မီဇူရမ်သို့
=====
သက်ဘုန်းတော်ကြီးကျောင်းတွင် နှစ်ရက်
သုံးရက်နားပါသည်။ လမ်းစရိတ်အတွက် အကူအညီတောင်းခံရသည်။ ဆရာတော်မှာ
ရခိုင်ပြည်က စာတတ်ပီတတ်ရဟန်းတပါးဖြစ်သည်။ သက်ထုံးစဉ်အရာ တစုံတဦးသီလျှင်
သီသူပိုင်ဆိုင်သည့် နွားကိုသော်လည်းကောင်း ဘုန်းကြီးကျောင်းသို့
ပီးလှူတတ်သည်။ ကုန်ခသည့်နှစ်မိုးဦးကျက ကာလ၀မ်းရောဂါလိုက်၍ လူပေါင်း (၄၀)
ကျော်သီဆုံးကြောင်းဆရာတော်က ပြောပြ၍သိရသည်။ လှူဒါန်းထားသောအလှုများကိုပြ၍
မသုံးဆောင်အပ်သောအလှူဟူ၍ ပြောပြပါသည်။ ဆရာတော် မီဇူရမ်ပြည်နယ်က
ခရစ်ယာန်ပြည်နယ်ဖြစ်လို့ ဘုန်းကြီးဝတ်နှင့်မသင့်တော်ပါ။ ရွာသားများပါးက
လူအ၀တ်တစုံလောက် တောင်းခံပီးပါဟုပြောသော်လည်း ဆရာတော်မှာ ကူညီလိုစိတ်မဟိ။
မောင်သျှင်ဝတ်နှင့်ဆိုကေကား ကိစ္စမဟိ။ အခု ရဟန်းရဟန်းခံ၍လာသဖြင့်
လူဝတ်ချွတ်မပီးချင်။ ထို့ကြောင့် ဘုန်းကြီးဝတ်နှင့်ပင်လျှင် အကျွန်ုပ်
မီဇူရမ်သို့ ခရီးဆက်ရပါသည်။
အကျွန်ုပ်ရို့စီးသော ဘာ့စ်ကားတွင်
သက်လူမျိုး လေးငါးခြောက်ယောက်ပါသည်။ သူရို့လည်း Aizawl သို့လားမည်ဆိုသဖြင့်
Aizawl ရောက်လျှင် သက်ဝန်ကြီးအိမ်သို့လိုက်ပို့ပီးပါဆို၍
သက်ဝန်ကြီးအိမ်သို့ လိုက်ပို့ပီးပါသည်။ သက်ဝန်ကြီးနှင့်တွိသောအခါ
အကျွန်ုပ်က မြန်မာပြည်မှ ကျောင်းသားဖြစ်ကြောင်း၊ Aizawl တွင်
ကျောင်းသားစခန်းဟိကြောင်း၊ ကျောင်းသားစခန်းသို့ ပို့ပီးပါဟု
အကူအညီတောင်းသည်။ အမှန်မှာ ကျောင်းသားစခန်းကား Aizawl ၌ဟိသည်မဟုတ်။ Aizawl
နှင့် မိုင် (၁၆၀) ခန့်ဝီးသော နယ်စပ်မြို့တမြို့ဖြစ်သော ကျင်ဖိုင်း၌
ဖွင့်လှစ်ထားခြင်းဖြစ်သည်။ သို့သော် သက်ဝန်ကြီးကား အကျွန်ုပ်အား
ကျောင်းသားစခန်းသို့ မပို့ပီး။ အချုပ်ခန်းသို့ တန်းပို့လိုက်သည်။
အချုပ်ခန်းသို့ရောက်နီသော်လည်း အကျွန်ုပ်ကား အဖမ်းခံရမှန်းမသိ။
အချုပ်ခန်းမှန်းမသိ။ ကျောင်းသားစခန်းသို့လိုက်ပို့ပီးမည့်ကားကို
စောင့်နီသည်။ နောက် အင်တန်လောက်ကြာမှ ရဲစခန်းမှုးကလာလတ်ပြီး ပဇာကြောင့်
အဖမ်းခံရသနည်းမီးသည်။ အကျွန်ုပ်ကလည်း အဖမ်းခံရသည်မဟုတ်။
ကျောင်းသားစခန်းသို့လိုက်ပို့ပီးမည့်ကားစောင့်နီသည်ဟု ပြောလိုက်သည်။
