Saturday, September 5, 2015

မိုးလင်းရာဇာစစ်ကြောင်း

မိုးလင်းရာဇာစစ်ကြောင်း
=============

“တော်လှန်ရေးဆိုစွာ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုး နယ်ချဲ့လက်အောက်ကလွတ်မြောက်ဖို့အတွက် လက်နက်ကိုင်တိုက်ပွဲဝင်စွာဖြစ်တေ။ တနည်းအားဖြင့် ကယ်တင်ဖို့ဖြစ်တေ။ မတရားစိုးမိုးဗိုလ်ကျ၊ အနိုင်ကျင့်ညှင်းပန်း၊ သိမ်းယူအမြတ်ထုတ်၊ အကျင့်ယုတ်ကို ဖယ်ထုတ်စွာဖြစ်တေ။ ငါရို့တိစွာ ရီခြားမြီခြားတိုင်းတပါးမှာလာရောက်ပြီးကေ ဒုက္ခဆင်းရဲခံတော်လှန်နီကတ်တေ။ ရခိုင်ပြည်တော်လှန်ရေးစွာ ရခိုင်ပြည်မှာဟိသင့်ရေ မှန်ရေ။ ယေကေလည်း နီရာဒေသပယောဂကြောင့်။ ရည်မှန်းချက်ကိုနားလည်ကတ်ရဖို့။ ခံယူချက်မြဲရဖို့။ လက်ဟိနိုင်ငံရေးအနီအထားနှင့် မြန်မာလူမျိုးရေးဝါဒီများကိုသုတ်သင်ရာမှာ တဦးချင်းတယောက်ချင်းတဖွဲ့ချင်းထက် ဘတူအဖိနှိပ်ခံလူမျိုးများနှင့် ပူးပေါင်းလက်တွဲတိုက်ခိုက်စွာက ပိုကောင်းရေ”

“အစားဆင်းရဲ၊ အ၀တ်လျှို့တဲ့၊ နီရာထိုင်ခင်းပုံမှန်မဟိစွာ တော်လှန်ရေးသမားတယောက်အတွက် မပြောပလောက်တေဒုက္ခအဖြစ် ခံယူနိုင်ရဖို့။ တမျိုးသားလုံးလွတ်မြောက်ချင်ကေ ကိုယ့်တိုင်းပြည်ကိုကယ်တင်ချင်ကေ ဇွဲမာန်သတ္တိဟိရဖို့။ ကိုယ်ကျိုးစွန့်ရဖို့။ ယေမှရာ တော်လှန်ရေးသမားကောင်းပီသဖို့”

၁၉၇၃-ခုနှစ် ဇန္န၀ါရီလ (၇) ရက်နိ ၀မ်းခစခန်း၌ စာရွီးသူအပါအ၀င်ရဲဖော်ခုနှစ်ဦး လူသစ်အဖြစ်စတင်ရောက်သောနိ။ ညစာထမင်းစားနီတုန်း နုတ်ဆက်စကားဖြစ်သည်။ နှဖူးက ချွေးတပြစ်ပြစ်စီးနီသည်။ မျက်နှာပြင်နှင့်တကိုယ်လုံးမှာ မီးသွီးများပယ်ကျံနီသည်။ ၀မ်းသာမှုများက မျက်နှာထက်တွင် ပေါ်နီသည်။

ထမင်းစားပွဲမှာ စားစရာငပိရည်၊ တို့စရာသဖန်းသီးအပြင် ဇာလည်းမဟိ။ ငပိရည်နှင့်ရခိုင်သား။ ရခိုင်သားနှင့်ငပိရည်။ အရိုးခံအမှန်ပြောရကေ အော့အံမိသည်။ တော်လှန်ရေးအတွက် အသက်ပီးဖို့ ဆုံးဖြတ်ထားပြီးမှ အစားအသောက်ဇီဇာကြောင်နီလို့မဖြစ်။ တော်လှန်ရေးအတွက်မီးသွီးဖုတ်နီသော ဥက္ကဌကြီးခိုင်မိုးလင်း၏စိတ်ဓါတ်ကို ကြည်ညိုသည်။ မိမိကိုယ်ကို နှစ်သိမ့်ရသည်။ ယင်းပိုင်နှင့် တော်လှန်ရေး၏ပထမညည့်ကို ကုန်လွန်စီခသည်။

နောက်တနိနီထွက်ချိန် (၉) ချက်တီးခန့်။ ကော်မူးရာ ၀မ်းခစခန်း၏အမှောင်ကို ထိုးဖောက်ထွက်လာသောရောင်ခြည်များက သွယ်တန်းလျှက်ဟိသည်။ ကျီးငှက်များ ထိုပင်ဒေပင် တပင်ထက်တပင် ပျံသန်းဆူညံနီကတ်သည်။

စာရွီးသူနှင့်ရဲဖော်များသည် နီဆာလှုံယင်း ဖြစ်ကြောင်းကုန်စင် ပြောဆိုနီကတ်သည်။ ညီချေရို့ ဒေကိုလာကတ်ဟု ဥက္ကဌကြီးကလှမ်းခေါ်လိုက်သဖြင့် အကျွန်ရို့ သွက်သွက်ချေရောက်လားသည်။ မင်းက ဘုန်းကြီးလူထွက်ဆိုကေ အစားအသောက် ဆင်းရဲဒါဏ်ချက်ချင်း ခံနိုင်ချင်မှခံနိုင်ဖို့။ ကျင့်သားရကေ စိတ်ဓါတ်ခိုင်လာဖို့ ခံနိုင်ရည်ဟိလာဖို့သေချာရေ။

“ငါ့နာမည် ခိုင်မိုးလင်း”

“မိုးလင်းကေ နီမထွက်လား”

“ထွက်ပါရေ ဥက္ကဌကြီး”

“နီထွက်ကေ နီရောင်မမြင်လား”

“မြင်ပါရေ”

“နီရောင်မြင်ကေ အမှောင်မပျောက်လား”

“ပျောက်ပါရေ”

“ရခိုင်ပြည်ကို မြန်မာတိအုပ်ချုပ်နီရေ။ မကောင်းဆိုးရွားတည်းဟူသော အမှောင်ထုဖုံးလွှမ်းထားရေ။ အမှောင်ထုကွယ်ပျောက်ဖို့ နီထွက်ဖို့လို့ရေ။ မိုးလင်းလို့နီထွက်ကေ အမှောင်ပျောက်တေ။။ အေနိအေရက်ကစပြီးကေ နီရောင်လို့ မင်းရို့ကိုမင်းရို့မှတ်ထား” ဟု စာရွီးသူနှင့်အဖွဲ့အား နာမည်ကင်ပွန်းတပ်ပီးပါသည်။

ဥက္ကဌကြီးခိုင်မိုးလင်းသည် အလွန်ရိုးဖြောင့်၏။ အရပ်မှာ (၅) ပေ (၁၁) လက်မ။ အသက်အရွယ်အားဖြင့် ငယ်ပင်ငယ်သော်လည်း မိန်းမမလိုက်။ ရွှေမမက်ငွေမမက်။ တပည့္မမြီး။ လက်အောက်ငယ်သားများကိုဆက်ဆံရာတွင် တန်းတူရည်တူဆက်ဆံသည်။ ခန့်ငြားလှပသည့် ဥပဓိရုပ်ဟိသည်။ မည်သည့်အလုပ်မဆို ပြတ်သားတိကျသည်။ ယုံကြည်ချက်နှင့်အတူ ကာယဥာဏစွမ်းအားဖြင့် မှန်မှန်ကန်ကန်ဆောင်ရွက်သည်။ တိုင်းပြည်နှင့်လူမျိုးအပေါ်သစ္စာဟိသကဲ့သို့ အောက်လက်ငယ်သားများကိုလည်း ငဲ့ညှာသည်။ ထူးကဲပြောင်မြောက်အောင် ဆုံးမပီးနိုင်သည်။

ကော်မူးရာစုဆောင်းရေးအဖြစ် လူအင်အား (၅၀) ဟိသည်နှင့် မဟာမိတ်ကရင်စခန်း၌ အခြီခံစစ်သင်တန်းပီးသည်။ ယုန်းလုပ်ငန်း၊ လက်နှိပ်စက်သင်တန်း၊ မိုင်းသင်တန်း၊ လက်နက်ကြီးသင်တန်း၊ ဆက်သွယ်ရေးသင်တန်းနှင့် သူနာပြုသင်တန်းစသည်များကိုသင်ကြားရာ သင့်တော်ရေပိုင်မွမ်းမံပီးသည်။

(၁၉၇၄) ခုနှစ်တွင် ရဲဖော်သစ်များအဆက်မပြတ်ရောက်လာ၍ အင်အားကောင်းလာသဖြင့် သင်တန်းကို ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထစသည်ဖြင့်သတ်မှတ်၍ ကရင်တပ်မတော်၌ တက်ရောက်သင်ကြားစီသည်။ (၁၉၇၄) ခုနှစ်မှာပင် မြ၀တီ၊ သင်္ကန်းညီနောင်၊ မဲပလဲစခန်းများကို မဟာမိတ်တပ်များနှင့်ပူးတွဲ၍ စစ်ဆင်ရေးပြုလုပ်သည်။ ရခိုင်တပ်မတော်မှာ အင်အားရာကျော်လာသည်နှင့်အမျှ အောင်လံထူ၊ အလေးပြုသစ္စာဆိုရသည်။ စစ်အင်အားကိုလည်း ပိုမိုလှုပ်လျှားသည်။ အယင် ရိုင်ဖယ်သေနတ်မှ ခေတ်မှီမောင်း ပြန်သေနပ်များကို တပ်ဆင်ပီးသည်။ ရိက္ခာများကိုလည်း ကရင်မဟာမိတ်တပ်ရင်းမှ လိုလေသေးမဟိထုတ်ပီးသည်။ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်ကို စစ်ကြောင်းကြီးလေးကြောင်းဖြင့် မဟာမိတ် (KNU) တပ်မတော်နှင့်အတူ ကရင်ပြည်ဒေသတလျှောက် ထိုးစစ်ဆင်တိုက်ခိုက်သည်။

စစ်ကြောင်းလားရာဒေသတလျှောက် ရိုးသား၍သနားဖို့ကောင်းသော ကရင်ပြည်သူများအား စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးအဆင့်မြင့်မားလာစီရန် ပီးသင့်သည့်အကာအကွယ်ကိုပီး၊ မသိနားမလည်သည်များကို သင်ကြားပိုချပြုလုပ်ရသည်။ တရွာဝင်တရွာထွက် တိုက်ယင်းခိုက်ယင်း၊ လှည့်ယင်းလည်ယင်း၊ စည်းရုံးယင်း ကရင်ပြည်တွင် ရခိုင်စစ်သည်များကို ကရင်ပြည်သူများက ယုံကြည်အားထားလာသည်။ တမျိုးတည်းတဆွီတည်းပမာ ချစ်ခင်ရင်းနှီးလာသည်။ ရခိုင်စစ်တပ်များ ကရင်ကျွန်းရွာများရောက်သည်နှင့် ဆန်ဖွတ်ထင်းခွဲ၊ မောင်းထောင်းအလုပ်ဝင်လုပ်သည်။ လုပ်အားပီးသည်။ သို့ဖြင့် ကရင်ပြည်တွင် ရခိုင်ရဲဖော်များအတွက် အစားအသောက်မယှား။ ပီးကမ်းချင်သူများသည်။ လက်ကမ်းကြိုဆိုသည်။ သားနှင့်အမိ၊ မောင်နှင့်နှမ၊ တမိတည်းသားပမာ ချစ်ခင်သည်။

ကရင်ပြည်တွင် မဟာမိတ် (KNU) နှင့် စစ်ဆင်ရေး ဒေသတလျှောက် မြို့သိမ်းတိုက်ပွဲ၊ ရင်ဆိုင်တိုက်ပွဲ၊ ပြောက်ကျားတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲ၊ မရွီမတွက်နိုင်အောင်တိုက်ခရသည်။ မိုးလင်းရာဇာစစ်ကြောင်းမှ ရခိုင်ပြည်လွတ်လပ်ရေးတပ်မတော်၏ ရဲဖော် (၃၁) ဦး အသက်ပီးခရသည်။ ကရင်ရခိုင် ချစ်ကြည်ရေးမဏ္ဍိုင်ကို သွီးခင်း၍စိုက်ထူခသည်။ ကရင်နှင့်ရခိုင်သမိုင်းတွင်ကား မှတ်တိုင်အဖြစ် ထင်ရှားပြီးဖြစ်သည်။

၁၉၇၆-ခုနှစ် ဇွန်လ (၅) ရက် သော်လဲထားစခန်း

ရဲဘော်ရို့ ငါရို့ရခိုင်တပ်မတော်ရေ မဟာမိတ်နယ်မြီ ဒေသခံများနှင့်ပူးပေါင်း၍ ရန်သူမြန်မာလူမျိုးရေးဝါဒီတိကို သုတ်သင်လာစွာ (၂) နှစ်ကျော် (၃) နှစ်ထဲရောက်ပျာ။ ရဲဘော်ရို့အသိ။ စစ်ရေးနိုင်ငံရေး၊ တိုက်ခိုက်ရေး နီရာတိုင်းမှာ အောင်ပွဲခံနီတုန်း။ နောက်ထပ်လည်း ဆက်အောင်ခန့်သိမ့်။ ဦးတည်ချက်၊ ရည်မှန်းချက်ကျန်သိမ့်ရေ။ ယင်းရည်မှန်းချက်မှာ ရခိုင်ပြည် ရခိုင်လူမျိုးလွတ်မြောက်ရေးနှင့် ရခိုင့်အချုပ်အချာအာဏာ ရခိုင်ပြည်သူ့လက်ဝယ် ပြန်ရောက်ရေးဖြစ်တေ။ ငါရို့ရခိုင်တပ်မတော်မှာ လုံးလုံးတာဝန်ဟိရေ။ ယင်းကြောင်း (၁၉၇၆) ခုနှစ် ဇွန်လ (၂၀) ရက်နိကို ရခိုင်ပြည်သို့ပြန်ဖို့နိအဖြစ် သတ်မှတ်တေ။ ရဲဖော်အားလုံး လက်ခုတ်လက်ဝါးတီးထောက်ခံသည်။

ဆက်လက်ပြီးပြောချင်စွာက ငါရို့ရဲဘော်ရို့အားလုံး မိုင်ထောင်ပေါင်းများစွာကို ကျော်ဖြတ်ရဖို့။ ဆင်းရဲ၊ ပင်ပန်း၊ ငတ်ပြတ်ခြင်းနှင့် ရင်ဆိုင်ရဖို့။ ရန်သူနှင့်လည်း တိုက်ပွဲတိအများကြီးတိုက်ရဖို့။ ဇာပိုင်ပင်အခက်ခဲဟိဟိ သတ္တိမွီးကတ်ရဖို့၊ ဇွဲဟိရဖို့။ ခံနိုင်ရည်ဟိရဖို့။


အေအကျပ်အတည်း၊ အခက်အခဲ၊ ပင်ပန်းဆင်းရဲကို မျိုးချစ်စိတ်၊ တိုင်းပြည်ကိုကယ်တင်လိုစိတ်နှင့် ကျော်ဖြတ်ရဖို့။ အခက်အခဲတိကို ခံနိုင်ရည်မဟိသူ၊ ခံနိုင်ရည်မဟိလို့ ယူဆသူ၊ တွေဝေနီလူတိ အခုကပင်ထွက်ကျန်လိုက်ကတ်။ ရန်သူဘားမှာ လုံးဝဒူးမထောက်၊ လက်မမြှောက်ရ။ ရခိုင်လက်နက် ရခိုင်လက်ထဲမှာဟိရဖို့။ စိတ်ပျက်သူ၊ စိတ်ဓါတ်ကျလူတိ လက်နက်ကိုအပ်။ ထွက်စာတင်။ စားစရိတ်လမ်းစရိတ် (၅၀၀၀) ထုတ်ပီးလိုက်မည်။ အားလုံးသဘောပေါက် နားလည်ကတ်ယင့်လား။

“ဟုတ်ပါရေ”

“စိတ်ပျက်တေလူဟိလာ”

“မဟိပါ”

“ရခိုင်ပြည်ကိုချီတက်ကတ်ဖို့မဟုတ်လား”

“ချီတက်ပါဖို့”

“စစ်ကြောင်းသတ်မှတ်မည်။ နားထောင်”

“စစ်ကြောင်းနာမည် - မိုးလင်းရာဇာစစ်ကြောင်း”

“မိုးလင်းရာဇာစစ်ကြောင်း”

“မိုးလင်းရာဇာစစ်ကြောင်း”

ဝန်းကျင်တခုလုံးကို ရခိုင်လွတ်ပြည်လွတ်မြောက်ရေးပါတီ၊ မိုးလင်းရာဇာစစ်ကြောင်းအသံက လွှမ်းမိုးလားသည်။ ရဲဖော်အားလုံး ရဲစိတ်ရဲမာန် ဇာတိမာန်ဖြင့် ၀မ်းမြောက်ကတ်ရသည်။

သီမင်းနှင့်မိုးလင်းရာဇာစစ်ကြောင်း

အခါသမယမှာ အမှောင်အားကောင်းချိန် လမိုက်ညဖြစ်သဖြင့် စက္ကြာဝဠာတခွင်လုံး ကြည်လင်ခြင်းမဟိ။ ငွေစင်ကြယ်ချေတိ တိမ်တိုက်များနောက်ကွယ်မှ ပုန်းလျှို့ဝှက်လျှို့ဂေါင်းပြူလျှက်ဟိ၏။ အကာလ၀န်းကျင် အလင်းဟူ၍မဟိ၊ အမှောင်ပကတိ ကြီးစိုးလျှက်ဟိ၏။ ၀န်းကျင်တခုလုံး ငြိမ်ဆိတ်လျှက်။ အတွေးများဖြင့်အိပ်မပျော်။ သိလာရသည်က နက်ဖန်ခါ။ ပြန်ရဖို့ယာထော - ရင်ထဲကအသိ။

ရင်းနှီးမှု၊ ခင်မင်မှု၊ ချစ်ခင်မှု၊ တွယ်တာမှုသံယောဇဉ်များဖြင့် ညည့်ဦးပိုင်းနှုတ်ဆက်ခရသည့် ရဲဖော်ရဲဖက်၊ သီဖော်သီဖက်၊ သူငယ်ချင်းများ၊ ကရင်ပြည်သူများ၊ အထူးသဖြင့် ရင်ထဲမှာ နှိုးဆွခံစား၊ သံယောဇဉ်ပွားမိသည့်အမိုး၊ နော်ဖလဲထူး၊ ဖထီးစောကျော်၊ ဒေးမူးနော်ချိုအေး။

မလွှဲသာ၊ ခွဲခွာရမည့်အသိတရား။ စီးကျသည့်မျက်ရည်။ ပူလောင်သည့်နှလုံးသား။ မျက်နှာကိုလက်အုပ်ပြီးငိုသံများက စာရွီးသူ၏နှလုံးသားကို ဒါးပါးပါးနှင့်လှီးဖြတ်လိုက်တေပိုင် ခံစားရပါရေ။

“မငိုပါကဲ့ - ဒေးမူ။ အမိုးဖထီး - မငိုပါကဲ့”

“အမိုး၊ ဖထီး၊ ဒေးမူ၊ မျက်ရည်ကျစွာကိုမြင်ကေ မချိအောင်ခံစားရရေ။ ကုသိုလ်ကံထောက်မလို့ သီကံမရောက် သက်မပျောက်ကေ ဒေးမူရို့ပါးကို အရောက်ပြန်လာခပါမေ”

ပြောရာပြောရသည် ရင်ထဲမှာ ထိမ်းမနိုင်ခဲမရ။ ကျလာသည့်မျက်ရည်။ အုံပုန်းလူမသိ။ စစ်သားကြီးက မျက်ရည်သုတ်လို့ တပ်ရင်းထဲပြန်လာလတ်ရသည်။ ဆိတ်ငြိမ်သောအမှောင်က တစထက်တစလွှမ်းမိုးလာကာ ပုရစ်သံ၊ ပုဇဉ်းသံ၊ တောတိရိစ္ဆာန်သံပင်မကြားရ။ အပ်ကျစွာကိုပင် ကြားဖို့ထင်သည်။

အိပ်မရလီ စိတ်ကဂယောက်ဂယက်ဖြစ်လီ။ အတွေးသံသရာ ၀ဲချာလည်လျှက် ညည့်ဦးယံ တမှေးချေလည်းအိပ်မပျော်။ မိုးစင်စင်လင်းလတ်သည်။ တပ်မှူးတပ်ဗိုလ်များအမိန့်အတိုင်း ကိုယ့်အထုပ်ကိုယ်ထမ်း။ ကိုယ့်လက်နက်ကိုယ်ကိုင်။ လားရဖို့ခရီးစဉ်အတိုင်း စီစဉ်ကတ်ရသည်။

(၁၉၇၆) ခု ဇွန်လ (၂၀) ရက်။

ဒေတသက်မိလို့ရလီဖို့မဟုတ်။ ကရင်ပြည်နယ်သော်လဲထာစခန်းမှ ထိုင်းနိုင်ငံဖက်သို့ စက်ဘုတ်ဖြင့် မိုးလင်းရာဇာစစ်ကြောင်းကူးသည်။

အတိတ်သည် အရိပ်ကဲ့သို့ စိတ်အယဉ်ဝယ် နစ်မျောချင်တိုင်းနှစ်မျောနီလိမ့်မည်။ အငြိုးကြီးရေ ဇွန်လမိုးကလည်း မညှာမတာ တဂြိုင်ဂြိုင်းရွာသည်။ အေပိုင်ပင်လည်း အငြိုးကြီးပါလား မိုးမင်းကြီး။ စိတ်ထဲရင်ထဲမှာ ကိုယ့်တိုင်းကိုယ့်ပြည်ပြန်ရဖို့စွာတောင် ၀မ်းမသာ။ တခုခုကျန်ခရေပိုင် ဟာလာဟင်းလင်းကြီး။ ဆောင်းညည့်အိမ်မက်လည်းမဟုတ်။ ကျန်လိုက်ခဖိ ကရင်ပြည်။ လွမ်းကျန်ခဖိ ဒေးမူ။ ခွင့်လွှတ်ကတ်ပါ၊။ နှစ်သိမ့်ပါရစီ။

ထိုင်းနိုင်ငံမှ မြန်နိုင်ငံသျှမ်းပြည်ဟိရာသို့တည့်တည့် ခြီကျင်တမျိုး၊ ကားစီး၍တဖုံ၊ ဗိုလ်မှူးကြီးခွန်လုံဖစခန်းသို့ ဦးတည်းထွက်ခွာသည်။ မိုးစုန်းစုန်းချုပ်မှ မိုးလင်းရာဇာစစ်ကြောင်းရောက်သည်။ နှစ်ရက်နားပြီးနောက် နိမရွီးညည့်မယှောင် တော၊ ချောင်း၊ မြောင်၊ မြစ်၊ ပြား၊ ပြင်၊ ခြုံ၊ ဂျောက်၊ တောင်စောက်တောင်မြင့်၊ တောင်စွယ်တောတန်း အကွေ့အကောက်ဝင်္ကဘာပေါင်းသောင်းခြောင်ထောင်ကိုကျော်ဖြတ်ယင်း သျှမ်းပြည်တောင်ပိုင်း၊ မေအိုးရွာနား၊ ပအို့ဖြူခွန်စံသိန်းစခန်းသို့ရောက်သည်။

မေအိုးရွာပအိုးစခန်းတွင် မိုးလင်းရာဇာစစ်ကြောင်း (၅) ရက်မျှ အနားယူသည်။ ယင်းစခန်းမှ သံလွင်ပအိုးစခန်းသို့ ချီတက်သည်။ သံလွင်မြစ်ကိုစက်ဘုတ်ဖြင့်ကူးရသည်မှာ တွေးကြည့်လျှင်အသဲယားသည်။ ခရီးကပန်း၊ လမ်းကကြမ်းး။ သမင်တောက်သံ၊ ဂျီဟောက်သံ။ တောဘယံမှာ၊ တောင်ဘယံမှာ။

တိုင်းပြည်နှင့်လူမျိုးအကျိုးအတွက် တာဝန်ကျီကတ်ရမည်။ တပ်မှူးတပ်ဗိုလ်များအမိန့် နာခံရမည်။ ဇွဲသတ္တိ၊ လုံ့လ၀ိရိယဟိကတ်ရမည်။ ဗူးကိုမွိရာ သစ်ကိုဂေါင်းအုံးဆိုစွာ တော်လှန်ရေးသမားအတွက် ပြဿနာမဟုတ်။

ရန်သူကိုအထင်သေးလို့မဖြစ်။ စစ်ကြောင်းကို တပ်စုတပ်စိတ်ဖြန့်၍ ခရီးနှင်ရသည်။ ဟိုပုန်းမြို့နယ် ဆီဆိုင်မြို့နယ်သို့ရောက်သောခါ ရဲဘော်နှစ်ယောက်ပျောက်နီသည်။ ခိုင်ကျော်ဇံဟိန်းနှင့် ခိုင်သံမဏိနှစ်ယောက် သီသည်ရှင်သည်မသိရ။ သူရို့နှစ်ယောက်ရောက်မလာနိုင်၍ စိတ်မကောင်းဘဲ သျှမ်းပြည်တောင်ပိုင်းမှ အလယ်ပိုင်းသို့ ဆက်လက်ချီတက်ကတ်ရသည်။

အထူးသဖြင့် လေးကျား-မိုင်းကိုင် ကားလမ်းကိုဖြတ်ပြီးမှ သျှမ်းပြည်အလယ်ပိုင်းသို့ ရောက်မည်ဟုသိရသည်။ ဒေသခံနှင့်မဟာမိတ်များပြောပြချက်အရ သီမင်းတမန်ကားလမ်းအဖြစ် နာမည်ကြီးသည်။ တော်လှန်ရေးသမားများကို ဒုက္ခအပီးဆုံးကားလမ်းဟုဆိုသည်။

မိုးလင်းရာဇာစစ်ကြောင်း၏ခံယူချက်က ကွေ့ယှောင်လို့ရကေကွေ့ယှောင်။ တွိကေရင်ဆိုင်။ နောက်ဆုတ်ဖို့လုံးဝမဟိ။ လျှို့ဝှက်ချက်ကို အသီထိန်းသိမ်းရမည်မှာ တပ်မှူးတပ်ဗိုလ် အားလုံးနားလည်ပြီးသောအလုပ်။ မိုးကြိန်းကြိန်းရွာသည်။ လီပြင်းတိုက်သည်။ နိနှင့်ညဥ့်၊ ညဥ့်နှင့်နိ၊ မိုးရွာလီထ၊ အချမ်းအပူမဟိ။ ရန်သူလှုပ်လျှားမှုအနီအထားကို သုံးသပ်ရသည်။ ရန်သူ၏ငိုက်ကွက်ကိုရှာရသည်။ ရန်သူပျော့ကွက်ကိုစီးရသည်။ ရန်သူတိ ကတုတ်ထဲမှာ အအိပ်ကြူးနီပုံရသည်။ ဖင်ထဲကြွက်ဝင်လို့တောင်နိုးဖို့မဟုတ်။ သီမင်းတမန်ကားလမ်း ဖြတ်ကူးရာတွင် သေနပ်တချိန်းလည်းမဖောက်ခရလို့ စိတ်ထဲမှာ အခဲမကြီ။ သျှမ်းပြည်အလယ်ပိုင်း မိုးဟိန်းစခန်းကို ကောင်းကောင်းမွန်မွန်ရောက်သည်။

သျှမ်းပြည်အလယ်ပိုင်းမှ မြောက်ပိုင်းသို့ချီတက်ရာတွင် မြန်မာစစ်တပ်ကို တိမ်းယှောင်ရရေပိုင် ကွန်မျူနစ်ပါတီကိုလည်း လမ်းလွှဲခရသည်။ ငါးခူလည်းစူး ငါးကြေးလည်းစူး ကွန်မျူနစ်တိက ၀င်ရောက်ခြီယှုပ်သည်။ သျှမ်းပြည်မြောက်ပိုင်း ကချင်တပ်မဟာ (၄) ဗိုလ်မှူးကြီး ဇော်ဘန်စခန်းကိုအရောက် အခက်အခဲမြောက်များစွာဖြင့် ချီတက်ခရသည်။

ကချင်တပ်မဟာ (၄) တွင် ရက်ပေါင်း (၃၀) ခန့်အနားယူပြီးသည်။ ရဲဘော်အားလုံး တက်ကြွတုန်းဖြစ်သည်။ အီးခြင်းပူခြင်း၊ ငတ်ခြင်းမွတ်ခြင်းကို ဂရုမစိုက်။ ရခိုင်ပြည်သို့ မိုးလင်းရာဇာစစ်ကြောင်းရောက်ရေးသည်ရာ ပဓာန။

ဆက်လက်ပြီးထွက်ခွာရာ သိန္နီမြို့နယ်အတွင်း ရန်သူစစ်ကြောင်းနောက်မှလိုက်သည်။ ရန်သူစစ်ကြောင်းကို နားလှည့်ပါးလှည့် ယှောင်ကွင်းနိုင်ခသည်။ ရန်သူ၏စစ်ဆင်မှု အဆုံးသတ်ပြန်လည်ဆုတ်ခွာလားပြီးမှသာလျှင် မိမိဦးတည်ရာ ကချင်ပြည်ဖက်သို့ ချီတက်ခရသည်။

ရွှေလီမြစ်အနား ရွှေပလောင်ရွာဝန်းကျင်၌စခန်းချပြီး ခေတ္တထမင်းစားသည်။ ဒေသခံကချင်တပ်မှ ရန်သူမြန်မာစစ်တပ်အမှတ်မှား၍ မဆင်မခြင်ပစ်ခတ်ခြင်းကြောင့် မိုးလင်းရာဇာစစ်ကြောင်းမှ ဆီးတပ်ကြပ်တဦးကျဆုံးသည်။ စစ်ကြောင်းရဲဘော်အားလုံး စိတ်မကောင်း။ ဒေါသလည်းဖြစ်သည်။ ခြီမုန်းပစ်ရန်လည်း အဆင်သင့်ဟိသည်။ ပစ်ခတ်ထွက်ပြီးလားသော ကချင်တပ်မှာလည်း မြီလျှိုးမိုးပျံပျောက်လားခသည်။ ကျဆုံးလားသော ဆီးတပ်ကြပ်ကြီးအလောင်းကိုကြည့်၍ နှမြောသည်။ ၀မ်းနည်းပက်လက်ဖြစ်ရသည်။ စိတ်မကောင်းစွာဖြင့် သွီးသောက်ရဲဖော်အားသင်းဂြိုဟ်ပြီး ရွှေလီမြစ်ကိုဖြတ်၍ ကချင်တပ်မဟာ (၃) ဌာနချုပ်သို့ရောက်သည်။

ကချင်တပ်မဟာ (၃) ဌာနချုပ်တွင် ဗမာပြည်ကွန်မျုနစ်ပါတီတပ်ရင်း (၁၉၂) မှ တပ်ဖွဲ့တဖွဲ့သည် ရခိုင်တပ်နှင့် စိစပ်ဆွေးနွေးလိုကြောင်း အကြောင်းကြားလာသည်။ ဥက္ကဌကြီးခိုင်မိုးလင်းမှ တဦးတည်းမဆုံဖြတ်ဘဲ တပ်မှူးတပ်ဗိုလ်မှုး တာဝန်ခံများနှင့်အတိုင်ပင်ပြုပြီး ခရီးလားနီဆိုက် မဆွေးနွေးသင့်ကြောင်းတင်ပြသဖြင့် အစီအစဉ်ကိုပယ်ဖျက်လိုက်သည်။ ကချင်တပ်မဟာ (၃) မှ ကချင်တပ်မဟာ (၂) သို့ခရီးဆက်သည်။

ကချင်တပ်မဟာ (၂) နှင့် ရခိုင်ရဲဘော်များ

မိုးလင်းရာဇာစစ်ကြောင်း နိမအားညမအား ကရင်ပြည်မှ သျှမ်းပြည်တောင်ပိုင်းမြောက်ပိုင်း၊ အလယ်ပိုင်းကို တောလမ်းခရီးသတ်သတ် နိရက်ဆက်ဆက်ဖြတ်ကျော်လာသည်မှာ ကချင်ပြည်နယ် တပ်မဟာ (၄) (၃) (၂) အထိဆက်တိုက်ဖြစ်သည်။ ရဲဖော်များမှာလည်း ခရီးပမ်းလျှက်ဟိသည်။ စိတ်ဓါတ်ရေးရာခိုင်တုန်းဖြစ်သော်လည်း ကာလဒေသပယောဂတည်းဟူသော ၀ိရောဓိကိုမှီ၍ ကချင်တပ်မဟာ (၂) တွင် အနားယူရန် ဥက္ကဌကြီးခိုင်မိုးလင်းစီစဉ်သည်။

