိုရောက်လိမ့်မည်။

ဥက္ကဌကြီး ကျွန်တော်ချင်းလူမျိုးပါ။ ချင်းပြည်မှာဆိုကေ ကျနော်မသိရေဒေသမဟိ။ ရန်သူဒေဖက်ကလာကေ ထိုဖက်ကိုယှောင်ဖို့ အကျွန်တော့်တာဝန်ထား။ တခုလည်းမပူပါကဲ့။ ကျနော်အသက်နှင့်ရင်းလို့ ကာကွယ်ပီးပါမည်ဟု ချင်းဝီလျံကပြောသည်။

စာရွီးသူကိုယ်တိုင် ချင်းဝီလျံသည် မိမိ၏အိမ်သို့ပြန်ရန် အကျွန်ရို့ရခိုင်တပ်မတော်ကိုအသုံးချနီသည်ဟု သံသယဖြစ်မိသည်။ ရန်သူသည် ရှိရွာကဖြတ်စောင့်နီမည်ကို သေချာပေါက်သိသည်ဟုယူဆရသည်။

ဥက္ကဌကြီးခိုင်မိုးလင်းက ချင်းဝီလျံတပ်ကို ရှိမှတက်ရန်အမိန့်ပီးသည်။ ဟုတ်ပါယင့်ဟု တခွန်းပြောပြီး ချင်းလူမျိုးခြောက်ဦး ရှိကဦးဆောင်လားသည်။ စာရွီးသူနှင့် မိုးလင်းရာဇာစစ်ကြောင်းက ဥက္ကဌကြီးထံ အကျိုးအကြောင်းယှင်းပြလို၍ ချင်းဝီလျံနောက်လိုက်၍ မတက်သိမ့်။

“ကွန်မန်ဒိုတပ်ဖွဲ့ အယင်လာ”

“ဒေကောင်တိ ဇာလုပ်နီကတ်တေလဲ”

ဒေါသသံက ဥက္ကဌကြီးအမိန့်တွင်ပါနီသည်။ ဥက္ကဌကြီးကိုအလေးပြုပြီး မီဇူအမျိုးသမီးထံမှ သတင်းပို့ချက်ကိုတင်ပြလိုက်သည်။ ကြောက်၍ပြောသည်အထင်ဖြင့် ဆုံးမမည်ပျင်သောအခါ နောက်သို့ (၄-၅) လှမ်းဆုတ်လိုက်ရသည်။ တဖန်ထပ်မန်၍ ဒုဗိုလ်ခိုင်မာယုတင်ပြသောအခါ လက်ဝါးစောင်း (၅) ချက် အပီးခံရသည်။ ဥက္ကဌကြီးက ရှိပြီးကွန်မန်ဒိုချီတက်ဟု အမိန့်ပီးသည်။ အမိန့်ကိုဖီဆန်၍မရ။ နာခံရသည်။

အမိန့်ကိုနာခံတတ်သော ရှိပြီးကွန်မန်ဒိုများချီတက်သည်။ ရှိမှပါသော ချင်းဝီလျံတပ်ကိုပင် ကျော်တက်ရသည်။ နာရီဝက်ပင်မကြာလိုက် အသင့်စောင့်နီသောရန်သူများ ဖန်တီးထားသောသတ်ကွင်းကို ဆင်းမိသည်နှင့်တပြိုင်နက် -

ဘုံး-ဘုံး-ဘောင်း-ဘောင်း--ဒိုင်း-ဒိုင်း-ဒိုင်း--ဘုန်း-ဂျိန်း-ဘောင်း ဟူသောအသံများ၊ ဆူသံညံသံ၊ အမိန့်ပီးသံ၊ ဟိန်းသံဟောက်သံများက ကမ္ဘာပျက်ယှောင်။