ယင်းခါမှ မဟုတ်။ မင်းအဖမ်းခံရရေ။ အေနီရာက အချုပ်ရဲစခန်း ယှင်းပြပြီးမှ
အကျွန်ုပ်လည်း အဖမ်းခံလိုက်ရပြီးဖြစ်ကြောင်း သိနားလည်လိုက်သည်။ ၄င်းညတွင်
အကျွန်ုပ်အား အချုပ်ခန်းသို့သွင်းချုပ်လိုက်ပြီး အချုပ်သားများနှင့်အတူ
ရောအိပ်ရပါသည်။
နောက် တရက်နှစ်ရက်လောက်ကြာလျှင် အကျွန်ုပ်အား Aizawl
ရဲထောက်လှမ်းရေးမှ လာစစ်ပါသည်။ ဘာသာပြန်လုပ်ပီးသူမှာ အစ်မမစမ်းပွီးဖြစ်သည်။
အန္ဒမန်ကျွန်း၌အသတ်ခံလိုက်ရသူ ကိုရန်နိုင်နှင့် ရင်းနှီးသူဖြစ်သည်။
အကျွန်ုပ်လက်ထဲ၌ ခရစ်ယာန်ဓမ္မသစ်ကျမ်းစာအုပ်နှင့် မြိုတောင်ခရီးလားစဉ်က
အတိုကောက်ရွီးမှတ်ထားသော မှတ်တမ်းစာရွက်များပါသည်။ ယင်းမှတ်တမ်းတွင်
နိရက်အတိအကျပါသည်။ Aizawl ရဲထောက်လှမ်းရေးများက သိမ်းယူထားလိုက်သည်။
Aizawl အချုပ်ခန်းထဲတွင် တလခွဲလောက် အချုပ်ခံရသည်။
အကျွန်ုပ်အဖမ်းခံရသည့်အချိန်မှာ ဆောင်းခါသားဖြစ်သဖြင့်
ကောင်းကောင်းချမ်းသည်။ သင်္ကန်းပါးပါးတထည်ဖြင့် မလုံလောက်။
အချုပ်ခန်းထဲတွင်ဟိသော ပုဆိုးမှာလည်း ဘောက်သာဆိုး ခြီသုတ်ဟပ်ထက်ဆိုးသည်။
ဇာမျှနှစ်ကတည်းက မဖွတ်မလျှော်ပဲထားသည်မသိ။ အစိုနံသည်ကား
ကောင်းကောင်းဆိုးသည်။ သို့သော် ချမ်းအားကြီးလာသောအခါ မတတ်နိုင်
နှာခေါင်းပိတ်ပြီးဆွဲချုံလိုက်ရသည်။ စိတ်ထဲတွင်ကား
အော့ချင်အန်ချင်စိတ်ပေါက်သည်။ အချုပ်ခန်းထမင်းမှာလည်း အာလူးတလုံးနှစ်လုံး
ပဲဟင်းရည်ကြဲကြဲ မ၀ရေစာစားရသည်။ ကြာလာလျှင် စိတ်ဓါတ်ကျသည်က တကြောင်း၊
အစားပျက်သည်က တကြောင်း၊ ရာသီဥတုဆိုးသည်က တကြောင်း လူက
ချက်ချင်းပိန်ကျလားသည်။
အကျွန်ုပ်အားထားသည့် အချုပ်ခန်းထဲတွင်
အကျွန်ုပ်အယင် အချုပ်သား လေးယောက်ဟိသည်။ သို့သော် သူရို့ကား
တရက်နှစ်ရက်လောက်ကြာလျှင် ပြန်ထွက်လားသည်က များသည်။
တပါတ်နှစ်ပါတ်လောက်ကြာလျှင် အကျွန်ုပ်အယင် ရောက်နှင့်ပြီးဖြစ်သော
အချုပ်သားများအားလုံး ပြန်ထွက်လားကတ်ပြီး အကျွန်ုပ်မှာ တလမကြာ
အချုပ်ခန်းထဲတွင် သက်တမ်းအရင့်ဆုံးဖြစ်လာသည်။ များသောအားဖြင့်
အချုပ်သားများအား အိမ်မှထမင်းလာပို့ကတ်သည်။ ထမင်းဟင်းနှင့်အတူ