အိမ်သျှင် ကချင်တပ်မဟာ (၂) မှလည်း ရခိုင်တပ်အား အပိုအလိုမဟိပြုစုသည်။ တာဝန်ယူ ဒိုင်ခံကျွေးသည်။ ရခိုင်တပ်မတော်ကို ကြိုက်သလောက်နီဖို့ စီစဉ်ပီးသည်။ အစားအသောက်၊ အနီအထိုင်၊ အ၀တ်အစား၊ ဆီးဝါးမကျန်ကူညီသည်။ အထူးသဖြင့် ကချင်ရဲမေများက အနီးကပ်ပြုစုသည်။ လိုသည်ထက်ပို၍ အခွင့်အလမ်းပီးသည်ဟုဆိုနိုင်သည်။ ရခိုင်ရဲဖော်များပင်ပမ်းခသမျှ အညောင်းပြေရသည်။ ကချင်တပ်မဟာ (၂) က ဧည့်ဝတ်ကျီပါသည်။ သို့သော် တိုင်းပြည်နှင့်လူမျိုးအတွက်ဆိုရေအသိစိတ်က နှလုံးသားလှုံ့ဆော်မှုကို အရည်ပျော်စီသည်။

ကချင်တပ်မဟာတွင် (၃) လ ခန့်အနားယူပြီး မိုးလင်းရာဇာစစ်ကြာင်းခရီးဆက်သည်။ တတောဝင် တပြန်သန်း၊ ရက်ချင်းနိချင်း ချင်းတွင်းမြစ်နှဖူးသို့ရောက်သည်။ ချင်းတွင်းမြစ်ဝန်းကျင်တလျှောက်သည် တောရိုင်းသတ္တ၀ါ ကျားဆင်တောင်နွား၊ ကြံ့ရိုင်းအစဟိသည်များ ကျက်စားရာဖြစ်သည်။ တဖက်ကရန်သူကို သတိထားနီရရေပိုင် တောကောင်များ၏အန္တရာယ်ကိုလည်း ထည့်တွက်ရသည်။

ကံကောင်းထောက်မ၍လားမသိ လီသျှူးလူများ တောဆင်လိုက်၍ ထွက်ပြီးလာကတ်သည်။ သူရို့မှာ လောင်းပါသဖြင့် သူရို့နှင့်အတူ တနီကုန်ကူးခတ်ရသည်။ မြစ်ဆိပ်တွင် စခန်းချအိပ်ရန်စီစဉ်နီဆိုက် ဟိမ၀န္တာတောင်မှတောရိုင်းဆင်များ အုပ်စုလိုက်ဆင်းလာသဖြင့် တောဆင်ရိုင်းများနှင့် တိုက်ပွဲဖြစ်ရသည်။ အာရုဏ်ကျင်းသည့်တိုင် ဇာသူလည်းမအိပ်ဝံ့။

မိုးလင်းသောအခါ ခရီးပြန်ဆက်ရသည်။ ပထမတွင် ချောင်း၊ မြောင်များကိုဖြတ်ရသည်။ ထိုနောက် ရပ်စောက်တောင်များကိုတက်ရသည်။ တောင်ကမ်းပါးများကို ပတ်ရသည်။ အထက်မှအောက်သို့ငုံကြည့်လိုက်လျှင် အသဲယားသည်။ ဤတောင်တန်းတလျှောက် အတက်သတ်သတ် တောင်ပေါင်းများစွာတက်ရသည်။ အအီးဒါဏ်က သွီးမဟိပျာလားထင်ရသည်။ တောင်ထိပ်ရောက်မှ ဟိမ၀န္တာ စာရမတီတောင်တန်းဖြစ်ကြောင်း သိသည်။

စာရာမတီတောင်တန်းမှ အန္တာရာယ်

စာရာမတီတောင် ဟိမ၀န္တာတောင် နာဂတောင်တန်းကို အချေခါ ကျောင်းသားဘ၀တွင် သင်ဖူးပါသည်။ ဤတောင်တန်းကြီးများသို့ တကြိမ်တခေါက် ရောက်ဖူးလိမ္မည်ဟုမထင်မိခ။ အိမ်မက်တောင်မမက်ဖူး။ လူ့ဘ၀ကားဆန်းကြယ်ပါ၏။ ကမ္ဘာကြီးအကျဉ်းချေဟု စကားအဖြစ်ပြောဖူးသည်။ ပြောမယုံ၊ ကြုံမှသိဆိုသည်အတိုင်း စာရာမတီတောင်ထိပ်ကို ရောက်နီပါပျာကား။ လှိုင်းကြီးလှီအောက်၊ တောင်ကြီးဖ၀ါးအောက်။ ကိုယ်တွိလက်တွိဖြစ်သည်။

စာရာမတီတောင်ထိပ်မှ အောက်သို့ကြည့်လိုက်လျှင် တောင်ကြောတောင်စွယ် ဂျိုင့်ဝှမ်းအသွယ်သွယ်ရို့၌ ဖြူဖွေးသောမြုံဆိုင်းများ ပြီးလွင့်နီသည်ကိုမြင်ရသည်။ နှင်းခဲများက မိုးရွာသည်သို့ တဖြောက်ဖြောက်ကျသည်။ ပင်ယံဗောင်းဖျားမှ ငှက်မြည်သံ၊ ဒေါင်းတွန်သံ၊ တောဆင်အူသံ၊ ကျားဟိန်းသံများက စိတ်ဂယောင်ချောက်ချားဖြစ်စီသည်။

အထူးသဖြင့် မသထီအသည်းယားမိသည်မှာ ကြွတ်ပြောက်၊ ကြွတ်ကျား၊ အမွှီးစုတ်ဖွားခူကောင်၊ ပိုးတုံးကောင်၊ ဘောက်ဖတ်၊ ပိုးမျိုးစုံ၊ ဇာနီရာ ဇာဒေသကလာ၍ သွီးလာစုပ်သည်ကိုမသိ။ သွီးစုပ်ပြီးဖူးဖူးရောင်မှ သိသည်။ ခြီထောက်မှာ။ အတွင်းပေါင်မှာ။ နောက်ကုန်း၊ လက်၊ ဂုတ်ဆစ်၊ လိုင်ဖင်း၊ မျက်နှာ၊ တကိုယ်လုံးတွယ်ကပ်သွီးစုပ်ထားသည်။ ယား၍လက်နှင့်ပွတ်လိုက်မှ အတုံးလိုက်အကောင်လိုက် အောက်သို့ကျသည်။ ကြွတ် (သို့မဟုတ်) ခြင်၊ ယင်၊ မှက် တခုခုဖြစ်နီသည်။

စာရာမတီတောင်၌ လားယင်းလာယင်း အတက်အဆင်းအအနိမ့်အမြင့် အကွေ့အကောက်များကိုကျော်ယင်း တောရိုင်းတိရိစ္ဆာန်များကိုယှောင်ယင်းတိမ်းယင်း သွီးစုပ်ဖုတ်ကောင်များကိုဖယ်ယင်း ရက်သတ္တတပါတ်ကြာသည်။ ညည့်ရောက်တိုင်း မအိပ်ဝံ့။ တောကောင်များကလည်းပေါ။ ခုခံသင့်သည်ကိုခုခံ။ တိုက်ခိုက်သင့်သည်ကိုတိုက်ခိုက်။ မောင်းထုတ်သင့်သည်ကို မောင်းထုတ်ရသည်။

စာရာမတီတောင်ထိပ်မှ ပတ်ကွိုင်တောင်တန်းသို့ မြီပုံကွန်ပက်ကိုထောက်လျှက် စစ်ကြောင်းဦးတည်မောင်းရသည်။ လမ်းတလျှောက် မှတ်မိသရိကိုတွေးမိသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံဂေါင်းဆောင် မော်စီတုန်းကြီးသည် လီသျှစ်တောင်ကို ရိက္ခာအပြည့်အစုံဖြင့်ကျော်ဖြတ်၍ သမိုင်းတွင်အထင်ကရပြုခသည်။ ကမ္ဘာ့အကျော်အမော်လည်းဖြစ်ခသည်။ အခု မိမိရို့လားနီသောခရီးသည်လည်း မိုင်ပေါင်းများစွာဟိနီပျာ။ ဖြောင့်သောလမ်းမဟုတ်။ အကွေ့အပတ်များသည်။ အတက်အဆင်း၊ အနိမ့်အမြင့်၊ ချောင်းအလီလီ၊ မြောင်အလီလီကျော်ဖြတ်၍ ရက်မှလကျူး၊ လမှနှစ်ကူးဖို့ပျာ။ လီသျှစ်တောင်ခရီးထက်ပင် ရှည်ဖို့ကြမ်းဖို့ထင်ပါသည်။

စာရာမတီတောင်ထိပ်မှ ပတ်ကွိုင်တောင်တန်းသို့ စစ်ကြောင်းတခုလုံးချီတက်ရာ (၇) ရက်ခန့်ကြာသည်။ လူရှည်တောင်၊ ပတ်ကွိုင်တောင်များဖြစ်သည်။ မြီပုံကိုထောက်ကြည့်လျှင် စစ်ကိုင်းတိုင်း ခန္တီးမြို့အထက်ပိုင်းဟု ခန့်မှန်းရသည်။ ယင်းပတ်ဝန်းကျင်အနားတ၀ိုက်တလျှောက် ရွာငယ်တဲငယ်များကိုတွိရသည်။ လူနီသည့်ဒေသဖြစ်ကြောင်းသိ၍ ရဲဖော်များအားလုံး သတိဝိရိယမလွတ်စီရန် တပ်မှူးတပ်ဗိုလ်များက အသိပီးသည်။ ခန္တာကိုယ်တွင် အ၀တ်မ၀တ်သော နာဂရွာများဖြစ်သည်ကို ရွာရောက်မှသိသည်။

မိုးလင်းရာဇာစစ်ကြောင်းနှင့် နာဂတောင်မင်း

နာဂများကိုင်ဆောင်သော လက်နက်များမှာ လှံချွန်ဆူးချွန် ဓားချွန်ဒုတ်ချွန်များဖြစ်သည်။ ခန္ဓာကိုယ်တွင် အ၀တ်ဝတ်လေ့မဟိ။ ရွာ၏အကြီးအကဲကို တောင်မင်းဟုခေါ်သည်။ တောင်မင်းဝတ်ရုံမှာ တိရိစ္ဆာန်များ၏မဒုန်းကဲ့သို့ ရှည်လျှားသောအ၀တ်ပုံစံ တောကောင်များ၏အမွှီးအမျှင်သားရီများဖြင့် ပြုလုပ်ထားဟန်တူသည်။ လမ်းလားသောအခါ တပည့်တယောက်နှစ်ယောက်က ထမ်းရသည်။ ထိုင်သောအခါ ခန္ဓာကိုယ်အောက်ပိုင်းကိုပတ်ထားသည်။

စစ်ကြောင်းအစာရီစာပြတ်လတ်မှုကြောင့် တောင်မင်းအား ကချင်မှပါလာသော နာဂကြိုက်သည့် ဘိန်းကိုကျွေး၍ ရိက္ခာတောင်းစားရသည်။ ၄င်းရို့မှာ ဟိသည့်ရိက္ခာကိုထုတ်ပီးသည်။ တဖက်နှင့်တဖက် ခြီဟန်လက်ဟန်ပြ၍ပြောဆိုရသည်မှာ ရယ်စရာဖြစ်သည်။ ပြိန်းဥမြောက်ဥ၊ ပြောင်းဖူး၊ သူရို့စားသော အစားအစာဟူသမျှကို ကျွေးသည်။

လူသားစားသည်။ မိမိနှင့်တရွာတည်းနီထိုင်သူများကို မစား။ တခြားရွာမှလူများကို စားသည်။ စာရွီးသူနှင့်စစ်ကြောင်းကို အမဲသားအလား ထင်ပုံရသည်။ သတ်စားရန် အမျိုးမျိုးကြိုးစားသည်။ ၄င်းရို့၏လက်နက်ဖြင့် မယှဉ်နိုင်ကြောင်း တောကောင်များကိုပစ်ပြမှ ယုံသည်။ တကိုယ်လုံးမှာ အ၀တ်အစားမဟိသော်လည်း တဦးနှင့်တဦး ဟောဟောယမ်းယမ်း၊ စော်ကားမော်ကားမဟိ။ အိမ်ခြံများဟိသည်။ အိပ်လျှင် မီးဖွာများဘေးတွင်အိပ်သည်။ ပုဆိုးဟူ၍ မည်မည်ရရမဟိ၊။ တောင်နွားသားရီများကို ချမ်းလျှင်ချုံသည်။ ထူးဆန်းသည်မှာ ဆွီမျိုးသားချင်း တဦးဦးသီလျှင်မြီမမြှုပ်။ မိမိအိမ်ခြံထဲတွင်စင်ဆောက်၍ ၄င်းစင်ထက်တွင် တင်ထားသည်။ ညည့်အခါတွင် တောင်နွားကျားသတ္တ၀ါများ မကြာမကြာလာရောက်ကြောင်းသိရသည်။ စာရွီးသူကိုယ်တိုင်နားချိန်တွင်ပင် ကျားသတ္တ၀ါများ လာချောင်းခြင်းခံရသည်။

အ၀တ်အစားမဲ့လေးရွာမြောက် (ထွိ) ရွာမည်သော နာဂရွာတွင် မိုးလင်းရာဇာစစ်ကြောင်း (၂) ရက်အနားယူစဉ် ထူးဆန်းအံ့ဖွယ်ဖြစ်ရပ်တခုကြုံသည်။ ပြောမယုံ ကြုံဖူးမှသိ။ ပုံပြင်လည်းမဟုတ်၊ လက်တွိဖြစ်ပါသည်။

ရွာသားများနှင့် နတ်ဆရာဟုထင်မှတ်ရသောလူတဦးက နာဂပျိုအမျိုးသမီးတဦး၊ နာဂယောင်္ကျားတဦးကို ၀ိုင်းဝန်းခေါ်ဆောင်လာသည်။ နတ်ဆရာမှာ ဓါးတလက်ကိုင်ထားသည်။ နတ်ဆရာက လူပျိုနှင့်အပျိုနှစ်ဦးအား (၇) ခေါက် တိတိလှည့်ပတ်လျှက် ပါးစမှရွတ်ဆိုသည်မှာ ဆုတောင်းခြင်းဖြစ်နိုင်သည်။ ပြီးနောက် ပထမဆုံး လူပျို၏လိုင်ဖင်းကို ဓားနှင့်လှီးသည်။ သွီးစက်များပန်းထွက်လာသည်။ အော်သံကျွီးသံများလည်းမဟိ။ ရွာသူရွာသားလူအုပ်များက လက်ခုပ်လက်ဝါးတီးသည်။ ထို့နောက် လိုင်ပင်းလှီးထားသော သီဆုံးပြီးလူငယ်အလောင်းကို တောင်ယာအနှံ့ ခွန်အားဟိသူနှစ်ဦးယူဆောင်၍ သွီးစက်ချသည်။ သွီးစက်တစက်မကျန်သောအခါ လူငယ်၏ဂေါင်းကိုဖြတ်လျှက် နှီးဖြင့်ပြုလုပ်ထားသော ခရင်းတောင်း၌ထည့်၍ ရွာအ၀င်သစ်ပင်ကြီးထက်တင်ပြီး သစ်ကိုင်းမှာ ချိတ်ဆွဲထားလိုက်သည်။ ဂေါင်းမပါသော ကိုယ်ခန္ဓာကိုယ်ကို လက်ဝါးကပ်တိုင်၌ ချိုင်နှောင်ထားသည်။ ထို့အတူ နာဂအမျိုးသမီးကိုလည်း သွီးပယ်ကျံနီသောဓားဖြင့် (၇) နှစ်ခေါက်တိတိ ပါးစမှ တပြစ်ပြစ်ရွတ်ယင်း နောက်ဆံစုကိုကိုင်၍ လိုင်ဖင်းကိုဓားဖြင့်ဖြတ်လိုက်သည်။ မြင်ရသည်မှာ အသဲယားသည်။ သီဆုံးလားသောနာဂမိမ္မပျိုအား နာဂလူငယ်ကဲ့သို့ တောင်ယာထဲ၌ သွီးစက်ချသည်။ သွီးစဲသည်နှင့် လိုင်ဖင်းကိုဖြတ်ချ၍ နာဂလူငယ်ကဲ့သို့ ဂေါင်းကိုသစ်ပင်ကြီးထက်တွင်၎င်း၊ ကိုယ်ခန္ဓာကို လက်ဝါးကပ်တိုင်တွင်၎င်း ချိုင်နှောင်ထားလိုက်သည်။

ယင်းကဲ့သို့ပြုလုပ်သည်မှာ တောင်ယာနတ်ကို ပူဇော်ပသခြင်းဖြစ်ကြောင်း၊ တောင်ယာနတ်ကို ပူဇော်ပသမှ အသီးအနှံပွားများကြောင်းသိရသည်။ အ၀တ်မဲ့နာဂရွာ (၁၀) ရွာ၊ သစ်ခက်စည်းရွာ (၁၀) ရွာ၊ ပျိုင်ချပ်ဝတ် (၉) ရွာ ခရစ်ယာန်ဘာသာဝင်များကမူ အ၀တ်စည်းသည်။ တချို့နာဂများမှာ မြန်မာစကားကောင်းကောင်းနားလည်ပြီး ဆက်ဆံရေးအဆင်ပြေသည်။ ဖော်ရွယ်ကူညီသည်။

ရက်ပေါင်း (၄၀) ကျော်မျှ နာဂရွာများကိုဖြတ်၍ ခရီးနှင်ပြီးနောက် အိန္ဒိယနိုင်ငံ မီဇူလူမျိုးသမ္မတတဦးကိုလည်း အထူးအဆန်းတွိရသည်။ မီဇူသမ္မတကြီးနောက်တွင် မီဇူလူပျို (၃၀၀) ခန့်ဟိ၍ ၄င်းရို့နှင့် မိတ်ဆွီဖွဲ့ရသည်။ မီဇူလူမျိုးများ၏အာဂန္ဓုအဖြစ် (၇) ရက်ခန့်နားပြီးနောက် မေလ (၂၄) ရက်နိ ချင်းပြည်နယ်ဖက်သို့ ခရီးထွက်သည်။ ပြည်ချစ်ပါတီဦးနုတပ်မှ ခွဲထွက်လာသော ၀ီလျံဂေါင်းဆောင်သည့် ချင်းအမျိုးသားအင်အား (၁၃) ဦးပါဝင်သည်။ ၄င်းရို့မှာ ထိုင်းနိုင်ငံမှ လိုက်လာခြင်းဖြစ်သည်။

ချင်းအမျိုးသားအဖွဲ့နှင့် ရခိုင်တပ်မတော်

ပြည်ချစ်ပါတီ (၀န်ကြီးချုပ်ဟောင်းဦးနုအဖွဲ့) မှ ခွဲထွက်လာသော ချင်းအမျိုးသားကို ၀ီလျံဆိုသူက ဦးဆောင်သည်။ ၀ီလျံချင်းတပ်ဖွဲ့မှာမူ ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးအဆင့်ဟိသူများ၍ ထမင်းချက်ရဲဘော်အဆင့်မဟိ။ တဦးနှင့်တဦးလည်း စည်းလုံးညီညွတ်မှုမဟိ။ မကြာမကြာ ရန်သူ့ထံထွက်ပြီး သစ္စာဖောက်လားသဖြင့် (၆) ဦးလောက်ကျန်သည်။

ချင်းအမျိုးသားဝီလျံအဖွဲ့ သစ္စာဖောက်ထွက်ပြီးလားခြင်းသည် မိုးလင်းရာဇာစစ်ကြောင်းအတွက်သော်၎င်း၊ ၀ီလျံအတွက်သော်၎င်း စိုးရိမ်မကင်းဖြစ်ရသည်။ ရန်သူစစ်ကြောင်းကို သတင်းပီးပို့ခြင်းနှင့်တူသည်။ မိုးလင်းရာဇာစစ်ကြောင်းလမ်းခရီးအတွက် မဟာပြဿနာကြီးဖြစ်သည်။ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲကြီးကိုဖြစ်စီမည့် သီမင်းအန္တရာယ်ဖြစ်သည်။ ကြုံလည်းကြုံရသည်။

ချင်းအမျိုးသားဂေါင်းဆောင်ဝီလျံက ဥက္ကဌကြီးခိုင်မိုးလင်းကို အားမငယ်ရန် အကွေ့အကောက်ယှောင်ပုံယှောင်နည်း၊ လမ်းခရီးကိုသူသိကြောင်း။ ဥက္ကဌကြီးနှင့်တကွ ရဲဘော်အားလုံး ဘေးမသီရန်မခရန် ၀န်ခံချက်ပီးသည်။ ချင်းအမျိုးသားပင်ဖြစ်သော်လည်း စကားပြောကျွမ်းသည်။ နားဝင်ချိုအောင်ပြောတတ်သည်။ ချင်းအမျိုးသားဝီလျံ၏တင်ပြချက်ကို ဥက္ကဌကြီးခိုင်မိုးလင်း အလွန်ယုံကြည်အားကိုးသည်။ ချင်းပြည်မှဖြတ်သန်းပြီး ရခိုင်ပြည်သို့ချီတက်ရန် ဆုံးဖြတ်ထားပုံရသည်။ စစ်ကြောင်းကို ချင်းပြည်သို့ချီတက်စီသည်။

ချင်းရွာချင်းလူမျိုးများထံမှ ရန်သူ့အနီအထားကို စုံစမ်းသည်။ တရွာဝင်တရွာထွက် ခရီးဆက်သည်။ အမည်မသိရွာတရွာသို့ ၀င်လိုက်သည်နှင့် ရွာသားများအခြီပျက်အနီပျက် ကြောက်ရွံ့နီသည်ကို အကဲခတ်မိသည်။ ကြောက်စိတ်မွှမ်နီသောရွာသားများကို တခုလည်းမီးလို့မရ။ ချင်းဘာသာဖြင့် ၀ီလျံအဖွဲ့ကမီးသည်။ မျက်စိပျက်မျက်နှာပျက် သွီးဆုတ်သည်ကလွဲ၍ အဖြေမရ။ ဥက္ကဌကြီးခိုင်မိုးလင်းသည် ရွာသားများ၏အရိပ်အခြည်ကို အကဲခတ်မိပုံရသည်။ ရခိုင်ကွန်မန်ဒိုတပ်ဖွဲ့အား သတိဝိရိယဖြင့်လားရန်မှာသည်။ အားလုံးကိုသတိထားရန်ပြောသည်။

ယင်းရွာအနား နန်းတလေးချောင်းကိုမရောက်ခင် ရှိပြီးပွိုင့်အား စတင်ထွက်ခွာစီသည်။ မိနစ် (၂၀) ခန့်အကြာတွင် တောငှက်များလန့်ဖြတ်ပျံသံ၊ ချဥ့်အော်သံများကြားရသည်။ ရှိတွင်လားနီသောရဲဖော်များကို ရပ်ဆိုင်းထားရန် အချက်ပြလိုက်သည်။ စာရွီးသူက စစ်ကြောင်းတခုလုံးကို လက်ကာပြသည်။ လမ်း၏၀ဲယာတဖက်တချက်တွင် ကတုတ်ကျင်းများ၌ ရန်သူတချို့အိပ်ငိုက်နီသည်။ အရက်ယစ်နီ၍လားမပြောတတ်။ (၅) ကိုက်လောက်ရာဝီးသည်။ မမြင်။

တပ်စိတ်မှူးထွန်းခိုင်ကို လက်ညှိုးထိုးပြယင်း လက်ဦးမှုယူလိုက်သည်။ “ဝေါ-ဒေါင်း-ဘုန်း-ဂျိန်း” ဟူသောပေါက်ကွဲသံများနှင့်အတူ မြီပြင်သို့လှဲချလိုက်သည်။ သူ့ဖက်ကိုယ့်ဖက်ပစ်ခတ်သံများ လက်နက်ကြီး၊ လက်နက်ငယ်အသံများဆူညံပြီး တောတန်းတလျှောက် ကြောက်ကောင်းထမန်းမြည်ဟိန်းလားသည်။ အိန္ဒိယနယ်စပ်ဖက်သို့ အတင်းတိုက်ဖောက်ထွက်ခရသည်။ အိန္ဒိယနယ်စပ်၌ တပ်များကို ပြန်လည်စုစည်းစီးစစ်သောအခါ တပ်ခွဲမှူးဗိုလ်ကြီးကျော်ဟန်တယောက် ပျောက်ခြင်းမလှပျောက်နီသည်။ သီသည်ရှင်သည် ရန်သူဖမ်းမိသည်မသိရ။ တပ်ခွဲမှူးဗိုလ်ကြီးကျော်ဟန်တဦးရာကျန်သဖြင့် စိတ်မကောင်းကေလည်း ခရီးဆက်လက်ထွက်ခွာခရသည်။

အိန္ဒိယနယ်စပ် ကသည်းမဏိပူရပြည်နယ်သို့ ချီတက်ရသည်။ အိန္ဒိယနယ်ထဲသို့ရောက်လားသဖြင့် အိန္ဒိယနယ်စောင့်စစ်သားများကို ကျော်ဖြတ်ခွင့်တောင်းသည်။ အိန္ဒိယစစ်တပ်ဂေါင်းဆောင်များနှင့်ဆွေးနွေးပြီး အပြန်တွင်ဝင်တိုက်သဖြင့် မိုးလင်းရာဇာစစ်ကြောင်းမှ အန္ဒိယတပ်ဖွဲ့ကိုခုခံရသည်။ ရခိုင်တပ်ဖွဲ့အနီဖြင့် အိန္ဒိယစစ်တပ်ကိုလုံးဝမတိုက်လို။ အိန္ဒိယစစ်တပ်မှ လေးကြိမ်တိုင်တိုင် ၀င်ရောက်တိုက်ခိုက်သည်။ ခုခံတိုက်ခိုက်ယင်း ချင်းတောင်တန်းကို ပြန်လည်ဆုတ်ခွာရသည်။

ချင်းတောင်တန်းမှ ရခိုင်ပြည်သို့ ဒုတိယအကြိမ်ချီတက်

ရခိုင်ကွန်မန်ဒိုတပ်ဖွဲ့နှင့် စစ်ကြောင်းတပ်မှူးတပ်ဗိုလ်ရို့သည် ချင်းဝီလျံ၏ချင်းပြည်မှ ဖြတ်သန်းလားရေးအဆိုကို အထူးဝေဖန်စဉ်းစားသည်။ ဥက္ကဌခိုင်မိုးလင်းထံ မီဇူအမျိုးသမီး၏သတင်းပီးပို့ချက်ကို တင်ပြရန်စီစဉ်သည်။ ဥက္ကဌကြီးခိုင်မိုးလင်းက ချင်းဝီလျံကို အလွန်အကျွံယုံကြည်သည်။ ၀ီလျံပြောသမျှ အလေးထားသည်။

မြန်မာစကားကိုပြောတတ်သော မီဇူအမျိုးသမီး၏သတင်းပီးချက်မှာ အစ်ကိုရို့ အရှိမှာ ရွာတရွာဟိရေ။ ယင်းရွာထဲမှာ မြန်မာစစ်သားအများကြီး၊ စစ်ကားအစီး (၄၀) တွိခရေ။ မီဇူပြည်နယ်စပ်အတိုင်း ရောက်အောင်လားပါ။ မီဇူပြည်ဆုံးကေ ရခိုင်လူမျိုးတိနီရေ ထရိပူရပြည်ကိုရောက်လိမ့်မည်။

ဥက္ကဌကြီး ကျွန်တော်ချင်းလူမျိုးပါ။ ချင်းပြည်မှာဆိုကေ ကျနော်မသိရေဒေသမဟိ။ ရန်သူဒေဖက်ကလာကေ ထိုဖက်ကိုယှောင်ဖို့ အကျွန်တော့်တာဝန်ထား။ တခုလည်းမပူပါကဲ့။ ကျနော်အသက်နှင့်ရင်းလို့ ကာကွယ်ပီးပါမည်ဟု ချင်းဝီလျံကပြောသည်။

စာရွီးသူကိုယ်တိုင် ချင်းဝီလျံသည် မိမိ၏အိမ်သို့ပြန်ရန် အကျွန်ရို့ရခိုင်တပ်မတော်ကိုအသုံးချနီသည်ဟု သံသယဖြစ်မိသည်။ ရန်သူသည် ရှိရွာကဖြတ်စောင့်နီမည်ကို သေချာပေါက်သိသည်ဟုယူဆရသည်။

ဥက္ကဌကြီးခိုင်မိုးလင်းက ချင်းဝီလျံတပ်ကို ရှိမှတက်ရန်အမိန့်ပီးသည်။ ဟုတ်ပါယင့်ဟု တခွန်းပြောပြီး ချင်းလူမျိုးခြောက်ဦး ရှိကဦးဆောင်လားသည်။ စာရွီးသူနှင့် မိုးလင်းရာဇာစစ်ကြောင်းက ဥက္ကဌကြီးထံ အကျိုးအကြောင်းယှင်းပြလို၍ ချင်းဝီလျံနောက်လိုက်၍ မတက်သိမ့်။

“ကွန်မန်ဒိုတပ်ဖွဲ့ အယင်လာ”

“ဒေကောင်တိ ဇာလုပ်နီကတ်တေလဲ”

ဒေါသသံက ဥက္ကဌကြီးအမိန့်တွင်ပါနီသည်။ ဥက္ကဌကြီးကိုအလေးပြုပြီး မီဇူအမျိုးသမီးထံမှ သတင်းပို့ချက်ကိုတင်ပြလိုက်သည်။ ကြောက်၍ပြောသည်အထင်ဖြင့် ဆုံးမမည်ပျင်သောအခါ နောက်သို့ (၄-၅) လှမ်းဆုတ်လိုက်ရသည်။ တဖန်ထပ်မန်၍ ဒုဗိုလ်ခိုင်မာယုတင်ပြသောအခါ လက်ဝါးစောင်း (၅) ချက် အပီးခံရသည်။ ဥက္ကဌကြီးက ရှိပြီးကွန်မန်ဒိုချီတက်ဟု အမိန့်ပီးသည်။ အမိန့်ကိုဖီဆန်၍မရ။ နာခံရသည်။

အမိန့်ကိုနာခံတတ်သော ရှိပြီးကွန်မန်ဒိုများချီတက်သည်။ ရှိမှပါသော ချင်းဝီလျံတပ်ကိုပင် ကျော်တက်ရသည်။ နာရီဝက်ပင်မကြာလိုက် အသင့်စောင့်နီသောရန်သူများ ဖန်တီးထားသောသတ်ကွင်းကို ဆင်းမိသည်နှင့်တပြိုင်နက် -

ဘုံး-ဘုံး-ဘောင်း-ဘောင်း--ဒိုင်း-ဒိုင်း-ဒိုင်း--ဘုန်း-ဂျိန်း-ဘောင်း ဟူသောအသံများ၊ ဆူသံညံသံ၊ အမိန့်ပီးသံ၊ ဟိန်းသံဟောက်သံများက ကမ္ဘာပျက်ယှောင်။

ရန်သူကျည်ဆန် ကိုယ့်ကျည်ဆန်များက သစ်ပင်း၊ မြီပြင်များ၌ ပေါက်ကွဲလျှက်ဟိသည်။ ရန်သူသတ်ကွင်း (၁၀) ကိုက်လောက်ရာ ၀င်မိသည်ဖြစ်၍ တိုက်ယင်းခိုက်ယင်း လွတ်အောင်ရုန်းရသည်။ မိမိရို့မှာလည်း ပေါက်သည့်နှဖူးမထူးပျာဟု ဆုံးဖြတ်လိုက်သည်။ ပစ်ဆုတ်ပစ်တက်လုပ်ရသည်။ ယှောင်ကွေ့ဆုတ်လုပ်ရသည်။

ချင်းဝီလျံနှင့်အဖွဲ့ ချင်းပြည်သို့ထိုးဖောက်ဝင်ရောက်လားသည်။ သီသည်ရှင်သည်ကိုမသိရ။ ရန်သူတပ်ဖွဲ့များမှာ ချင်းတောင်တန်းတလျှောက် အချိတ်အဆက်မိမိဖြင့် အပြည့်စောင့်နီသည်။ ချင်းဝီလျံ၏စကားကိုယုံကြည်မိသောကြောင့် တိုက်ပွဲမှာ ဆင်ကန်းတောတိုးဖြစ်ရသည်။ စစ်ရေးတကွက်မှားပျာဟု ကောက်ချက်ချမိသည်။