ရန်သူကျည်ဆန် ကိုယ့်ကျည်ဆန်များက သစ်ပင်း၊ မြီပြင်များ၌ ပေါက်ကွဲလျှက်ဟိသည်။ ရန်သူသတ်ကွင်း (၁၀) ကိုက်လောက်ရာ ၀င်မိသည်ဖြစ်၍ တိုက်ယင်းခိုက်ယင်း လွတ်အောင်ရုန်းရသည်။ မိမိရို့မှာလည်း ပေါက်သည့်နှဖူးမထူးပျာဟု ဆုံးဖြတ်လိုက်သည်။ ပစ်ဆုတ်ပစ်တက်လုပ်ရသည်။ ယှောင်ကွေ့ဆုတ်လုပ်ရသည်။

ချင်းဝီလျံနှင့်အဖွဲ့ ချင်းပြည်သို့ထိုးဖောက်ဝင်ရောက်လားသည်။ သီသည်ရှင်သည်ကိုမသိရ။ ရန်သူတပ်ဖွဲ့များမှာ ချင်းတောင်တန်းတလျှောက် အချိတ်အဆက်မိမိဖြင့် အပြည့်စောင့်နီသည်။ ချင်းဝီလျံ၏စကားကိုယုံကြည်မိသောကြောင့် တိုက်ပွဲမှာ ဆင်ကန်းတောတိုးဖြစ်ရသည်။ စစ်ရေးတကွက်မှားပျာဟု ကောက်ချက်ချမိသည်။

အကြောင်းကမထူးပါယာ။ နိတိုက်ပွဲညည့်တိုက်ပွဲ သေနပ်သံမစဲ။ အအိပ်ပျက်၊ အစားပျက်၊ ရိက္ခာပြတ်၊ ဆီးဝါးပြတ်။ ကံကြမ္မာက မိမိ၏လက်ထဲမှာဖြစ်သည်။ ချင်းရွာအနားသို့ ချဉ်းကပ်ကြည့်သည်။ လုံး၀၀င်၍မရ။ တိုက်ပွဲဖြင့်ဆုတ်ခွာရသည်။ တောင်ကြောတောက်လျှောက်ကြည့်လိုက်လျှင် တွန်းဇံမြို့နယ်၊ တီးတိန်မြို့နယ် ကလေးမြို့နယ်များဟုထင်မှတ်ရသော မီးရောင်များကို ညည့်အခါမြင်ရသည်။ လား၍ကားမရ။ ရန်သူကဖြတ်လေးဖြတ် ထိုးစစ်ဆင်ထားသည်။ စားနပ်ရိက္ခာပြတ်သဖြင့် ထမင်းမစားရသည့်ရက်က များလာသည်။ ချင်းတောင်တန်းတလျှောက် သစ်ဥသစ်ဖုများရှာဖွီ၍ အဟာရဖြစ်စားရသည်။ သစ်ဥသစ်ဖုမတွိလျှင် ပင်နုရွက်နု၊ အင်ဖူး၊ နပျိုးဖူး၊ ပြောင်းစိအခြောက်များကို တောင်ယာဟောင်းမှ ကောက်စားရသည်။ တခါတရီ တောင်ယာဟောင်းများတွင် အသင့်စောင့်နီသော ရန်သူများနှင့်တိုက်ရသည်၊။ ပြီးရသည်က အညောင်း။

မိုးလင်းရာဇာစစ်ကြောင်း ထိုတဖွဲ့ဒေတဖွဲ့ ဖရိုဖရဲဖြစ်နီသည်။ ဤသို့ဖြင့် ချင်းပြည်နယ် ဖလမ်း၊ တီးတိန်အရောက်တွင် စာရွီးသူမှတ်တမ်းအရ အပါးကပ်လှံစွပ်ထိုးတိုက်ပွဲ (၉) ပွဲ၊ အနီးကပ် ရင်ဆိုင်တိုက်ပွဲ အပွဲ (၃၀)၊ နောက်ဆုံးဖိုင်နယ်ပွဲမြောက် (လှိုင်ပုံ) ရွာ၌ ရန်သူစစ်တပ် အဆမတန်များသဖြင့် အရေးနိမ့်ခရသည်။

ချင်းပြည်ကနေဒီတောင်တန်းတွင် မျိုးချစ်ရခိုင်ဗိုလ်၊ အကြပ်တပ်သားအများအပြား၊ အစုလိုက်အပြုံလိုက်ကျဆုံးသည်။ ရန်သူဖက်မှလည်း ရာနှင့်ချီ၍လစန့်ကောင်သည်။ အလောင်းများမှာ မြင်မကောင်းရှုမကောင်း။ အနိဌာရုံလူသတ်ကွင်း။