ငုံဆီးဗူးတဗူးလည်းပါလာတတ်သည်။ ၄င်း ငုံဆီးဗူးအား ၀ိုင်းပတ်လည်၍
တယောက်တလှည့် လက်ဆင့်ကမ်း ပီးငုံလေ့ဟိသည်။ အကျွန်ုပ်အား ကျော်ကျော်လားသည်။
အကျွန်ုပ်စိတ်ထဲမှာ ဟင်းရည်ဟုထင်သည်။ အေသူရို့တိ ငါ့ကိုကျမပီး
ကျော်ကျော်လားကတ်တေ စိတ်ထဲမှာ ကသိကအောက်ခံရသည်။ တရက်နိ အကျွန်ုပ်၏မျက်နှာ
အမူအယာပျက်နီ၍လားမသိ တယောက်က ၄င်း တွီးဗူး ငုံဆီးဗူးကို ပီးငုံခိုင်းသည်။
အကျွန်ုပ်လည်း ဟင်းရည်ထင်၍သောက်ချလိုက်သည်။ မခံရခက်လိုက်သည်မှာ မပြောကဲ့။
ပြန်ထုတ်၍လည်းမရ၊ မျိုချ၍လည်းမရ လိုင်ခြောင်းဝမှာ ဆို့နီသည်။
အနံ့ဆိုးလိုက်သည်ကားလည်း တမျိုး။
အဆိုးဆုံးအချိန်ကား တရားယုံးသို့
ယုံးချိန်းလားရသောအချိန်ဖြစ်သည်။ မိမိအလှည့်မရောက်ခင် ယာယီအချုပ်ခန်းထဲ၌
ထောင်သားများနှင့်အတူနီရသည်။ ထောင်သားများမှာ များသောအားဖြင့်
ရာဇ၀တ်အပြစ်သားများဖြစ်၍ လူ့အသိစိတ်မဲ့ကင်း မိုက်မဲသူများဖြစ်သည်။
တိရိစ္ဆာန်နှင့် ထူးမခြားနားဖြစ်သည်။ အကျွန်ုပ်အမှုမှာလည်း ထောက်လှန်းရေးဟု
စွပ်စွဲခံထားရသဖြင့် အမှုကြီးဖြစ်နီသည်။ လူကလည်း ခေါင်းတုံးတုံးနှင့်
သင်္ကန်းဝတ်နှင့်ဖြစ်နီ၍ နဖူးကို ခြီတင်လျှက် ခြိမ်းခြောက်လိုက်
ကန်ကျောက်လိုက် အမျိုးမျိုးနှိပ်စက်ခြင်းခံရသည်။ ယုံးချိန်းလားတိုင်း
ငရဲကျရေပိုင်ခံစားရသည်။ သုံးခေါက် ယုံးချိန်းလားပြီး
မြန်မာပြည်သို့ပြန်ပို့ရန် အမိန့်ချလိုက်သည်။
အကျွန်ုပ်အား
ပြန်ပို့သည့်ကားမှာ မြန်မာလုံထိမ်းရဲများသုံးသော အချုပ်ကားအတိုင်း
သံထူပြားကာလျှက် သံချောင်းစိုက်ထားသော လီဝင်ပေါက်ဖွင့်ထားသော
ကားမျိုးဖြစ်သည်။ အကျွန်ုပ်နှင့်အတူ မြန်မာပြည်သို့ပြန်ပို့ခြင်းခံရသော
ချင်းလူငယ် သစ်ခိုးသမား (၆) ယောက်ပါသည်။ အကျွန်ုပ်ကား
ကျမ္မာရီးအခြီနီမကောင်းသဖြင့် ကားလှူးတိုင်း ကားဆောင့်တိုင် ခေါင်းမူးလာသည်။
ချင်းလူငယ်များကို တဖက် အတူထိုင်ခိုင်းပြီး အကျွန်ုပ်တယောက်တည်းတဖက်
ထိုင်ခုံထက်၌ ၀မ်းလျားမှောက်၍လိုက်ရသည်။ လမ်းခုလပ်မြို့ချေတမြို့တွင်
တညအိပ်ရသည်။ လမ်းပျက်နီ၍ဟု သိရသည်။ ၄င်း အချုပ်ခန်းအိမ်သာမှာလည်း
ပိတ်ပြီးလောက်တက်နီသဖြင့် အနံ့ဆိုးလိုက်သည်ကား အလှိုင်းလှိုင်း