အကြောင်းကမထူးပါယာ။ နိတိုက်ပွဲညည့်တိုက်ပွဲ သေနပ်သံမစဲ။ အအိပ်ပျက်၊ အစားပျက်၊ ရိက္ခာပြတ်၊ ဆီးဝါးပြတ်။ ကံကြမ္မာက မိမိ၏လက်ထဲမှာဖြစ်သည်။ ချင်းရွာအနားသို့ ချဉ်းကပ်ကြည့်သည်။ လုံး၀၀င်၍မရ။ တိုက်ပွဲဖြင့်ဆုတ်ခွာရသည်။ တောင်ကြောတောက်လျှောက်ကြည့်လိုက်လျှင် တွန်းဇံမြို့နယ်၊ တီးတိန်မြို့နယ် ကလေးမြို့နယ်များဟုထင်မှတ်ရသော မီးရောင်များကို ညည့်အခါမြင်ရသည်။ လား၍ကားမရ။ ရန်သူကဖြတ်လေးဖြတ် ထိုးစစ်ဆင်ထားသည်။ စားနပ်ရိက္ခာပြတ်သဖြင့် ထမင်းမစားရသည့်ရက်က များလာသည်။ ချင်းတောင်တန်းတလျှောက် သစ်ဥသစ်ဖုများရှာဖွီ၍ အဟာရဖြစ်စားရသည်။ သစ်ဥသစ်ဖုမတွိလျှင် ပင်နုရွက်နု၊ အင်ဖူး၊ နပျိုးဖူး၊ ပြောင်းစိအခြောက်များကို တောင်ယာဟောင်းမှ ကောက်စားရသည်။ တခါတရီ တောင်ယာဟောင်းများတွင် အသင့်စောင့်နီသော ရန်သူများနှင့်တိုက်ရသည်၊။ ပြီးရသည်က အညောင်း။

မိုးလင်းရာဇာစစ်ကြောင်း ထိုတဖွဲ့ဒေတဖွဲ့ ဖရိုဖရဲဖြစ်နီသည်။ ဤသို့ဖြင့် ချင်းပြည်နယ် ဖလမ်း၊ တီးတိန်အရောက်တွင် စာရွီးသူမှတ်တမ်းအရ အပါးကပ်လှံစွပ်ထိုးတိုက်ပွဲ (၉) ပွဲ၊ အနီးကပ် ရင်ဆိုင်တိုက်ပွဲ အပွဲ (၃၀)၊ နောက်ဆုံးဖိုင်နယ်ပွဲမြောက် (လှိုင်ပုံ) ရွာ၌ ရန်သူစစ်တပ် အဆမတန်များသဖြင့် အရေးနိမ့်ခရသည်။

ချင်းပြည်ကနေဒီတောင်တန်းတွင် မျိုးချစ်ရခိုင်ဗိုလ်၊ အကြပ်တပ်သားအများအပြား၊ အစုလိုက်အပြုံလိုက်ကျဆုံးသည်။ ရန်သူဖက်မှလည်း ရာနှင့်ချီ၍လစန့်ကောင်သည်။ အလောင်းများမှာ မြင်မကောင်းရှုမကောင်း။ အနိဌာရုံလူသတ်ကွင်း။

လှိုင်းပုံရွာတိုက်ပွဲမှ လူစုကွဲခရာ စာရွီးသူနှင့်အတူ ဥက္ကဌကြီးခိုင်မိုးလင်း၊ အတွင်းရေးမှူး ခိုင်ဘကျော်၊ ဗိုလ်သိန်းနိုင်၊ ဒုဗိုလ်သီဟ၊ ဒုဗိုလ်ကျော်ထူး၊ အရာခံဗိုလ်မိုးဟိန်း၊ တပ်ကြပ်ကြီးမြမောင်၊ မိုးတိမ်ပျံခိုင်သန်းကျော်၊ ဆီးမှူးခိုင်မင်းလတ်၊ စုစုပေါင်း (၁၁) ဦးမျှရာစုမိသည်။ ရိက္ခာပြတ်၊ အစာငတ်။ ရန်သူကိုယှောင်ကွင်းပြီးရသည်။ ညည့်အမှောင်ကိုအားကိုးရသည်။ ဂျောက်ကမ်းပါးယံများကို စမ်းတ၀ါးဝါးလျှောက်ရသည်။ အမှောင်သည်ပင်အကောင်းဆုံး။ ဧရမမတ်စောက်သော တောင်ထိပ်တခုကိုတက်သည်။ တောင်ထိပ်ကိုရောက်သည်နှင့် ဘယ်ညာလေ့လာကြည့်သည်။ ဖြတ်ခနန်းမီးရောင်တခုကို တွိရသည်။ ရန်သူဖြစ်နိုင်ရေပိုင် လူစုကွဲလားသော မိမိလူလည်းဖြစ်နိုင်သည်။ မီးရောင်ဟိရာအသက်စွန့်ပြီး သစ်ကိုင်းသစ်ငုတ်များကိုဖယ်၍ ချောင်းမြောင်းကြည့်ရာ ချင်းတောင်တောင်ယာတခု၌ လက်နက်များကိုဝှက်ပြီး အရပ်သားအ၀တ်ဝတ်ဖြင့် ပြောင်းစိထမင်းချက်စားနီသော ခိုင်အာဏာနီ၊ ဇာနီခိုင်၊ ရောင်းရင်းစိုးနိုင်၊ ခိုင်မျိုးရိုင်း၊ ခိုင်မင်းရို့အား မသီမပျောက်တွိရသည်။ ၀မ်းသာလုံးဆို့ရသည်။ အင်အားစုစုပေါင်း (၁၆) ယောက်ဖြစ်လား၍ အားတက်မိသည်။

ချင်းတောင်ယာပိုင်သျှင်ကို ပြောင်းစိများရောင်းရန် ဖဲသာဖြင့်ပီးဝယ်သည်။ ချင်းများက ဖဲသာမယူမရောင်းချင် ဂေါင်းခါသည်။ ပိုင်သျှင်မရောင်းကေလည်းငတ်နီသဖြင့် အားဓမ္မဖဲသာထုတ်ပီးပြီး ပြောင်းစိများကိုယူခရသည်။ စိတ်မကောင်းပါ။ အားလည်းနာပါသည်။ သနားလည်းသနားပါသည်။ မတတ်နိုင်။ ငတ်ခြင်းကြောင့် ၀မ်းတင်းဖို့ကအရေးကြီးသည်။ လူနှင့်မပါးတောကြီးထဲမှာ အသက်ဆက်နိုင်ရေး ခရီးဆက်နိုင်ရေးအတွက် ပြောင်းစိရိက္ခာများကို နိုင်သလောက်ယူပြီး တောင်ယာကိုနောက်ခိုင်းထားခရသည်။ ညည့်သုံးယံမှာ နှစ်ယံခရီးဆက်ပြီးညောင်းလာသဖြင့် ကုန်းမြင့်တခုကခြုံတခုတွင် ခိုဝင်ယင်းအိပ်စက်ရသည်။ ရန်ကင်းအစောင့်ထားကေလည်း ကင်းသမားက အိပ်ပျော်နီမည်မလွဲ။

ဘုံး-ဘုံး-ဒိုင်း-ဒိုင်း-ဂျိန်း-ဘောင်း

မိုးထက် (၄) ချက်တီးလောက်မှာ ရန်သူ၏အဆက်မပြတ် ပစ်ခတ်မှုကိုခံရသည်။ ဥက္ကဌကြီးကို တစထိမှန်လားသည်။

“ဥက္ကဌကြီး ရှိက မြောင်အတိုင်းဆုတ်ပါ။ အကျွန်တော်ခံပစ်ထားပါမည်”

“ဒိုင်း-ဒိုင်း-၀ုန်း-ဒိုင်း”

လက်နက်မျာက မိုးသီးပေါက်ပိုင်ကျသည်။ ရောင်းရင်းစိုးနိုင်တယောက် ညာဖက်မျက်လုံးနှင့် ဘယ်ဖက်ပေါင်ကို ကျည်မှန်သည်။ ပေါင်းရိုးကျိုးကျလားသည်။

“ဒေါင်း-ဒေါင်း-ဖောင်း-ဖောင်း”

ကာပိုင်ကျည်ဆန်များ ဂေါင်းထက်ကဖြတ်၊ ဘေးကဖြတ်၊ နံကဖြတ် ဖြတ်သည်။

“ကေ - စိုးနိုင် မင်းဒါဏ်ရာကလည်းများရေ။ နောက်လူတိလည်း ဆုတ်လားခပျာ်။ မင်းစိတ်ကိုတင်းထား။ လက်ပစ်ဗုံးနှစ်လုံးယူထားလိုက်။ ရန်သူမကြာခင် မင်းပါးကိုရောက်လာလိမ့်မည်။ လက်ပစ်ဗုံးနှစ်လုံးနှင့်ရာ ယှင်းလီဖိ”

စိုးနိုင်မျက်စိတဖက်မှ သွီးများဒလဟောဆင်းပြီး ကျန်တဖက်ကမျက်ရည်ကျလျှက် “ခိုင်နီရောင် င့ါကိုပစ်ထားခဖို့ယေလား” ဟူသောစကားကိုကြားပါလျှက် နောက်ခိုင်းခရသည်။ ကြီကွဲမှု၊ စိတ်မကောင်းမှု၊ ၀မ်းနည်းမှုများစွာဖြင့် ရှိလူများဆုတ်ခွာလားသည့်မြောင်အတိုင်း ပြီးဆင်း၍လိုက်ရှာရသည်။ လျှိုမြောင်အကောက် (၁၀-၉) ခု မြောက်သောအခါ ရန်သူကို စိုးနိုင်လက်ပစ်ဗုံးဖြင့်ခွင်းသံ ကြားလိုက်ရသည်။ နောက်ဆုံးအသက်ငင်နီစဉ်မှာပင် တိုင်းပြည်နှင့်လူမျိုးအတွက် သမိုင်းပီးတာဝန် သူကျီခသည်။

မြောင်အထပ်ထပ်ကိုကျော်ဖြတ်ကာ ရှိကဆုတ်ခွာလားသောရဲဘော်များကိုရှာဖွီယင်း စိုးနိုင်စကားက မိမိစိတ်ကိုကြီးစိုးနီသည်။ စိတ်ထဲထွင်လည်း မိမိကိုမိမိ ခွင့်လွှတ်ချင်စိတ်မဟိ။ တဦးတည်းတယောက်တည်း ထမ်းပိုး၍လည်းမနိုင်။ “ခိုင်နီရောင် ငါ့ကိုပစ်ထားခဖို့ယေလား” စကားကိုကြားယောင်နီသည်။ ယူကျုံးမရဖြစ်မိသည်။ အဖော်များကိုရှာယင်း ရိက္ခာပြတ်။ ငတ်ပြတ်။ သစ်ဥသစ်ဖုတူးစားရသည်က လုံချင်းတည်း။ နိရက်မရွီတွက်နိုင်ပျာ။ ရန်သူဖီးမှလွတ်အောင်ပြီးနီရသည်။

“ယွှီ - ယွှီ”လက်ပုလီမှုတ်သံ မြောင်တခုအနားမှကြားရသဖြင့် သတိထားနီရာယူလိုက်သည်။ သေသေချချာစိုက်ကြည့်လိုက်ရာ ဥက္ကဌကြီးခိုင်မိုးလင်း၊ ဒုဗိုလ်သီဟ၊ ဒုဗိုလ်ကျော်ထူး၊ ဇာနီခိုင်၊ မျိုးရိုင်း၊ ခိုင်သန်းကျော်၊ ခိုင်မင်းလတ်ရို့ကို အရှင်လတ်လတ်တွိရသည်။ ကကောင်းဝမ်းမြောက်မိသည်။ ကဗျာကယာ အရိုအသေပြုပြီး ဗိုလ်မှူးကြီးဒါဏ်ရာအများပါလား - စိုးရိမ်တကြီးမီးလိုက်သည်။ ပေါင်ကိုချန်လားခစွာရာဟုဖြေသည်။

(၈) ယောက်မျှသောလူနှင့် ရခိုင်ပြည်ကိုချီတက်ရန် အမိန့်ပီးသည်။ ယင်းနီရာမှ တောတောင်များကိုကျော်။ ဂျိုင့်အထပ်ထပ်ကိုဖြတ်၍ တီးတိန်-ဖလန်းကားလမ်းသို့ အရောက်ချီတက်ကတ်ရသည်။ တီးတိန်ဖလန်းကားလမ်းကိုရောက်သည်။ နိအခါကျော်ဖြတ်၍မဖြစ်။ ညည့်ကိုစောင့်ရသည်။

“အဝေးညီချေ - စိတ်ဓာတ်မကျကဲ့နှမ်း”

“ဟုတ်ပါရေ။ စိတ်ဓာတ်မကျပါ ဗိုလ်မှူးကြီး”

“ငါမှားရေဝေး။ အိန္ဒိယနယ်စပ်ကလားကေ လွတ်တေ။ လွတ်ဖို့”

“ငါ့ညီချေရို့ပြောစကားကို နားမထောင်လိုက်၊ ၀ီလျံချင်းစကားကိုယုံလို့”

ဥက္ကဌကြီးခိုင်မိုးလင်း မျက်ရည်ပင်ကျသည်ဟုထင်သည်။ ၀မ်းနည်းပက်လက်ဖြစ်နီသည်။ အိပ်ကပ်မှာ အသင့်ပါလာသော လက်ကိုင်ပုဝါဖြင့် မျက်နှာကိုသုတ်လိုက်သည်။ တဖန် အိပ်တွင်ပါသော ချီဂွေဘားရား၊ ကျူးဘားနိုင်ငံမှ ကတ်စထရိုဓာတ်ပုံများကို ထုတ်ပြသည်။

“ဒေပုံကိုကြည့်ကတ် - ငါ့ညီရို့”

အေဂေါင်းဆောင်ကြီးကတ်စထရိုရေ အေပိုင်ဒုက္ခခံပြီးမှ လွတ်လပ်ရေးကိုရရေ။ အခုလည်း ငါရို့ရခိုင်ပြည်ကို အရောက်ချီမည်။ ရန်သူဘားမှာ လုံးဝဒူးမထောက်၊ လက်မမြှောက်ကဲ့။ အမျိုးသိက္ခာကျရေ။ သီကေအေပိုင် ရခိုင်ဘတ်တံဆိပ်ကိုပြလို့သီ။ ငါလုံးဝဒူးမထောက် လက်မမြှောက်။ စိတ်ရာချ။ လက်နက်ဖက်လို့သီချင်သီပတ်စီ။ ငါ့အတွက် မလွဲမယှောင်သာကေ ကျည်သုံးတောင့်နှင့် ကိုယ့်စွာကိုယ်အဆုံးစီရင်လားဖို့။ တီးတိန်-ဖလမ်းကားလမ်းခြုံတောဘေးမှာ ဥက္ကဌကြီး၏နောက်ဆုံးမိန့်ခွန်းဖြစ်သည်။

(၁၉၇၇) ခုနှစ် ဇွန်လ နှစ်ရက်နိ ညည့် (၆) ချက်တီးအချိန်။ နီမင်းကြီး အနောက်ဂေါယာယွန်းချိန်။ တောပုဇိုင်းသံများဆူညံနီသည်။ ညည့် (၉) ချက်တီးအချိန်တွင် ကားလမ်းကိုဖြတ်ကူးသည်။ ယင်းလမ်းဘေးတွင် ပင်ပမ်းသဖြင့် ရဲဘော်ခိုင်သန်းတယောက် အိပ်မောကျကျန်ခသည်။ အာသံမဏိပူရဆိပ်ကမ်းသို့ရောက်သည်။ တညည့်လုံးစမ်းတ၀ါးဝါးခရီးဆက်သည်။ အလင်းရောင်ရောက်သည်နှင့် တီးတိန်မြို့နယ် မော်ဘိန်းရွာတောင်ဖက် (၈) မိုင်အကွာ ၀ါးပတ္တလားတန်းထသို့ရောက်သည်။

ဥက္ကဌကြီး၏ထိုဖက်ကူး အမိန့်သံထွက်လာသည်။

“နီဟုသိမ့်တချက်ချေ။ အေမှာ ရန်သူစစ်ဖိနပ်ရာတိ အများကြီးတွိရပါရေ”

“ထိုဖက်ကမ်းမှာ ရန်သူရောက်နီပျာ ထင်ပါရေ”

“အဝေးရောင်နီ - မင်းကြောက်ကေနောက်ဆုတ်။ စကားမရှည်ကဲ့”

“ထိုသို့ပြောနီစဉ် ဒုဗိုလ်သီဟ၊ ဒုဗိုလ်ကျော်ထူး ချီတက်လားသည်။ စာရွီးသူသည် ဥက္ကဌကြီးရှိတွင် ဖိနပ်ကြိုးပျင်ဟန်ပြု၍တားစဉ် ညီချေလားဝေး - အေမှာ သီဟကျော်ထူးနှစ်ယောက် တန်းထအလယ်ကို ရောက်နီပျာထင်ရေ”

“ဘုန်း-ဘုန်း-ဒိုင်း-ဒိုင်း”

ရန်သူ့ကျည်ဆန်နှင့်အတူ ဒုဗိုလ်သီဟနှင့် ဒုဗိုလ်ကျော်ထူး ချောင်းထဲရွင့်ကျလားသည်။ ဥက္ကဌကြီး၏ ဒူးတည့်တည့်ကိုမှန်သဖြင့် ပရုန်းနရုန်း အလျှင်ဆွဲယူကာ ကုန်းထက်သို့ပြီးရသည်။

အချိန် ဇွန်လ (၄) ရက်နိ မိုးထက်ခြောက်ချက်တီး။

“ညီချေ ခိုင်နီရောင်”

“ဘုရား”

“ငါ့ဒူးဆစ် ဒိုးလက်မဟိယာဝေး”

“ထမ်းယူပါမည် ဗိုလ်မှူးကြီး”

ဥက္ကဌကြီး၏ဒူးဆစ်မှ ဒရဟောကျနီသောသွီးများသည် ပတ်ဝန်းကျင်တခွင်ရဲရဲနီနီ၏။ ကြည့်နီ၍ကားမဖြစ်။ ဥက္ကဌကြီးအားထမ်းကာ မဏိပူရမြစ်ကြောင်းအတိုင်းပြီးရသည်။ ရန်သူများအားဖိ၍တိုက်သည်။ သေနပ်သံ၊ စိန်ပြောင်းသံ၊ အမြောက်သံများက တတောလုံးဆူညံနီသည်။ ရန်သူတပ်ဖွဲ့မှ လော်စပီကာအသံထွက်လာသည်။

“ခိုင်မိုးလင်းလက်နက်ချလိုက်။ ခင်ဗျားကိုမသတ်ဘူး”

မဏိပူရမြစ်ရိုးတလျှောက် ဥက္ကဌကြီးကိုထမ်း၍ပြီး၍ (၁) နာရီလောက်ကြာသောအခါ

“ငါ့ညီရို့ ငါ့ကိုချ။ အမိန့်ပီးသည်”

“ဥက္ကဌကြီးကို အသာချေအောက်သို့ချလိုက်သည်”

“ငါ့ညီရို့ - ငါ့ကိုထားခကတ်။ ရှိကိုတက်။ လုံးဝလက်နက်မချကဲ့”

ပါလာသည့်ဖဲသာများကို မီးလျှို့လိုက်သည်။ နာရီကိုထုခြီလိုက်သည်။ (AK) လက်နက်ကိုဖျက်ဆီးပြီး အနားဝန်းကျင်သို့ လွှင့်ပစ်လိုက်သည်။

“ငါညီရို့ - ရှိတက်။ အမိန့်ကိုနာခံ”

စာရွီးသူရို့ အနားမှာနီခွင့်မရ။ အမိန့်ကိုနာခံရသည်။ ဖာလုံဝက် တဖာလုံလောက်အ၀ီးရောက်သောအခါ ပစ္စတိုသံသုံးချက်ကြားရသည်။ စာရွီးသူနှင့်အားလုံး ဥက္ကဌကြီးဟိရာပြီးလားသော်လည်း ရန်သူ၏အင်အားကြီးမှုကြောင့် အခွင့်မသာဘဲ ရန်သူနှင့်အပြိုင်လုယင်း ရန်သူရလားသည်။

ဥက္ကဌကြီးခိုင်မိုးလင်းသည် မသီခင်ကပင် “ဒူးမထောက်လက်မမြှောက်။ ကျည်သုံးတောင့် ငါ့အတွက်” ပြောစကားအတိုင်း သမိုင်းပီးတာဝန်ကျီသည်။

(၁၉၇၇) ခုနှစ် ဇွန်လ (၄) ရက်နိ မိုးထက် (၆) ချက်တီး။ တီးတိန်မြို့နယ် မော်ဘိန်းရွာတောင်ဖက်သျှစ်မိုင်အကွာ မဏိပူရမြစ်အနားတွင် ဒဏ်ရာရသည်။ ယင်းမှတနာရီခန့်အကြာတွင် ပစ္စတိုသုံးချိန်းဖြင့် မိမိကိုယ်ကိုမိမိအဆုံးစီရင်လားသည်။

ရခိုင်ပြည်နှင့်ရခိုင်လူမျိုး ကျွန်ဘ၀မှလွတ်မြောက်နိုင်ရေးအတွက် ပါတီတပ်မတော်ကိုထူထောင်ကာ ဆင်းရဲဒုက္ခမျိုးစုံ အသက်သွီးချွေးအရင်းအနှီးပြုလျှက် တိုက်ပွဲပေါင်းမြောက်များစွာယှဉ်ပြိုင်တိုက်ခိုက်၍ နီထွက်ရာအရပ်မှ နီဝင်ရာအရပ်ဖြစ်သော အဖရခိုင်ပြည်သို့ တနှစ်နီးပါး မိုးလင်းရာဇာစစ်ကြောင်း ဇွဲသတ္တိစွမ်းအား သစ္စာအဓိဌာန်မပျက်ကွက်ဘဲ အာဇာနီလူစွမ်းကောင်းပီသစွာဖြင့် ကရင်ပြည်၊ သျှမ်းပြည် မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်း၊ ကချင်ပြည်များကိုဖြတ်ကျော်ပြီ ချင်းပြည်လမ်းခုလပ်အရောက်တွင် ရခိုင်သူရဲကောင်း (၅၃) ဦး ချင်းပြည်တွင်လည်းကောင်း၊ ကရင်ပြည်၌ (၃၁) ဦး ရခိုင်ပြည်လွတ်လပ်ရေးအတွက် သွီးခင်းစတေးခသည်ကို အစဉ်သတိရဂုဏ်ပြုလျှက် ဤစာတမ်းသမိုင်းမှတ်တိုင်ကို စိုက်ထူလိုက်ပါသည်။

ခိုင်နီရောင် (ကိုယ်တွိ)

(ရခိုင်လွတ်လပ်ရေးစာစောင်မှ)

သာလှဦး

သာလှဦး
=====

သာလှဦးဆိုသည်မှာ နာမည်နှင့်လိုက်အောင် သာလည်းသာ လှလည်းလှ ဦးလည်းဦးသူဖြစ်သည်။ သူသည် သူ့ကိုသူ ရခိုင်စာပီသုတေသီကြီးအဖြစ် အလှပလှ ဘ၀င်မြင့်လျှက်ဟိသည်။ ရခိုင်စာပီနှင့်ပါတ်သက်၍ ဆောင်းပါးများစွာ စာအုပ်များစွာ ရွီးသားထုတ်ဝီပြီးဖြစ်သဖြင့် ပရိသာတ်ထောက်ခံမှုအား အပြည့်အ၀ရဟိထားသူဖြင့်သဖြင့် မိမိကိုယ်ကို ကောင်းကောင်း ကြေနပ်အားရဖြစ်လျှက်ဟိသည်။ သို့သော် သူ၏စိတ်ထဲမှာ တခုခု ဘ၀င်မကျဖြစ်လျှက်ဟိသည်။ တခြားသော ရခိုင်စာပီပညာသျှင်များမှာက သတ်ပုံတယောက်တလုံးကျစီ ပိုင်ပိုင်နိုင်နိုင်ဖျက်ဆီးနိုင်လိုက်ပြီးဖြစ်သည်။ ဖျက်ဆီးဖို့ သတ်ပုံမကျန်လိုက်ပျာဖြစ်လို့ သူ့ခမျာ အကြံမရအကျပ်ရိုက်နီသည်။ တခါတရီ (ဤ) ကို (ကျွဲ) ပြောင်းကေကောင်းဖို့လား စဉ်းစားကြည့်သည်။ ပြောင်းခါနီးဆဲဆဲ နာမည်ကြီးစကားပုံကို လားပြောင်းခီကေ လူသိပြီးသား နာမည်မရ ကော်နှက်ခံရဖို့ ဆိုပျာ နောက်ဆုတ်လိုက်သည်။ (၏) လည်း မကျန်လိုက်ပျာ။ (မှာ) လည်း မကျန်လိုက်ပျာ။ ပြောင်းဖို့ကျန်ရေအလုံးက (ဤ) နှင့် (၍) (၌) အေသုံးလုံးရာကျန်ပျာ။ တခါတခါ (ဤ) ကို (ဣေ) ပြောင်းကြည့်ကေ ကောင်းဖို့လား စိတ်ကူးရသည်။ ဖြစ်တန်ခြေဟိသည်။ (၌) ကို (နှိုက်) လို့ ပြောင်းခီပြန်ကေလည်း အယင်ခေတ်က ခေတ်ဟောင်းစာပီတိမှာ ဟိခပြီးသား။ မသိနားမလည်ရေ အချေတိပါးမှာ မျက်နှာရကေလည်း စာပီဗဟုသုတ အနည်းအကျဉ်းဟိရေ လူတိပါးမှာ အဆဲကျဖို့ နောက်ဆုတ်လိုက်သည်။ (၍) ကို ကျခါ ငါးဂဏန်းကို ပွတ်တင်လိုက်ကေ (၅ိ) ဖြစ်တေ။ အရာတယောက်လည်း မလုပ်သိမ့်။ လူမလုပ်သိမ့်ရေ အလုပ်ကို လုပ်မှ ပါရဂူဖြစ်ဖို့ မဟုတ်ကေ နောက်လိုက်ကျည်း ရက်ပြတ်ဖြစ်နီဖို့။ ရခိုင်စာပီလောကမှာ သတ်ပုံမဖျက်ရ မချင်း ပါရဂူမဖြစ်နိုင်။ ထို့ကြောင့် သာလှဦးမှာ (၅ိ) သားသတ်ပုံကို စီမံကိန်းချလျှက်ဟိသည်။ (ဆက်ရန်)

သာလှဦး၏စာကြည့်ခန်းသည်ကား ဖုံတက်ကြပ်လိုက်လျှက်ဟိသည်။ ပင့်ခူအိမ်ကြက်လျှက် စာအုပ်အင်တန်များများမှာ ခြကိုက်စားလျှက်ဟိသည်။ သူ့သူငယ်ချင်းများက ဆရာကြီးစာကြည့်ခန်းက အဂယင့် ရှိဟောင်းသုတေသနပြတိုက်နှင့်တူရေဟုဆိုလျှင် သာလှဦးမှာ ဘ၀င်ခွေ့လျှက် ငါးသလောက်ပြုံး ပြုံးနီတတ်သည်။ သာလှဦးသည် အချေကပင် မျက်စိအားကောင်းသူဖြစ်သည်။ စာဇာလောက်ဖတ်ဖတ် မျက်စိမှုန်သည်မဟိ။ ယင်း မျက်စိကောင်းသည်ကိုပင် သူက စိတ်ပျက်လျှက်ဟိသည်။ သူ မျက်မှန်တပ်ချင်သည်။ မျက်မှန်တပ်မှ ပညာဟိနှင့်တူသည်။ ထို့ကြောင့် မျက်စိကောင်းသော်လည်း ပါဝါပါသည့်မျက်မှန်ကို စတပ်ကြည့်သည်။ အစပိုင်းတွင် တစိချေ အခက်အခဲဟိသည်။ သုံးမိနိလောက် တပ်ကြည့်သည်နှင့် ခေါင်းနည်းနည်းကိုက်လာသည်။ ကြာလာသောအခါ ကျင့်သားရလာသည်။ သို့ဖြင့် မျက်မှန်တပ်လျှက် လမ်းလျှောက်ကြည့်သည်။ မိမိ အခန်းထဲတွင် ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်ကြည့်သည်။ အဆင်ပြေသည်။ ထို့ကြောင့် ပါဝါမျက်မှန်ဝယ်ပြီး သုံးရက်မြောက်သောနိတွင် စပွဲထုတ်သည်။ စစ်တွေကောလိပ်သို့ စတက်သောနိလည်းဖြစ်သည်။ စာသင်ခန်းက ဒုတိယထပ်တွင်ဖြစ်နီသည်။ လှီကားထစ်ဖြင့်တက်ရသည်ကို အစတွင် စိုးရိမ်စိတ်ဟိသည်။ သတိထားပြီးတက်ကြည့်သောအခါ အားလုံးအဆင်ပြေသည်။ အထစ်အငေါ့မဟိ။ ကောလိပ်သည်ကား ဆယ်တန်းနှင့်မတူ။ ကျောင်းသားများမှာ အခန်းအတည်မဟိ။ ဘာသာရပ်လိုက် အခန်းပြောင်းပြောင်းသင်ရသည်။ နောက်တဘာသာမှာ အောက်ထပ်ဖြစ်နီသည်။ သာလှဦးကား စာသင်ခန်းတွင်လည်း ရှိဆုံးက ထိုင်ရမှ ကြေနပ်သည်။ ထို့ကြောင့် အယင်ထိုင်ခုံနီရာဦးဖို့ စာအုပ်ကို လက်ဆွဲလျှက် ကမန်းကတန်း ပြီးဆင်းပါလတ်သည်။ ပါဝါမျက်မှန်တပ်ထားသည်ကို သူက မိနီသည်။ အတက်တွင် အဆင်ပြေသော်လည်း အဆင်းတွင် ပါဝါမျက်မှန်ကြောင့် လှီကားထစ်ကို အနီးချေထင်၍ ချနင်းလိုက်သည်တွင် ခြီခေါက်လျှက် သာလှဦးမှာ သမံတလင်းကြမ်းပြင်တွင် ဒုန်းပေါက်ဆောက်၍ကျသည်။ ကံကောင်းထောက်မ၍ မျက်မှန်ကားမကွဲ။ လက်ခေါက်ကျသဖြင့် တစိချေနာလားသည်။ မမချေတိရှိမှာ အရှက်မရအောင် ဒယွားကိုဖုန်ခါလျှက် စာသင်ခန်းမထဲသို့ အယင်အယင် လှမ်းဝင်လိုက်သည်။ အစပိုင်းတွင် သွီးပူနီ၍ ခြီထောက်မနာ။ နောက် တဖြည်းဖြည်းကိုက်လာသည်။ စာသင်ခန်းထဲက ပြန်ထွက်သောအခါ ဣနြေ္ဒမပျက်အောင် မနည်းကြိုးစားအားထုတ်ပြီး မိမိ၏ဗိမာန် ဝေသာလီဆောင် အခန်းနံပါတ် (ရ) သို့ အယင်အရောက် လမ်းလျှောက်လာလတ်ရသည်။ တော်ပါသိမ့်ယင့်။ မျက်မှန်ကြောင့် လှီကားထစ်က လူးကျသည်ကို တယောက်ချေလည်း မရိပ်မိ။ (ဆက်ရန်)