လှိုင်းပုံရွာတိုက်ပွဲမှ လူစုကွဲခရာ စာရွီးသူနှင့်အတူ ဥက္ကဌကြီးခိုင်မိုးလင်း၊ အတွင်းရေးမှူး ခိုင်ဘကျော်၊ ဗိုလ်သိန်းနိုင်၊ ဒုဗိုလ်သီဟ၊ ဒုဗိုလ်ကျော်ထူး၊ အရာခံဗိုလ်မိုးဟိန်း၊ တပ်ကြပ်ကြီးမြမောင်၊ မိုးတိမ်ပျံခိုင်သန်းကျော်၊ ဆီးမှူးခိုင်မင်းလတ်၊ စုစုပေါင်း (၁၁) ဦးမျှရာစုမိသည်။ ရိက္ခာပြတ်၊ အစာငတ်။ ရန်သူကိုယှောင်ကွင်းပြီးရသည်။ ညည့်အမှောင်ကိုအားကိုးရသည်။ ဂျောက်ကမ်းပါးယံများကို စမ်းတ၀ါးဝါးလျှောက်ရသည်။ အမှောင်သည်ပင်အကောင်းဆုံး။ ဧရမမတ်စောက်သော တောင်ထိပ်တခုကိုတက်သည်။ တောင်ထိပ်ကိုရောက်သည်နှင့် ဘယ်ညာလေ့လာကြည့်သည်။ ဖြတ်ခနန်းမီးရောင်တခုကို တွိရသည်။ ရန်သူဖြစ်နိုင်ရေပိုင် လူစုကွဲလားသော မိမိလူလည်းဖြစ်နိုင်သည်။ မီးရောင်ဟိရာအသက်စွန့်ပြီး သစ်ကိုင်းသစ်ငုတ်များကိုဖယ်၍ ချောင်းမြောင်းကြည့်ရာ ချင်းတောင်တောင်ယာတခု၌ လက်နက်များကိုဝှက်ပြီး အရပ်သားအ၀တ်ဝတ်ဖြင့် ပြောင်းစိထမင်းချက်စားနီသော ခိုင်အာဏာနီ၊ ဇာနီခိုင်၊ ရောင်းရင်းစိုးနိုင်၊ ခိုင်မျိုးရိုင်း၊ ခိုင်မင်းရို့အား မသီမပျောက်တွိရသည်။ ၀မ်းသာလုံးဆို့ရသည်။ အင်အားစုစုပေါင်း (၁၆) ယောက်ဖြစ်လား၍ အားတက်မိသည်။

ချင်းတောင်ယာပိုင်သျှင်ကို ပြောင်းစိများရောင်းရန် ဖဲသာဖြင့်ပီးဝယ်သည်။ ချင်းများက ဖဲသာမယူမရောင်းချင် ဂေါင်းခါသည်။ ပိုင်သျှင်မရောင်းကေလည်းငတ်နီသဖြင့် အားဓမ္မဖဲသာထုတ်ပီးပြီး ပြောင်းစိများကိုယူခရသည်။ စိတ်မကောင်းပါ။ အားလည်းနာပါသည်။ သနားလည်းသနားပါသည်။ မတတ်နိုင်။ ငတ်ခြင်းကြောင့် ၀မ်းတင်းဖို့ကအရေးကြီးသည်။ လူနှင့်မပါးတောကြီးထဲမှာ အသက်ဆက်နိုင်ရေး ခရီးဆက်နိုင်ရေးအတွက် ပြောင်းစိရိက္ခာများကို နိုင်သလောက်ယူပြီး တောင်ယာကိုနောက်ခိုင်းထားခရသည်။ ညည့်သုံးယံမှာ နှစ်ယံခရီးဆက်ပြီးညောင်းလာသဖြင့် ကုန်းမြင့်တခုကခြုံတခုတွင် ခိုဝင်ယင်းအိပ်စက်ရသည်။ ရန်ကင်းအစောင့်ထားကေလည်း ကင်းသမားက အိပ်ပျော်နီမည်မလွဲ။