အလှိုင်းလှိုင်းတက်သည်။ ခေါင်းမူးသည်က တကြောင်း၊ အနံ့ဆိုးသည်က တကြောင်း
သီချင်စိတ်ပေါက်သည်။ နောက်နိမိုးထ ကျင်ဖိုင်းသို့
အချုပ်ကားဖြင့်ဆက်ပို့သည်။ မြန်မာရဲလက်ထဲသို့ကားမအပ်၊ နယ်စပ်ကားလမ်းမတွင်
ချထားပီးခသည်။ ချင်းလူငယ်များထဲက နှစ်ယောက် ကျောင်းသားစခန်းအားသိသည်ဆို၍
လိုက်ပို့ပီးသည်။ (၄၅) မိနိခန့်လမ်းလျှောက်ပြီးမှ
ကျောင်းသားစခန်းသို့ရောက်သည်။ ကျောင်းသားစခန်းသို့ရောက်သောအခါ
စခန်းတွင်းတွင် လူများများစားစာမဟိ။ လေးငါးခြောက်ယောက်လောက်ရာဟိသည်။
မြန်မာတယောက်အား ထောက်လှမ်းရေးစွပ်စွဲပြီး လူသတ်မှုဖြစ်ထားသဖြင့်
ကျောင်းသားအားလုံးအပြင်သို့ထုတ်လိုက်ကြောင်း နောက်မှ ကြားသိရသည်။
မြန်မာကျောင်းသားအားလုံးမှာလည်း Aizawl သို့ ထွက်လားခကတ်ပြီးဖြစ်သည်။
စခန်းတွင်းတယောက်က ကျင်ဖိုင်းတွင် ကိုစိန်ဝင်းဟုခေါ်သော
မြန်မာကျောင်းသားများအား ကူညီပီးသူတဦးဟိကြောင်း လမ်းညွှန်ပီးလိုက်သည်။
အကျွန်ုပ်ရောက်လားသည်မှာ လမ်းညွှန်ပီးလိုက်သော ကိုစိန်ဝင်းမဟုတ်ပဲ
ရက္ကန်းခတ်နီသော ကိုစိန်ဝင်းလင်မယားအိမ်သို့ရောက်လားသည်။ လင်မယားကား
မြန်မာပြည်မှလာရောက်ပြီး ဆင်းဆင်းရဲရဲရက္ကန်းခတ်စားနီသူများဖြစ်သည်။
ယင်းတွင် တညအိပ်ပြီး နောက်နိ Aizawl သို့ ကုန်တင်ကားဖြင့် လမ်းကြုံစီး၍
လိုက်ပါလာရသည်။ လမ်းစရိတ်ကို သူရို့ပါးက မရမကခြစ်ကုတ်၍ တောင်းယူခရသည်။
သူရို့လက်ထဲမှာလည်း တပြားတချပ်မဟိ။ သူများပါးက ချီးငှားပီးလိုက်သည်။
လမ်းစရိတ်ကားလုံလုံလောက်လောက်မဟုတ်၊ လက်ထဲမှာ အေလောက်ရာပါရေဟု
တောင်းပန်ပြီးလိုက်ပါလာရသည်။
အကျွန်ုပ်ရို့ စီး၍လိုက်ပါလာသောကားမှာ
ကုန်တင်ကားဖြစ်သည်။ ခေါင်မိုးမပါ။ ဆန်အိပ်များ၊ ဘောက်သာအိပ်များထက်က
တက်စီး၍ လိုက်ပါလာရသည်။ ခေါင်မိုးထက်၌တက်စီးသူ
စုစုပေါင်းဆယ်ယောက်လောက်ဟိမည်။ အကျွန်ုပ်နံပါးတွင်
ချင်းလူငယ်တယောက်လည်းပါသည်။ စကားတခွန်းနှစ်ခွန်းပြောဖြစ်သည်။
များများစားစားမပြောဖြစ်။ မြန်မာပြည်မှလာသည်ကို လူများများသိ၍လည်းမကောင်း။
အတတ်နိုင်ဆုံးစကားတခွန်းမပြောဘဲ လိုက်ပါလာလတ်သည်။