သတ်ပုံတလုံးပြောင်းသည်မှာ အလွယ်ချေမဟုတ်။ ကျိုးကြောင်းဆီလျှော်မှု ယုတ္တိဟိဖို့လိုသည်။ ထို့ကြောင့် သူ့မှာ အကျိုးအကြောင်းကို လိုက်ရှာရသည်။ (၍) ဆိုသည်မှာ (ငါရို့) က ဆင်းသက်လာခြင်းဖြစ်သည်။ ရှိအယင်က (လည်းကောင်း) ကို (၄င်း) ဟူ၍ ဂဏန်းနှင့် အက္ခရာပေါင်းပြီးရွီးသားခကတ်သည်။ အခုလည်း (၅) ဂဏန်းနှင့် ပွတ်လုံးပေါင်းစပ်လိုက်ခြင်းသည် မူရင်းအဓိပ္ပါယ်နှင့် မူလအရွီးအသား (ငါရို့) ကို အနီးစပ်ဆုံးဖေါ်ဆောင်ခြင်းဖြစ်သည်။ မြန်မာနှင့် မတူကွဲပြားသည်။ သို့ဖြင့် များမကြာ သာလှဦးသည် သူတပည့်တယောက်၏ Facebook Account ကို အသုံးပြုလျှက် ပေါင်းကူးအိန်တာနတ်ထက်တွင် (၅ိ) သား သတ်ပုံကို စတင်မိတ်ဆက်ပီးလိုက်သည်။ တခဏနှင့်ချက်ချင်း တောမီးလောင်သကဲ့သို့ ကမ္ဘာတ၀ှမ်း ပျံ့နှံ့လားသည်။ ထောက်ခံမှု မဲအများဆုံးရဟိသည်မှာ မလေးသျှားနိုင်ငံရောက် ရခိုင်စာပီအုပ်စုဖြစ်သည်။ လက်ခုပ်လက်ဝါးဖြောက်ဖြောက်တီး၍ ကြိုဆိုလက်ခံကတ်သည်။ အမေရိကသို့ ရောက်ဟိနီသော သူများကလည်း လိုက်ရွီးကတ်သည်။ ဘင်္ဂလားသို့ ရခိုင်ပြည်သီးခြားလွတ်လပ်ရီးအတွက် ရောက်ဟိနီသူများကလည်း လက်ခံလာကတ်သည်။ တချို့မဂ္ဂဇင်းများတွင် ပုံနှိပ်စာလုံးအဖြစ်မိတ်ဆက်ပီးလာသောအခါ သာလှဦး၏(၅ိ) သား သတ်ပုံမှာ နောင်းနောင်းနင်းနင်း အောက်ခြီခိုင်လာသည်။ ဦးသန်းစိန်လက်ထက် ဒီမိုကရေစီရခါစ ရခိုင်သားများကို ရခိုင်စာပီသင်ကြားပိုင်ခွင့်ပီးလာသောအခါ မူလတန်းရခိုင်စာသင်ရိုးညွှန်းတမ်းတွင်ပါ ပါလာသောကြောင့် သာလှဦး၏ (၅ိ) သားသတ်ပုံ အတည်ဖြစ်လားလီပါသည်တည်း။ သာလှဦးမှာ မိမိရည်မှန်းချက် ပြီးပြည့်စုံလားပြီးဖြစ်သည်အတွက် ကောင်းကောင်းကြီးကြေနပ်အားရဖြစ်ကာ ရခိုင်စာပီလောက ထာဝရအနားယူလိုက်ပါသည်။ (ဆက်ရန်)

သို့သော် လူ့အလိုကို နတ်မလိုက်နိုင်ဆိုသောစကားအတိုင်း တခုပြည့်စုံလျှင် တခုလိုလာသည်။ သာလှဦးသည် တဘ၀လုံး စာအုပ်ပုံကြား၌ သူ့ဘ၀ကို မြှုပ်နှံခရသဖြင့် အစားဆင်းရဲ အ၀တ်ဆင်းရဲ အနီဆင်းရဲ နီခရသည်။ ထို့ကြောင့် မယားလည်း အသက်လေးဆယ်ကျော်မှ ရသည်။ မယားမရခင် သူ ရခိုင်သမတယောက်ရဖို့ Facebook ထက်တွင် အသဲအသန်လိုက်ရှာခပါသည်။ Facebook ထက်တွင် ရခိုင်သမအလှပချေတိကို တွိသည်။ ယေကေလည်း အားလုံးသူက မြန်မာစကားဖြင့်ရွီးနီကတ်သည်ကို ရခိုင်စာပီသမားပီပီ ဘ၀င်မကျ။ တခါတခါ မချေရခိုင်သမ မဟုတ်လား၊ ရခိုင်ပိုင် ရွီးပါပလင် ပြောပါပလင်ထောက်ပြခီကေ အများနားလည်အောင် မြန်မာပိုင်ရွီးရစွာပါဆိုပြီးကေ သာလှဦးကို Block လုပ်လိုက်ကတ်တေ။ ရခိုင်အခြင်းနှင့် ရွီးကတ်တေ မမချေတိကို တွိခီပြန်ကေလည်း အရုပ်ကမလှ အသက်ကကြီး သာလှဦးမှာ မျောက်သစ်ကိုင်းလက်လွတ်ဖြစ်ပြီးသနာ နောက်ဘိတ်ဆုံးမှာ ချင်းမနှင့်ရာ ယူဖို့ကျသည်။ (ဆက်ရန်)

သာလှဦးမှာ တဘ၀လုံးဆင်းရဲခရသဖြင့် ဘ၀၌လူရတတ်ကြီးဖြစ်ဖူးချင်ပါသည်။ ထို့ကြောင့် နိမအား ညအား အလုပ်နှစိခုလုပ်သည်။ မကြာခင် ဒေါ်လာမြောက်များစွာ စုဆောင်းရဟိလာသည်။ ထို့ကြောင့် ရန်ကုန်တွင် တိုက်ခန်း (၂) ခန်း စစ်တွေတွင် အိမ်တအိမ်၊ မြောက်ဦးတွင် ခြံနှစ်ခြံလှမ်းဝယ်လိုက်သည်။ သို့သော် သူ့အလိုကား မပြည့်စုံသိမ့်။ ၀မ်းမပူသိမ့်။ ၀မ်းမပူဘဲ ဇာပိုင် သူဌီးဖြစ်ဖို့လဲ။ ၀မ်းပူအောင် လေ့ကျင့်ရသည်။ ရီများများသောက်ပြီး လီမျာများလျှူရသည်။ အဆီပါသော ၀က်သားကို ညိတိုင်းချက်စားသည်။ မကြာခင် ၀မ်းဗိုက်ထွက်လာသည်။ သူငယ်ချင်းများက ယာ သာလှဦးမှာ မယားဝမ်းမပူဘဲ လင်ကရာ ၀မ်းပူလာရေကားဆိုလျှင် သာလှဦးက ကောင်းကောင်း ပျော်သည်။

ဦးသိန်းစိန်လက်ထက် လွတ်ငြိမ်းချင်းသာခွင့်ပီးသဖြင့် သာလှဦး ကိုယ့်တိုင်းပြည်ကို အဖမ်းအဆီးမဟိပြန်လာရသည်။ နိုင်ငံခြားပြန် ဒေါ်လာသူဌီးကြီးဖြစ်နီသဖြင့် သာလှဦးမှာ လားလီရာရာ မျက်နှာပန်းလှ စန်းပွင့်လှပါသည်။ လူတိုင်းလူတိုင်းက ထမင်းခေါ်ကျွေးဖိတ်ကြားခြင်းခံရသည်။ ရခိုင်စာပီဟောပြောပွဲတိုင်း မနားတမ်းလိုက်ဟောရသည်။ နားချိန်မဟိ။ သို့သော် သာလှဦးကား မပျော်။ သူ့မှာ နှလုံးရောဂါမဟိ။ သွီးတိုးရောဂါမဟိ။ နှလုံးရောဂါ သွီးတိုးရောဂါမဟိဘဲ မြန်မာပြည်မှာ ဇာပိုင် သူဌီးစာရင်းဝင်ဖို့လဲ။ သွီးတိုးရောဂါဖြစ်ဖို့ ညိတိုင်းဆားအများကြီးစားပီးရသည်။ သွီးတိုးဖြစ်မဖြစ် ဆီးခန်းညိတိုင်းလားစစ်သည်။ သူငယ်ချင်းဆရာဝန်က သူငယ်ချင်းမှာ သွီးတိုးမဟိ စာဖတ်များလို့ လိုင်ကြောတက်စွာရာပြောကေ လုံးဝသဘောမကျ။ တရက်နိ သူငယ်ချင်းဆရာဝန်က အမြင်ကပ်ကပ်နှင့် ဂိုးချေမှာ သွီးတိုးဟိနီယာ နှလုံးရောဂါလည်း ဟိနီယာမြှောက်ပြောလိုက်သောအခါ သာလှဦးမှာ ကောင်းကောင်းပျော်ပါသည်။

များမကြာ (၅ိ) သားဆရာကြီး သာလှဦးတယောက် မိမိမွီးရပ်ဇာတိ မြောက်ဦးမြို့တွင် မရဏနှင့်ဈာန်ကြွပါသည်။ လူအများက အထူးကြည်ညိုလေးစားခြင်းခံရသော ရခိုင်စာပီသုတေသီကြီးတဦးဖြစ်သဖြင့် ဆရာကြီးဦးသာထွန်းနှင့် တတန်းတည်းထားကာ သာလှဦး၏အရိုးပြာကို ဂူသပ်လျှက် သျှစ်သောင်းဘုရား၌ မြှုပ်နှံခြင်းခံရသည်။

သာလှဦး၏အရိုးပြာအုပ်ဂူ၌စာတမ်းထိုးထားသည်မှာကား

အမျိုးသီလ နှစ်ဌာနကို
ပြည့်ဝမဏ္ဍိုင် စောင့်စွမ်းနိုင်၅ိ (အသံထွက် (၅ိ) သား)
ရက္ခိုင်နာမ ဘွဲ့မည်လှဖြင့်
အနွတ္တသညာ ခေါ်အပ်စွာတည်း --။
ဟူ၅ိ (အသံထွက် (၅ိ) သား) ဖြစ်ပါလီသည်တည်း။

(ရခိုင်ပေါင်းကူး သာလှဦး)
မေလ (၃) ရက် ၂၀၁၅ ခု တလဂုင်္နီနိ မိုးထ (၄) ချက်တီး အချိန်တိတိတွင် ရွီးပြီးဆုံးပါသည်။

ဖက်ခွက်လက်ချက် သဇင်တခက်ရာဇ၀င်

ဖက်ခွက်လက်ချက် သဇင်တခက်ရာဇ၀င်
=====================

”အမိ ကျောင်းမှာအာစရိယပူဇော်ပွဲလုပ်ဖို့ ဖေသာ ၃၀၀ စီထည့်ရဖို့”

လေးတန်းကျောင်းသားချေ အောင်မြတ်ထွန်း ကျောင်းကအပြန်အိမ်ကို ရောက်ရောက်ချင်း လွယ်အိတ်ကို ဝေးချပနာ အမိနားကပ်ပြောလိုက်တေ။ မိစောနု သက်ပြင်းတချက် ချလိုက်မိရေ။ လင်ယောင်္ကျားသီလားစွာ ၄ နှစ်ပြည့်ဖို့ဗျာယ်။ လင်သည်သက်ဟိထင်ရှားဟိနီခါ ဒေကိစ္စတိကို မပူခရ။ ချစ်လင် မြတ်ထွန်းဦးက မြန်မာ့ဆိပ်ကမ်းက အစိုးရဝန်ထမ်းတယောက်ပါ။ တတောက်ပပြောင်မဟိကေလည်း ဒေကိစ္စချေတိကိုမပူခရ။ သူမအလုပ်က အိမ်တွင်းရီးကိစ္စ။ အချေတိကိုအိမ်တွင်းကနီ လိုအပ်စွာတိ အားလုံးလုပ်ပီးရေ။ သူမမှာ သမီးနှစ်ယောက်။ သားတယောက်။ အကြီးဆုံးသမီး ဦးသိန်းနုက လွန်ခရေနှစ်က ဆယ်တန်းအောင်လားပြီးဗျာယ်။ သားချေအောင်မြတ်ထွန်းက ဒေနှစ်လေးတန်း။ သမီးထွီး နုသဲဖြူက သုံးတန်း။ သမီးကြီးက ဆယ်တန်းအောင်ဗျာယ်ဆိုခါ အိမ်တွင်းရီးကိစ္စ စိတ်မပူရ။ သူမ ဈီးထွက်ရောင်းတိုင်း အစစအရာရာကို သမီးကြီးက ဒိုင်ခံလုပ်ပီးရေ။ အဖမဟိရေနောက်ပိုင်း မောင်ချေနန့် နှမချေကို အစရာရာပြုစု ဂရုစိုက်ပီးရေ။ ဖေသာမတတ်နိုင်လို့ အချေတိညကျောင်း မထားနိုင်ကေလည်း သမီးကြီးက သူရို့နှစ်ယောက်ကို စာပြပီးရေ။ လိမ္မာရီးခြားဟိရေသမီး၊ သမီးကြီးအမိအရာဆိုရေအတိုင်း၊ အမိနန့် လောင်းကူလှော်ဖက်ရရေ။

”အမိ မေကြီး အမိကိုကူညီနိုင်ဗျာယ်”

မိစောနု အတွေးစတိပျက်လားရေ။ အိမ်ထဲကိုပြီးဝင်လာရေ သမီးကြီဦးသိန်းနု အမိသည်လိုင်ပင်းကိုဖက်ပနာ ပြောလိုက်စွာဖြစ်တေ။

”ဇာဖြစ်လာစွာလဲ မေကြီး၊ ပျော်လုံးကြီးဆို့လို့ကာ”

”အမိ မေကြီးအလုပ်ရဗျာယ်။ ထိုတလောက ရန်ကုန်ကလာလို့ အသစ်ဖွင့်ရေ ဆီးကုမ္ပဏီမှာ”

”ဟိန့်…. မကြီးအလုပ်ရကေ မောင်မောင်ကို အာစရိယပူဇော်ပွဲအတွက် ဖေချာနန့် ဘောင်းဘီအသစ်တလုံးဝယ်ပီးနန်း”

မောင်ချေ အောင်မြတ်ထွန်းက အေးမကြီး အလုပ်ရစွာကိုကြားစွာနန့် သူလိုချင်စွာကို ချက်ချင်း တောင်းဆိုလိုက်တေ။

”မကြီးအလုပ်ရှာစွာ မင်းရို့အတွက်၊ မောင်မောင် စာရာကြိုးစားနန်း၊ မကြီးအားလုံးပီးမေ။”

မောင်မောင်တယောက် သူတောင်းစွာတိရဖို့ဆိုလို့ အပျော်ကြီးပျော်နီရေ။ မိစောနုက မျက်ရည်တိပင်ဝဲလို့ ပီတိဖြာနီရေ။ မိထွီးချေက အိမ်မှာမဟိ။ ထုံးစံအတိုင် အပြင်မှာ တခြားအချေတိနန့် ကဇတ်နီကတ်တေ။

ယင်းနိညဇာ မိသားစုထမင်းပွဲ စစည်ကကား။ ခါတိုင်းပိုင် အပေါစား ဟင်းငါးတိမဟုတ်။ မေကြီးအလုပ်ရရေ အထိမ်းအမှတ်နန့် မိစောနု ကြက်ရင်အုံတအုံဝယ်လာရေ။ ကြက်သားဆိုစွာ သူရို့ပိုင်လက်လုပ်လက်စားတိအတွက် နတ်သုဒ္ဓါ။ ယင်းနိ ထမင်းဝိုင်းမှာ ကြက်သားဆီပြန်၊ ငရုတ်ကြိတ်နန့် တို့စား၊၊ ကြာဆံနန့်ဘူးသီးဟင်းရည်သောက်၊ ကော်ဖီပွင့်ကျော်ရို့နန့် စစုံလလင် စားကတ်ရရေ။ မောင်မောင်နန့် မိထွီးက ထမင်းအလုပ်ပြတ်နန့် သူရို့လိုချင်ရေ လိုအပ်တေ ဘောလ်ပန်၊ ခဲတန်၊ ပေတံတိကို လစာထွက်တေနိ ဝယ်ပီးဖို့အတွက် တခုချင်းစီချပြနီကတ်တေ။ ပုံမှန်ဆို မကုန်တတ်တေ ထမင်းအိုးကြီး တတက်ပြောင်လားရေ။ မိစောနုတယောက် သားသမီးချေတိ ပျော်နီကတ်စွာကို ကြည့်လို့ပီတိဖြာပနာ သူမမျက်လုံးအိမ်ချေမှာ တမ်းတခြင်း၊ အောက်မိသတိရခြင်းတိ တရိပ်ရိပ်တက်လာရေ။ အော်…ကိုမြတ်ထွန်းဦး…..သူရာ ဒေထမင်းဝိုင်းမှာဟိကေ ဇာလောက်ပျော်ဖို့ကောင်းဖို့နန်း…….

အလုပ်ရလို့ နှစ်ပတ်ကြာရေခါ မေကြီးတယောက် အလုပ်ကိစ္စနန့် ခရီးထွက်ဖို့ကျရေ။ အရောင်းစာရေးမဆိုရေအတိုင်း မြို့ထဲက ဆီးခန်း၊ ဆီးဆိုင်တိမှာ တဆိုင်ဝင်တဆိုင်ထွက် ဆီးလားဖြန့်ရရေပိုင် နှစ်ပတ်တခါစီ တခြားမြို့တိကိုလားလို့ ဖြန့်ဝီရရေ။ သူမဖြန့်ချီရီး တာဝန်ကျရေမြို့က ဘူးသီးတောင်နန့် မောင်တောပါ။ သူမဘဝမှာ ဘူးသီးတောင်ဆိုရေမြို့ ပထမဆုံးခရီး။ ဒေတခေါက် မောင်တောထိတက်စရာမလို။ ဘူးသီးတောင်က ဆိုင်တချို့မှာဖြန့်ရဖို့။ ကိစ္စမဟိ။ သူမမှာ ဘူသီးတောင်မှာ အဝီးသင်တက်ဖက် သူငယ်ချင်း ကျန်သဲဖြူ အိမ်ဟိရေ။

တလင်္လာနိ မိုးထစစော အိမ်ဘေးက အခင်ဖြူသီး ဆိုက္ကားနန့် သင်္ဘောဆိပ်ကို ဆင်းကတ်တေ။ ဆိုက္ကားနောက်မှာ ဆီးကာတွန်းဗူးကြီးကို တင်လိုက်တေ။ မောင်ချေကို ရင်ခွင်ထက်မှာတင်လိုက်တေ။ ညကပင် မောင်ချေက မကြီးကိုသင်္ဘောဆိပ်ထိ လိုက်ပို့ပီးမေလတ်။ အမိက စစောကပင် ဈီးကြီးက ဟင်းချွတ်ဖို့ ထလားခဗျာယ်။ မောင်ချေကို မလိုက်ကဲ့ မကြီးတယောက်တည်းလားမေဆိုလို့မရ။ အေးမကိုစိတ်မချ။ ဇာစိတ်ချဖို့လဲ။ အချေဆိုကေလည်း သိရေ။ တခါတရီ မောင်နှမတတော လမ်းလျှောက်ထွက်ကတ်ကေ ယောင်္ကျားတိမြင်တိုင်း သူ မလွတ်တမ်း မျက်စိနောက်လို့ ကြည့်ထားရေ။ ကြည့်ဖို့နင်းရာ။ မြင်ရေယောကျာင်္းတိုင်း သူ့အေးမ ခန္ဓာကိုယ်က မျက်စိလုံးဝမခွါ။ မျက်စိထွက်ကျဖို့ပိုင် ကြည့်နီကတ်တေ။ ဦးသိန်းနုက အမိတူသမီး။ အသားကဖြူစွာလည်းမဟုတ် ညိုစွာလည်းမဟုတ်ပါ။ နီစပ်စပ်၊ နှာတံစစင်း၊ မျက်နှာသသွယ်၊ ဆံပင်က မတိုမရှည်၊ တင်းကား၊ ရင်စွင့်၊ မြင်ရေပုရိသယောင်္ကျားတိုင်း အကြည့်မခွါ သက်ပြင်းရှည်ချရစီရေ အလှပိုင်သျှင်မ။

စစ်တွေ၊ ပြည်တွင်းရီကြောင်း၊ သင်္ဘောဆိပ်ကိုရောက်ဗျာယ်။ ဇာချိန်ကပင်ရောက်နီကတ်တေ ခရီးသည်တိလည်းမသိ၊ ဖောင်တော်တန်းခါးဝမှာ ကျိတ်ကျတိုးနီကတ်တေ။ တန်းခါးဖွင့်ဖို့စွာကို စောင့်နီကတ်စွာ ထင်ယင့်။ သူမ ဘူးသီးတောင်၊ မောင်တောကို ခရီးမထွက်ဖူးကေလည်း သူငယ်ချင်း ကျန်သဲဖြူပါးက အသေးစိတ်မီးထားရေ။ ယင်းတန်းခါးဘေးမှာ ရိုးရိုးလက်မှတ် အရောင်းဌါနဟိရေ။ သူမအတွက် ရိုးရိုးလက်မှတ်ဝယ်လိုက်ကေ အဆင်ပြေဖို့မထင်။ ဆီးဘူးတန်းလန်းနန့် ဒုက္ခကျဖို့မနား။ ရိုးရိုးလက်မှတ်က သဘောင်္ကုန်းပတ်ထက်မှာ ထိုင်လိုက်ရစွာမနား။ ကုမ္ပဏီကလည်း အထက်တန်းလက်မှတ်အတွက် ခရီးစရိတ်ပီးထားရေ။ ဖောင်တော်တန်းခါးမကြီးဘေးမှာ လူတကိုယ်စာ အပေါက်တပေါက်ဟိရေ။ ကိုဖြူသီးက အထက်တန်းလက်မှတ်ဝယ်ချင်ကေ ယင်းအပေါက်က ဝယ်ရရေလတ်။

တန်းခါးပေါက်ကို လှမ်းကြည့်လိုက်တေခါ မြန်မာစစ်သားတိ ဝင်လိုက်ထွက်လိုက်လုပ်နီကတ်တေ။ မြန်မာစစ်သားဆိုလို့ ဘာဘာပြောရေစကားကိုသတိရလားရေ။ ”ဒေလင်းပြန်မသား မြန်မာစစ်သားတိ ကိုယ်ချင်းစာတရားမဟိရေ အကောင်တိ” လတ်။ ဘာဘာ ဇာဖြစ်လို့ဒေပိုင်ပြောရေ သူမနားမလည်ပါ။ ဘာဘာ စာဖတ်ကောင်းဝါသနာပါရေပိုင် လူပေါင်းဆန့်ရေ လူတယောက်လည်းဖြစ်တေ။ ယေလည်း မြန်မာတိနန့် ပေါင်းသင်းဆက်ဆံခါ မယုံသင်္ခါမျက်စိတိနန့် ရက်ပြတ်ကြည့်တတ်တေ။ ဇာဖြစ်လို့လည်းမေကြီးမသိ။ သိဖို့လည်းမကြိုးစားခပါ။ ဒေဂုဆီးကုမ္ပဏီက Supervisor မြန်မာကို ဘာဘာရာမြင်ခကေ ကြိုက်ချင်ဖို့မဟုတ်။ အင်တာဗျူးရေနိက မေကြီးပိုင် အင်တာဗျူးလာဖြေရေ မမချေတိမကန်။ ခန့်ဖို့စွာက ၃ ယောက်ရာ။ အင်တာဗျူးမှာ ထထွေထထူး တခုလည်းမမီးခ။ အလုပ်နန့်မဆိုင်စွာတိမီးပြီးကေ ”ညီမလေးကသိပ်ချောတာဘဲ” လတ်။ ရဖို့မထင်ခ။ Result ထွက်ခါ ဦးသိန်းနု နာမည် ထိပ်ဆုံးကပါရေ။ အံ့သြဖို့ကောင်းရေ။ အလုပ်ရှာရစွာ ယင်းလောက်လွယ်ဖို့မထင်ခ။

ဦးသိန်းနု တန်းခါးအပေါက်နားကို မရဲတရဲ ကပ်လိုက်တေ။ အပေါက်နားမှာ မြန်မာစစ်သားတယောက် အငမ်းမရ မျက်စိနန့်

” ညီမလေး ဘာရှာတာလဲ? ” (မြန်မာဘာသာ)

”အထက်တန်းလက်မှတ်ဝယ်မလို့ပါ၊” (မြန်မာဘာသာ)

”ဦးလှမောင်သိန်းရယ် လက်မှတ်ဝယ်မလို့တဲ့။” (မြန်မာဘာသာ)


ယင်းစစ်သား မဆီမဆိုင် အရောတဝင် ပြောလာရေ။ အခန်းထဲကို ဦးသိန်းနု မဝံ့မရဲဝင်လားလိုက်တေ။ ဆိပ်ကမ်းမှူး ဦးလှမောင်သိန်းဆိုစွာ အခင်ကြီးထင်ရေ။ ရခိုင်သား၊ အသက်အကြီးပိုင်း၊ လေးထောင့်စားပွဲအလယ် ကုလားထိုင်တလုံးမှာ ထိုင်နီရေ။ သူ့ဘေးပတ်လယ်မှာ အားလုံးစစ်သားတိပါ။ ဇာလုပ်နီကတ်တေမသိ။ ဝေါ်ကီတော်ကီ ခါးမှာချိတ်ထားရေ အရပ်ဝတ်နန့် မြန်မာတိလည်းမြင်ရေ။ ထောက်လှမ်းရီးဆိုစွာ လူတိထင်ရေ။ ဦးသိန်းနု ဆိပ်ကမ်းမှူးနားကို ကပ်ပြီးကေ ပြောလိုက်တေ။

” အခင်… Upper တန်း တနီရာချေ ရပါဖို့လား?”

” မချေ ညက.. Booking လုပ်ထားလာ?”

”Booking လုပ်ဖို့ရောက်လာပါသိမ့်ရေ။ လက်မှတ်စာရီးက Upper တန်းဆိုကေ မိုးထစောစောမှ လာဝယ်ရဖို့ပြောလိုက်ပါရေ။”


ဆိပ်ကမ်းမှူးကြီးတခုလည်းမပြောပါ။ မကြားလား၊ မကြားကွန်ဆောင်နီစွာလား မသိ။ မျက်နှာကလည်း ဂေါင်းချုပ်နီရေမျက်နှာမျိုး၊ စရင်းစာအုပ်ကို ရှိတခေါက် နောက်တလှန်ကြည့်နီရေ။

”မချေ အခန်းရဖို့က မသေချာကာ။ တနားလောက်စောင့်ကြည့်လိုက်နန်း”

”ဒေမှာ လူကြီးတိနန့်ပြည့်နီရေ။ သူရို့မလိုက်ဆိုကေတော့ ရလိမ့်မေ။”

လူကြီးဆိုစွာ အသက်ကြီးရေလူထက်၊ မြန်မာစစ်သား အရာဟိတိကို ခေါ်စွာလို့ သူမသဘောပေါက်လိုက်တေ။ သူ့မသူငယ်ချင်းပြောစွာ မှန်ရေထင်ယင့်။ အထက်တန်းလက်မှတ် ဆိုစွာက အမြဲတမ်းပြည့်နီရေလတ်။ မြန်မာစစ်တပ်အတွက်ရာလတ်။ စစ်သားတိမလားကေလည်း သူရို့နန့်နီးစပ်တေ လူတိရာ ရရေလတ်။ ဦးသိန်းနု ထထွေထထူးမစိုင်းစားစဗျာယ်။ ရိုးရိုးလက်မှတ်ရောင်းရေ အပေါက်နားကိုပြီးလားရေ။ ရှိက ဟိနီရေလူတိကို တိုးပြီးကေ လက်မှတ်တစောင်ဝယ်လိုက်တေ။ ပြီးကေ ဆီးဗူးအတွက် တန်ဆာ (ကုန်ခွန်ခ) ဆောင်လိုက်တေ။ အပြင်မှာ မောင်ချေနန့် ကိုဖြူသီး ရပ်စောင့်နီတုန်းသိမ့်ပါ။

”မောင်ချေ မမလက်မှတ်ရဗျာယ်။ ကိုဖြူးသီးနန့်ပြန်လီနန်း။ ကိုဖြူသီးကျေးဇူးတင်ပါရေနန်း။”

လို့ပြောယင်း ဆိုက္ကားခထုတ်ပီးပြီးကေ ဖောင်တော်အပေါက်ကတဆင့်ဖြတ်ယင်း သင်္ဘောထက်ကို တက်လိုက်ပါရေ။

ကုန်းဘတ်ထက်အရောက် ရှိက ဆီးကာတွန်းဗူးကို ထမ်းလာရေ အထမ်းသမားကို တနားစောင့်ခိုင်းယင်း သင်္ဘောသားတယောက်ပါးက ဝန်ထမ်းသက်သာ ကုလားထိုင်တလုံးကို ဖေသာ ၃၀၀ ပီးလို့ ငှါးလိုက်တေ။ အားလုံးချချောမမောပါ။ သူမ ရလိုက်တေ ကုလားထိုင်နီရာက နီရာကောင်း။ သင်္ဘောဘေးဘောင်တန်းနန့် မနီးမဝီး။ လီသသွတ်ချေနန့် ပပိုက်နနှိုက်ကျရေ။ ယေလည်း တခုမကောင်းစွာက ညှာဖက်ဒေါင့် လူငါးယောက်လောက်အခြားမှာ စစ်သားတအုပ်စုပါလာရေ။ သူရို့တိကိုကြည့်ရစွာ ဒေသင်္ဘောထက်မှာ သူရို့အုပ်စုကအပ ကျန်လူတယောက်လည်း မပါလို့ထင်နီပုံရရေ။ အော်ကျယ်ဟစ်ကျယ်နန့် ရရောင်သတ်ပြီးကေ ဖိုသံပီးနီကတ်တေ။ သူ့ရို့မျက်လုံးတိက အပြစ်ဒဏ်အပီးခံထားရရေ မျက်လုံးတိပိုင် သူမကို မျက်လုံးကျွတ်ထွက်အောင်ကြည့်နီကတ်တေ။ သူမဂရုမစိုက်ပါ။ တခါတရီ သူမကိုယ်သူမ မုန်းချင်ရေ။ ဇာဖြစ်လို့ ငါ့ခန္ဓာကိုမှ ယောင်္ကျားတိ စိတ်ဝင်စားကတ်တေလဲ။ သက်ပြင်းတချက်ချလိုက်ပြီးကေ မျက်နှာကို တခြားတဖက်ကို လွှဲထားလိုက်တေ။

သင်္ဘောစထွက်လာဗျာယ်။ သင်္ဘောနာမည် ”ဓညဝတီ (၁)” ပါ။ ဆတ်ရိုးကျချောင်းက သင်္ဘောတရွိရွိနန့် လိပ်ချေတကောင်ပိုင် ထွက်လာရေ။ မလိခဆိပ်နားလောက်ကိုရောက်စွာနန့် သဘောင်္တဖက်တချက်ကို ဆန်အိတ်တိတင်ထားရေ သန်ဗာန်တိ သူ့ထက်ငါအယင် ကပ်လာလတ်တေ။ ဘူးသီးတောင်ကို မှောင်ခိုခိုးတင်နီကတ်စွာတိဆိုစွာ မပြောလည်းသိရေ။ မိန်းမ၊ ယောင်္ကျားမကျန် အားလုံးသူ တက်ညီလက်ညီ သူထက်ငါယင် လုတင်နီကတ်တေ။ လူတိ တဝမ်းတခါးအတွက် အမျိုးမျိုးလုပ်ကတ်ရစွာမနား။ ဘာဘာ ရက်ပြတ်ပြောနီကျစကားတခွန်းကို နားထဲကြားယောင်လာရေ။ ငါရို့ရခိုင်ပြည်ရေ ရီခံမြီခံကောင်းရေ၊ သယံဇာတ၊ ဆန်ရီစပါးတိပွါးရေ။ ယေလည်း ဒေစနစ်ဆိုးကြောင့် ငါရို့ ထမင်းနပ်မှန်ဖို့အတွက် ကကောင်းကြိုးစားနီကတ်ရရေလတ်။ ဇာစနစ်ဆိုးလဲ သူမ မတွေးတတ်။

သင်္ဘောတရွိရွိနန့် ဆတ်ရိုးကျချောင်းကအထွက် ဘယ်ဖက်ကိုလှည့်ပြီးကေ ဂစ္စပနဒီ မြစ်ကြောင်းအတိုင်း စုန်ဆင်းလိုက်လာရေ။ သင်္ဘောကုန်းဘတ်က ကမ်းဖက်ကိုငေးကြည့်နီယင်းနန့် ကျီကရောင်ဘာကရောင်မြည်ပြီးကေ လိုက်လာလတ်တေ စိုင်းဒြားမင်းခွါငှက်တရွီကို မြင်လိုက်တေ။ အော်….ဝင်းကိုခိုင်တေးခြင်းထဲက စိုင်းဒြားငှက်ဆိုစွာ ဒေငှက်တိကိုပြောစွာမနားယေ။ သူမ ဝင်းကိုခိုင်တေးခြင်းဆိုကေ ကကောင်းကြိုက်တေ။ သူကရခိုင်ပြည်မှာ နာမည်ကြီးအဆိုတော်မနား။ သူမသူငယ်ချင်းတိလည်း အားလုံးသူ့ကိုကြိုက်ကတ်တေ။ ကုလားထိုင် နောက်မှီမှာ ဂေါင်းတင်ဗျာယ် တောင်မြောက်တွေးယင်း မျက်လုံးချေ စင်းပါလတ်တေ……………

ပူး….ပူး…..ပူး………….

