ဘင်္ဂလားသို့ပြန်၍
============
အိုက်ဇောတွင် (၆) လလောက်နီပြီး
ဘင်္ဂလားဒေခ်ျရောက် ရခိုင်ကျောင်းသားများနှင့်အဆက်အသွယ်ပြုလုပ်ရန်
ကိုရန်နိုင်နှင့်အကျွန်ုပ် အတူတူ ခရီးထွက်ခွာပါသည်။ ဆီးဆာမှတဆင့် အာကုတ္တလာ၊
အာကုတ္တလာမှ တဆင့်ဘောင်းကူသို့ ခရီးဆက်သည်။ ဘောင်းကူတွင် ALP
ဥက္ကဌခိုင်ရဲခိုင်ဟိနီ၍ ဥက္ကဌခိုင်ရဲခိုင်နှင့် လားတွိဖြစ်လိုက်ပါသည်။
လားတွိစဉ်က ကိုရန်နိုင်ဇာနီရာသို့လားနီ၍မသိ အကျွန်ုပ်တယောက်တည်း
လားတွိဖြစ်ပါသည်။ ဥက္ကဌမှာ ဘော်ဒီကတ်ရဲဖော်တယောက်နှင့်အတူနီသည်။
ဘော်ဒီကတ်ရဲဖော်၏နာမည်ကိုကား မမှတ်မိလိုက်ပါယာ။
ဘော်ဒီကတ်ရဲဖော်က ဥက္ကဌခိုင်ရဲခိုင်အား အကျွန်ုပ်က အလေးမပြုသဖြင့်
ကောင်းကောင်းစိတ်ဆိုးသည်ဟုဆိုသည်။ အေကောင် ငါရို့ဥက္ကဌကို
မလေးမခန့်လုပ်တေဟုပြောကြောင်း နောက်မှ ကိုရန်နိုင်ပြောပြ၍သိရသည်။
ဘောင်းကူတွင် တရက်နှစ်ရက် နယ်စပ်ချောင်းကိုဖြတ်ရန် အချိန်ကိုစောင့်ရသည်။
လမ်းပြလုပ်ပီးသူကို ငွေပီးရသည်။ ထိုဖက်ကမ်း ဒေဖက်ကမ်းအချက်ပြပြီး
အစောင့်ယှင်းသောအခါ ချောင်းကိုဖြတ်ရသည်။ သို့သော် အကျွန်ုပ်ရို့
ချောင်းကိုဖြတ်ပြီးသည်နှင့် BDR အစောင့်ရဲနှင့်တိုး၍ ချက်ချင်းအဖမ်းခံရသည်။
အကျွန်ုပ်ရို့က အိန္ဒိယဖက်မှ လာသည်ကိုမပြော။
မြန်မာပြည်ကျေကျာင်းသားများဖြစ်ကြောင်း၊ စားဝတ်နီရီးအခက်အခဲကြောင့်
လွန်ခသော သုံးရက်အယင်က အန္ဒိယဖက်ကမ်းဟိ ရခိုင်သားများပါးက
အငွေအလှူလားကောက်ကြောင်း လိမ်ပြောပါသည်။
အသူလမ်းပြရေလဲမီးသောအခါ
ဘာ့စ်ကားထက်တွင် အ၀တ်ဖြူဖြူ ၀ထုပ်ဆောင်း၍ မုတ်ဆိတ်နှင့် စိတ်သဘောကောင်းသော
ဝါကြီးတယောက်နှင့် အသိဖြစ်၍ အကျွန်ုပ်ရို့အား သနားသဖြင့်
သူကလိုက်ပြကြောင်းဖြေလိုက်သည်။ အမှန်မှာ မောလဗီ ဗလီဆရာတယောက်အား
ပုံဖော်ခြင်းဖြစ်သည်။ လူကိုမြင်ကေမှတ်မိဖို့လားမီးသောအခါ အတိအကျမှတ်မိရေဟု
လုံးဝအာမခံပီးလိုက်သည်။ ဇာနီရာက ကူးရေလဲပြောသောအခါ အကျွန်ုပ်နှင့်
ကိုရန်နိုင်က အကြံထုတ်၍ BDR ရဲသားအား နယ်စပ်ချောင်းနားသို့မျှားခေါ်လားပြီး
ချောင်းနားရောက်လျှင် BDR ရဲသားအား ကန်ကျောက်၍ ထွက်ပြီးကတ်ဖို့ အကြံရသည်။
သို့ဖြင့် BDR ရဲအား ချောင်းကမ်းနားသို့ မျှားခေါ်လားသည်။
ချောင်းနားသို့ရောက်ခါ ကိုရန်နိုင်က မကန်ကျောက်ဝန့်။
ချောင်းကိုဖြတ်ပြီးသောအခါ အကျွန်ုပ်က ဖင်လီးနီလျှင်
သီနတ်နှင့်အပစ်ခံရဖို့စွာ ကြောက်၍ဖြစ်သည်။ တနီရာအရောက်တွင်
ယုတ္တိဟိသောတနီရာအား အေနီရာက ကူးကြောင်း အတိအကျပြောလိုက်သည်။ မောလဗီအိမ်ကို
မြင်ကေမှတ်မိဖို့လား မီးသောအခါ မှတ်မိတောင်ကလာဟု ရဲရဲဝန့်ဝန့်
အာမခံလိုက်သည်။ သို့ဖြင့် ရပ်ကွက်တိုင်း အိမ်တိုင်းကိုခေါ်လားပြီး
မော်လဗီအိမ်ကို လိုက်ရှာခိုင်းသည်။ ထိုအိမ်ဖြစ်နိုးနိုး
ဒေအိမ်ဖြစ်နိုးနိုးဖြင့် အကျွန်ုပ်ရို့အား (၂) နာရီလောက်
လိုက်ရှာခိုင်းသည်။ ငါရို့ရောက်ချိန်က မှောင်နီယာ။ အိမ်ကို
ကောင်းကောင်းမမှတ်မိယာဟု အကြောင်းပြလိုက်သည်။ မတွိသောအခါ စခန်းသို့
ခေါ်ယူလားသည်။ ပဇောင်ပိုင်ယှောင် ရှာတွိဖို့လဲ။ မော်လဗီကား အဂယင့်က မဟုတ်။
(ဆက်ရန်)
Saturday, June 25, 2016
Subscribe to:
Post Comments (Atom)
No comments:
Post a Comment