ကျင်ဖိုင်းမြို့အထွက် ချောင်းကြီးတချောင်းဖြတ်ရသည်။ မြစ်နီးပါးကြီးသည်။
အထက်က ခေါင်မိုးမပါသဖြင့် ချောင်းသို့အဆင်းလမ်းတလျှောက် အောက်ကကားများကို
အတိုင်းသားလှမ်းမြင်နီရသည်။ ချောင်းဆင်းလမ်းမှာ
ဝက်အူရစ်ကိုထောင်ထားသည့်အတိုင်းဖြစ်သည်။ တောင်အောက်ဖက်သို့
ရောက်သည့်အခါတွင်လည်း အထက်က ကားများကို လှမ်းမြင်ရသည်။ ချောင်းသို့ရောက်၍
တောင်ထက်က ကားများကိုမြင်မှ တောင်ထိပ်မှာ ကောင်းခင်လောက်မြင့်ကြောင်း
သဖောပေါက်သည်။
လက်ထဲဟိသမျှငွေကို ကားခပီးလိုက်ပြီးဖြစ်သဖြင့်
ထမင်းတနပ်အငတ်ခံရန်ဆုံးဖြတ်လိုက်သည်။ ချင်းလူငယ်မှာ
အကျွန်ုပ်ထမင်းမစားဘဲနီသည်ကိုသိသဖြင့် ထမင်းဝယ်ကျွေးပါသည်။ ယင်းအချိန်တွင်
အကျွန်ုပ်မှာ လူအ၀တ်နှင့်ဖြစ်သည်။ သစ်ခွတ်သမားလူငယ်များက အကျွန်ုပ်အား
ဘောင်းဖီတလုံး င်္အကျီတလုံးပီးနှင့်ထားခသည်။ လူကလည်းကတုံး ပိန်ချုံးပြီး
အ၀တ်အစားမှာလည်း စုတ်ပြတ်သတ်နီသဖြင့် ဈီးရောင်းသော မီဇူမိမ္မချေများက
အကျွန်ုပ်အားကြည့်ပြီး ကောင်းကောင်းရယ်ကတ်ပါသည်။ အကျွန်ုပ်လည်း
ရှက်ရှက်ဖြင့် ပြုံးရယ်နီလိုက်သည်။
အကျွန်ုပ်သတင်းရသည်မှာ
မြန်မာကျောင်းသားများ Top Hotel ၌ အလုပ်လုပ်နီကတ်သည်။ Aizawl ရောက်လျှင်
Top Hotel သို့ စုံစမ်း၍လားမည်။ တည လမ်းဘေး၌အိပ်မည်။ ကိုယ့်အတွေးနှင့်
ကိုယ့်အစီအစဉ်နှင့်ဖြစ်သည်။ အမှန်မှာ ကျောင်းသားများက Top Hotel ၌
အလုပ်လုပ်နီသည်မဟုတ်၊ Top Resturant နာမည်ဖြင့် Bara Bazar ၌
လဖက်ရည်ဆိုင်ဖွင့်ထားခြင်းဖြစ်သည်။ Aizawl သို့ရောက်ချိန်တွင်
မှောင်နီပြီးဖြစ်သည်။ Aizawl မြို့ကား တောင်ထိပ်အစွန်ဖျားတွင်
မီးထိန်ထိန်လင်းလျှက် သီတင်းကျွတ် ၀ါကျွတ်ပွဲကဲ့သို့ အလွန်လှပသည်။ တညက
ဇာပင်ဖြစ်ဖြစ် လမ်းဘေးမှာ ထိုးအိပ်ဖို့ဆုံးဖြတ်ထားသည်။ အကျွန်ုပ်နှင့်အတူ
ကားစီးလာသောချင်းလူငယ်မှာ ကုန်သည်ဖြစ်သဖြင့် အထုပ်အပိုးများစွာပါသည်။
အကျွန်ုပ်လည်း အထုပ်အပိုးများကို ကူသယ်ပီးသည်။ သူက အကျွန်ုပ်အား
မည်သည့်နီရာတွင် တည်းမည်နည်းဟု မီးသည်။ အကျွန်ုပ်က ခပ်တည်တည်ဖြင့် Top
Hotel ၌ တည်းမည်ဟု ပြန်ဖြေလိုက်သည်။ သို့သော် လူငယ်က