သင်္ဘောဥသြသံကြောင့် သူမလန့်နိုးလားရေ။ ယာ…..ရသေ့တောင်မြို့ကိုတောင် ဆိုက်ဖို့ပျင်နီဗျာယ်။ ရသေ့တောင်ချောင်းကိုဝင်ယင်း သင်္ဘောဦးကို လှည့်နီရေ။ ဖောင်တော် အရင်းဖက်မှာ နည်းရေလူအုပ်ကြီးမဟုတ်။ ဖောင်တော်ထက်မှာတော့ခါ စစ်ယူနီဖောင်းဝတ်လို့ မြန်မာစစ်သားတိလည်းအများကြီးမြင်ရရေ။ တခုထူးဆန်းစွာက ထမင်းထုပ်၊ ဒေသထွက် အစားအစာတိ လာရောင်းကတ်တေ ဈီးသည်တိက သင်္ဘောမှာပါလာရေ ခရီးသည်တိ သာသာလောက်ဟိဖို့ထင်ရေ။ တရက်နီမှ ရသေ့တောင်မြို့ကို သင်္ဘောအစုံတစီး၊ အဆန်တစီးရာကပ်တေ။ ဒေဈီးသည်တိဘဝက သနားဖို့ကောင်းရေ။ သူမအရွယ် ဈီးသည်မချေတိကို အစောင့်ရဲတိက သင်္ဘောမကပ်ဘဲနန့် မတက်ရလို့တားနီရေကြားက ထဗိန်တတိုတိုချေဝတ်ပနာ လက်တဖက်က ဗန်းချေတိကိုင်လို့ အလုအယက် တက်ဖို့ကြိုးစားနီကတ်တေ။ အော်…အမိ..အဖ..ကျေးဇူးကြောင့်သူမ ဆယ်တန်းချေ အောင်ပြီးကေ အလုပ်ချေတခု ရရေမနား။

သင်္ဘောရသေ့တောင်ဆိပ်မှာ နာရီဝက်လောက်နားပြီးကေ မယူမြစ်အတိုင်း စုန်ဆင်းလာရေ။ ဂုနားက သင်္ဘောသားတယောက် ပြောစွာကြားလိုက်တေ။ ဒေနိ ဖြားသင့်ရေ သင်္ဘော ဘူးသီးတောင်ကို စစောရောက်ဖို့လတ်။

ဘူးသီးတောင်ရောက်ကေ ယုံးကပီးလိုက်တေ ဆီးဆိုင်လိပ်စာအတိုင်း လားရောင်းဖို့။ ယင်းအပြင် ဆိုင်အသစ်တိရှာပြီးကေ အများကြီးထွက်အောင်ရောင်းခဖို့။ အများထွက်လီ သူမအတွက် ကော်မသျှင် ပိုရလီမနား။ ဒေအတိုင်းဆိုကေ ခရီးစရိတ်ကလည်း စိကေတဗွေထွက်ဖို့။ ယုံးက အထက်တန်းလက်မှတ်ခ ပီးရေ။ သူမရိုးရိုးတန်းနန့် လာရေ။ ထမင်းစရိတ်လည်းသက်သာရေ အိမ်ကထမင်းဗူးချေ ယူလာရေ။ ပိုစွာဖေသာချေတိကို မောင်ချေ၊ ညမချေတိ အတွက်လိုအပ်စွာချေတိ ဝယ်ပီးလို့ရရေ။ အမိလည်း အယင်ပိုင် ပပင်ပပန်းလုပ်စရာမလို။ သူမတဖက်တလမ်းက ဖေသာထောက်ပံ့ပီးကေ အမိအယင်ပိုင် ပင်ပန်းစရာမလို။ သူမလည်း ရရေ ဖေသာချေတိစုပြီးကေ အဝီးသင်ကျောင်းစရိတ်အတွက် အမိပါးက တောင်းစရာမလိုဗျာယ်။ အချိန်ရကေ သူမကောင်းတက်ချင်ရေ ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စကားပြောသင်တန်းတိ တက်လို့ရရေ။ သူမကိုယ့်စိတ်ကူးနန့်ကိုယ် တက်ကြွနီရေ။သူမမိသားစုကိုလည်း ကူညီနိုင်ဗျာယ်ဆိုရေ ခံစားမူတိနန့် လန်းဆန်းပျော်မြူးနီရေ။ ဖူးပွင့်စ သဇင်ပန်းချေတပွင့်၊ ယုံကြည်မူအပြည့်နန့်။

ယေလည်း ဒေလောကကြီးမှာ မထင်ထားစွာတိဖြစ်တတ်ပါရေ။ ဘဝပီးကံကြောင်းလား? စနစ်ဆိုးကြောင်းလား? လူပုဂ္ဂိုလ်ကြောင့်လား? သူမပါးကို ဒေပိုင်ဆိုးဝါးရေ အဖြစ်ဆိုးကြီးကျလာဖို့စွာ မသိစွာအမှန်ပင်။

ခရီးသည်တိ ရွစိရွစိ ဖြစ်နီကတ်တေ။ သင်္ဘောဆိုက်ဖို့ ဦးလှည့်နီဗျာယ်။ ထူးဆန်းစွာက ရသေ့တောင်ဆိပ်ကမ်းမှာထက် များရေလူအုပ်ကြီးပင်ဖြစ်တေ။ ကူလီသမားတိက တဝက်လောက်ဟိဖို့ထင်ယင့်။ ကျန်တဝက်က မြန်မာစစ်သားတိနန့် လာကြိုရေလူတိပင်ဖြစ်တေ။ နောက်တခုက ဘူးသီးတောင်မှာ ဒေလောက်ကုလားများဖို့မထင်ခ။ ဒေမြို့လူဦးရေ ၈၀ ရာခိုင်နှုန်းစွာ ကုလားတိလတ်။

သူမနားကို အထမ်းသမား တရွီရောက်လာရေ။ စက္ကူဗူးချေတဗူးကို သူထမ်းဖို့ ငါထမ်းဖို့ လုနီကတ်တေ။ သူမမျက်နှာတတင်းနန့် သူမနားကို အယင်ရောက်လာရေ အထမ်းသမား ထမ်းဖို့ပီးလိုက်တေ။ ဆီးကာတွန်းကို မျက်စိချယင်း ရှိကခရီးသည်တိနောက်က မျှောင်လိုက်လာလတ်တေ။ မြန်မာစစ်သားတိနန့် ယင်းသူရို့မိသားစုတိ အယင်တက်ပြီးမှ ကျန်ခရီးသည်တိကို တက်ခွင့်ပြုရေ။ သူမရှိက ခရီးသည်တိကို ရဲ၊ လဝက၊ ကာစတင်၊ တဖွဲ့ပြီးတဖွဲ့စစ်ဆေးနီရေ။ ထူးဆန်းစွာက ကာစတင်ဆိုရေ လူတိကလည်း စစ်ယူနီဖောင်းဝတ်ထားရေ။

သူမအလှည့်ကျလာရေ။ ယင်းတပ်ဖွဲ့က နှာဘူးတိ သူမခန္ဓာက မျက်စိလုံးဝမခွါ။ အဆိုးဆုံးက ကာစတင်ဆိုရေ စစ်ယူနီဖောင်းဝတ်ထားရေ မြန်မာစစ်သားနှစ်ယောက်။ ကိုယ့်နှမ သူ့နှမ မစာနာ၊ ဒေလောက်ပင် ရရိုင်းစစိုင်းကြည့်ရလာ။ လဝကခုံရှိကိုအရောက် အလုပ်မဟိအလုပ်ရှာလို့ မှတ်ပုံတင်ပြခိုင်းရေ။ အော်….ရခိုင်က ရခိုင်ပြည်မှာ မှတ်ပုံတင်ပြရရေဘဝ။ လဝက ကပြုံးစိစိနန့် မှတ်ပုံတင်ပြန်ပီးရေ။ ဒုတိယ ခုံတန်းကိုရောက်လာရေ။ အရှက်မဟိရေ တဏှာရူးတိခုံတန်း။ ထိုလူနှစ်ယောက်နားကို ရောက်စွာနန့် သူမ ဖော်မပြတတ်တေ အန္တရာယ်အငွိအသက်တခု ရလိုက်တေပိုင်။

”ညီမလေးက ဆေးကုမ္ပဏီကလား?” (မြန်မာဘာသာ)

”ဟုတ်ကဲ့” (မြန်မာဘာသာ)

”ဒီကိုမရောက်ဖူးဘူးထင်တယ်” (မြန်မာဘာသာ)

တယောက်မျက်နှာ တယောက်ကြည့်လို့ ပြုံးစိစိနန့် ကြည့်လိုက်ကတ်တေ။ သူရို့မျက်နှာတိက စားနီကျကြောင်ဖားတိပိုင်။ ငါရို့အတွက် ဂွင်တဂွင်မိဗျာယ်ဆိုရေအတိုင်း။ သူမတခု စိုင်းစားမိလိုက်တေ။ ဒေတဏှာရူးတိ ငါဆီးကုမ္ပဏီကဆိုစွာ ဇာပိုင်သိလဲဂု? အော်…. သိဗျာယ် ငါ့ဆီးကာတွန်းဘူးကိုမြင်လို့ထင်ရေ။ ယင်းပိုင်စိုင်းစားနီယင်း……..

”ညီမလေးမှာ ဆီးသယ်ယူခွင့် စာရွက်ပါရဲ့လား?” (မြန်မာဘာသာ)

သူမမှာ ပါလာရေခါ ဆီးစရင်းကိုထုတ်ပီးလိုက်တေ။ ကုမ္ပဏီက သယ်ယူခွင့်ဆိုရေစာကို မပီးလိုက်။ တခြားကိုယ်စားလှယ်တိလည်း လိုရေလို့ တခါလည်းမပြောဖူး။ အော်…တခုခုဖြစ်လို့ကမလွယ်။ Supervisor က ဒေဆီးကာတွန်းကို ဂရုစိုက်ဖို့နန့် မပျောက်ချဖို့ သူမကို အတန်တန်မှာလိုက်တေ။ ပစ္စည်းပျက်စီးဆုံးယှုံးကေ သူမအပြစ်လတ်။ ဆီးတန်ဖိုးက လွယ်စွာမဟုတ်။

”မပါဘူး” (မြန်မာဘာသာ)

သူမပစက ပြုတ်နန့်ပင် ထွက်လာရေစကားလုံးပါ။ သူရို့နှစ်ယောက် ဒုတိယအကြိမ်တယောက်မျက်နှာကိုတယောက် ထပ်ပနာ ကြည့်ယင်း ပြုံးလိုက်ကတ်စွာ သူမမြင်လိုက်တေ။ သူရို့လိုချင်ရေ အဖြေရလားရေပုံမျိုး။

”ဒါဆို ညီမဆေးကာတွန်းကို အကိုကြီးတို့ ခဏသိမ်းထားလိုက်မယ်။ စိတ်ချ ညီမဆေးတွေ မပျောက်စေရဘူး။ ညနေ ၉ နာရီမှာ ဒီလိပ်စာအတိုင်း လာယူလိုက်နော်။” (မြန်မာဘာသာ)

သူမစိတ်မှာ စိုးရိမ်မူနန့်အတူ အားငယ်စိတ်ပါဖြစ်လာလတ်တေ။ တခြားသူတိလည်း ဒေအတိုင်း လာနီကတ်စွာဗျာယ်မနား။ ငါ့ခါကျမှ ဇာတွက် သိမ်းထားလိုက်စွာလဲ။ ဇာပင်ဖြစ်ဖြစ် ညဇာ ၉ ချက်တီး လားယူခီရဖို့။ အားလုံးအဆင်ပြေလိမ့်မေလို့ သူမကိုယ်သူမ အားတင်းလိုက်တေ။ သင်္ဘောဆိပ်တတည့်မှာ တည်းခိုခန်းတခုတွိစွာနန့် ယင်းတည်းခိုခန်းကို တန်းဝင်လိုက်တေ။ မှတ်ပုံတင်နန့် ကျသင့်ရေ ဖေသာာကို ယှင်းပြီးနာ သူမအတွက် ပီးရေအခန်းထဲကို ဝင်လိုက်တေ။ ဂုမှ ၆ ချက်တီးရေသိမ့်။ ၉ ချက်မတီးခင် ရီမိုးချိုးပြီးနာ ထမင်းစားပြီးကေ အသင့်လုပ်ထားရဖို့မနား။ သူမရီချိုးပြီးကေ ဝမ်းဆာလာစွာနန့် တည်းခိုခန်းဘေးက ထမင်းဆိုင်ကို ဝင်စားလိုက်တေ။ ထမင်းစားရစွာရာတခု ထမင်းမခြီ။ ထမင်းဆိုင်မှာ ထိုင်ယင်းနန့် ထိုဒေတွေးနီလိုက်ယင်း ၈ ချက်တီးခွဲလားရေ။ ဘူးသီးတောင်မြို့မှာ နီဝင်စွာနန့် လူတိ အလားအလာ နည်းပါလတ်တေ။ သူမ ကုလားဆိုက်ကားတစီး ငှါးပနာ လိပ်စာအတိုင်း မောင်းခိုင်းလိုက်တေ။ ဘူသီးတောင်မြို့ထဲမှာ ဒေအချိန်ဆိုကေ လမ်းမှာ လူအလားအလာ ကောင်းနည်းလားဗျာယ်။ ဆိုက်က္ကားသမား မြို့ပြင်ဖက်ကို ဦးတည်နင်းနီရေ။ သူမကြောက်စိတ်တိဝင်လာရေ။ တလမ်းလုံးမှောင်နီရေ။ ယေပင်လည်း သူမကိုသူမ အားတင်းလိုက်တေ။ ကောင်းမကြာခင် လိပ်စာကအိမ်ရှိကို ရောက်လာရေ။ ဆိုက္ကားသမားကို ဖေသာပီးပနာ အိမ်တန်းခါးဝကို လျှောက်လိုက်တေ။ ဘေးပတ်ဝန်းကျင်တခုလုံး မှောင်ပနာ တိတ်ဆိတ်နီရေ။ အိမ်တန်းခါးနားကိုရောက်စွာနန့် အိမ်ထက်က လူတယောက်ဆင်းလာရေ။

”ဝင်လာခဲ့ညီမ” (မြန်မာဘာသာ)

သူမပါးက အထုပ်သိမ်းယူထားလိုက်တေလူဆိုစွာ သူမချက်ချင်းမှတ်မိလိုက်တေ။ ယင်းလူက အိမ်ထက်ကို ဦးဆောင်ခေါ်လားရေ။ ယောင်ပြင်ခန်းကို ရောက်စွာနန့် နောက်တယောက်ကို တွိလိုက်တေ။ ယင်းလူလည်း သင်္ဘောဆိပ်မှာ သူမပါးက အထုပ်သိမ်းထားရေလူထဲကတယောက်ပါ။ သူရို့နှစ်ယောက်လုံးကို ကြည့်ရစွာ မျက်စိတိ ဂနာမငြိမ်ဖြစ်နီကတ်တေ။ ဆတ်တီခုံထက် အရက်ပုလင်းထောင်ထားကတ်တေ။ ဒေလူတိ အရက်သောက်နီကတ်တေ။ ဇာတွက်ငါ့ကို ဒေအချိန်မှ ခေါ်စွာလဲ။ ဒေလူတိ ရိုးကရိုးယင့်လား။ သူမကြောက်စိတ်ဝင်လာရေ။ ယေလည်း အားတင်းပြီးကေ ခုံဝိုင်းမှာ ဝင်ထိုင်လိုက်ယင်း စိုးရိမ်တကြီးမီးလိုက်တေ။

”ကျမ ဆေးတွေ ….” (မြန်မာဘာသာ)

”ဘာမှမစိုးရိမ်နဲ့ အကိုတို့ အဆင်ပြေအောင်လုပ်ထားတယ်” (မြန်မာဘာသာ)

လို့ သူမစကားမဆုံးခင် ထိုင်နီရေလူက ဝင်ပြောလိုက်တယ်။

”အဲလိုဆိုရင် ကျမဆေးယူပြီး ပြန်တော့မယ်၊ အပြင်မှာ မှောင်နေပြီ။” (မြန်မာဘာသာ)

”ဖြည်းဖြည်းပေါ့ ငါတို့က နင်ကိုမြင်ကတည်းက အယမ်းခင်ချင်နေတာ” ”ရခိုင်မလေးတွေက အယမ်းခင်ဖို့ ကောင်းတာ” (မြန်မာဘာသာ)

လို့ပြောယင်း အရက်တခွက်မော့သောက်လိုက်တေ။ ယင်းလူထိုင်နီရေ ခုံဘေးနားမှာ ဆီးကာတွန်း ချထားစွာကို သူမမြင်လိုက်တေ။

”မှောင်နေလို့ ကျမပြန်တောမယ်နော်….” (မြန်မာဘာသာ)

လို့ပြောပြီးကေ ဆီးကာတွန်းကို ထယူဖို့ အပျင်……

သူမပက်ခုံးးထက်ကို နောက်ကရပ်နီရေလူ လက်နှစ်ချောင်းတင်ယင်း သိုင်းဖက်ဖို့ကြိုးစားလာရေ။ သူမ ရှက်ခြင်း၊ ဒေါသထွက်ခြင်း၊ ကြောက်ခြင်းတိ တပြိုင်တည်းဖြစ်လားရေ။ သူမခန္ဓာ တဆတ်ဆတ်တုန်နီရေ။ ငါဇာလုပ်ကေ ကောင်းဖို့လဲ။ အော်လိုက်ကေ ကောင်းဖို့လား။ မဖြစ်သိမ့် အော်လို့ လူတိသိလားကေ ရှက်ကောင်းထမန်း။ ငါဒေက အယင်ထွက်ပြီးရဖို့လို့ ဆုံးဖြတ်ယင်း ယင်းလူလက်ကို ပုတ်ခါပြီးကေ တန်းခါးဝကို ထွက်ပြီးရေ။ လှီကားထစ်ကို ဆင်းဖို့အပျင်မှာ ယင်းလူ သူမလက်ကိုဆွဲဖို့ကြိုးစားရေ။ ကြောက်စိတ်နန့် ဇကုန်လက်ပြန်တုတ်ပနာ ခြံပြင်ကိုထွက်ပြီးရေ။ ယင်းလူယုတ်မာနှစ်ကောင် နောက်က ထက်ကြပ်လိုက်တေ။ ခြီလှမ်း အလှမ်းလေးငါးဆယ်လောက်ရာပြီးလိုက်ရရေ။ နောက်ကလိုက်လာရေလူ သူမကို မှီလာရေ။ သူမအင်္ကျီကိုအားနန့်ဆွဲပြီးနာ ရှိကိုဆောင့်တိုးလိုက်တေ။ ယောင်္ကျားနန့် မမအား ဇာပိုင်နိုင်ဖို့လဲ။ သူမ ရှိကို အားလွန်ကျပနာ ဘေးကမြောင်းကို လူးကျလားရေ။ နောက်ကလိုက်လာရေ လူယုတ်မာ သူမကိုခွပြီးကေ လက်နှစ်ဖက်ကို ချုပ်ဖို့ကြိုးစားနီရေ။ ဒေတခါတော့ မထူးဗျာယ်။ ငါအော်လိုက်ဖို့ဗျာယ်။ ဒေခွီးသား လူယုတ်မာတိလက်ထဲမှာတော့ ငါအရောက်မခံနိုင်။ သူမ ဟိသမျှအားကို ညှစ်ထုတ်ပနာ အသံကုန်အော်ချလိုက်တေ။ ဇာအသံလည်းမထွက်လာ။ နောက်ကထပ်လိုက်လာရေ နောက်တယောက်လူယုတ်မာက သူမပစကိုဖိထားလိုက်တေ။ တယောက်က ပစပိတ်ယင်း နောက်တယောက်က သူမပေါင်နှစ်ဖက်ကို လှမ်းချုပ်လိုက်တေ။ သူမဟိသမျှအားနန့် အစွမ်းကုန်ရုန်းယင်း ကြောက်လန့်ခြင်း၊ ဒေါသထွက်ခြင်း၊ ရှက်ခြင်း၊ မွန်းကျပ်ခြင်းတိနန့်အတူ အမှောင်ထဲမှာ အမှောင်ကို ထပ်ဆင့်လူးကျလားရေ။

”တေး….တေး….တေး……”

ကားဟွန်းသံကြောင့် သူမ လန့်နိုးးသတိရလာရေ။ ငါဇာကိုရောက်နီစွာလဲ။ အော်..သိဗျာယ် ထိုလင်းပြန်မသား လူယုတ်မှာတိ ငါ့ကို အဓမ္မကျင့်လားခဗျာယ်။ သူမအင်္ကျီသီးတိကို ပြန်တပ်ပနာအထ ဆီးဗူးကို လက်နန့်တိုက်မိလိုက်တေ။ ယင်းလူယုတ်မာတိ သူရို့ဆန္ဒကိုဖြည့်ပြီးကေ ဆီးဗူးကို ထားပစ်ခကတ်တေ။ သူမ ဝမ်းနည်းပက်လက် ငိုချလိုက်တေ။ အော်…မဖြစ်သိမ့်။ လူတိမြင်လို့မဖြစ်။ ဆီးကာတွန်းဗူးကို ကိုင်ထလိုက်တေ။ ဘူးသီးတောင် ဆောင်းရာသီ အအီးဒဏ်ကလည်း သူမကို တစိချေလည်းမညှာတာ။ နှင်းထုတိကြောင့် အားလုံးကို ဝဝါးချေရာမြင်ရရေ။

”ကလိမ်….ကလိမ်….ကလိမ်….” ဆိုက္ကားသမားတယောက် သူမအနားမှာ လာရပ်လိုက်တေ။

”မမ ဆိုက္ကားစီးပါဖို့လား?”

သူမ ဆိုက္ကားသမားနားကို ကပ်လိုက်တေ။ ဆိုက္ကားသမားသူမကို အနီးကပ်မြင်လိုက်စွာနန့် ပြဿနာတခုတက်ထားဗျာယ်ဆိုစွာ သူနားလည်လိုက်တေ။ သူမခန္ဓာမှာ ကျုပ်တိလူးလို့၊ ပြီးကေ ငိုထားရေ။

”မမ ဇာဖြစ်စွာပါလဲ?” ”ကျွန်တော် ဇာကူညီပီးရပါဖို့လဲ?”

သူမ မပြောလို့မဖြစ်ပါ။ သူကတဆင့် လူတိကိုပြောလိုက်ကေ ဒုက္ခကျဖို့ဆိုစွာသူမ သဘောပေါက်တေ။ ယင်းခမီးအမျိုးသားကို အကျဉ်းချုပ်ပြောပြလိုက်တေ။

”တောက်….ခွီးသမီးသား အောက်သားတိ…….တခါမဟုတ်…….” ရင်ထဲကခံပြင်းသံနန့် ပြောလိုက်တေ။

သင်္ဘောဆိပ်ကိုအရောက်မှာ သူမပါးက ငါးရာတန် သုံးရွက်ထုတ်ပီးရေ။ သူအတန်တန်ငြင်းရေကြားက သူမအတင်းပီးပြီးကေ ကတိတခုတောင်းလိုက်တေ။

”အခင် ကျေးဇူးပြုလို့ တယောက်ကိုလည်းမပြောပါကဲ့နန်း။”

သူမအပြန်သင်္ဘောထက်မှာ မငိုအောင်းတတ်နိုင်သရွိထိမ်းချုပ်ထားရေ။ ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်း၊ မုန်းတီးနာကျီးခြင်း အားငယ်ခြင်းတိနန့်အတူ……. ဘာဘာ ပြောခရေစကားချေကို သတိရလိုက်တေ။

”ဒေလင်းပြန်မသား မြန်မာစစ်သားတိ ကိုယ်ချင်းစာတရားမဟိရေ အကောင်တိ”

မျိုးသာဂီ (ရခိုင်ပြည်)
မှတ်ချက်။ ။ ခမီးအမျိုးသားသူငယ်ချင်းက ပြောပြရေ အဖြစ်မှန်ကို အခြီခံရွီးသားထားပါရေ။

မဟာပညာကျော်

မဟာပညာကျော်
=========

ဤဇတ်လမ်းကို အနာဂါတ် ရခိုင်ရင်သွီးငယ်ချေရို့ သင်္ခန်းစာရစီဖို့ တစုံတယောက်သောသူက အနုပညာလက်ရာမြောက်စွာ ဗွီဒီယိုဇတ်လမ်းတခွေ ဖန်တီးသင့်သည်။ သို့သော် ရခိုင်ဘုရင်သည် မြန်မာဘုရင်ပုဏ္ဏားဂေါင်းပေါင်း မဆောင်းသင့်ပေ။ ရခိုင်ဘုရင် မကိုက်သရဖူကိုရာ ဆောင်းသင့်ပါသည်။

တနိသောအခါ ပြည့်သျှင်မင်းဖလောင်းကြီးသည် မဟာမုနိဘုရားကို ဖူးမြော်ကြည်ညိုရန်ထွက်တော်မူသည်။ မင်းကြီးဝတ်ဆင်တော်မူသော ပတ္တမြားလက်စွပ်သည်ကျွတ်၍ ရီထဲသို့ကျလတ်သည်။ လက်စွပ်ကို ငါးတကောင်ရ၍မျိုသည်။ တလမျှဟိလတ်သောအခါ ထိုငါးကို တံငါတယောက်ရသည်။ ငါးဝမ်းမှလက်စွပ်ကို တံငါရသည်။ တံငါယောက်ျားသည် ကြောက်လန့်ခြင်းကြောင့် လက်စွပ်နှင့်အတူ ငါးကိုပါဆောင်ယူလာပြီးမင်းကြီးထံဆက်သည်။ မင်းကြီးက အမတ်ပညာကျော်ကိုမီးတော်မူရာ အမတ်ကြီးလျှောက်ထုံးမူကား-

အသျှင်မင်းမြတ်။ လက်စွပ်တော်ရီသို့ကျသောအခါ၌ ငါးသည်မျိုယူသိမ်းထားသည်။ ထိုငါးသည် မိမိအသက်ကို အသီခံလျှက် တံငါထံဝင်ရောက်သည်။ ထိုငါးမှ လက်စွပ်ကို တံငါရ၍ ဆက်သလာရသည်။ ဤအရာကိုထောက်၍ မှန်တိုင်းလျှောက်ရပါသော် ဥာဏ်နည်းသူရို့ ငြိုငြင်ရာသောအကြောင်းဟိပါသည်။

အသျှင်မင်းကြီး။ ဘုန်းကျက်သရေကြီးကျယ်ကြောင်းကို ပြည်သူအများသိထင်စီပြီးမှ ခုနှစ်လနှင့်ပြီးအောင် စီစဉ်ပါမည်- လျှောက်လတ်သော် ပတ္တမြားကိုယူလျှက် သားတစ်အတွင်း၌မြှုပ်သည်။ ထိုပတ္တမြားသားတစ်ကို အရွယ်သင့်တော်အောင်လှီးပြီး အခြားသားတတုံးများနှင့်အတူရော၍ ကြဲထားလတ်သည်။ ထိုသားတများကို ကျီးစွန်များချီယူကြလီရာ ပတ္တမြားဟိသောသားတစ်လည်းပါလားသည်။ ဆယ်ရက်ခန့်ကြာသောအခါ ထိုစွန်ငှက်ကို ငှက်ခတ်သားရို့ရဟိသည်။ စွန်ဝမ်းမှပတ္တမြားကိုရ၍ ငှက်ခတ်သားသည် စွန်ကောင်နှင့်အတူတကွ ပတ္တမြားကို မင်းထံဆက်သရောက်လာပြန်သည်။ ယင်းသို့နောက်မှ မထင်ရှားသူတယောက်အား ပတ္တမြားကိုအပ်၍ ရောင်းစီသည်။ ကုလားတယောက်သည် အသပြာတရာပီးပြီး ထိုပတ္တမြားကိုဝယ်ယူသည်။ ထိုကုလားသည် ပတ္တမြားကိုရွှေနှင့်ကွင်းရန် ပန်းတိမ်သည်တဦးထံအပ်သည်။ ထိုလက်စွပ်ကွင်း၍ပြီးလျှင် ပန်းထိမ်အိမ်၌ ကုလားသို့မအပ်မှီ သူခိုးခိုး၍ပါလားသည်။ ကုလားသည် လက်စွပ်ကိုရလိုမှုနှင့် မင်းထံလျှောက်ထားလာသည်။ မင်းကြီးက အမှုကိုအမတ်ကြီးသို့အပ်သည်။ အမတ်ကြီးလည်း အမှုကိုစစ်ဆီးရာ လက်စွပ်အကြောင်းကိုသိရသည်။ အမတ်ကြီးလည်း ပြီးအောင်စီရင်မည်ဟုဆိုလျှက် ဆိုင်းငံ့၍နီလတ်သည်။

ပန်းထိမ်အိမ်မှ လက်စွပ်ခိုးယူသောသူသည် မြစ်ဆိပ်၌ရီချိုးသောအခါ လက်စွပ်ကိုချွတ်၍ တနီရာ၌ထားလတ်သည်။ ထိုလက်စွပ်ထားရာအပါး၌ ကြွက်တွင်းတခုဟိသည်။ ကြွက်သည် တွင်းမှထွက်လာပြီးအစာရှာရာ လက်စွပ်ကိုတွိပြီး ယူလားလျှက် တွင်းသို့ဝင်လားသည်။ တရားသူကြီးကျွန်တယောက်သည် ကြွက်သားစားလို၍ ကြွက်ရှာရန်လားသည်။ ထိုသူသည် အဆိုပါကြွက်တွင်းကိုတွိ၍ တူးလတ်သည်။ ကြွက်တွင်းဟိ ပတ္တမြားလက်စွပ်ကို ရလတ်သည်။ ထိုသူသည် ပတ္တမြားလက်စွပ်ကိုမထားဝံ့သဖြင့် မိမိသခင်ဖြစ်သူ တရားသူကြီးထံ အပ်နှံထားလတ်သည်။ တရားသူကြီးသည် လက်စွပ်ကိုမြင်လျှင် ပြည့်သျှင်မင်းကြီးလက်စွပ်ဖြစ်သည်ကိုသိပြီး အကြံဖြင့် ၀မ်းသာအားရသည်။ အမတ်မဟာပညာကျော်သည် ခုနှစ်လနှင့် တံငါမှု၊ ဌက်ခတ်မှု၊ ကုလား ပန်းတိမ်မှုများကို စီရင်မည်ဟု မင်းထံလျှောက်ထားသူဖြစ်သည်။ အထက်အမွီမှုတွင်လည်း ဓမ္မသတ်ကိုပယ်၍ ငါရို့စီရင်သောအမှုကိုဖျက်ခသည်။ တရားသူကြီးသည် မဟာပညာကျော်ကို အငြိုးဖြင့်အရှက်ခွဲရန် အကြံဖြစ်လတ်သည်။ သို့နှင့်လက်စွပ်ကို ခုနှစ်လလွန်ပြီးမှ မင်းထံဆက်မည်ကြံလျှက် လုံခြုံစွာ ထုပ်သိမ်းထားလတ်သည်။ တရားသူကြီး အခြားအိမ်သို့ထွက်လားခိုက် မယားဖြစ်သူသည် လက်စွပ်ကို ထုတ်ယူကြည့်သည်။ အိပ်ချင်သည်ဖြစ်၍ လက်စွပ်ကိုအနီးတွင်ထား၍ အိပ်ပျော်လားသည်။ ထိုအခိုက်
ကျီးတကောင်ရောက်လာပြီး လက်စွပ်ကိုချီယူလားကာ အသိုက်၌ထားသည်။ တရားသူကြီးသည် အိမ်သို့ပြန်ဝင်လာပြီးလက်စွပ်ကို ကြည့်ရှုစစ်ဆေးရာ မိမိထားရာတွင်မတွိ၍ မယားကိုမီးသည်။ မယားလည်း ကွယ်၍သာဆိုသဖြင့် လင်မယားရန်ရှက်တင်ဖြစ်ကြသည်။ သို့ကြောင့် လင်မယားကွာယှင်းလိုကြောင်း မင်းကြီးထံလျှောက်ထားသည်။ မင်းကြီးလည်းအမှုကို အမတ်ကြီးသို့အပ်၍စီရင်စီသည်။ အမတ်ကြီးသည် တရားသူကြီးမယားအား အမှုရင်းကို စုံစိအောင်စစ်ဆေးမီးမြန်းသည်။ လက်စွပ်ပျောက်လီသော အကြောင်းဖြစ်သည်ကိုသိရသည်။