ဘုံး-ဘုံး-ဒိုင်း-ဒိုင်း-ဂျိန်း-ဘောင်း

မိုးထက် (၄) ချက်တီးလောက်မှာ ရန်သူ၏အဆက်မပြတ် ပစ်ခတ်မှုကိုခံရသည်။ ဥက္ကဌကြီးကို တစထိမှန်လားသည်။

“ဥက္ကဌကြီး ရှိက မြောင်အတိုင်းဆုတ်ပါ။ အကျွန်တော်ခံပစ်ထားပါမည်”

“ဒိုင်း-ဒိုင်း-၀ုန်း-ဒိုင်း”

လက်နက်မျာက မိုးသီးပေါက်ပိုင်ကျသည်။ ရောင်းရင်းစိုးနိုင်တယောက် ညာဖက်မျက်လုံးနှင့် ဘယ်ဖက်ပေါင်ကို ကျည်မှန်သည်။ ပေါင်းရိုးကျိုးကျလားသည်။

“ဒေါင်း-ဒေါင်း-ဖောင်း-ဖောင်း”

ကာပိုင်ကျည်ဆန်များ ဂေါင်းထက်ကဖြတ်၊ ဘေးကဖြတ်၊ နံကဖြတ် ဖြတ်သည်။

“ကေ - စိုးနိုင် မင်းဒါဏ်ရာကလည်းများရေ။ နောက်လူတိလည်း ဆုတ်လားခပျာ်။ မင်းစိတ်ကိုတင်းထား။ လက်ပစ်ဗုံးနှစ်လုံးယူထားလိုက်။ ရန်သူမကြာခင် မင်းပါးကိုရောက်လာလိမ့်မည်။ လက်ပစ်ဗုံးနှစ်လုံးနှင့်ရာ ယှင်းလီဖိ”

စိုးနိုင်မျက်စိတဖက်မှ သွီးများဒလဟောဆင်းပြီး ကျန်တဖက်ကမျက်ရည်ကျလျှက် “ခိုင်နီရောင် င့ါကိုပစ်ထားခဖို့ယေလား” ဟူသောစကားကိုကြားပါလျှက် နောက်ခိုင်းခရသည်။ ကြီကွဲမှု၊ စိတ်မကောင်းမှု၊ ၀မ်းနည်းမှုများစွာဖြင့် ရှိလူများဆုတ်ခွာလားသည့်မြောင်အတိုင်း ပြီးဆင်း၍လိုက်ရှာရသည်။ လျှိုမြောင်အကောက် (၁၀-၉) ခု မြောက်သောအခါ ရန်သူကို စိုးနိုင်လက်ပစ်ဗုံးဖြင့်ခွင်းသံ ကြားလိုက်ရသည်။ နောက်ဆုံးအသက်ငင်နီစဉ်မှာပင် တိုင်းပြည်နှင့်လူမျိုးအတွက် သမိုင်းပီးတာဝန် သူကျီခသည်။

မြောင်အထပ်ထပ်ကိုကျော်ဖြတ်ကာ ရှိကဆုတ်ခွာလားသောရဲဘော်များကိုရှာဖွီယင်း စိုးနိုင်စကားက မိမိစိတ်ကိုကြီးစိုးနီသည်။ စိတ်ထဲထွင်လည်း မိမိကိုမိမိ ခွင့်လွှတ်ချင်စိတ်မဟိ။ တဦးတည်းတယောက်တည်း ထမ်းပိုး၍လည်းမနိုင်။ “ခိုင်နီရောင် ငါ့ကိုပစ်ထားခဖို့ယေလား” စကားကိုကြားယောင်နီသည်။ ယူကျုံးမရဖြစ်မိသည်။ အဖော်များကိုရှာယင်း ရိက္ခာပြတ်။ ငတ်ပြတ်။ သစ်ဥသစ်ဖုတူးစားရသည်က လုံချင်းတည်း။ နိရက်မရွီတွက်နိုင်ပျာ။ ရန်သူဖီးမှလွတ်အောင်ပြီးနီရသည်။