သဘောကောင်းသူဖြစ်သဖြင့် မြန်မာစကားဖြင့် မထူးပါဘူးဗျာ၊ ညကလည်းမှောင်နေပြီ
ကျွန်ုပ်အိမ်မှာဘဲ ညအိပ်လိုက်ပါ၊ အိမ်အောက်မှာ ရက္ကန်းခတ်တဲ့ဗမာလူတွေရှိတယ်။
သူတို့ ဗမာကျောင်းသားတွေနေတဲ့နေရာသိတယ်။ မနက်ကျရင် သူတို့ကို
လိုက်ပို့ခိုင်းရင်ရတယ်ဟုပြောသဖြင့် အကျွန်ုပ်လည်း ၀မ်းသာအားရ
သူ၏ဖိတ်ခေါ်ချက်ကို လက်ခံလိုက်သည်။
လမ်းဘေးမှာအိပ်ဖို့မလိုလိုက်ယာဟုသိလိုက်ပြီး ချင်းလူငယ်အား
စိတ်ထဲတွင်ကြိတ်၍ ကျေးဇူးတင်နီမိသည်။ ညစာထမင်းလည်း ၀က်သားနှင့်
ကောင်းကောင်းစားရသည်။ ကောင်းကောင်းမွန်မွန်အိပ်ရသည်။ နောက်နိမိုးလင်းလျှင်
ရက္ကန်းခတ်နီသော မြန်မာလူငယ်များက
ကျောင်းသားများဟိရာအိမ်သို့လိုက်ပို့ပီးသည်။ အိမ်မှာ Top Resturant တည်ဟိရာ
Bara Bazar လမ်းမကြီးအောက် လှီကားထစ်ဘေးနားတွင်ဖြစ်သည်။ Top Resturant ကို
ကိုမောင်ငါက ဦးစီးဖွင့်လှစ်ထားခြင်းဖြစ်ပြီး အိမ်ကိုလည်း သူကပင်
ငှားရမ်းထားခြင်းဖြစ်သည်။ ကိုမောင်ငါနှင့်အတူ ကျောင်းသား လေးငါးယောက်နီသည်။
အကျွန်ုပ်မှတ်မိသလောက် မိုးချုပ် (ယခု) VOA သတင်းထောက်၊ သူက အသက်အငယ်ဆုံး၊
ကိုဇော်ဌေး (ယခု) သြစတေးလျ။ ကိုဆန်နီ၊ ကိုပေတိုး၊ ဘူးလာအမိ မခေါ်မီး၊
ကိုမောင်ငါ၊ ကိုမြင့်အေး (ယခု) နော်ဝေး၊ ကိုဝင်းထွန်း (ကျဆုံး)။
ကျန်လူများကိုကား အတိအကျမမှတ်မိ။ နောက်တနိတွင် အကျွန်ုပ်ပြန်ရောက်လာသည်ကို
ကြားသိရဖြင့် အစ်မမစမ်းပွီး ၀မ်းသာအားရလာတွိပါသည်။
အစ်မမစမ်းပွီး၏ပြောပြချက်အရ ရဲစခန်းအား
နယ်စပ်သို့မပို့ရန်တောင်းပန်ထားသည့်ကြားက ပို့ဖြစ်အောင်ပို့လိုက်သည်ဟု
မကြေမနပ်ဖြင့် ပြန်ပြောပြပါသည်။ ရောက်စပေါက်စ အချုပ်ကထွက်ခါစ
အပြင်လည်းကောင်းကောင်းမထွက်ဝန့်သဖြင့် ချင်းလူငယ်အိမ်သို့
အလည်မလားဖြစ်လိုက်ပါယာ။ စိတ်ထဲတွင်ကား အမြဲတမ်းသတိရနီပါသည်။
ကနိအချိန်၌ပြန်တွိလျှင်လည်း မှတ်မိမည်မဟုတ်တော့ပါ။
မိမိ၏ကျေးဇူးကန်းသောအဖြစ်ကို တွေးမိတိုင်း စိတ်မကောင်းဖြစ်မိ
နောင်တရနီမိသည်။
ဇင်မဘောက်သို့ (ဆက်ရန်)
Saturday, June 25, 2016
Subscribe to:
Post Comments (Atom)
No comments:
Post a Comment