ထိုအခါအမတ်ကြီးက အမှုကိုစီရင်ပီးပါမည်။ ဆိုင်းငံ့ပါဦးဆို၍နီလတ်သည်။ ထိုသောကာလ တနိတွင် ကျောင်းသားသူငယ်တဦးသည် ကျီးသိုက်ကိုမြင်သဖြင့်တက်ပြီး၊ ကျီးသိုက်ကိုနှိုက်ရာ လက်စွပ်ကိုရသည်။ ကျောင်းသားငယ်သည် လက်စွပ်ကို ဆရာဘုန်းကြီးသို့ပီးအပ်သည်။ ထိုဘုန်းကြီးလည်း ရတနာဖြစ်သည်၊ မင်းနှင့်ထိုက်သောဥစ္စာရာဖြစ်သည်။ မင်းအားဆက်မည်ဟူ၍ ပြည့်သျှင်မင်းကြီးထံဆက်သသည်။ မင်းကြီးလည်း အမတ်ပညာကျော်ကိုခေါ်၍ လက်စွပ်ရကြောင်းပြသည်။ အမတ်ကြီးသည် လက်စွပ်ကို သားတစ်၌ထည့်၍ ငှက်စာကျွေးသော လက်စွပ်ရက်ကစ၍ တွက်စစ်သော်ရက်ပေါင်း (၁၉၀) ဟိပြီဖြစ်ကြောင်း သိလတ်သည်။ စီရင်ရန် ရက် (၂၀) သာလိုတော့သည်။ အမှုကိုစီရင်တော့မည့်အကြောင်း မင်းကြီးအားလျှောက်ထားသည်။

အမတ်ကြီးသည် ဘုန်းကြီးအား လက်စွပ်မည်သို့ရကြောင်းမီးလျှောက်လီသည်။ ဘုန်းကြီးက တပည့်သူငယ်ရကြောင်းပြောပြသည်။ သူငယ်ကိုမီးရာ ကျီးသိုက်မှရကြောင်း အမတ်ကြီးထံလျှောက်ဆိုသည်။ ကျီးသိုက်ကို သူငယ်ပြ၍သိလတ်လျှင် ညအခါ ကျီးဖိုကျီးမစုံကိုရအောင်ဖမ်း၍ လက်စွပ်တော်နှင့်တူသော လက်စွပ်တကွင်း လုပ်ဆောင်စီသည်။ ထိုလက်စွပ်ကို ကျီးနှုတ်သီး၌ မြဲစွာချဉ်လျှက် နံနက်သောအခါလွှတ်သည်။ ကျီးဖိုကျီးမပျံလားရာသို့ မင်းစေလုလင်များကိုကြည့်စီသည်။ ကျီးဖိုကျီးမရို့သည် စားနီကျဖြစ်သော တရားသူကြီး အိမ်တွင်နားသည်။ တရားသူကြီးမယားသည် ပျောက်လားသောလက်စွပ်ကို ကျီးနှုတ်သီးတွင်ပါလာသည်ဟူလျှက် အုတ်အုတ်ကျက်ကျက်လိုက်ကြ၍ ကျီးကိုဖမ်းကြောင်း အမတ်ကြီးထံ မင်းစေရို့လျှောက်လာသည်။ အမတ်ကြီးသည် တရားသူကြီးလင်မယားကိုခေါ်ယူပြီး မီးမြန်းလတ်သည်။ ကျီးနှုတ်သီး၌ပါလာသောလက်စွပ်ကို သင်ရို့ဇာမှာက ရသနည်းမီးရာ အိမ်မှာစေသောကျွန်ကပီးအပ်၍ ရကြောင်းပြောသည်။ ထိုကျွန်ကိုအပ်စီ၍မီးစစ်ရာ ကြွက်တွင်း တူးရာကရကြောင်းလျှောက်ထားသည်။ ထိုကြွက်တွင်းကိုပြစီ၍သိလတ်သော် ထိုအရပ်၌ လူမပြတ်ချထားစောင့်နီစီပြီး ကြည့်ရှုရန်အခိုင်းထားသည်။

ထိုအခါ အထက်ခိုးသားသည် အဖော်များနှင့်ရီချိုးရန်လာပြန်သည်တွင် သည်အရပ်၌ မိမိလက်စွပ်ချထားရာမှ ပျောက်လားကြောင်း အဖော်များသို့ပြောဆိုသည်။ ထိုစကားကို မင်းစေကြားသိသော် ထိုသူအားခေါ်ယူလားပြီး၊ အမတ်ကြီးထံပီးအပ်သည်။ အမတ်ကြီးက ထိုသူကိုစစ်မီးသည်။ ပျောက်လားသောလက်စွပ်ကို ဇာကရသနည်း။ မှန်ကန်စွာထွက်ဆိုရမည်ပြောလတ်သော် ပန်းတိမ်အိမ်တွင် ခိုးရာမှရသော လက်စွပ်ဖြစ်ကြောင်းလျှောက်ထားသည်။ ထိုပန်းတိမ်ကို ခေါ်ယူ၍မီးရာ သင်္ဘောသားကုလားအပ်သောပစ္စည်းဖြစ်ကြောင်း၊ ကုလားကိုမီးရာ- အသပြာတရာပီး၍၀ယ်ရကြောင်းများကို လျှောက်ထားကြသည်။ အမတ်ကြီးလည်း အကြောင်းစုံသိပြီးဖြစ်သောအခါ ထိုအကြောင်းများကို မင်းကြီးအားလျှောက်ထားလီပြီးမှ အမှုကိုစီရင်ထုံးသော်ကား- လက်စွပ်တော်ရီသို့အကျတွင် မြီလက်မခံ၍ ငါးသိမ်းထားသည်။ ထိုငါးကိုတံငါရသည်။ ထိုတံငါလက်စွပ်ကိုမြင်လျှင် မထားဝံ့၍ မင်းထံဆက်သလာသည်များမှာ မြီပိုင်ရီပိုင်တိုင်းနိုင်ငံအတွင်း၌ဟိသောသူရို့သည် အစိုးရအသျှင့် ကျွန်တစေသာဖြစ်ကြသည်။ လက်စွပ်တော်ကို တံငါဆက်၍ရသည့်နောက်ပိုင်း ထိုလက်စွပ် မင်းလက်သို့မရောက် ပျောက်လတ်သော် တံငါကပီး၍ရသောကြောင့် လက်စွပ်တန်ဘိုးကို တံငါသို့ မင်းကပီးသင့်သည်။ တံငါဆက်လာသည့်နောက် ထိုလက်စွပ်သည် သတ္တ၀ါမျိုးစုံထံရောက်မှ မပျောက်မဆုံး ဆက်သလာရောက်ပြန်ရသည်။ တရားကျမ်းဂန်၌ သူတော်ကောင်းရို့ဥစ္စာကို ရီမှာပစ်လည်းမနစ်။ မီးမှာပစ်လည်းမချစ်- ဟူ၍ဆိုသော ရှိဟောင်းပညာဟိရို့ဆိုသောစကားဟိသည်။ အသျှင်မင်းတရားကြီး ဘိသိက်ခံတော်မူရာ အင်္ဂါပြည့်စုံ တရားစောင့်ထိန်းတော်မူသည်ဖြစ်၍ လူနတ်ကြည်ညိုသောကြောင့် သုံးကြိမ်တိုင်အောင် လက်စွပ်တော်ကို နတ်ရို့ညွှန်ရာ လူလာ၍ပို့ဆက်လာရသည်။

ရဟန်းသော်ကား တရားနှင့်လျှော်သည်ဖြစ်၍ ပစ္စည်းလေးပါးမြဲစီသင့်ပါသည်။ တံငါနှင့်ငှက်ခတ်သမားမှာ ကိုယ်နှင့်မထိုက်သောအရာကို သိတတ်သောသဘောဟိသူဖြစ်၍ မင်းဘဏ္ဍာထိန်းအပ်သော ကျွန်ကောင်းလက္ခဏာဝင်သည်။ တရားသူကြီးမှာ ကြွက်နှင့်တူသည်။ ပန်းတိမ်မှာ စွန်နှင့်တူသည်။ ကုလားမှာ ငါးနှင့်တူသည်။ ခိုးသူမှာ ကျီးနှင့်တူသည်။ ထိုငါးစသောသတ္တ၀ါလေးကောင်ရို့ ဒဏ်ရောက်သည့်နည်းတူ ကုလားစသော လူလေးဦးရို့ မင်းပြစ်သင့်ရာသည်ဟူ၍ စီရင်လတ်သော် နွီကာလစင်ဖြစ်လျှက် မိုးကြီးသည်းထန်စွာ ရွာလီသောကြောင့် မင်းကြီးလည်းအားရတော်မူ၍ ဆင်တော်မူသောလက်ကောက်ကို မဟာပညာကျော်အမတ်သို့ တရားဆုပီးတော်မူ၏။

(မဟာပညာကျော်လျှောက်ထုံး)

လင်းဋ (သို့မဟုတ်) လဒ

လင်းဋ (သို့မဟုတ်) လဒ
==============

အခါတပါးတွင် အလွန်သန်မာဖြတ်လတ်သော ၀ံလက်ငှက်တကောင်သည် ပင်လယ်ကမ်းစပ်နား ကျောက်ဆောင်များကို မင်းမူကျက်စားလျှက်ဟိသည်။ သူသည်မျက်စိအမြင်လည်း အလွန်ကောင်းသည်။ ပင်လယ်ရီပြင်အောက် (၁၂) တောင်အနက်ကို ဖောက်ထွင်းမြင်နိုင်စွမ်းဟိသည်။ ငါးကြီးငါးငယ် ငါးလိပ်ကျောက် ငါးလက်ခွာ တကောင်မကျန် သူ၏စူးချွန်သော ခြီလက်သဲဖြင့် ကုတ်ယူဖမ်းယူနိုင်စွမ်းဟိသည်။ ထို့ကြောင့် သူအား ရီပြင်၊ မြီပြင်၊ လီပြင် သုံးခွင်ပိုင်စိုး ၀ံလက်မျိုးဟု တင်စားခေါ်ဝေါ်သည်။ ထို့ကြောင့် သူသည် သူ့ကိုယ်သူ အလွန်မြောက်ကြွဂုဏ်ယူသည်။ ငါ့ပိုင်လူ အေကမ္ဘာမှာ မဟိ။

အခါတပါး သူသည် ဈာန်ဝင်၍ လီပြင်အာကာကောင်းခင်၌ လီဟုန်စီးဝဲပျံနီဆိုက် သူမင်းမူကျက်စားရာ ကျောက်ဆောင်အနီးအနားပတ်ဝန်းကျင် တောနက်ထဲတွင် အလွန်လှပသော ဥဒေါင်းတကောင်ကို မမျှော်လင့်ဘဲ ဖူးတွိရလိုက်သည်။ ဥဒေါင်းမင်းသည် နီခြည်အောက်တွင် သူ၏အမွှီးအတောင်များကို ဖြန့်ကားလျှက် ကမြူးနီဆိုက်ဖြစ်သည်။ ပြိုးပြက်သောရောင်ခြည် နီဝါသောရွှီအဆင်းဖြင့် ကတ္တီပါကော်ဇောဖြန့်ကြက်ထားသကဲ့သို့ တောက်ပသောဇာခြည်ဇာကွက်များဖြင့် အလွန်လှပတင့်တယ်သည်ဖြစ်၍ သူ့စိတ်ကူးထဲတွင် ဥဒေါင်းမင်းကဲ့သို့ လှပသောအမွှီးအတောင်များပိုင်ဆိုင်လိုစိတ် တဖွားဖွားဖြစ်ပေါ်လာသည်။

(ငါ့မှာ သံလျှက်ကဲ့သို့ ထက်မြက်သော ခြီသဲလက်သဲတိလည်းဟိဗျာ။ ပတ္တမြားကဲ့သို့ စူးရှတောက်ပသော မျက်လုံးအစုံလည်းဟိဗျာ။ ကမ္ဘာမြီပြင် တော်ငလျှင် သိမ့်သိမ့်တုန်စီလောက်သော ပြင်းပြသော တောင်ဖံတစုံလည်းဟိဗျာ။ ငါ့အမွှီးအမျှင်များသည်ရာ ဥဒေါင်းမင်းကဲ့သို့ ရောင်စုံဇာကွက်များဖြင့် ပြိုးပြက်တောက်ပ လှပသည်ဟိသော် အစာလောက်ကောင်းလိုက်မည်နည်း။ အေကမ္ဘာမှာ ငါ့ပိုင်ယှောင် သတ္တ၀ါဟိခန့်သိမ့်လား။)


သို့သော် ၀ံလက်မင်းသည် သူ့အမွှီးအမျှင်များ အရောင်တောက်ပလာအောင် ပဇောင်လုပ်ရခန့်နည်း အကြံအိုက်လျှက်ဟိသည်။ ငါးသတ္တ၀ါများထဲတွင် ၀မ်းဖောင်းဖောင်းဖြင့် ပကျင်းသတ္တ၀ါများသည် အလွန်ပညာဟိသည်ဟုကြားဖူးသည်။ သူ့အားမီးမြန်းစုံစမ်းကြည့်မှဖြစ်မည်ဟု အကြံရသည်။ သို့ဖြင့် သူသည် သျှစ်မိုင်အကွာ ဖြားရီတက်တွင် ပေါလောမျိုးနီသော ပကျင်းတကောင်အား တဟုန်တည်းဖြင့်ချီကုတ်လိုက်သည်။

(ဟေ ပကျင်း သင်သည် အသက်ရှင်သည်ကို အလိုဟိခန့်၏လော။ သင်သည် အသင်ရှင်ခြင်းကို အလိုဟိခန့်ဖြစ်သည်ဆိုပါက ငါ့အားမှန်ရာကို သံတော်ဦးမြတ်လျှောက်တင်လော့။ ငါ့အမွှီးအမျှင်များ အရောင်တောက်ပလာအောင် ပဇာလုပ်ရခန့်နည်း။)

(အို ကျေးဇူးကြီးလှစွာသော အသက်သခင်ဝံလက်မင်းဘုရား။ အသျှင့်၏အမွှီးအမျှင်များ ရောင်စုံပြိုးပြက်တောက်ပသည်ကို အလိုဟိတော်မူပါက ပင်လယ်ထဲသို့ မိုးထက်တကြိမ်၊ နိခြင်းတကြိမ် ညဇာတကြိမ် တနိသုံးကြိမ် ဒိုင်ပင်ထိုးတော်မူပါဘုရား။ ရက်များမကြာ အသျှင်၏အမွှီးအမျှင်များသည် ပင်လယ်ငွေဇာခြည်လွှာများကဲ့သို့ ပြိုးပြက်တောက်ပလာမည်မှာ အမှန်ဖြစ်ပါသည်ဘုရား။)

(ပညာဟိ ပီသပါပေ၏ အိုအသင်ပကျင်း။ သင်သည် သင်၏ဥပဓိရုပ်ရည်ရူပက ကြန်အင်လက္ခဏာနှင့်အညီ သူတော်သူမြတ်ဖြစ်ပေ၏။ သင့်အသက်ကို ငါချမ်းသာပီးမည်။ ဤနိဤရက်မှစ၍ သင့်အသားစားခြင်းကို ငါယှောင်ကြည်မည်။ ထိုအချိန်မှစ၍ ၀ံလက်ငှက်သည် ပကျင်းသားကို မစားခြင်းဖြစ်သည်။)

ပညာဟိပကျင်း၏အကြံကိုရယူပြီးနောက် ၀ံလက်မင်းသည် တနိသုံးကြိမ် ပင်လယ်ထဲသို့ မပျက်မကွက်ဒိုင်ပင်ထိုးသည်။ အာကာတိမ်စွန်ဖျားသို့ တောင်ဖံကို တဟုန်ချင်းရိုက်ခတ်ပျံတက်ပြီး ပင်လယ်ပြင်သို့ မိုးကြိုးပစ်သကဲ့သို့ ဒိုင်ပင်ထိုးချလိုက်သည်။ အသျှိန်အဟုန်သည် ပြင်းထန်လှသည်ဖြစ်၍ လှိုင်းလုံးကြီးများကျောက်ဆောင်သဲသောင်ပြင်သို့ တဘုန်းဘုန်းတအုံးအုံး ရိုက်ခတ်မြည်ဟီးလားသည်။ ရက်များမကြာ ၀ံလက်မင်း၏နဖူးလိုင်ဖင်းက အမွှီးမျှင်များအားလုံး ကျွတ်ထွက်ကုန်သည်။ အအီးပက်၍ နှာစီးခြောင်းဆိုးသနပတ်လိုက်သည်။ အင်အားများလည်း ချိနည်းလာသည်။ မျက်စိလည်းမှုန်လာသည်။ ငါးအစာများကိုလည်း အယင်ပိုင်ယှောင် ထိုးကုတ်ဖမ်းယူနိုင်ခြင်းမဟိတော့။ ကုတ်ရာတခြား ခြစ်ရာတခြားဖြစ်ကုန်သည်။ အစာဖမ်းမရသောအခါ သောင်ပြင်ကမ်းစပ်က ခွီးသီပုတ်ကောင်များကိုရာ စားကိန်းကြုံသည်။ ခွီးပုတ်နွားပုတ်များကိုစားယင်းသောက်ယင်း အများမကြာ ၀ံလက်မင်းသည် ဥဒေါင်းမင်းဖြစ်မလာဘဲ (လဒမျိုး) ဖြစ်လားရလီပါတော့သည်။

လူအများက လဒများလည်း မိုးထိအောင်ပျံနိုင်သဖြင့် ၀ံလက်ငှက်နှင့်ထင်မှတ်မှားတတ်ပါသည်။ သို့သော် လဒများမှာ လဒအကျင့်ကိုကျင့်၍ လဒစိတ်ဟိသူများဖြစ်သည်။

(သာလှဦး)

ပိတကာသီးခေတ်နှင့် ပညာဟိမောင်ပန်းသီး

ပိတကာသီးခေတ်နှင့် ပညာဟိမောင်ပန်းသီး
=====================

အခါတပါးတွင် ရခိုင်ပြည်တွင် အလွန်နာမည်ကျော်ကြားသော ပညာဟိတဦးဟိသည်။ သူ၏ကလောင်နာမည်မှာ (မောင်ပန်းသီး) ဖြစ်သည်။ သူသည်မျိုးရိုးစိုင်ဆက်ချမ်းသာသော အသိုင်းအ၀ိုင်းမှ မွှီးဖွားလူသူတဦးဖြစ်သည်။ လက်မွှီးမီးမလောင် ခြီမွှီးမီးမလောင်ပြုစုကြီးပြင်းလာသူတဦးလည်းဖြစ်သည်။ အရပ်လည်း (၆) ပေကျော်ရှည်သော အာဃယောက်ကျားလည်းဖြစ်သည်။ ယောက်ကျားပီသသည်ကတကြောင်း၊ မိဘမျိုးရိုးစိုင်ဆက်ချမ်းသာသည်ကတကြောင်း၊ ဥပတိရုပ်ကောင်းပြီး ခန့်ငြားထည်ဝါကြက်သရေဟိသည်ကတကြောင်း၊ ဖက်ပေါင်းစုံပြည့်စုံသောကြောင့် သူ့အားမိမ္မများ အလွန်ကြိုက်နှစ်သက်သည်။

သို့သော်သူသည် အလွန်စာရိတ္တကောင်းမွန်သူတဦးဖြစ်သည်။ မိမ္မလုံးဝမလိုက်စား။ အသောက်စကားကင်းသည်။ သူတပါးအားကူညီရိုင်းပင်းတတ်သည်။ ကြင်နာသနားတတ်သည်။ အငယ်ကပင် သူ့ကျောင်းနီဖက်သူငယ်ချင်းများ ကျောင်းသုံးစာအုပ်မ၀ယ်နိုင်၊ လွယ်အိပ်ကျောက်သင်ပုန်းမ၀ယ်နိုင် ထိုအခါများတွင် သူက မုန့်ဖိုးထဲကငွေကို ပီးကမ်းစွန့်ကြဲလေ့ဟိသည်။ ထို့ကြောင့်သူအားသူငယ်ချင်းများက အချေကပင် (သူတော်ချေ) ဟု ချစ်၍တော့၍ခေါ်ကြသည်။ သို့သော် အကျင့်စာရိတ္တနှင့်ပတ်သက်လာလျှင်ကား ခိုင်မာပြတ်သားသည်။ နှမ်းတစိသားလည်းအလျှော့မပီးတတ်။ နှစ်သစ်ကူးသင်္ကြန်ရက်များတွင်လည်း သူငယ်ချင်းများသောက်စားပျော်ပါးရန်ဖိတ်ခေါ်သောအခါ သူကခါးခါးသီးသီးငြင်းဆန်တတ်သည်။ ထို့ကြောင့် သူ့သူငယ်ချင်းများက သူအားချစ်လည်းချစ်သည် မုန်းလည်းမုန်းသည်။ ချစ်ရသည့်အကြောင်းရင်းက သူရို့ဒုက္ခရောက်သောအခါ သူက နိမဆိုင်းညမဆိုင်း ကူညီတတ်သောကြောင့်ဖြစ်သည်။ မုန်းရသည့်အကြောင်းက သောက်စားပျော်ပါးအကြံများကို လက်မခံသောကြောင့်ဖြစ်သည်။ သူသည် ၀ါတွင်းဝါဆို အခါကြီးရက်ကြီးသင်္ကြန်ရက်များတွင်လျှင်မဟုတ် ၀ါတွင်းကာလ လပြည့်လကွယ်တရက်မပျက်ဥပုသ်စောင့်သည်။ ၀ါကျွတ်လွန်သော်လည်း ဘုရားကျောင်းကန်လားမြဲလားကာ ဆရာသမားများအား ၀တ်ကြီးဝတ်ငယ်ပူဇော်ကန်တော့လေ့ဟိသည်။ ထို့ကြောင့်သူသည် အချေကပင် "ဘုရားတကာကျောင်းတကာ" ဟူသောဘွဲ့နာမကို ပါရမီဘ၀ကံအကြောင်းအားလျှော်စွာ ပိုင်ဆိုင်ထားသူတဦးလည်းဖြစ်သည်။

သူသည်စာအလွန်တော်သူတဦးလည်းဖြစ်သည်။ စာလည်းအလွန်ကြိုးစားသည်။ ထို့ကြောင့် အတန်းတိုင်းတွင်ပထမအမြဲတမ်းရသည်။ အားကစားလည်းအလွန်ထူးချွန်သည်။ စွယ်စုံရပါရမီသျှင်ဖြစ်သည်။ ထို့ကြောင့် ဆရာဆရာမများက သူ့အားအလွန်ချစ်ခင်အားကိုးသည်။ မြို့မျက်နှာပန်းအဖြစ်တင်စားကြသည်။ နှစ်စဉ်နှစ်တိုင်းလူရည်ချွန်အရွီးခံရပြီး ငပလီ၊ ရွှေဝါကျိုင်စသဖြင့် မြန်မာပြည်အနှမ့် လူရည်ချွန်စခန်းများကိုလည်းရောက်ဖူးသည်။ ဆယ်တန်းတွင်နှစ်ချင်းပေါက် ဂုဏ်ထူး (၄) ဘာသာဖြင့် ထူးထူးချွန်ချွန်အောင်မြင်သည်။ ဆယ်တန်းကို (၄) ဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူမှာ သူရို့မြို့သမိုင်းတွင် သူသာလျှင်ပထမဆုံးအကြိမ်ဖြစ်သည်။ ကျန်နှစ်များတွင် ဂုဏ်ထူး (၁) ဘာသာ (၂) ဘာသာဖြင့်အောင်မြင်သူ မဟိသလောက်ဖြစ်သည်။ ဆီးတက္ကသိုလ်ဝင်ခွင့်ရသော်လည်း ဆရာဝန်ဘ၀ကိုစွန့်ပြီး သူဝါသနာပါရာ မြန်မာစာအဓိကဖြင့် တန်းမြင့်မဟာဝိဇ္ဇာဘွဲ့ကို ထူးချွန်စွာဆွတ်ခူးအောင်မြင်ခသည်။ တက္ကသိုလ်နောက်ဆုံးနှစ်တွင် သူ၏ဖူးစာပါရမီသျှင်နှင့်တွိဆုံပြီး အိမ်ထောင်ကျသည်။ ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနတွင် နည်းပြဆရာအဖြစ်စတင်အမှုထမ်း၍ သူ၏ထူးကဲသောအရည်အခြင်းကြောင့် နှစ်များမကြာသူသည် မြန်မာစာဌာနတွင် ဂုဏ်ထူးဆောင်ပါမောက္ခတဦးဖြစ်လာသည်။ အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ပါမောက္ခဖြစ်လာသူဟူ၍ ရန်ကုန်တက္ကသိုလ်သမိုင်းတွင် ပညာဟိမောင်ပန်းသီးတဦးတည်းသာလျှင်ဟိသည်။ ထို့ကြောင့် ရခိုင်ကျောင်းသားကျောင်းသူများ ရန်ကုန်တက္ကသိုလ်စာပီလောကတွင် မောင်ပန်းသီး၏နာမအသျှိန်အ၀ါကြောင့် မျက်နှာပန်းအလွန်ပွင့်လန်းကြသည်။ ဂုဏ်ယူမြောက်ကြွကြသည်။

ပညာဟိမောင်ပန်းသီးသည် အလွန်မျိုးချစ်စိတ်ထက်သန်သူလည်းဖြစ်သည်။ သူ့တပည့်သားသမီးများအား "အမျိုးသီလ၊ နှစ်ဌာနကို၊ ပြည့်ဝမဏ္ဍိုင်၊ စောင့်စွမ်းနိုင်၍၊ ရက္ခိုင်ဝံသ၊ ဘွဲ့မည်လှဖြင့်၊ အနွတ္တသညာ၊ ခေါ်အပ်စွာတည့်" ဟူသော သူ၏လက်သုံးအသျှင်နာဂိန္ဒမော်ကွန်းလင်္ကာဖြင့် ဆိုဆုံးမလေ့ဟိသည်။ သို့သော် လင်္ကာတပုဒ်လုံးကိုကား သူတခါမှမဖတ်ဖူးပေ။ မြင်လည်းမမြင်ဖူးပေ။ အသျှင်နာဂိန္ဒကား လေးမြို့ခေတ်စာဆိုလား၊ မြောက်ဦးခေတ်စာဆိုလား အတိအကျမသိ။ တခါတွင် လေးမြို့ခေတ်က၊ တခါတွင်၊ မြောက်ဦးခေတ်က၊ တခါတွင် ဝေသလီခေတ်ကစသည်ဖြင့် ယောင်သျွှီးလုပ်တတ်သည်။ သို့သော်သူသည် နဖူးပြောင်ပြောင်ဖြင့် မှင်အလွန်ကောင်းသဖြင့် တပည့်သားသမီးများက သူပြောတိုင်း အားကိုးယုံကြည်သည်။ ဆရာကြီးဖေမောင်တင်ရွီးသောမြန်မာစာပီသမိုင်းကို အစအဆုံးမကြည့်ဘဲ နှုတ်ကျက်ရွတ်ပြနိုင်သူအဖြစ် လေးစားဂုဏ်ယူသည်။

မောင်ပန်းသီးမှာ ယခုအခါအသက်အရွယ်ကြီးရင့်ပြီး ပညာရေးလောကမှ အနားယူလားပြီးဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်းဟိ သူ၏သမီးကြီးအိမ်တွင်ချမ်းသားစွာနီထိုင်လျှက်ဟိသည်။ သမီးကြီးတွင် သားကြီးတယောက်၊ သမီးတယောက်ထွန်းကားသည်။ သူ၏မြီးများက သူ့အား "အဖိုးသျှင်၊ အဖိုးသျှင်" ဟုခေါ်လျှင် သူသည်အလွန်ဝမ်းမြောက်ပီတိဖြစ်ရသည်။ သူ့မြီးများအား ပညာအမွှီလက်ဆင့်ကမ်းပီးရသည်ကို ၀မ်းသာမဆုံးဖြစ်သည်။ (၅) နှစ်အရွယ်မြီးထွီးချေမှာ သူငယ်တန်းဖတ်စာသစ်ကို တလုံးမကျန် အဖိုးသျှင်ရှိတွင် အလွတ်ရွတ်ပြနိုင်သည်။ မပီတွတ်တွတ်ပီတွတ်တွတ် အဖိုးသျှင်အား နားမလည်သည်များကိုလည်း မီးမြန်းလေ့ဟိသည်။ တခါတရီတွင် လုံးဝအဓိပ္ပါယ်မဟိသောမီးခွန်းများဖြစ်သော်လည်း အဖိုးသျှင်က စိတ်ရှည်လက်ရှည်ယှင်းပြတတ်သည်။ ဥပမာအားဖြင့် "အဖိုးသျှင် ဘော်လုံးဇာဖြစ်လုံးရေလဲ" စသည်ဖြင့်ဖြစ်သည်။ ထိုအခါ "ဘော်လုံးဖြစ်လို့ လုံးရေပုချေ" ဟု အသင်္ခတညာဏ်ဖြင့် မဆိုင်းမတွက်ချက်ချင်း ပြန်ဖြေနိုင်သည်။

မြီးအကြီးသူမှာ လေးတန်းအောင်ပြီးဖြစ်သည်။ အဖိုးသျှင်အိမ်တွင် ရခိုင်ပညာဟိများလာရောက်၍ စာအကြောင်းပီအကြောင်း၊ သမိုင်းကြောင်း၊ ဓည၀တီအကြောင်း၊ ဝေသာလီအကြောင်း၊ သုဝဏ္ဏဒေ၀ီအကြောင်း၊ မင်းထီးမင်းဘာအကြောင်း၊ စသည့်အကြောင်းကြောင်းများကို အာဘောင်အာရင်းသံများဖြင့် ဆွေးနွေးတိုင်ပင်သည်များကို စိတ်ဝင်တစားနားထောင်လေ့ဟိသည်။ ထို့ကြောင့် သူသည်အသက်ငယ်ပင်ငယ်သော်ငြားလည်း ရခိုင်သမိုင်းကြောင်းကို ရင်းနှီးအကျွမ်းဝင်သည်။ ရခိုင်အစ မာရယုက၊ ဘီစီ (၃၃၂၅) တွင် ရခိုင်သမိုင်းစတင်သည်။ ရခိုင်သားသည် အာရီယံနွယ်မျိုးဖြစ်သည် အစဟိသည်ဖြင့် သူ၏ကျောင်းနီဖက်သူငယ်ချင်းများအား ဖောက်သည်ချပြောပြနိုင်သည်။

တရက်နိတွင် သူသည်အဖိုးသျှင်အား မီခွန်းတခုမီးလတ်သည်။ "အဖိုးသျှင် ရခိုင်မှာစာမဟိဆိုစွာဟုတ်တေလား။ ကျောင်းကဆရာမက ယင်းပိုင်ယှောင်ပြောပါရေ"။ ထိုအခါ ပညာဟိမောင်ပန်းသီးက သူ့မြီးအား မာန်ပါပါဖြင့် "အဝေး အခုမင်းဖတ်နီရေ မြန်မာစာက ရခိုင်စာချင့်။ မင်းအစာကိုပြောရေလဲ" ဟု အော်ငေါက်လိုက်သည်။ ယေခါ သူ့မြီးက "ယေကေအဖိုးသျှင် (သင်္ဘောသီး) ကို (ပိတကားသီး) လို့ မောင်မောင်ရို့ ရခိုင်မှာခေါ်ပါရေမနား၊ အေမှာက (သင်္ဘောသီး) လို့ရာ ရွီးထားပါရေ" ဟုဆိုသည်။ ထိုအခါ အဖိုးသျှင်က "အဝေး ယင်းသူရို့တိ ခိုးထားစွာ ခိုးထားစွာ" ဟုအော်သည်။

တရက်နိတွင် မြီးအကြီးသူ မြန်မာစကားပုံများကို အလွတ်ကျက်မှတ်နီသည်။ ထိုတွင် "ပညာဟိ သတိဖြစ်ခဲ" ဟူသောစကားပုံကို နားမလည်နိုင်ဖြစ်နီသည်။ ထို့ကြောင့် အဖိုးသျှင်အား :"အဖိုးသျှင် ပညာဟိ သတိဖြစ်ဖြစ်ခဲ ဆိုစွာ ပဇာကိုပြောစွာပါလဲ" ဟု မီးလိုက်သည်။ ထိုအခါ အဖိုးသျှင်က သူ့ကိုယ်သူလက်ညှိုးထိုးလျှက် "အဝေးမြီးချေ ငါ့ကိုကြည့် ငါ့ကိုကြည့်၊ ပညာဟိဆိုစွာ အိုပင်အိုကေလည်း သတိမမိဆိုစွာကိုပြောစွာ" ဟု ပြန်ဖြေသည်။ ယင်းကာလ ငါးနှစ်အရွယ်မြီးထွီးအပုချေက "ဟ ဟာဟ ရယ်လိုက်ရ"  ဟု စာဖတ်သံနှင့်လားတိုက်ဆိုင်နီသည်။ ထိုအခါ ပညာဟိမောင်ပန်းသီးက သူ့အားအယွဲ့တိုက်သည်အထင်ဖြင့် "ဟေးကောင်မချေ မဖတ်ကဲ့၊ တန့်တန့်" ဟု ဟန့်တားလိုက်သည်။ ပြီးလျှင်သူသည် ရှက်ရှက်ဖြင့် "အေခုခေတ် အဂယင့် ပိတကာသီးခေတ်အမှန်။ အကြီးကအောက်က အငယ်ကအထက်က" ဟု ဘုပြောပြီးလျှင် ဘုရားခန်းထဲသို့ ပုတီးစိတ်ရန်လှမ်းဝင်လိုက်သည်။

ဤတွင် အကျွန့်ဝတ္ထုလည်းဆုံးပါလီ၏။ မဆုံးသိမ့်ကေ ကျန်ရေလူတိဆက်ပြောပါလီ။

(သာလှဦး)

စောင့်လီမျိုးနွယ်

စောင့်လီမျိုးနွယ်
========

အော် ငါ့၏ချစ်သွီး ရခိုင်သူ ရခိုင်သားရို့ နှလုံးသားမှာ စာတင်မှတ်လို့ အတုယူဖို့ ငါ့သွီးငါ့သားရို့ကို အဖိုးပုံပြင်တပုဒ် ထုတ်ကာပြလို့ ပြောပြမယ်ဝေ နားစိုက်ထောင်ကတ် ငါ့ချစ်သွီးရို့။

ထိုးလွန်လီခကာ ပြည်ဗာရာမှာ ဗြဟ္မာဒတ်မင်း မင်းပြုစိုးစံအုပ်ချုပ်လို့ နီရေလတ်ဝေ ငါ့ချစ်သွီးရို့။ ယင်းအချိန်မှာ စိန္တာမယံ ဘုရားလောင်းလည်း တောတောင်အုပ်စိုး ခြင်္သေ့ဖြစ်၍ ဟိမ၀န္တာ ရွှီဂူသာမှာ နီရေလတ်။ ထိုခြင်္သေ့မှာ နှမတကောင် ညီခြောက်ကောင်ဟု သွီးရင်းချစ်လည်း ဟိရေလတ်။ ခြင်္သေ့အုပ်စိုး ရွှီဂူနားဝယ် ငွေတောင်ထွဋ်သာ ဖန်ဂူမှာကား တိရိစ္ဆန်ဖြစ်ငြား မျိုးမစစ်သား ခဲဝါယုတ်လည်း နီရေလတ်ဝေ။ မျိုးမြတ်သခင်ခြင်္သေ့ရို့ကား သဲချစ်နှမ ညီမချေအား ဂူဝယ်ထားကာ အစာရှာထွက်၍ ပြန်လာသောခါ ညီမငယ်အတွက် ၀မ်းစာဖြည့်ဖို့ စားကောင်းမျိုးစုံ ယူဆောင်လာခါ ကျွေးကတ်တေလတ်။

တနိသောခါ မျိုးမစစ်သား ခဲဝါယုတ်သည်ကား ခြင်္သေ့မကို မြင်သောခါဝယ် ချစ်ခင်နှစ်သက် ဖြစ်မိရေလတ်။ ထိုကြောင့်သာပင် အစ်ကို ခုနှစ်ကောင် ခြင်္သေ့မင်းရို့ အစာရှာထွက်ချိန် အခွင့်သာကို စောင့်ယူလတ်၍ မျိုးမြတ်ကိန်းရာ ရွှီဂူသာသို့ လားလတ်ပြီးကေ ခြင်္သေ့မအား...