“ယွှီ - ယွှီ”လက်ပုလီမှုတ်သံ မြောင်တခုအနားမှကြားရသဖြင့် သတိထားနီရာယူလိုက်သည်။ သေသေချချာစိုက်ကြည့်လိုက်ရာ ဥက္ကဌကြီးခိုင်မိုးလင်း၊ ဒုဗိုလ်သီဟ၊ ဒုဗိုလ်ကျော်ထူး၊ ဇာနီခိုင်၊ မျိုးရိုင်း၊ ခိုင်သန်းကျော်၊ ခိုင်မင်းလတ်ရို့ကို အရှင်လတ်လတ်တွိရသည်။ ကကောင်းဝမ်းမြောက်မိသည်။ ကဗျာကယာ အရိုအသေပြုပြီး ဗိုလ်မှူးကြီးဒါဏ်ရာအများပါလား - စိုးရိမ်တကြီးမီးလိုက်သည်။ ပေါင်ကိုချန်လားခစွာရာဟုဖြေသည်။

(၈) ယောက်မျှသောလူနှင့် ရခိုင်ပြည်ကိုချီတက်ရန် အမိန့်ပီးသည်။ ယင်းနီရာမှ တောတောင်များကိုကျော်။ ဂျိုင့်အထပ်ထပ်ကိုဖြတ်၍ တီးတိန်-ဖလန်းကားလမ်းသို့ အရောက်ချီတက်ကတ်ရသည်။ တီးတိန်ဖလန်းကားလမ်းကိုရောက်သည်။ နိအခါကျော်ဖြတ်၍မဖြစ်။ ညည့်ကိုစောင့်ရသည်။

“အဝေးညီချေ - စိတ်ဓာတ်မကျကဲ့နှမ်း”

“ဟုတ်ပါရေ။ စိတ်ဓာတ်မကျပါ ဗိုလ်မှူးကြီး”

“ငါမှားရေဝေး။ အိန္ဒိယနယ်စပ်ကလားကေ လွတ်တေ။ လွတ်ဖို့”

“ငါ့ညီချေရို့ပြောစကားကို နားမထောင်လိုက်၊ ၀ီလျံချင်းစကားကိုယုံလို့”

ဥက္ကဌကြီးခိုင်မိုးလင်း မျက်ရည်ပင်ကျသည်ဟုထင်သည်။ ၀မ်းနည်းပက်လက်ဖြစ်နီသည်။ အိပ်ကပ်မှာ အသင့်ပါလာသော လက်ကိုင်ပုဝါဖြင့် မျက်နှာကိုသုတ်လိုက်သည်။ တဖန် အိပ်တွင်ပါသော ချီဂွေဘားရား၊ ကျူးဘားနိုင်ငံမှ ကတ်စထရိုဓာတ်ပုံများကို ထုတ်ပြသည်။

“ဒေပုံကိုကြည့်ကတ် - ငါ့ညီရို့”

အေဂေါင်းဆောင်ကြီးကတ်စထရိုရေ အေပိုင်ဒုက္ခခံပြီးမှ လွတ်လပ်ရေးကိုရရေ။ အခုလည်း ငါရို့ရခိုင်ပြည်ကို အရောက်ချီမည်။ ရန်သူဘားမှာ လုံးဝဒူးမထောက်၊ လက်မမြှောက်ကဲ့။ အမျိုးသိက္ခာကျရေ။ သီကေအေပိုင် ရခိုင်ဘတ်တံဆိပ်ကိုပြလို့သီ။ ငါလုံးဝဒူးမထောက် လက်မမြှောက်။ စိတ်ရာချ။ လက်နက်ဖက်လို့သီချင်သီပတ်စီ။ ငါ့အတွက် မလွဲမယှောင်သာကေ ကျည်သုံးတောင့်နှင့် ကိုယ့်စွာကိုယ်အဆုံးစီရင်လားဖို့။ တီးတိန်-ဖလမ်းကားလမ်းခြုံတောဘေးမှာ ဥက္ကဌကြီး၏နောက်ဆုံးမိန့်ခွန်းဖြစ်သည်။