“အသဲနက်နဲ ဘ၀အပ်၍ ချစ်ခင်ရသော အော်နှမငယ်။ အသျှင်မလည်း ခြီလေးချောင်ဟိ သတ္တ၀ါမျိုး ဖြစ်ဘိလတ်၏။ အကျွန်သည်လည်း သျှင်မပိုင်ယာ ခြီလေးချောင်းဟိ သတ္တ၀ါမျိုး ဖြစ်ဘိလတ်၏ ။ သို့အတွက်ကြောင့် နတ်မျှမက ရုပ်သွင်တင့်ဘိ သျှင်မသည်ကား အကျွန်ုပ်အား ကြိုက်တော်မူခါ ချစ်ခွင့်သာပန်း ပီးလတ်ပါ သျှင်မ။ အကျွန် တူနှစ်ကိုယ် ရွှီရည်ဆင်း၍ အကြင်လင်မယား အဖြစ်ဆောင်ကာ နီကတ်ပါအံ့ အို ချစ်သောနှမ ဘ၀သျှင်။ တူနှစ်ကိုယ်ပေါင်း သာယာအိမ်ထောင် တည်ဆောက်ကတ်မေ အို ချစ်နှမချေ အိမ်မက်သျှင်" လို့ ချစ်ခွင့်ပန်ခါ ပြောရေလတ်ဝေ အော် ချစ်သွီးရို့။

အော် ငါ့ချစ်သွီးရို့

ခြင်္သေ့မကား မျိုးမစစ်သား ခဲဝါစကား ကြားလတ်တေခါ နှလုံးမသာ ကိုယ့်ကိုယ်ကိုပင် ရှက်ကြောက်လတ်၍ ဤကဲ့သို့ပင် ကြံမိရေလတ်။ "ဒေခဲဝါကား ခြီလေးချောင်းဟိ သားကောင်ရို့တွင် အယုတ်ညံ့ဆုံး မျိုးမစစ်၍ စက်ဆုပ်ဖွယ်ပင် ဟိချေ၏တည်း။ ငါ့ရို့သည်ကား မျိုးမြတ်သားနွယ် မင်းမျိုးသျှင်ဟု လောကသားတိုင်း သမုတ်အပ်သော စံဝင်သူများ ဖြစ်ချေဘိ၏ ။ ဒေခဲဝါကား ငါနန့်မထိုက် စကားကိုရာ ဆိုလာဘိ၏။ ငါသည်သာကား မျိုးမစစ်သား ခဲဝါစကား ကြားခါမျှပင် ရှက်လှချေ၏။ အသက်ရှင်လျှက် ငါမနီယာ ကိုယ့်ကိုယ်စတေး သတ်သီလတ်၍ ငါ့အမျိုးအား ငါစောင့်မည်ဟု ကြံစည်ရေလတ်ဝေ ငါ့ချစ်သွီးရို့"

ထိုနောက်မှာကား ကိုယ့်ကိုကိုယ်ထိမ်း တခါဆင်ခြင် စိုင်းစားပြန်ကေ ယုတ်ညံ့စကား ခဲဝါယုတ်ကြောင့် ဒေအကြံကား မသင့်လှပေ။ ငါ၏အစ်ကို မောင်ရို့လာမှ ဖြစ်အင်သနစ် အစုံလှစ်၍ ပြောပြပြီးမှ ငါသီမယ်ဟု ဆုံးဖြတ်ပြီးခါ အစ်ကိုအလာ စောင့်နီရေလတ်။ ခဲဝါယုတ်လည်း ခြင်္သေ့မငယ် နှုတ်ခမ်းလွှာမှ တုံ့ပြန်စကား မကြားသောခါ နှလုံးမသာ စိတ်မရွှင်ပဲ ဖန်ဂူသို့ယာ ပြန်လားပြီးခါ အိပ်နီရေလတ် အို ချစ်သွီးရို့။

ထိုချိန်ခါဝယ် အစ်ကိုငယ်ကား နှမအတွက် အစာချီလျှက် တောမှပြန်လာ ၀မ်းသာစွာဖြင့် အစာကောင်းအား ၀မ်းစာဖြည့်ဖို့ ပီးရေလတ်ဝေ။ ထိုသောခါဝယ် နှမငယ်က "အော် အစ်ကိုငယ် ငါသည်မူကား ဇာအစာမျှ မစားလိုပါ။ ကိုယ့်ကိုကိုယ်ရာ သတ်သီဖို့ယာ အော် အစ်ကိုငယ်" ဟုပြောရေလတ်ဝေ။ အစ်ကိုငယ်ကား နှမစကား ကြားသောခါဝယ် "အော် ငါ့၏ချစ်သွီး ငါ့နှမငယ် စွာအကြောင်းကြောင့် သီချင်လဲဝေ။ ငါ့ကိုပြောပြ ယှင်းပြအုံးဝေ နှမချေ" လို့ ပြန်မီးလိုက်တေလတ်ဝေ။ ယင်းချိန်ခါဝယ် ခြင်္သေ့ညီမ နှမချေလည်း ခဲဝါဆိုလာ စကားဖြာကို ပြန်ပြောင်းပြောပြ သိစီရေလတ်။ ညီမစကား ကြားသောခါဝယ် ခြင်္သေ့ငယ်မှာ ပြင်းစွာဒေါသ ခြောင်းခြောင်းထွက်၍ မစူးစမ်းဘဲ ခဲဝါဟိရာ အရပ်သို့ယာ ပြီးလားရေလတ်။ ဖန်ဂူထဲမှ အိပ်နီသောသူ ခဲဝါယုတ်ကို မြင်သောခါကား ဟင်းလင်းပြင်ထဲ တလင်းထဲဝယ် အိပ်နီရေဟု ထင်မှားမှတ်၍ ကိုက်သတ်မေဟု အချိန်ပြင်းပြင်း တဟုန်ထိုးဖြင့် ပြီးဝင်သောခါ ဖန်ဂူမှာဆောင့် ရင်ကိုထိ၍ ရင်ကွဲခါပင် တောင်ခြီရင်းသို့ လွင့်စိုင်မျောပါး ကျလတ်၍သာ သီရလီ၏ အို ချစ်သွီးရို့။

ကျန်ရစ်ငါးကောင် အစ်ကိုငယ်ရို့ ထိုအတိုင်းပင် ဖန်ဂူနှင့်ဆောင့် ရင်ကိုထိ၍ ရင်ကွဲကာပင် တောင်ခြီသို့ကျ လွင့်စိုင်မျောလို့ သီကတ်ရရေ ငါ့ချစ်သွီးရို့။ နောက်ဆုံးမှာကား အကြီးဖြစ်သူ ရာဇာခြင်္သေ့ ပြန်လာသောခါ နှမငယ်လည်း ခဲဝါစကား ယင်းအတိုင်းသာ အကြောင်းစုံလျှောက် ပြောပြလတ်၏။ ခြင်္သေ့မင်းကား ညီမငယ်အား "အော် ချစ်နှမငယ် မျိုးမစစ်သား ယင်းခဲဝါကား စွာမှာနီလဲ" လို့ မီးလိုက်တေလတ်။ နှမချေလည်း "အော် အစ်ကိုရာဇာ ငွေတောင်ထိပ်သာ ဟင်းလင်းပြင်မှာ အိပ်နီစွာကို မမြင်လား" လို့ လက်ညှိုးညွှန်ထိုး ပြရေလတ်။

ထိုသောခါဝယ် ခြင်္သေ့မင်းကား "ဤ ခဲဝါသည် ဟင်းလင်းပြင်ထဲ အိပ်ဖို့မထင်။ ဖန်ဂူမှာယာ အိပ်နီစွာပင် ဖြစ်ရမည်" ဟု စိတ်မှာစွဲထင် ကြံစည်ပြီး၍ တောင်ခြီရင်းသို့ ဆင်းရေလတ်ဝေ။ တောင်ခြီရင်းသို့ ရောက်သောခါဝယ် ဇီဝိန်ကင်းချုပ် အသက်ပျောက်၍ သီပွဲဝင်လတ် ညီငယ်ရို့ကို တွိလီသော်ကား "ငါ့၏ချစ်သွီး ညီငယ်ရို့ကား စူးစမ်းဆင်ခြင် ပညာညာဏ်မဲ့ မိုက်မဲကြောင့်သာ ဖန်ဂူကိုမမြင် မသိလီဘဲ ရင်ဖြင့်တိုက်ကာ သီကုန်ကတ်” ဟု ဆင်ခြင်ပြီးကာ “ပါးစတွင်းသို့ ထိုးသွင်းအပ်ရေ ပူသောအစာ အာဟာရကား ပါးစကိုရာ ပူလောင်စီသို့ ယင်းကဲ့သို့ပင် ညာဏ်ပညာကင်း မစူးစမ်းပဲ ဆင်ခြင်နည်းမှု ပြုလုပ်လတ်တေ ကိစ္စသည်ကား ပြုလုပ်သူအား ပူလောင်စီသည် မှန်စွာမလွဲ မုချသာတည်း" ဟု ပြောဆိုပြီးကာ ငါ့ညီရို့ကား လိမ္မာမှုကင်း ဆင်ခြင်နည်း၍ သီကတ်ရ၏။ ငါသည်မူကား ငါ့ညီရို့ပိုင် မပြုလီပဲ မျိုးမစစ်သား ခဲဝါယုတ်အား ဖန်ဂူထဲဝယ် အိပ်လျှက်ပင် နှလုံးကွဲကာ သီဆုံးစီအံ့" ကြုံးဝါးရေလတ် ငါ့ချစ်သွီးရို့။ ထိုသို့ပြီးခါ ခဲဝါတက်ရာ ဆင်းသက်ရာဟု လမ်းကိုမှတ်၍ ထိုလမ်းသို့ရာ ရှိရှုပြီး၍ သုံးကြိမ်စွက်စွက် ဟောက်ရေလတ်။ ခြင်္သေ့ဟောက်သံ မိုးကောင်းခင်ထိ ပဲ့တင်ထပ်လို့ မြိုင်လီသောကြောင့် ဖန်ဂူမှာအောင်း ခဲဝါစုတ်လည်း အိပ်လျှက်ပင် နှလုံးကွဲအက် သီလီရေလတ် အော် ချစ်သွီးရို့။

ရာဇာခြင်င်္သေ့ မင်းမဟာလည်း ခဲဝါသီမှန်း သိသောခါဝယ် ညီငယ်သွီးချစ် ခြောက်ကောင်ရို့အား စုကာပေါင်းလို့ တောအုပ်မြိုင်သာ နန်းရိပ်သာဝယ် မြီမြှုပ်သဂြိုဟ် ပြုလီရေလတ်ဝေ။ ထိုပြီးသောခါ နှမဟိရာ ရွှီဂူသာသို့ ပြန်ကာနှင်း၍ နှမချေအား ခဲဝါနှင့်ညီ ခြောက်ကောင်ရို့မှာ သီဆုံးလားကြောင်းပြောပြရေလတ်။ ခြင်္သေ့နှမ ညီမချေလည်း ခဲဝါသီမှန်း သိသောခါဝယ် စိတ်မှာရွှင်လန်း သက်သာရ၍ ရွှီဂူ၌ပင် အသက်ထက်ဆုံးနီလားရေလတ် ချစ်သွီးရို့။

အော်ချစ်သွီးရို့ အဖိုးပြောလတ် ပုံပြင်ဟောင်းလည်း ဒေနီရာမှာပင် ဆုံးယာဝေ။(တဒုကနိပတ် သိင်္ဂါလဇာတ်)

(သျှင်အရိယာဝံသ)

စင်းပြွန်းသီး

စင်းပြွန်းသီး
======

စင်းပြွန်းသီးဆိုသည်မှာ ဓပြုတ်သီးအငယ်စားမျိုးဖြစ်သည်။ အရွယ်အစားမှာ များစွာကွာခြားသော်ငြားလည်း ပုံသဏ္ဍန်မှာ အတူတူပင်ဖြစ်သည်။ အရသာမှာလည်း အတူတူပင်ဖြစ်သည်။ ဓပြုတ်သီးကို တချို့ရခိုင်များက သပြုသီးဟုခေါ်သည်။ ဓပြုတ်သီးကို များသောအားဖြင့် သျှင်ပြုပွဲအလှုပွဲများတွင် ဟင်းရည်အဖြစ်ချက်ပြုတ်လေ့ဟိသည်။ ဓပြုတ်သီးကို နှစ်ခြမ်းသုံးခြမ်းခြမ်းပြီး ၀က်သားနှင့်ဟင်းရည်ကြိုလျှင် အလွန်အရသာကောင်းမွန်သည်။ ဓပြုတ်သီးဟင်းရည်ကို မကြိုက်မနှစ်သက်သောရခိုင်သားများဟိမည်မထင်။ အရသာမှာ ချဉ်ပြီးရှားနီသဖြင့် တခွက်သောက်လျှင် နှစ်ခွက်သောက်ချင်စိတ်ပေါက်သည်။ ဓပြုတ်သီးဖတ်ကိုဝါးရသည်မှာလည်း အရသာတမျိုးဖြစ်သည်။ စင်းပြွန်းသီးကို အိမ်များတွင် ဟင်းရည်သောက်သော်၎င်းကောင်း ဟင်းအဖြစ်သော်၎င်း ငပိနိုင်နိုင်နှင့် သို့မဟုတ် ငပိကြူကြူနှင့် ချက်စားလေ့ဟိသည်။ စင်းပြွန်းသီးဟင်းရည်မှာ ဓပြုတ်သီးဟင်းရည်အရသာအတိုင်း အတူတူပင်ဖြစ်သည်။ သို့သော် စင်းပြွန်းသီးကို သျှင်ပြုပွဲများတွင် ဟင်းရည်သောက်ချက်လေ့မဟိ။ အရွယ်အစားငယ်သဖြင့် သျှင်ပြုပွဲတပွဲလောက်ငမှုမဟိသောကြောင့်လည်းဖြစ်နိုင်သည်။ ထို့ကြောင့် ဟင်းအဖြစ် ငပိကြူကြူနှင့် လိုက်ပွဲလောင်းပွဲ အရံဟင်းအဖြစ်ချက်ပြုတ်လေ့ဟိသည်။ ရခိုင်သျှင်ပြုပွဲများတွင် သင်္ဘောထိုးခြောက်နှင့် ခရမ်းသီးချက်၊ ငရုပ်သီးစပ်စပ် သျှင်ပြုပွဲသည် ၀က်သားသျှင်ပြုပွဲထက် မျက်နှာပန်းလှသည်။ အခုအခါ သင်္ဘောထိုးခြောက်မှာ ယှားပါးပစ္စည်းဖြစ်လားပြီးဖြစ်သည်။ ရခိုင်မှုန့်တီများမှာလည်း သင်္ဘောထိုးခြောက်နှင့်မချက်နိုင်ဘဲ ငါးရံ့ငါးခြောက်များနှင့် ချက်ပြုတ်ရသဖြင့် အရသာမှာ ရခိုင်မှုန့်တီစစ်စစ်အရသာကို မမှီပါ။ ပဒကောမပါသော ရခိုင်မှုန့်တီကိုသောက်ရရေပိုင် သင်္ဘောထိုးမပါသော ရခိုင်မှုန့်တီမှာလည်း စံမမှီသောရခိုင်မှုန့်တီရာဖြစ်ပါသည်။ ရခိုင်ပင်လယ်ပြင်၌ ငါးယှားပါးလာရခြင်းမှာ ဖက်ခွက်များက ရသလောက်ခြစ်ယူနီခြင်းကြောင့်ဖြစ်သည်။ ဆိုလိုသည်မှာ စင်းပြွန်းသီး၊ ဓပြုတ်သီးဟင်းရည်၊ ပဒကော၊ သင်္ဘောထိုးစသော ငါး၊ ဟင်းများမှာ ရခိုင်သားများ၏သျှာတွိအာတွိနာမည်ကြီးအစားအစာများဖြစ်ပါသည်။ တောတွင်းတွင် ပဒကောရှာလျှင် တို့စားစားသော ဖာလာဖူးအပင်နှင့်မှားတတ်ပါသည်။ ဖာလာပင်နှင့် ပဒကောပင်မှာ သဏ္ဍန်အားဖြင့်တူသော်လည်း ဖာလာပင်မှာ အရွက်အနည်းငယ်ကြမ်းပြီး ပဒကောပင်မှာ အရောင်အနည်းငယ်စိမ်းရင့်ပြီး ထူထူချောချောဖြစ်သည်။ ဖာလာဖူးသည်လည်း အလွန့်တို့စား၍ကောင်းသော တို့စားတမျိုးဖြစ်သည်။ ငရုပ်သီးငပိပေါက်ပေါက်ချေနှင့် တို့စားစားရလျှင် နဖူးက ချွေးပေါက်ပေါက်ကျအောင်အထိစား၍ ကောင်းပါသည်။

အကျွန်ုပ်ရို့နီသော စခန်းကို ၀ါးခတ်ချောင်း (၀ံလက်စခန်း) ဟုခေါ်ပါသည်။ ဗိုလ်ရာဇာပထမဆုံးကမ်းတက်သောစခန်းမှာ ၀ါးခတ်ချောင်း ၀ံလက်စခန်းမှဖြစ်ပါသည်။ ဗိုလ်ရာဇာနှင့်အတူ ဗိုလ်ကျော်နု၊ (ဗိုလ်စောဒက္ခ) နာမည်မိလားသည်မှ ပြန်အတွက်ပေါ်၍ ဖြည့်စွက်ထားခြင်းဖြစ်သည်။ နာမည်မှာ အထူးအဆန်းဖြစ်၍ မှတ်ရခက်သည်။ အခုအခါ နလန္ဒာ၌ဘုန်းကြီးဝတ်လားပြီးဖြစ်ပါသည်။ ဗိုလ်ရာဇာနှင့်အတူပါလာစဉ်၌ပင် အသက်အရွယ်မှာ ငါးဆယ်နီးပါးခန့်ဟိနီပြီးဖြစ်သည်။ ကရင်ရှိတန်းစစ်မျက်နှာ၌ တောက်လျှောက်တိုက်ပွဲဝင်လာသော ၀ါရင့်တော်လှန်ရေးသမားတဦးဖြစ်သည်။ ပိန်ပိန်ပါးပါး စကားများများမပြော၊ စကားပြောလျှင်လည်း ညင်ညင်သာသာပြောတတ်သည်။ ပထမဆုံး ဘင်္ဂလားကမ်းတက်စဉ်တွင် ဗိုလ်ရာဇာမပါ။ ဗိုလ်ရာဇာက နောက်မှ စပီးဘုတ်နှင့်ရောက်လာခြင်းဖြစ်သည်။ ဗိုလ်ရာဇာရို့ ပထမဆုံးကမ်းတက်သည်မှာ ဖရုံကာကျွန်းသုံးကျွန်းထဲက အင်္ဂရားချိုင်ကျွန်းဖြစ်သည်။ သူရို့ဦးတည်လာသည်မှာ ၀ါးခတ်ချောင်းစခန်းဖြစ်သည်။ သို့သော်လမ်းမသိသဖြင့် ဖရုံကာကျွန်းကို ၀ါးခတ်ချောင်းစခန်းချရာကျွန်းအထင်ဖြင့် ကမ်းတက်မိခြင်းဖြစ်သည်။ ဗိုလ်ရာဇာက ရဲဘော်များအားကမ်းတင်ထားခပြီး ထိုင်းဌာနချုပ်သို့ပြန်လားသည်။ ရဲဘော်အင်အား (၆၀) ခန့်မှာ ချောင်းအလီလီ မြောင်းအလီလီကိုကိုဖြတ်ပြီးမှ ဘင်္ဂလားနယ်စပ်သို့ခြီချမိခြင်းဖြစ်သည်။ ထိုအချိန်တွင် ဖက်ခွက်များရခိုင်ပြည်ထဲ၌ ယင်းလောက်ထိမဟိပါသိမ့်။ အနည်းအကျန်းရာဟိသိမ့်သောကြောင့်၎င်း၊ ဖက်ခွက်များမထင်မှတ်ဘဲ ရုတ်တရက်ဘွင်းဘွင်းကြီးပေါ်လာသဖြင့် ဖက်ခွက်များမှာ ခြီမကိုင်လက်မကိုင်မိဖြစ်သည်ကတကြောင်း၊ ဗိုလ်ရာဇာတပ်ကိုင်ဆောင်ထားသော်သနတ်များမှာလည်း နောက်ဆုံးပေါ်စက်သနတ်များဖြစ်သည်တကြောင်း ဖက်ခွက်များနောက်ယောင်ခံလိုက်သည်ကလွဲလို့ အနားသို့မကပ်ဝံ။ သို့သော် ဖက်ခွက်များမှာ လူအုပ်စုကောင်းသဖြင့် ဖက်ခွက်များဝိုင်းဝန်းခြင်းမခံရအောင် ဗိုလ်ရာဇာတပ်ကို အုပ်စုနှစ်အုပ်စုခွဲရန်ဆုံးဖြတ်လိုက်ကတ်သည်။ ဗိုလ်မှုးကြာဖြူအောင်ဦးဆောင်သောအုပ်စုမှာ ဖက်ခွက်များဝိုင်းဝန်းခံရခြင်းမှ လွတ်မြောက်လာသည်။ ကျန်အုပ်စုမှာ ဖက်ခွက်များဝိုင်းဝန်းခံရပြီး လက်နက်ချလားသည်။ ယင်းလောက် ကောင်းပေရ လက်နက်များဖြင့် လက်နက်ချသည်ဆိုသည်မှာ မယုံနိုင်စရာဖြစ်သည်။ ထိုအချိန်မှစ၍ ရခိုင်သားသတ္တိကို အနည်းငယ်သံသယဖြစ်မိသည်က အမှန်ဖြစ်ပါသည်။ ဗိုလ်မှုးကြာဖြူအောင်ဦးဆောင်သောအဖွဲ့ထဲက သက်ရှိထင်ရှားဟိနီသူများမှာ ခိုင်သန်းမောင် (ကနေဒါ)၊ အချေနှစ်ယောက်။ မမချေတယောက်၊ ယောက်ကျားချေတယောက်။ ဇနီးမယာသည်က လှနုဖြူ၊ ဆရာမဲမယား၏ညီမ၊ မြောက်ဦးဇာတိဖြစ်သည်။ နောက်တယောက်က အောင်ရွှေသိန်း (ခေါ်) မောင်စက်ဖြစ်သည်။ ဗိုလ်ရာဇာကမ်းတက်စဉ်က ဗိုလ်အောင်ရွှေသိန်းအဖြစ်နာမည်ကြီးသည်။ အခု နယူးဒေလီ၌ နိုင်ငံရေးအပူလှိုင်းကိုမခံနိုင်ဘဲ ရူးလားပြီးဖြစ်သည်။ နောက်တယောက်ရူးပြီးသီလားသူတဦးလည်းဟိသည်။ ဘုန်းကြီးလူထွက်ဖြစ်၍ အကျွန်ုပ်ရို့က ကိုယ်တော်ဟုခေါ်သည်။ ထိုသူက ဗိုလ်ရာဇာတပ်နှင့်မဆိုင် (၈၈) အရေးအခင်းတွင် ကျောက်တော်ဖက်မှ ထွက်ပြီးလာသူဖြစ်သည်။ အောင်ရွှေသိန်းမှာ ရမ်းဗြဲဇာတိဖြစ်သည်။ နောက်တယောက်က ကိုယ်တော်ရိုးလင်း။ ဘုန်းကြီးလူထွက်ဖြစ်ပြီး နာမည်မှာ ရိုးလင်းဖြစ်သည်။ အင်္ဂလိပ်စာအသင့်အတင့်ကောင်းမွန်သဖြင့် အိန္ဒိယသို့ ဗိုလ်ရာဇာစီစဉ်မှုဖြင့် (AA) ပထမဆုံးပညာတော်သင်အလွှတ်ခံရသော ပုဂ္ဂိုလ်ဖြစ်သည်။ ယခု အိန္ဒိယ အူရူနာချာ ကချင်ဗုဒ္ဓဘာသာပြည်နယ်မှ ဗုဒ္ဓဘာသာကချင်မတယောက်နှင့် အိမ်ထောင်ကျလားပြီးဖြစ်သည်။ ဗိုလ်မှုးကြာဖြူအောင်ကို ဗိုလ်ရာဇာက ဟာရဘင်းမှ အပျိုကြီးငွေစိန်နှင့်ပီးစပ်သည်။ လွန်ခရေ လေးငါးခြောက်နှစ်အယင်က သွီးတိုးဆီးချိုဖြင့် ကွယ်လွန်လားပြီးဖြစ်သည်။ (၈၈) အရေးအခင်းတွင် အင်းစိန်ထောင်ဖောက်သောအခါ တသက်တကျွန်းကျခံထားရာက ထွက်ပြီးလွတ်မြောက်လာသူဖြစ်သည်။ ကရင်စီမံကိန်းဖြင့် ရန်ကုန်လွှတ်တော်ကိုဖောက်ခွဲဖျက်ဆီးရန်အလာတွင် လက်နက်ခဲယမ်းများဖြင့်အဖမ်းခံထားရပြီး တသက်တကျွန်းကျခံထားရသူဖြစ်သည်။ အဆိုတော်ဖိုးချိုနှင့် အင်းစိန်ထောင်တွင် တခန်းတည်းနီခရသည်ဟုဆိုသည်။ (၈၈) အရေးအခင်းဖြစ်ပြီး ထိုင်းဖက်ကိုထွက်ပြီးယင်း ကရင်တပ်စခန်းတွင် ဗိုလ်ရာဇာနှင့်တွိဆုံပြီး (AA) ကို စတင်ထူထောင်သူဖြစ်သည်။ အရပ်ထောင်ထောင်မောင်းမောင်းဖြစ်သည်။ သူလည်းဘုန်းကြီးလူတွက်ဖြစ်သည်။ ဘုန်းကြီးဘ၀နှင့် သူအိမ်ထောင်ကျရာ ဟာရဘင်းရွာ၌လည်း တော်လှန်ရေးမလုပ်ခင် ကျောင်းထိုင်ဖူးသည်ဟုဆိုသည်။ မည်သည့်ကျောင်းဖြစ်သည်ကိုကား ပြောပြသည်ကို အတိအကျမမှတ်မိပါယာ။

မှတ်မိသည်မှာ ဗိုလ်ရာဇာရို့စခန်းချသည်မှာ ၀ါးခတ်ချောင်းဒိုင်းနက်ရွာ တောင်ဖက် တောင်ကုန်းမြင့်မြင့်တွင်ဖြစ်သည်။ ယခင် ခိုင်နီလင်း (ALP) ဒုဥက္ကဌ (ယခုထိုင်း) ခိုင်မိုးလင်းနှင့် ALP ကို စတင်ရာတွင်ပါဝင်သူ စခန်းချခရာ တောင်ကုန်းတွင်ဖြစ်သည်။ ထိုတောင်ကုန်းတွင် ခိုင်နီလင်းထိုင်းသို့မလားခင် ကိုမိုးသောက် ပုဏ္ဏားကျွန်း၊ စစ်တွေဇာတိနှင့် အတူနီခသည်။ ကုလားထိုင်လုပ်၍ ရပ်တည်ခသည်။ ထိုအချိန်တွင် တီဘီရောဂါခံစားနီခရသည်။ အကျွန်ုပ်ရို့ ဗိုလ်ရာဇာစခန်းသို့လားလည်သည်။ ထိုအချိန်တွင် အကျွန်ရို့လားလည်းသည့်စခန်းအောက် မြောင်ထဲက ဂျီဟောက်သံကိုကြားရသည်။ အဘိုးမောင်ဟန် (ယခင် ACP) ဥက္ကဌဟောင်းက ရဲဘော်တယောက်ဘားက သနတ်တလက်တောင်းပြီး မြောင်ထဲသို့ဆင်းလားသည်။ ငါးမိနိမကြာလိုက် ပေါက်သံတချက်ကြားရသည်။ ညဇာသား အကျွန်ုပ်ရို့ဝံလက်စခန်းအတွက် တ၀ီစာရသည်။ အကျွန်ုပ်စားဖူးသည်ထဲမှာ ၄င်းဂျီသားလောက်စား၍ကောင်းသောအသား တခါလည်းမစားဖူးပါ။ ဟင်းချိုမှုန့်မထည့်ဘဲ ဘဇောင်ချိုရေကားမသိ။ လတ်လတ်ဆတ်ဆတ်ဖြစ်၍လည်းဖြစ်နိုင်သည်။