(၁၉၇၇) ခုနှစ် ဇွန်လ နှစ်ရက်နိ ညည့် (၆) ချက်တီးအချိန်။ နီမင်းကြီး အနောက်ဂေါယာယွန်းချိန်။ တောပုဇိုင်းသံများဆူညံနီသည်။ ညည့် (၉) ချက်တီးအချိန်တွင် ကားလမ်းကိုဖြတ်ကူးသည်။ ယင်းလမ်းဘေးတွင် ပင်ပမ်းသဖြင့် ရဲဘော်ခိုင်သန်းတယောက် အိပ်မောကျကျန်ခသည်။ အာသံမဏိပူရဆိပ်ကမ်းသို့ရောက်သည်။ တညည့်လုံးစမ်းတ၀ါးဝါးခရီးဆက်သည်။ အလင်းရောင်ရောက်သည်နှင့် တီးတိန်မြို့နယ် မော်ဘိန်းရွာတောင်ဖက် (၈) မိုင်အကွာ ၀ါးပတ္တလားတန်းထသို့ရောက်သည်။

ဥက္ကဌကြီး၏ထိုဖက်ကူး အမိန့်သံထွက်လာသည်။

“နီဟုသိမ့်တချက်ချေ။ အေမှာ ရန်သူစစ်ဖိနပ်ရာတိ အများကြီးတွိရပါရေ”

“ထိုဖက်ကမ်းမှာ ရန်သူရောက်နီပျာ ထင်ပါရေ”

“အဝေးရောင်နီ - မင်းကြောက်ကေနောက်ဆုတ်။ စကားမရှည်ကဲ့”

“ထိုသို့ပြောနီစဉ် ဒုဗိုလ်သီဟ၊ ဒုဗိုလ်ကျော်ထူး ချီတက်လားသည်။ စာရွီးသူသည် ဥက္ကဌကြီးရှိတွင် ဖိနပ်ကြိုးပျင်ဟန်ပြု၍တားစဉ် ညီချေလားဝေး - အေမှာ သီဟကျော်ထူးနှစ်ယောက် တန်းထအလယ်ကို ရောက်နီပျာထင်ရေ”

“ဘုန်း-ဘုန်း-ဒိုင်း-ဒိုင်း”

ရန်သူ့ကျည်ဆန်နှင့်အတူ ဒုဗိုလ်သီဟနှင့် ဒုဗိုလ်ကျော်ထူး ချောင်းထဲရွင့်ကျလားသည်။ ဥက္ကဌကြီး၏ ဒူးတည့်တည့်ကိုမှန်သဖြင့် ပရုန်းနရုန်း အလျှင်ဆွဲယူကာ ကုန်းထက်သို့ပြီးရသည်။

အချိန် ဇွန်လ (၄) ရက်နိ မိုးထက်ခြောက်ချက်တီး။

“ညီချေ ခိုင်နီရောင်”

“ဘုရား”

“ငါ့ဒူးဆစ် ဒိုးလက်မဟိယာဝေး”

“ထမ်းယူပါမည် ဗိုလ်မှူးကြီး”

ဥက္ကဌကြီး၏ဒူးဆစ်မှ ဒရဟောကျနီသောသွီးများသည် ပတ်ဝန်းကျင်တခွင်ရဲရဲနီနီ၏။ ကြည့်နီ၍ကားမဖြစ်။ ဥက္ကဌကြီးအားထမ်းကာ မဏိပူရမြစ်ကြောင်းအတိုင်းပြီးရသည်။ ရန်သူများအားဖိ၍တိုက်သည်။ သေနပ်သံ၊ စိန်ပြောင်းသံ၊ အမြောက်သံများက တတောလုံးဆူညံနီသည်။ ရန်သူတပ်ဖွဲ့မှ လော်စပီကာအသံထွက်လာသည်။

“ခိုင်မိုးလင်းလက်နက်ချလိုက်။ ခင်ဗျားကိုမသတ်ဘူး”

မဏိပူရမြစ်ရိုးတလျှောက် ဥက္ကဌကြီးကိုထမ်း၍ပြီး၍ (၁) နာရီလောက်ကြာသောအခါ

“ငါ့ညီရို့ ငါ့ကိုချ။ အမိန့်ပီးသည်”

“ဥက္ကဌကြီးကို အသာချေအောက်သို့ချလိုက်သည်”

“ငါ့ညီရို့ - ငါ့ကိုထားခကတ်။ ရှိကိုတက်။ လုံးဝလက်နက်မချကဲ့”

ပါလာသည့်ဖဲသာများကို မီးလျှို့လိုက်သည်။ နာရီကိုထုခြီလိုက်သည်။ (AK) လက်နက်ကိုဖျက်ဆီးပြီး အနားဝန်းကျင်သို့ လွှင့်ပစ်လိုက်သည်။

“ငါညီရို့ - ရှိတက်။ အမိန့်ကိုနာခံ”

စာရွီးသူရို့ အနားမှာနီခွင့်မရ။ အမိန့်ကိုနာခံရသည်။ ဖာလုံဝက် တဖာလုံလောက်အ၀ီးရောက်သောအခါ ပစ္စတိုသံသုံးချက်ကြားရသည်။ စာရွီးသူနှင့်အားလုံး ဥက္ကဌကြီးဟိရာပြီးလားသော်လည်း ရန်သူ၏အင်အားကြီးမှုကြောင့် အခွင့်မသာဘဲ ရန်သူနှင့်အပြိုင်လုယင်း ရန်သူရလားသည်။

ဥက္ကဌကြီးခိုင်မိုးလင်းသည် မသီခင်ကပင် “ဒူးမထောက်လက်မမြှောက်။ ကျည်သုံးတောင့် ငါ့အတွက်” ပြောစကားအတိုင်း သမိုင်းပီးတာဝန်ကျီသည်။

(၁၉၇၇) ခုနှစ် ဇွန်လ (၄) ရက်နိ မိုးထက် (၆) ချက်တီး။ တီးတိန်မြို့နယ် မော်ဘိန်းရွာတောင်ဖက်သျှစ်မိုင်အကွာ မဏိပူရမြစ်အနားတွင် ဒဏ်ရာရသည်။ ယင်းမှတနာရီခန့်အကြာတွင် ပစ္စတိုသုံးချိန်းဖြင့် မိမိကိုယ်ကိုမိမိအဆုံးစီရင်လားသည်။

ရခိုင်ပြည်နှင့်ရခိုင်လူမျိုး ကျွန်ဘ၀မှလွတ်မြောက်နိုင်ရေးအတွက် ပါတီတပ်မတော်ကိုထူထောင်ကာ ဆင်းရဲဒုက္ခမျိုးစုံ အသက်သွီးချွေးအရင်းအနှီးပြုလျှက် တိုက်ပွဲပေါင်းမြောက်များစွာယှဉ်ပြိုင်တိုက်ခိုက်၍ နီထွက်ရာအရပ်မှ နီဝင်ရာအရပ်ဖြစ်သော အဖရခိုင်ပြည်သို့ တနှစ်နီးပါး မိုးလင်းရာဇာစစ်ကြောင်း ဇွဲသတ္တိစွမ်းအား သစ္စာအဓိဌာန်မပျက်ကွက်ဘဲ အာဇာနီလူစွမ်းကောင်းပီသစွာဖြင့် ကရင်ပြည်၊ သျှမ်းပြည် မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်း၊ ကချင်ပြည်များကိုဖြတ်ကျော်ပြီ ချင်းပြည်လမ်းခုလပ်အရောက်တွင် ရခိုင်သူရဲကောင်း (၅၃) ဦး ချင်းပြည်တွင်လည်းကောင်း၊ ကရင်ပြည်၌ (၃၁) ဦး ရခိုင်ပြည်လွတ်လပ်ရေးအတွက် သွီးခင်းစတေးခသည်ကို အစဉ်သတိရဂုဏ်ပြုလျှက် ဤစာတမ်းသမိုင်းမှတ်တိုင်ကို စိုက်ထူလိုက်ပါသည်။

ခိုင်နီရောင် (ကိုယ်တွိ)

(ရခိုင်လွတ်လပ်ရေးစာစောင်မှ)