အကျွန်ုပ်ပြောချင်သည်မှာ အကျွန်ုပ်ရို့စခန်းချသည့် ၀ံလက်စခန်းမှာ ဒိုင်းနက်ရွာအနောက်ဖက်တွင်ဖြစ်သည်။ ပင်လယ်ကမ်းစပ်ဖက်ဖြစ်သည်။ စခန်းချသည့်တောင်ကုန်းအနောက်ဖက်တွင် တောင်တန်းကြီးတခုဟိသည်။ စခန်းအောက်တွင် နွီခါသားဆိုလျှင် ရွာသားများကန်းဘိုင်ဆည်သဖြင့် ရီချိုးရသည်မှာ ကကောင်းပျော်ဖို့ကောင်းသည်။ အကျွန်ုပ်ရို့စခန်းကို ကျွန်းသစ်များဖြင့်ဆောက်လုပ်ပါသည်။ နှစ်နှစ်သား သုံးနှစ်သားကျွန်းပင်များဖြင့်ဆောက်လုပ်ထားခြင်းဖြစ်သည်။ သစ်လုံးများကိုနှစ်ခြမ်းစိတ်ပြီး ထရံကာသည်။ သို့သော် ထရံအားလုံးမပြီး တချို့တ၀က်ရာကာရံနိုင်သည်။ ဘင်္ဂလားတွင်အုန်းယှားသည်။ ထို့ကြောင့် စခန်းကိုအုံးမိုးရန်ခက်သဖြင့် ကန်းကျင်ရွက်ကို အုန်းပျစ်ပျစ်ပြီးမိုးရသည်။ တထွာလောက်ရာရှည်သဖြင့် မိုးရသည်မှာခက်သည်။ မိုးယိုရန်လွယ်သည်။ အကျွန်ုပ်ရို့လည်း ကန်းကျင်ရွက်မပျစ်တတ်၍ ရွာက၀ယ်မိုးရသည်ကများသည်။ BRC က Project ရသဖြင့် ကြက်နှင့်ဘဲမွီးဖြူရေးလုပ်သည်။ အစ်ကိုကြီးမောင်ချစ် (ဘင်္ဂလားဗုဒ္ဓဘာသာရခိုင်အသင်းကြီး) ကို စတင်တည်ထောင်သူဥက္ကဌ၊ အ၀ကျွန်းဇာတိ၊ ဆရာမမြရာဇာလင်း၏လင် (အိမ်သျှင်) ၏ညီဖြစ်သူ (နာမည်မိနီသည်) မွီးမြူရေးတက္ကသိုလ်ကျောင်းဆင်းက ကူညီသဖြင့် Project အောင်မြင်သည်။ ကြက်နှင့်ဘဲ၌ဖြစ်တတ်သော လိုင်လိမ်နှင့်ဆီးဖြူရောဂါကာကွယ်ဆီးကို အလွယ်တကူဝယ်ယူရနိုင်သဖြင့် မွီးမြူရေးအောင်မြင်ရခြင်းဖြစ်သည်။ တပါတ်တပါတ်လျှင် ဘဲနှင့်ကြက်ဥ ခရင်းလိုက်ရသည်။ ဖလောင်းချိတ်သို့တက်၍ရောင်းရသဖြင့် ၀င်ငွေကောင်းသည်။ စခန်းတွင်အယင်က ညိတိုင် ချဉ်ပေါင်နှင့် နပျိုးကြိုးနီရာက ဘဲနှင့်ကြက်ဥကြိုးလာရသဖြင့် တော်လှန်ရေးအဆင့်မြင့်လာသည်။ တချို့က ဘဲဥကို ကျမန့်အုံပြီးမီးဖုတ်စားသည်။ စား၍ကောင်းသည်။ စခန်းတွင်း၌အတူနီခသောရဲဘော်များမှာ ရဲဘော်မောင်ကျော်ယိုင် (မြောက်ဦး)၊ သိန်းမင်း (ပေါက်တော)၊ ထွန်းစံ (စစ်တွေ)၊ စိုင်းခမောက် (ယခုထိုင်း) (စစ်တွေ)။ စိုင်းထီးဆိုင်တေးခြင်းများကို ပိုင်နိုင်ကျွမ်းကျင်သောကြောင့် စိုင်းခမောက်ဟု (NUPA) နာမည်ပီးထားခြင်းဖြစ်သည်။ ကရာတေးသိန်းမောင်မှာ အဖွဲ့ဝင်စစ်စစ်မဟုတ်၊ မှီခိုကပ်ခိုဖြစ်သည်။ ယခု ဗိုလ်မင်းထောင်တွင် ကျောင်းထောင်လျှက် ဒေသခံများအကျိုးကို တဖက်တလမ်းက အထောက်အကူပြုနိုင်သူဖြစ်သည်။ အကျင့်စာရိတ္တကောင်းမွန်သည်။ အသောက်အစားကင်းသည်။ မိမ္မမလိုက်စား။ အားနည်းချက်မှာ မြန်မာရွှေယင်ကျော်မှိုင်းမိခံထားရသူဖြစ်သည်။ စစ်တွေက တယောက်နာမည်မိနီသည်။ အတွက်ပေါ်လျှင်ဖြည့်စွက်ပီးပါသည်။ မကြာခင်က အမေရိကန်သို့ရောက်ဟိလာပြီး အနာမကျန်းမှုကြောင့် ကွယ်လွန်လားသူ သန်းထွန်းဖြစ်သည်။ ရသေ့တောင်မှ ကိုရန်အောင်၊ ဥာဏ်ထွန်းချေ၊ ခိုင်ပြည်သိန်း (နာမည်ရင်း ထွန်းထွန်း) (မွီးမြူရေးတာဝန်ခံ) (မြောက်ဦး)၊ စံသာအောင် (မြောက်ဦး)၊ ခိုင်ဆန်းအောင် (ပေါက်တော)၊ ခိုင်မြတ်ကျော် (စေတီပြင်)၊ မုန်တိုင်း (စစ်တွေ)၊ မြတ်ကျော်က စခန်းမှုး၊ စံသာအောင်က ဒုစခန်းမှုး။ ခိုင်ဆန်းအောင်က ဥက္ကဌ၊ ထိုင်းနှင့်နိုင်ငံခြားသို့အလားများသည်။

ဗိုလ်ရာဇာတပ်များ ပြည်ထဲကဖြတ်၍ ဘင်္ဂလားသို့ရောက်လာသောအခါ ခိုင်မြတ်ကျော်နှင့် ထွန်းစံရို့က အယင်လားကြိုသည်။ ထိုအချိန်တွင် အကျွန်ုပ်ရို့အား ပါတီတခုကပီးသော ဒုတိယကမ္ဘာစစ်သုံးမီးကျိုးမောင်းပျက်သနတ် (၅) လက်ကို လားယူသည်နှင့်ကြုံကြိုက်သဖြင့် သူရို့ကလမ်းပြ၍ အကျွန်ုပ်ရို့စခန်း ၀ါးခတ်ချောင်းသို့တပ်ချရန် ခေါ်ဆောင်လာခခြင်းဖြစ်သည်။ အကျွန်ုပ်ရို့စခန်း တောင်ကုန်းနားတွင် ရွာက ဒိုင်းနက်ရွာသားများတောင်ယာလုပ်သည်။ သစ်ပင်ကြီးများကိုခုတ်လှဲ၍ စပါးစိုက်ခြင်းဖြစ်သည်။ နှမျိုးမိသည်ကအမှန်။ သို့သော် ၀မ်းရေးထက် ဇာအရေးလည်းမခက်။ တောင်ယာခွတ်ဖို့ လူဆယ်ယောက်ဖက် သစ်ပင်ကြီးများကိုခွတ်လှဲပြီး မီးလျှို့ပစ်သည်များကို ကိုယ်တိုင်မြင်ဖူးသည်။ မြိုတောင်သို့ခရီးလားစဉ်ကဖြစ်သည်။ ဆင်တကောင် ကောင်းကောင်းတက်အိပ်နိုင်လောက်အောင်ကြီးသည်။ အကျွန်ုပ်ရို့စခန်းတ၀ိုက်တွင် ကန်းကျင်ပင်များစွာဟိသည်။ အချေခါ ကန်းကျင်သားနှင့် ကန်းကျင်ပျိုင်ကိုကြားဖူးသည်။ မြောက်ဦးသျှစ်သောင်းဘုရားလှိုင်ဂူတွင် ကျောက်တွင်းခွက်ငယ်များမှာ ကန်းကျင်ဆီဖြင့် မီးထွန်းရန် ထွင်းထုထားဖြင်းဖြစ်သည်ဟု လူကြီးသူမများပြောသည် ကြားဖူးသည်။ သို့သော် ကန်းကျင်ပင်ကိုကားမမြင်ဖူး။ တောထဲရောက်မှ မြင်ဖူးသည်။ ပေ (၃၀၀) လောက်မြင့်သည်။ အမေရိကန်က Project Maje က Edit T. Marante လာလည်သောအခါ ရွာက ဒိုင်းနက်လူမျိုးများတောင်ယာစိုက်ထားသည်ကို မိမိရို့စိုက်ပျိုးထားဟန်ပြု၍ ဓါတ်ပုံရိုက်ခံခသည်ကို ပြန်စဉ်းစားလျှင် ရယ်ချင်သည်။ ထိုအချိန်က မိမိ၏အသက်မှာ (၂၃) (၂၄) နှစ်ခန့်ဖြစ်သည်။ ပြောချင်သည်မှာ မိမိရို့စခန်းတောင်ကုန်းအနောက်ဖက်ခြမ်း ချောဇောင်းတွင် စင်းပြွန်းပင်ကြီးတပင်ဟိသည်။ အဖိုးမောင်ဟန် ဂျီပစ်သည့်မြောင်တလျှောက်တွင် ဓပြုတ်ပင် သုံးလေးပင်ဟိသည်။ ဓပြုတ်ပင်နှင့် စင်းပြွန်းပင်မှာ ခွဲမရအောင်တူသည်။ အပင်ကိုမြင်၍ ခွဲခြမ်းရန်ခက်ခဲသည်။ အသီးကိုမြင်မှ သိသည်။ စခန်းဇောင်းနားက စင်းပြွန်းပင်မှာ လူသုံးယောက်ဖက်ခန့်ဟိသည်။ ရာသီကိုက မမှတ်မိလိုက်ပါယာ။ ဆောင်ဦးပေါက်လား နွီဦးပေါက်လားမသိ။ စင်းပြွန်းသီးတိ တပင်လုံး ပန်းပွင့်ရေပိုင် ပွင့်နီပါသည်။ အကျွန်ုပ်ရို့ စခန်းကလူများမှာ စပျစ်သီးကိုမျှော်စပ်သောခွီးပိုင်ဖြစ်နီသည်။ မစားရဘဲလျှာရည်ယိုလျှက်ဟိသည်။ ဇာပိုင်လုပ်ကေကောင်းဖို့လည်းဂု။ ဂေါင်းစားနီသည်။ အပင်မှာ လုံးဝိုင်းရပ်စောက် ပေ (၂၀) ခန့် အကိုင်းအခက်မဟိ။ လက်ခကျည်းတက်၍မရ။ ၀ါးနှင့်လှမ်းဆွတ်ဖို့လည်းမမှီ။ စားချင်သည်မှာလည်း လျှာရည်ယိုနီသည်။ ထို့ကြောင့် မတတ်သာကေ အားလုံးသဘောတူ ပေါက်ဆိန်နှင့်ပေါက်ရန်ဆုံးဖြတ်လိုက်သည်။ နှစ်ရက်နှင့် တမွန်းတည့် ပေါက်ဆိန်နှင့်ပေါက်ရသည်။ အဓိက အားလာကြီးများမှာ ကိုရန်အောင် (ဆီးမှုး) နှင့် သိန်းမင်းဖြစ်သည်။ နှစ်ရက်တမွန်းတည့် ညဇာသားရောက်မှ စင်းပြွန်းပင်ကြီးဘုန်းဘုန်းလဲသည်။ အကိုင်းအခက်များပြိုသံမှာ မိုးကြိုးပစ်သံ၊ တော်ငလျှင်ပြိုကွဲသည်ထက် ကျယ်သည်။ စင်းပြွန်းသီးများကြွီကျသည်မှာ အာကာထက်က မိုးကျောက်ခဲများကျသည်အတိုင်းဖြစ်သည်။ ကြွီကျသည့်အသီးများကို အယင်ကောက်သည်။ တောင်းခရင်းနှင့် လေးငါးတောင်းရသည်။ ကျန်အသီးများကို ဤအတိုင်းအပင်ထက်၌တွဲလောင်ဟိနီစီသည်။ အယင်ညှိုးခြောက်မလားရအောင်ဖြစ်သည်။ တပါတ်နှစ်ပတ်လောက်ညိတိုင်းချဉ်ရည်ကြိုသောက်ရသည်။ ပထမတရက်နှစ်ရက် သောက်၍ ကကောင်းခြီသည်။ ထမင်းစားပြီးတိုင်း မြန်းလားပိုင် လန်းလားပိုင်တွိသည်။ သို့သော် ရက်ထပ်လာသောအခါ ၀မ်းပြည့်ဝမ်းရောင်ဖြစ်လာသည်။ အကိုင်းထက်က တွဲလွဲကျနီသောစင်းပြွန်းသီးများမှာ ဤအတိုင်းမစားဘဲ ပိန်ခြောက်ကြွီကျလားသည်။ ပဇောင် နမျိုးဖို့ကောင်းလိုက်တေမသိ။ အသီးစားချင် အပင်ကိုခွတ်၊ အရိပ်ခို အကိုင်းချိုး၊ စပျစ်သီးချဉ်သော ခဲဝါဘ၀ကိုမြင်မိတိုင်း ရင်ကျိုးမိ၍၄င်း၊ မျက်စိထဲ၌ ၄င်းစင်းပြွန်းပင်ကြီးကို မြင်ယောင်နီသိမ့်၍၄င်း အတွက်ရသောကြောင့် ဤစာအကြောင်းကို ရွီးလိုက်ရခြင်းဖြစ်ပါသည်။ သြော် ရခိုင်ပြည်ကြီးလွတ်လပ်ရေးအတွက် တောအူခဲဝါချေတရွီ ကျေးဇူးကန်းလီစွတကားတည်း။

အကျွန်ုပ်ရို့ရခိုင်သားတိအဖြစ်မှာလည်း စင်းပြွန်းသီးနှင့်တူသည်။ ဘ၀ကငယ်သော်လည်း ဘ၀င်က ဓပြုတ်သီးလောက်ကြီးသည်။ ရခိုင်ဘ၀ အတိတ်က ဓပြုတ်သီးပိုင်ယှောင်ကြီးခသော်ငြားလည်း အခုက စင်းပြွန်းသီးချေလောက်ရာကျန်ပျာ။

(သာလှဦး)

အမှတ်တရကဗျာ
xxxxxxxxxxxxx

အတိတ်နှင့် ပစ္စုပ္ပန် (၂)
------------------------
အယင်ခါ ဓပြုတ်သီး
အခု စင်းပြွန်းသီး --။

xxxxxxxxxxxxxxxxxx

အတိတ်နှင့် ပစ္စုပ္ပန် (၁)
------------------
အယင်ခါ
ဆင်စီးလို့
ရွှီထီးဆောင်းခ --။

အခု လားစီးပျာ
တောက်ကျာဆောင်းရ --။

(သာလှဦး)

အမှန်တရား အမှားတခု

အမှန်တရား အမှားတခု
============

မြို့စွန်မြို့စမှာ ညီကိုယ်နှစ်ယောက် အိမ်ထောင်ကျပနာနီကတ်တေ။ ညီကဆင်းရဲရေ။ အစ်ကိုကချမ်းသာရေ။ တနိမှာ အစ်ကိုကပြောရေ အဝေညီ..မင်းဆင်းရဲရေ ငါ့ပါးကဖေသာယူပနာလုပ်စား...မင်းအဆင်ပြေခါ ငါ့ကိုပြန်ပီး။ ယေခါညီက ကောင်းကောင်းရေအစ်ကို ယင်းပိုင်ဆိုကေ ညီညီစီပွားရေးလုပ်လိုက်မည်။ အဆင်ပြေခါ အစ်ကိုပီးထားရေဖေသာကိုပြန်ပီးမည်။

နောက် (၂) နှစ် (၃) နှစ်ကြာခါ..အစ်ကိုကဆင်းရဲလားရေ။ ညီကအစ်ကိုပီးရေ ဖေသာတိနန့်ရင်းနှီးပျာယ်အလုပ်လုပ်လို့ ချမ်းသာလားခရေ။

ယေခါအစ်ကိုက သားချေတယောက်ကိုလက်မှာဆွဲပျာယ် ညီအိမ်ကိုအလည်လာရေ။
(ညီ)...... “ဇာကိစ္စဟိလို့လာပါလဲ အစ်ကိုကြီး”
(အစ်ကို)..... “အဝေ ငါကောင်းဆင်းရေလားခပျာလ်အဂု ယေဇုနန့်..မင်းငါ့ပါးကယူလားရေဖေသာတိကိုတချက်ပြန်ပီး”
(ညီ).... “အစ်ကိုပါးကငါ....တခါလည်းမယူကား ဖေသာ”
(အစ်ကို).... “အဝေညီ မင်ငါ့ပါးယူလားဖေသာတိနန့်လုပ်စားလို့ အဆင်ပြေနီရေမလားဂု..ငါမှာစားစရာမဟိပျာယ်အဂု တချက်ချေပြန်ပီးဝေ”
(ညီ)....... “အစ်ကိုမှာ ဇာမှာလဲအထောက်ထား၊ သစ်သီပြနိုင်ကေရလိမ့်မည်။ မဟုတ်ကေမပီးနိုင်”
(အစ်ကို).... “အဝေညီ..မင်းနန့်ငါနှစ်ယောက်သိစွာ ငါဇာသူ့ကိုသက်သီထားရဖို့လဲဝေ...အေးဝေကောင်းယင့် ငါမှာသက်သီပြစရာကားမဟိ ငါသစ္စာဆိုယင့်။ ဒေပတ်ဝန်းအတွင်းမှာဟိရေနတ်မင်းရို့ရာ အသိဆုံးပါ။ အမှန်ရာ ငါ့ညီရာ ငါ့ပါးကဖေ့သာချီးလားခစွာမှန်ကေ အကျွန်တော်ဖေသာပြန်ရပါစီ။ (သားချေကိုကောက်ပနာ) မမှန်ဘဲနန့် အကျွန်တော်မုသားစကားဆိုကေ ငါအချစ်ဆုံးသားချေစွာ ကျောက်ရုပ်ဖြစ်ပါစီ”

သူသစ္စာပြုပြီးလို့အဆုံးမှာ သူ့သားချေစွာ ကျောက်ရုပ်ဖြစ်လားခလီရေ။
(သူမှန်နီယင့်နန့် ငါ့သားချေဇာကြောင့်ကျောက်ရုပ်ဖြစ်လားခရလဲ စိတ်မှာတွေးပျာယ် ) “လောကကြီးမတရား..လောကကြီးမတရား”...အော်ပနာ...လူတိကိုရွံရွံနန့် သားချေကျောက်ရုပ်ကိုကိုင်ပျာယ် တောထွက်လီရေ။ စိတ်ညစ်ညစ်နန့် ညောင်ပင်ကြီးအောက်မှာထိုင်နီခါ
သစ်ပင်စောင့်နတ် အနားကပေါ်လာပျာယ်... “အသင်လူသားဇာဖြစ်လဲ..ကောင်းစိတ်ပျက်နီရေကား” လို့မီးရေ။
ယေခါ ယင်းလူက .....“အေး...ဒေပိုင်ဒေပိုင်...အမှန်တရား အမှားတခုဖြစ်လားရေ”..ဆိုပျာယ် အဖြစ်ပျက်စုံကိုပြောပြရေ။

ယေခါ ညောင်ပင်စောင့်နတ်က... လူဆိုးတိနီရေအရပ်မှာ... နတ်ကောင်းမနီနိုင်...နတ်ဆိုးရာနီရေ။ ယင်းပိုင်နီရာမျိုးမှာ သစ္စာဆိုကေ “အမှန်တရား အမှားတခု” ဖြစ်ဖို့စွာသေချာရေ အမောင်လူသား။

ကနိခါ...“အမှန်တရားဖုံးကွယ်မရ” ဆိုရေစကားးလုံးကိုသုံးနီကတ်ကေလည်း တခါတရံ “အမှန်သည်အမှား” .. “အမှားသည်အမှန်” ဖြစ်လားစွာတိကို သတိပြုမိကတ်ပါလိမ့်မည်။

အသျှင် (Ashun)

ခြံစည်းရိုးကြားက ရင်ကွဲနာ (ဖြစ်ရပ်မှန် ၀တ္ထုတို)

ခြံစည်းရိုးကြားက ရင်ကွဲနာ (ဖြစ်ရပ်မှန် ၀တ္ထုတို)
=========================

ဆူဆူသည် ခမီးမချေတယောက်ဖြစ်သည်။ အသက် (၁၇) နှစ်အရွယ် တရွာလုံးတွင် အလှဆုံးကွမ်းတောင်ကိုင်ဖြစ်သည်။ အသက်ကလည်းငယ် အသားကလည်းဖွေး ချစ်ဖို့ကောင်းလွန်းလို့ သူမကို တရွာလုံးလူပျိုများက ၀ိုင်းပိုးကတ်သည်။ သူမရို့ရန်အောင်မြင်ရွာမှာ မောင်တောမြို့နယ်မြောက်ပိုင်း တိုက်နယ်ကျွန်းရွာဖြစ်သော ကြိမ်ချောင်းနှင့် မလှမ်းမကမ်းတွင်ဟိသည်။ ယင်းရွာတွင် ရခိုင်၊ ခမီး၊ ဒိုင်းနက်၊ သက်လူမျိုးအားလုံး ရောပြွမ်းနီထိုင်ပြီး အိမ်ခေါင်ပေါ် (၁၂၀) ကျော်ဟိသည်။ ရွာသားအားလုံး အဓိက လယ်လုပ်ကိုင်စားသောက်သည်။ ဆူဆူမိဖများလည်း တောင်ယာလုပ်သည်။ ဆူဆူတွင် သူ့အထက်က အေးမတယောက်၊ မောင်တယောက်ဟိသည်။ သူမ လေးတန်းအထိ စာသင်ခပြီး မူလတန်းပြီးသည်နှင့် စာဆက်မသင်နိုင်ဘဲ ကျောင်းထွက်လျှက် အိမ်မှုလုပ်ငန်းများကို ကူညီလုပ်ကိုင်နီသူဖြစ်သည်။

ဆူဆူရို့ရန်အောင်မြင်ရွာသည် အင်တန်လောက်ချောင်ကျလို့ ဖက်ခွက်စစ်သားတိ တခါတရီရောက်လာစွာကလွဲလို့ ရက်ကြာကြာ တည်းခိုနီထိုင်လေ့မဟိပါ။ ယင်းပိုင် ဖက်ခွက်တိ အရောက်အပေါက်နည်းလို့ တရွာလုံးမှာ အလှဆုံးဆူဆူစွာ အပျိုဖော်ဝင်စမှာ မြန်မာစက်ကွင်းထဲက လွတ်ကင်းနီခပါသည်။ သို့သော် နောက်ပိုင်းမှာ ရမ္မက်သားဖက်ခွက်စက်ကွင်းကို ကောင်းကောင်းကြာကြာ မယှောင်နိုင်လိုက်ပါ။

---------------
တနိ

၂၀၀၉ ခုနှစ် မတ်လ နောက်ဆုံးပါတ်ထဲက တနိဖြစ်သည်။ ယင်းနိမှာ ဘီအီးလို့ခေါ်သော စစ်မြီပြင်အင်ဂျင်နီယာတပ်ရင်းက တပ်စုတစု ခြံစည်းရိုးစီမံကိန်းအတွက် ဆူဆူရို့ရန်အောင်မြင်ရွာသို့ ရောက်ပါလတ်သည်။ မြန်မာစစ်သားများ၏ "အိမ်ကြီးကြီး၊ ရီတွင်းနီးနီး၊ ဖင်ကြီးကြီး" ဆိုသောဆောင်ပုဒ်အတိုင်း အချက်သုံးချက်နှင့်ပြည့်စုံသော ဆူဆူရို့အိမ်ဘေးနားက အိမ်ကြီးတဆောင်ကို သိမ်း၍စခန်းချသည်။ စခန်းချလို့ ကောင်းကောင်းမကြာလိုက် မြန်မာနည်းမြန်မာ့ဟန်အတိုင်း "အမေတို့
အဖေတို့ နေကောင်းကြပါသလား" ဆိုပြီးသနာ စစ်သားအုပ်စုတစု ဆူဆူရို့အိမ်သို့ ပေါက်ချလာလတ်သည်။ ဆူဆူကိုမြင်သည်နှင့် စစ်သားတိစွာ အကြောင်းမဟိအကြောင်းရှာပြီး ဆူဆူအမိနှင့်အဖကို ရရေနည်းဖြင့် ၀င်ရောသည်။ ဆူဆူအမိအဖများကလည်း တောသူတောင်သားတိဖြစ်လို့ စေတနာကောင်းစွာကတဖက်၊ ဖက်ခွက်တိကိုကြောက်သည်ကတဖက် အိမ်မှာဟိရေ ပြောင်းဖူးအစ နပျိုးသီးအဆုံး ဟိဟိသမျှကို ဖက်ခွက်တိကို ဧည့်ခံခွမ့်ကျွေးရသည်။ ဖက်ခွက်တိကလည်း ပြန်ဖို့မိပျာ ဆူဆူအိမ်မှာ နှာမွှမ်ပြီးသနာ တပျင်းတီးကတ်ပါသည်။ ကျွေးသမျှကို မြန်မာ့ပရိယာယ်ဖြင့် "အားနာစရာကြီး မလုပ်ပါနဲ့၊ မလုပ်ပါနဲ့" ဆိုပျာ မျိုဆို့ကတ်သည်မှာ အငတ်တိုင်းပြည်ကလာသောလူများ အတိုင်းဖြစ်သည်။ ဆူဆူတယောက် ထမင်းချက်ခန်းနှင့် အိမ်ရှိဒန်ခံ ၀င်လိုက်ထွက်လိုက် အစာခွမ့်ကျွေးနီရခါ တဏှာစိတ်ဖြင့် သူ့မနောက်ဖက်ကို ရှုစားတော်မူနီသော မြန်မာစစ်သားတယောက်နှင့် မျက်လုံးချင်းဆုံမိပါသည်။ ယင်းမြန်မာစစ်သား၏တဏှာအကြည့်ကို အတွိအကြုံမဟိသော ဆူဆူအဖို့ ဇာခံနိုင်ဖို့လဲ။ စစ်သားတိပြန်လားသောခါ လက်ယားရေပိုင် ခံစားရသည်။

----------------------
နောက်နိမိုးလင်းသောအခါ ရွာထဲက မင်းကျွန်ပျိုနှစ်ယောက် ဆူဆူဘက်သို့ပေါက်ချလာပြီး စာတစောင်လာပီးသည်။ "နင်ရို့အိမ်ကို ညကလာလည်ခရေ "တပ်ကြပ်ကျော်သက်" ဘားကစာ။ ညကလာခရေ စစ်သားတိထဲက ဆရာချေကျော်သက်ကို နင်မှတ်မိရေမလား" ဆိုပြီးလျှင် စာပီးပြီး ထွက်လားခကတ်သည်။ စာကိုဖတ်ကြည့်လိုက်သောအခါ "သိပ်ချစ်မိသွားပြီ ညီမလေးရယ်" ဆိုသည့်စကားနှင့် ဆူဆူကို မြင်မြင်ချင်း ချစ်မိရင်ခုန်မိကြောင်း၊ ဆူဆူပိုင်လှရေ မမချေမျိုး ရခိုင်မှာတာဝန်ထမ်းဆောင်နီရေ (၅) နှစ်တာကာလအတွင်းမှာ မတွိဖူး၊ မမြင်ဖူးကြောင်း၊ စာမျက်နာ (၂) မျက်နာကျော် ငါးသလောက်ချွဲ ချွဲထားသည်။ စာကိုဖတ်ပြီးသည်နှင့် ဆူဆူစိတ်တိ ငါးသလောက်မြှုံးမိလားခရပါသည်။

------------------
နောက်တနိ ဆူဆူရို့အိမ်ကို ကျော်သက်က သေနတ်ချေလွယ်ပြီးသနာ ရောက်လာသည်။ ဆူဆူကို ညကပီးခရေစာကိုရရေလားဟုမီးပြီး အဖြေတောင်းသည်။ ဆူဆူကလည်း မြင်မြင်ချင်း ရင်ခုန်ရသူဖြစ်လို့ ခေါင်းညိတ်ပြလိုက်သည်။ ယင်းနိကပင် ကျော်သက်စွာ လုပ်ငန်းခွင်ကပြန်လာတိုင်း သူ့အချစ်ကိုသက်သီပြဖို့ ဆူဆူဘားသို့ တန်းရောက်ပါလတ်သည်။

------------------------------
ကောင်းကောင်းမကြာလိုက် နယ်စပ်ခြံစည်းရိုးစီမံကိန်းအတွက် ရောက်လာသောစစ်သားများ ရွာထဲကနီ ခြံစည်းရိုးကာရံနီသောယာယီစခန်းသို့ ပြောင်းရွှိလားခကတ်သည်။ ယင်းအထဲမှာ တပ်ကြပ်ကျော်သက်လည်းပါသည်။ သို့သော် တပ်ကြပ်ကျော်သက်သည် အားလပ်ရက်တိုင်း ဆူဆူရို့ရွာသို့လာရောက်ပြီး ဆူဆူနှင့်ချိန်းတွိသည်။ ယင်းပိုင် ချိန်းတွိနီသည်ကို ဆူဆူ၏မောင်က တနိမြင်လားရေခါ ဆူဆူကို ဆူဆဲသည်။ ယင်းပိုင် ဆူဆဲစွာကို တရွာလုံးသားသိလားရေခါ ဆူဆူလည်းရှက်ပြီး ကျော်သက်ဘားသို့ ခိုးရွာလိုက်ပြီးသည်။ ဆူဆူ၏အပျိုစင်ညသည် မြန်မာစစ်သားတယောက်နှင့် နယ်စပ်တနီရာက ယာယီတဲချေတလုံး ကြယ်ရောင်မတောက်တေ ညဥ့်အမှောင်အောက်မှာ ပျောက်ကုန်ဆုံးလားခရပါသည်။

-----------------
နောက်နိ မိုးလင်းသည်နှင့် သူမဘေးနားတွင် ချစ်သူကျော်သက်မဟိသည်ကို ဆူဆူ သတိထားမိသည်။ ထထိုင်လိုက်သည်နှင့် ဆူဆူအဖသယ်နှင့် အမိသယ်အသံကို တဲအပြင်ဖက်က ကြားရသည်။

"သမီးချေ ထွက်လာလတ်။ အိမ်ပြန်ကတ်မည်"

ဆူဆူလည်း အသံကြားသည်နှင့် တဲအပြင်သို့ထွက်လာလတ်သည်။

"ဘာဘာ အခု အကျွန် ကိုကျော်သက်မယားဖြစ်နီပါယာ။ အပျိုလည်းပြန်မဖြစ်ပါယာ။ သမီးရို့ကို မခွဲပါကဲ့"

ဆူဆူသည် သူ့အဖခြီရင်းကို ဦးတိုက်တောင်းပန်သည်။

ဆူဆူအဖက ဆူဆူကို ရင်ကွဲပြီး "ဘုချေရို့ကို ဘာဘာမခွဲပါဝေ။ ယေကေလည်း အဘုချေ သူ့ကို လက်ထပ်လို့မရ။ တပ်က ခွင့်မပြုလတ်။၊ “ကိုယ့်သမီးကို ကိုယ်ပြန်ခေါ်ပါ” ဆိုလို့ ဘာဘာရို့ ပြန်လာခေါ်စွာ။ ကျော်သက်မှာ မယားနှင့် အချေနှစ်ယောက်ဟိလို့ တပ်ကခွင့်မပြုနိုင်လတ်"

--------------
သူမအဖ စကားအဆုံးမှာ ဆူဆူနှလုံးသား တောင်ပြိုယှောင် ပြိုကျလားရပါသည်။ ဆူဆူက ကိုကျော်သက်နှင့် နောက်ဆုံးတအောင့်ချေတွိချင်ကြောင်းပြောသော်လည်း တပ်အရာဟိက ကျော်သက်ကိုဖမ်းလို့ ကြိမ်ချောင်းသို့ပို့လိုက်ပြီးဖြစ်ကြောင်း ဆိုသည်။ ဆူဆူရို့ သားမိသားဖသုံးယောက် အရှက်တကွဲအကျိုးနည်း ရွာသို့ပြန်လာကတ်ရသည်။ သို့သော် တခြားတဲတလုံးက ချောင်းကြည့်နီသော ကျော်သက်ကိုကား သူရို့မတွိမြင်နိုင်ခပါ။

ဘုန်းစည်သူ
(6/15/2009)

(ဖြစ်ရပ်မှန် ဇာတ်လမ်း ဖြစ်ပါသည်။ လွန်ခရေ မေလအတွင်းက ရန်အောင်မြင်ကျွန်းရွာတွင် အဂယင့်ဖြစ်ပျက်ခသောအဖြစ်အပျက်ကို " ဘုန်းစည်သူ" က နရဉ္စရာဝပ်ဆိုက်၌ ရွီးဖွဲ့ထားခြင်းဖြစ်သည်။ မြန်မာပိုင်ယှောင်ရွီးထားသည်ကို ရခိုင်ဘာသာသို့ ပြန်ဆိုထားသည်။)